Tuesday, 4 November 2014

                                    လူရှင် ငရဲ့ (၁)

ကျနော့် ရဲ့ မှတ်စု တွေထဲက ဒီတခု ကတော့ ခါတော်မှီ စာစု တခု မပာုတ်ကြောင်း အရင်ဆုံးဝန်ခံပါရစေ..။
လောလောလတ်လတ် ဖြစ်ပေါ်နေတဲ့ ကိုပါကြီး အမှု့ ဖြစ်နေချိန်မှာ ဒီစာစု ကို ရေးလိုက်ရခြင်းရဲ့  အဓိက 
အကြောင်းရင်းက ကိုပါကြီးကို တပ်စခန်းတခုမှာ ဖမ်းဆီး ချုပ်နှောင်ထားပြီးစစ်ကြောရေးလုပ်နေခိုက် စစ်
 ကြောရေးလုပ်နေခိုက် ထွက်ပြေးရန်ကြိုးစားချိန်မှာ ပစ်ခတ်မှု့ ကြောင့်သေဆုံးသွားတယ် ဆိုတဲ့ သတင်း
ကြောင်ပါပဲ.....။
ကျနော်တို့  နိုင်ငံရေးသမားတွေ ကျောင်းသားတွေကို စစ်ကြောရေးလုပ်ရာမှာ ထွက်ပြေး တယ် ဆိုတဲ့ စ
ကား ကို ဆက်စပ်တွေး မိရာကနေ ကျနော် ဘ၀ မှာ ကြုံခဲ့ရတဲ့ နေရက်တွေ....တနည်း....
အရှင်လတ်လတ် ငရဲ ကျ ရတဲ့နေရက်တွေ အကြောင်းပါပဲ.....။
ထွက်ပြေးလို့ ရနိုင်တယ် မရနိုင်ဘူး ဆိုတာ ကို ဆုံးဖြတ်နိုင်အောင်ရယ်ပါ....။ 

၁၉၉၆ . ဒီဇင်ဘာလ . ၆ ရက် (ည ၁၂း ၄၅ )
ကျနော် နှစ်ချိုက်စွာ အိပ်မောကျနေချိန်...ကျနော်တယောက်ထဲမပာုတ်ပါဘူး ၀န်ကျင်တခုလုံး အိပ်မော
ကျနေချိန်မှာ ကျနော်အိမ်ကို (ကိုမွန်းအောင်သီချင်းထဲက ) ဧည့်ဆိုးတွေ တခါးခေါက်လာကြတယ် ...။
စုစုပေါင်း (၇)ယောက် ...လမ်းမှူးးပါအပါပေါ့...။ထုံစံ အတိုင်း ခဏလောက်လိုက်ခဲ့ပါဦးတဲ့.....။အိပ်ယာက
ထ မျက်နှာသစ် ...သွားတိုက် အိမ်သာတွေဘာတွေတက်ပြီးကာမှ ဘာဖမ်းတဲ့ အဖွဲ ခေါင်ဆောင်ကိုမေး
လိုက်တယ် ..။ဖမ်းဝရမ်း ပါလား လို့  ...။ ခေါင်းဆောင်လုပ်သူက မှုံ ကုပ်ကုပ် မျက်နှာနဲ မကျေမနပ်ဖြစ်
ကာ ၀ရမ်းမပါကြောင်း မေးစရာ ရှိလိုပါတဲ့ လေ...။ ဒါနဲ့ မေးစရာရှိရင်မေးပေါ့ ဆိုတော့ ဒီမှာ မေးလိုမဖြစ်
ကြောင်း ခဏလောက် လိုက်ခဲ့စေလိုကြောင်း ပြေပါတယ် ။ ကျနော်က ၀ရမ်းမပါရင် ကျနော် အိမ်ထဲက နေ
တဖ၀ါး မှမခွာနိုင်ကြောင်း ဒီလိုပြောပြီးခေါ်သွားကြလို အိမ်ပြန်မရောက်သူတွေ မနည်းတော့ပြီဖြစ်ကြောင်း
ပြောတော့ သူတပည့်တယောက်ကို တိုးတိုးတိတ်တိတ် စခန်းကိုပြန်ပြီး ၀ရမ်းယူစေပါတယ် ....။
အဲသည်အချိန်က နိုင်ငံရေး လှိုင်းတပိုးစတင်ကြမ်းလာချိန် လို ပြောရမလားပဲ...အဖမ်းအဆီးတွေ နှစ်ရှည်
ထောင်ချတာတွေ အရမ်းခေတ်စားနေတဲ့ အချိန်ပေါ့....။ကြားဖူးနာဝ အရရော သဘာရှိ ထောင်ထွက်
ပောာင်းကြီးတွေ စကားအရ ပါ ၀ရမ်းတောင်းကြည်ရတာပါ...။ ဒါမှ ကိုယ်ကိုဖမ်းတဲ့ သူရဲ့  အချက်အလက် 
တွေ ကိုသိနိုင်ပြီး ကျန်ရစ်တဲ့ မိသားစုက လုပ်နိုင်တဲ့ အရာတွေ ကို လိုက်လုပ်နိုင်မှာလေ...။ 
ဝရမ်းပြန်ယူရတဲ့ အတွက် အချိန်ကြန့် ကြာ သွားတဲ့ အတွက် အတော်ကို မကျေမနပ်ဖြစ်နေကြပုံပါပဲ...။
ယူလာတဲ့ ၀ရမ်းကို ထုတ်ပြတော့ ကျနော် ညီမ လက်ထဲလှမ်းပေးပြီး ၀ရမ်းပါ အကြောင်းအရာတွေ ဖမ်းသူအမည် ...ရာထူး စတာတွေ ကူးထားစေလိုက်ပါတယ် ...။ ပြီးကာ မှ လှေကား အရင်းမှာ ထိုင်နေတဲ့ အမေ နဲ့  အဖေကို ရှိခိုးဦးချရင်း နှတ်ဆက်ခဲ့တယ်....။မျက်ရည်မကျပေမဲ့ ရစ်ဝဲနေတဲ့ အမေ
က...သား အေးအေးဆေးဆေး သာ လိုက်သွားချေ.... မင်းဖိုးအေ ဗိုလ်မြသွေးတုန်က လဲ ဒီလိုပဲ လာခေါ်
ကြတာပဲ....မင်းရောက်တဲ့ အရပ် အမေ ရောက်အောင်ထောင်ဝင်စာ လာတွေမယ် ....တဲ့လေ....။
အ၀တ်အစား အပို ၂စုံရယ် လွယ်အိတ်တလုံးရယ် ပိုက်ဆံ ၅၀၀ကျော်ရယ် အသုံလိုမယ် ထင်တဲ  ဆေးဝါး တချိုရယ်က ကျနော် အတွက် ကြိုတင်ပြင်ဆင်ထားပြီးသားမို့  အထူးတလည် အချိန်ယူစရာမလိုပဲ သူတိုခေါ်
ရာနောက် လိုက်ပါလာခဲ့ တယ် ...။ လမ်းထိပ် ရာအိမ်မှူး အိမ်ရှေမှာ အသင်ရပ်ထားတဲ့ ကားပေါ် ရောက်
ကာမှ နောက်လှည်ကြည်လိုက်တော့ အရပ်ဝတ်နဲ့  လူ(၃၀) လောက်ပါလာတာ သတိထားမိတယ် ....
ကျနော်အိမ်နဲ့ အနီးဝင်ကျင်မှာ ပိတ်ဆို့ စောင့်နေသူတွေထင်ရဲ့  ....
ကားပေါ်ကို လူ ၄ ယောက်သာ ပါလာပြီး လာခေါ်တဲ့ ကားက ပါပလေကာ အ၀ါရောင်ပါ...။ ကားပေါ်တက်လို့  ကားမောင်းထွက်ပြီဆိုတာနဲ့  တယောက်က ခုံပေါ်ကနေ တွန်းချ အောက်မှာထိုင်ခိုင်းပြီးလက်နောက်ပြန် လက်ထိပ်ခတ်ပါတယ် ......တယောက်က ပုတ်အက် နံစော် နေတဲ့  ခေါင်းဆွပ်ကို ဆွတ်ချ လိုက်တာမို့  ဘေးပါတ်ဝန်းကျင်ကို ဘာမှ မမြင်ရတော့ပါဘူး....။ 
အဲဒီ အမှောင် ထုပာာ .....နှစ်ဆယ်တစ်ရက် စာ ငရဲကျ ခြင်းရဲ့ အစ ဆိုတာကိုတော့ ကျနော် ကြိုမစဉ်းစား
မိခဲ့တာ အမှန်ပါပဲ...။
 

No comments:

Post a Comment