Tuesday, 4 November 2014

ပါဝါ ၅၄ အမှတ်တရ.........
အန်တီ ခြံ အကြောင်းပြောမယ်ဆိုရင် ဘယ်နည်းဘယ်ပုံ ကနေ စရောက်သွားတယ်ဆိုတာကို အ၇င် ပြောမှ ဖြစ်မှာ...။ ကျနော်တို့  အုပ်စု အန်တီခြံထဲကို စရောက်တဲ့ အကြောင်းအရာက ၀ါရင့်နိုင်ငံရေးသမား ကြီးများအား ဂါဝရ ပြုပွဲ ကနေစတင်ရမှာပါပဲ ။ အဲသည် အခမ်းအနား ပာာ
အန်တီခြံထဲမှာ ပထမဆုံးလုပ်တဲ့ပွဲပါ (အန်တီ ၆နှစ်တာ အကျယ်ချုပ် က လွတ်မြောက်ပြီး ) ။ အခမ်းအနာကို ကျင်းပခွင့် တောင်းသူတွေက ၈၈ ကျောင်းသားပောာင်တွေပါ ။ တကယ်တမ်း အလုပ်များသူတွေကတော့ ကျနော် တို့ တတွေပါပဲ ။ အန်တီ အိမ်ရှေ့  ကွင်ပြင် ပာာ ၆နှစ်လုံးလုံးပြုပြင်ရှင်းလင်းမှု့ မရှိတာကြောင့် ခြံနွယ်
က ပိန်ပိတ်နေတာပါ မြက်ရိုင်းတွေများဆို ကျနော်တို ပေါင်းရင်း ခါးလောက်နီးနီး အရှည်ရှိပါတယ် ။အဲသည်ခြုံနွယ်ပိတ်ပေါင်းတွေကို ကျနော်တို့ မှာ ရှင်းလိုက်ရတာ တနေကုန်ပါပဲ ။ လက်တွေပေါက်ပြဲဆုတ်ပြတ် ခြွေးတဒီးဒီး ကျပေမဲ့ ပင်ပန်းတယ် လို တကယ် ကိုမထင်ခဲပါဘူး ။ ပေ ၈၀
၊ ၁၂၀ လောက် ရှိတဲ့ ကွင်းကို ကျနော်တို့ မှာ ၃ရက်လောက် ရှင်းလိုက်ရတယ် ၊ ကန်တော့ခံ စင်မြင့် နဲ့ နေကာအမိုး နဲ့ ယာယီ တဲကြီး ကို တပါတ်လောက် အချိန်ယူခဲ့ ကြရပါတယ် ။ (၉၆ မှာ တော့ ကျနော် တို့ 
အစ ပြုခဲ့တဲ့ ယာယီတဲကြီးက ခိုင်ခိုင်ခန့် ခန့်  ဖြစ်လာပါတယ် ) အဲသည်အချိန်က အန်တီ လုံခြုံရေးတာဝန်ခံက
ကိုအောင်မင်းလွင် (ကိုအောင် )ပါ ၊အန်တီ စီးတဲ့ ကားကိုမောင်းသူက ယခု သြစီမှာ နေတဲ့ ကိုအောင်ဇော်ဦး
(ကိုအောင်လေး) နောက် ကိုအီဗား အမေရိကန် ရောက်နေတဲ့ကိုမျိုးသန့်  ၊ဖိုးခွား တိုကတော့ ကျနော်ထက် စီနီယာကျပြီး အန်တီခြံထဲမှာ ရှိနေကြသူတွေပါ ။ အဲသည့် ဝါရင့်နိုင်ငံရေးသမား ကြီးများအား ဂါဝရ ပြုပွဲ မှာ အမှတ် အရဆုံးပြောရရင် စာရေးဆရာ ဦးအောင်သင်း ရဲ့ စကားပါ ။ သူအနေနဲ့ ဒီလို ကန်တော့ခံ ရတာ ကိုရှက်ပါသတဲ့ ၊သူအပါအ၀င် စင်ပေါ်မှာ ရှိတဲ့ ၀ါရင် နိုင်ငံရေးသမားဆိုသူတွေ အသုံးမကျ မှု့ ကြောင့် မင်းတို လူငယ်လေးတွေ ခုလို နိုင်ငံရေးထဲ ၀င်ပါနေရတာပါ တဲလေ ......။ ဒါကိုအန်တီက ပြန်ချေဖျက်ပါတယ် ၊ ခေတ်အဆက်ဆက် သမိုင်းမှာ ကျောင်းသာလူငယ် ဆိုတာ ရှေဆုံးကနေ ပါဝင်ခဲ့ကြတာပါ ရှေလူကြီးတွေရဲ့ မပြီးပြတ်သေးတဲ့ သ
မိုင်းပေးတာဝန်ကို လူငယ်တွေ က ပုခုံးပြောင်းတာဝန်ယူကြရတာပါ တဲ့ (စကားလုံးအတိအကျတော့ မမှတ်မိတော့ပါ)။ နောက်တခု မှတ်မိ တာ ကတော ကန်တော့ခံဖို ဖိတ်ကြားထားသူတွေထမှာ ဒေါ်ချိုချို ကျော်
ငြိမ်း (ကျနော် အမှတ်မမှားဘူးထင်ပါတယ် ) ပါဝင်ပါတယ် ။ သူက စင်မြင်ပေါ်မှာ ကန်တော့ ခံ ဖို နေရာယူ
ထားပြီးပါပြီ ၊ အန်တီ ရောက်လာပြီး အန်တီက စင်မြင်ပေါ် မတက်ပဲ ကန်တော့မဲ့ ကျနော်တို့  ကျောင်းသား လူငယ်တွေနဲ့ အတူ ၀င်ထိုင်လိုက်တော့ ဒေါ်ချိုချိုကျော်ငြိမ်းလည်း ကမန်းကတန်း စင်ပေါ်က ဆင်းလာပြီး အန်တီ နံဘေးမှာ ၀င်ထိုင်ပါတယ် ။ အမှတ်ရဆုံးကတော့ မြက်ရိုင်းတွေ ရှင်းစဉ်မှာ ရင်ခုန်ရတဲ့ အဖြစ်ပါ ။ မြက်ရိုင်း တနေရာ ခုတ်တိုင်းထွက်ထွက် လာလိုက်တဲ့ မြွေ တွေလေ ..... (အန်တီက သူခြံထဲမှာ ဘယ်လို အကောင် ကိုမှမသတ်ဖို့ သတိပေးထားလေတော့ ) ကျနော်တိုမှာ မြွေတွေ့ တိုင်းပါတ်ပြေးနေရတော့တာ
ပါပဲ .....။ ဒါ .......ပါဝါ ၄၅ ကို အကျွမ်းတ၀င် စတင်ဝင်ထွက်ခွင့် ရတဲ့ အချိန်က အမှတ်တရတွေပေါ့ ......။

(၂)
ဝါရင်နိုင်ငံရေးသမား ကြီးများ ဂါဝရ ပြုပွဲ ကနေ စတင်ခဲ့တဲ့ အန်တီခြံထဲက ခနော်နီ ခနော်နဲ့ စင်မြင့် လေးက
တဖြည်ဖြည် အခိုင်အခန့် ဖြစ်လာခဲ့ သလို အန်တီခြံ နဲ့  ခြံရှေ လမ်းမ ကြီး တ၀ိုက် ပာာလည်း နိုင်ငံရေး မိုးခေါင်ရေရှား နိုင်ငံ ရဲ့  အိုအေစစ် လေးဖြစ်မှန်းမသိ ဖြစ်လာပါတော့တယ် ။ စနေ..တနင်္ဂနွေ က တော့ လူထု
ခေါင်ဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ ဒီမိုကရေစီ လိုလားတောင်းတ တဲ့ပြည်သူလူထု ဆုံတွေ့ ကြပါတယ် ။
လွတ်လပ်ရေးနေ့  ၊ပြည်ထောင်စုနေ့  စတဲ့ နေ့  တွေ အခမ်းအနားတွေ ကျပြန်တော့ အန်တီအိမ်ရှေ့ က စင်မြင့်နဲ့ ဓနိမိုးတဲ ကြီးက အခမ်းအနား ကျင်းပရာ ဒေသဖြစ်လာပြီ မြန်မာ နိုင်ငံ တ၀ှမ်းလုံး ရဲ့  ဒီမိုကရေစီ ရရာ ဒေသ ပါ ။ နိုင်ငံနဲ့ အ၀ှမ်း အခက်အခဲ အကျပ်အတည်း တွေ ညှင်းပန်းနှိပ်စက်မှု့ တွေ နဲ့  ပါးစပ်တောင် ပာခွင် မရ တဲ့အချိန်မှာ မွန်းကျပ် နေတဲ့ ပြည်သူတွေ အတွက် အန်တီခြံ ရှေ စနေတနင်္ဂနွေ ပာာ ရင်ဖွင့် ရာ
ဒေသ ပေါ့......။ စစ်အာဏာရှင် နဲ့ လက်ပါးစေ တွေကလည်း ထောင်ပေါင်းစုံကနေ အနှောင်အယှက် ပေးကြ
ပါတယ် ။ လူကုံထံ အသိုင်အ၀န်းတွေ သာ နေတဲ့ အရပ် ပာာ စနေ တနင်္ဂနွေ တိုင်း(အန်တီခြံနဲ့  အနီးတ၀ိုက်)
မှာ မီးဖျက်ခံပါတယ် ။ပောာပြောပွဲ က ညနေ ၄း၀၀ဆိုရင် ၃း၃၀ လောက်မှာ မီးပျက် လေ့ ရှိတာကြောင့် ကျနော် တို့ တတွေမှာ ဘက်ထရီ အိုးကြီးအိုးငယ်နဲ့  အလုပ်များကြရပါတယ် ။ ဒီလိုပါပဲ ခြံရှေ့ လာတဲ့ ထောင်
သောင်း နီးပါး ပြည်သူလူထုကြီးကို စိတ်အနှာင်အယှက်ဖြစ် အောင် လူနည်းသွားအောင် မလာရဲ အောင် စ
တဲ့ရည်ရွယ်ချက်တွေနဲ့ လိုင်ကားတွေ ရပ်မရအောင် နဂို ရှိပြီးသား ကားမှတ်တိုင်တွေကို ဖျက်ပြစ် ပါတယ် ။
ဒါပေမဲ့  သူတို အဲသည်လို လုပ်လေလေ ပြည်သူလူထုရဲ့ ထောက်ခံမှု့ က ပိုများလာလေလေပါပဲ ။ ခြံရှေ လာနေကျ ပြည်သူလူထုထဲက တယောက် ပြောတာလေးမှတ်မိပါသေးတယ် ။(ဘတ်စကားတွေ မှတ်တိုင်တွေ မရှိတော့လှည်းတန်းကနေ စပြီးလမ်းလျှောက် ရတယ် ၊ ဒီလို လျှောက် ရလို့ ကျန်းမာရေးတောင်
ပိုကောင်းသေးတယ် )တဲ့လေ...။
ဒီလိုနဲ့  လွတ်လပ်ရေးအောင်ပွဲ နေ ကိုရောက် လာပါတယ် ၊ လူရွှင်တော် ဦးပါပါလေး ဦးဆောင်တဲ့
ကိုယ်သဘော အငြိမ့် အဖွဲ့  ပာာ အန်တီခြံထဲမှာ ပထမဆုံးကပြ ခွင်ရခဲ့ ကြပါတယ် ။ အကတိုက်တဲ့နေက ယာယီ စင်မြင်ကို လိုအပ်တာလေးတွေ ပြင်ဆင်မွမ်းမံ ရင်း ရှေထွက်မင်းသမီး (ဦးပါပါလေး ဇနီး ) မြိုတော် ၀င်းမာက သီချင်းအဆုံ ကကြိုးသပ်ရင်းဝုန်း ကနဲ ထိုင်ချ လိုက်တာ ခေါင်မိုးမှာ ရေ မ၀ပ်အောင် ခုထားတဲ့  သစ်သားတုံးကြီးက ဗြုန်ကနဲ့  ပြုတ်အကျ ဘုရားတ လိုက်ရတာ ကံကောင်းလို့  ဘယ်သူမှ ခေါင်းမပေါက်တယ် ။ နောက်တနေ့  လွတ်လပ်ရေးနေ အငြိမ့်မှာ ဦးပါပါလေး တို့  ဆရာ တပည့်နှစ်ယောက် ပြက်လုံးထုတ်
ကောင်းလိုက်ကြတာ အန်တီမှာ ရီ(ရယ် )လိုက်တာများလေ မျက်ရည်တောင်စို့ လို ရယ် ။
အမှန်တရားကို သေနပ်မိုးထားတဲ့ကာလ (လူရွှင်တော် လေသံ နဲ့ ပြောရရင် ) အမှန်တရားအတွက်
လွှတ်ရီ(ရယ်) ရအောင် ပျက်လုံးတွေ လွှတ်ပျက် လိုက်ကြတာ စစ်အာဏာရှင် တို့ ကတော့ လွှတ်မပေးပါဘူး
ကိုပါပါလေးနဲ့  အပေါင်းအပါ ၅ယောက်ကို ထောင်ဒဏ် (၇)နှစ်စီတဲ့ ......

(၃)
အမှတ်ရ စရာလေး တခု ကျန်ခဲ့လို ပြန်ဖြည့်စွက် ပါရစေ ။ အဲဒါကတော့ ၁၉၉၅ ဒီဇင်ဘာ ၂၅
ခရစ်စမတ် နေ့ ပါ ။ ထိုနေ့ က ကိုအောင်မြင် (ခ) ကိုသြဇာ ရဲ့ စီမံမှု့ ကြောင့် ကျနော်တို့  လူငယ်
၃၀ ကျော် ၄၀ နီးပါး ပာာ အန်တီနဲ့  တစ်နာရီ ကျော် လောက်တွေဆုံ စကားပြောခွင့်ရခဲ့ ကြပါတယ် ။
အကြောင်းပြချက်ကတော့ ခရစ်စမတ် ဆုတောင်းကြမယ် ပေါ့ ။ တကယ်တမ်း ဆုတောင်းကြ
ရအောင်ဆိုတာလဲ လည်ရည်ပတ်ရည် ဘယ်သူမှ မလုပ်တတ်ပါဘူး ၊ဘာကြောင်လဲဆိုတော့ ကျနော်
တို့ အထဲမှာ ခရစ်ယာန် တယောက်မှ မပါလို့ ပါ ။ ဒါပေမဲ့ ကျနော် တို့  လေးစားယုံကြည်တဲ့ အန်တီ
နဲ့  တစ်နာရီ ကျော် ကြာစကားပြောခွင့် ရလိုက်တာကတော့ အမြတ်ပဲပေါ့ ။
အန်တီကို တွေ့ ဖို့ ဆိုတာ ကြိုတင် စာရင်းပေး Book လုပ် ရတာကြောင့် ကျနော်တို့ လာရင် ကျွေးဖို့ 
ကတ်ကြေးကိုက် တွေ ကြော်ထားပါတယ် ။ ဇာတ်လမ်းက အဲ့သည်မှာ စတော့ တာ ပါပဲ ။ ကျနော် တို့ 
အားလုံးပာာ အန်တီ နဲ့ မတွေခင် နာရီပိုင်းလေးမှာတင် လမ်းထိပ် လက်ဘက်ရည်ဆိုင် (တော့ပ်ရှီး -
လို့ အမည်ပေးထားတဲ့ တီးရှောပ် )ကနေ စားထားသောက်ထားကြတော့ အတန်အသင့်ဗိုက်ပြည်နေ
ကြပါပြီ ။ တဦးချင်းစီ အတွက် ထည့်ထားပေးတဲ့ ကတ်ကြေကိုက်ကို ခပ်တည်တည်ပဲ ယူစားနေကြ
စဉ်မှာ အန်တီက ပြောလာပါတယ် ။ စားစရာ ရှိရင်တော့ ကုန်အောင် စားကြနော် .... တစွန်းစာချန်
ထားခဲ့တာမျိုး မလုပ်ကြနဲ့  ...တဲ့  အခြားပြည်စုံပေါလျှံ နေတဲ့နိုင်ငံတွေမှာ တလုပ်တဇွန်းစာ ချန်ထား
ခဲ့မှ လူကြီးလူကောင်းဆန်တယ် ၊ အဆင်အတန်းရှိတယ် ဆိုကြပေမဲ့ အန်တီ တို့ နိုင်ငံ လို ဆင်းရဲ တဲ့
နိုင်ငံမှာတော့ အဲသည်လိုချန်ထားခဲ့တာ ဖြုန်းတီးတာပဲ လို့ အန်တီမြင်တယ် ၊ ဒါကြောင့် မစားခင် က
တည်းက ကိုယ် မကုန်နိုင်ဘူးဆိုရင် ပြန်လျှောထားပြီး ကိုယ့်ပန်းကန် ထဲမှာ ကိုယ်စားလို့ ကုန်သ
လောက်ပဲ ထည့်စား သင်တယ် ။ လူတယောက်ချင်းစီ ကနေ တလုပ်စာ ချန်ထားခဲ့ ပေမဲ့ ဆယ်ယောက်က ချန်ထားခဲ့ရင် အဲသည့်ချန်ထားခဲ့ တာက လူတယောက် ကောင်းကောင်း စားလို့ 
ရတာပေါ့ တဲ့ .....လေ..။ အားလုံး က ကိုယ်ရှေ့ လာချပေးတဲ့ ပန်ကန်းတွေ ဆွဲ ယူ စားနေတော့မှ
အန်တီက အခုလို ပြောချလိုက်တော့ ကျနော် တို့ မှာ စားလက်စမို ပြန်လျှောရလဲ အခက် ၊မကုန်ကုန်အောင် ဆက်စားကြရတော့မှာမို့ တော်တော် အခက်ကြုံ ကြရပါတယ် ။ ဒါကို ရိပ်မိတဲ့
ကျနော်တို့ ထဲက ကိုရွှေဘော် ဆိုသူက အန်တီကို ပြန်ပြီးဆင်ခြေပေးပြန်ပါတယ် ။ ကျနော်တို့  ကြား
ဖူးတာ ကတော့ အန်တီရယ် ကိုယ်ရဲ့ စားကြွင်းစားကျန်ဆိုတာ အနည်ငယ်ချန်ထားပြီး ကိုယ်လို လုပ်ကိုင်ရှာဖွေ မစားနိုင်တဲ့ ခွေးလေးကြောင်လေးတွေ ငှက် ကလေးတွေကိုကြွေးရတယ်လို့  ဆရာ
တော်ကြီးတပါးပောာပြောဖူးတာကို ကြားခဲ့ ဖူးပါတယ် .....ဆိုတော့ အန်တီက ဘုန်းတော်ကြီး
ကျောင်းတို့  အရပ်ထဲတိုမှာ ဆိုရင်တော့ ပာုတ်မှာပေါ့ အန်တီအိမ်မှာတော့ ဘာခွေး...ကြောင်တွေ
မှ မရှိတော့ ကြွေးစရာ မလိုဘူးပေါ့  တဲ့လေ.....။ဒါနဲ့  ကျနော်တိုမှာ ထပ် အထွန်မတက်ဝံ့တော့ပဲ ကိုယ်ပန်းကန်ထဲက ကတ်ကြေးကိုက်တွေကို ဖိသိပ်ပြီးစားခဲ့ရပါတယ် ။ ကျနော် တို့ ရဲ့ ခေါင်းဆောင်
ပာာ ဒီလို အသေးအဖွဲ လေးတွေက အစ သေးသေးဖွဲဖွဲ လေးပါလို ဂရုမစိုက်ပဲ နေသူမပာုတ်ဘူးဆို
တာကို သိလိုက်ရ တော့ဗိုက်တွေတင်းကားနေပေမဲ့ ကျေနပ်မိတယ် ၊ဂုဏ်ယူမိတယ် ၊ လေးစားမိပါ
တော့တယ် ........။

(၄)
ဒီလို ကျနော်တို့ တတွေ အန်တီ အိမ်ကို နီးနီးကပ်ကပ်ဝင်ထွက်ခွင့် ရလာတာ ကိုမော် (ကိုမော်မင်းလွင်) ရဲ
ကျေးဇူးလဲ ပါတယ် ဆိုရင်မမှားဘူးပေါ့ ။ ကိုမော် ညီ ကိုအောင် ( အန်တီ ဖခင်ရဲ့  သက်တော်စာင့် ဗိုလ်မင်း
လွင်ရဲ့ သား နှစ်ယောက်ပါ) က ခြေထောက်မှာ အသေးစာ ခွဲစိတ်စရာ ရောဂါ ဖြစ်လာလို့ အန်တီလုံခြုံရေး
အတွက် ညီ အကိုနှစ်ယောက် တာဝန်ချိန်းဖို့  ကိုမော်ကြီးက ဂျပန် ကနေပြန်လာ ခဲ့ပြီးတဲ့နောက် ကျနော်တို့  အုပ်စုနဲ့ တွေပြီး ခြံထဲမှာ လုံခြုံရေးလူငယ် အင်အား ထပ်မံဖြည်တင်းခဲ့ပါတယ် ။ ထပ်မံဖြည်တင်းတဲ့ အထဲမှာ
ကိုခင်ကျော် ၊ကိုမှိုင်း ၊ကိုသန်းထိုက်အောင် (၂၀၁၃ တွင်ကွယ်လွန်)၊ ကိုပန်းရည် ၊ကိုလေးလွင် တို့ ပါ ။ကိုစိုးနိုင် ၊ ကိုထွန်းလှိုင် ၊ကိုကျော်ဇော ၊ ကိုဖိုးတိုး ၊ အင်းစိန်က ထွန်းထွန်းဦး ၊ ကျနော်တို့ အင်းစိန်က ပဲ ကိုနွားလေး (နာ
မည်အရင်း မမှတ်မိတော့ပါ) တို့ ကတော့ ယခင်ကတည်းက ရှိနေပြီးသား လုံခြုံရေးလူငယ်တွေပါ ။ခြံတွင်း
လူငယ်လို့ လဲ ခေါ်ပါတယ် ။ ဘာကြောင်လဲဆိုတော့ အိမ်တွင်းလူငယ် ဆိုတာလည်းရှိနေလို့ ပါပဲ ။ အိမ်တွင်း
မှာတော့ အန်တီ တူ ကိုမျိုးအောင်သန်း ၊ ကိုစိုးဝင်း (ယခုအချိန်ထိ အန်တီ အနားမှာ ရှိနေပါသေးတယ် ) ။
ကိုအောင်လေး ၊ ကိုမျိုးသန့်  (ယခု USA) ၊ကိုဖိုးခွား (သူလည်းယခု USA မှာပါပဲ) ၊နောက်ကို ကျော်ဆန်း ၊
ကိုအီဗား (ခ)ကိုတင်လှိုင် စသူတို့ ပါ ။
ကျနော်တို့  NLD လူငယ် ဘေးထွက် (ဘေးထွက် ဆိုတာ ကျနော်တို့ အုပ်စု က တပ်ဦးကျွံ တယ် လို့ ပြော
ရင် ရပါတယ် ၊ ချမယ် နှက်မယ် ဆိုပြီး အရမ်းတက်ကြွ တဲ့ လူငယ်တစု ပါ) နေတဲ့ လူငယ်တစုကို ကိုမော်ကြီး
က စုစည်းဦးဆောင်ပြီး အမည် မရှိတဲ့ အန်တီ အတွက်ဆို အသက်ပါပေးရဲ တဲ့ လူငယ် အုပ်စု တခု ဖြစ်လာပါ
တယ် ။ အဲသည် ကျနော်တို့  လူငယ် တွေထဲမှာ အတတ်ပညာပေါင်းများစွာ နဲ့ ပါ ။ ရေပိုက်ပျက်သလား ကိုသန်းထွတ်ဆွေ ရှိတယ် ၊မီး လျှပ်စစ် နဲ့ ပါတ်သက်လာရင် ကိုလတ်ကြီး ရှိတယ် ၊ ကားနဲ့ ပါတ်သက်လာရင်
ကိုခင်မောင်ထွန်း စသည်ဖြင့် ပေါ့ ၊အပြင်လူ မငှားရလေအောင် ကျနော်တို့ အထဲ ပြည့်စုံပါတယ် ။
အန်တီ အိမ်က အပျက်အစီးတွေတင် ပြင်တာ မပာုတ်ပါဘူး အဘဦးကြည်မောင် အိမ်မှာ ရေပိုက်ပျက်တယ် ဆိုလဲ ကျနော်တို့ ပါပဲ ၊ အဘ ဦးတင်ဦးအိမ်မှာ မီးခလုပ်တွေ ပျက်တယ်ဆိုလဲ ကျနော်တို့ ပါပဲ ။
ကျနော် တို့  အုပ်စုထဲက အရမ်းချစ်စရာ ကောင်းသူတွေက အခု နယူးဇီလန် ရောက်နေတဲ့ မမြတ်လေးငုံ ၊
မ၀င်းဝင်းအေး ၊ မစစ်ကေ (ရခိုင်အခေါ် ) တို မိန်းကလေး တွေပါပဲ ၊ သူတို့ စုဆောင်းထားတာလေးတွေ
(မစစ်ကေ ဆို သန်လျှင်မှာ ကုန်စုံဆိုင်လေးဖွင်ထားပါတယ် ၊မိခင်ကြီးကို ပြုစုလုပ်ကြွေးနေတဲ့ အပျိုကြီးပါ ။
သူဆိုရင် သူဆိုင် အမြတ်လေးထဲက နေ) ကျနော် တို့ အတွက် လဘက်ရည်ဖိုး ၊ကွမ်းဖိုး ၊အဓိက က ခရီးစာ
ရိတ် (ကားက ) အမြဲ ထောက်ပံနေကျ ၊ မမြတ်လေးငုံ ကတောအတော် အသင့် ပိုက်ဆံ ရှိသူမို့  ကျနော် တို့ 
အတွက် ကချင်ပုဆိုး လိုသူကို ပုဆိုး ဖိနပ် လိုသူကိုဖိနပ် ၀ယ်ဆင်ပေးတတ်သူပါ ၊ သူခင်ပွန်းကိုလည်း တဖက်မှာ ထောင်ဝင်စာ သွားတွေးရသေးရဲ .....။
ခုတော့ ကျနော်တို့ အုပ်စုလည်း သေသူသေ ၊ နိုင်ငံတကာ ကိုေ၇ာက်သူတွေရောက် ၊ ပြည်တွင်းမှာ ဘ၀ ပျက်သူတွေပျက် ၊ နိုင်ငံရေးဝဲသြဂ ထဲ တ၀ဲလည်လည် နဲ့ ဆက်ကူးခတ်နေသူကခတ်နေ တကယ်ပဲ ဘ၀ ဆို
တာ တွေဆုံကြုံကွဲ ပါပဲ .......။

(၅)
ကျနော်တို့ တတွေ အန်တီခြံ ထဲကိုဝင်ထွက်သွားလာခွင့် ရတယ် ဆိုပေမဲ့ လွတ်လွတ်လပ်လပ် တော့
မပာုတ်ပါဘူး စစ်ထောက်လှမ်းရေး တွေကအမြဲတမ်းမှတ်ပုံတင် ဓါတ်ပုံရိုက်ခံ ကြရတာပါ ။ အစပိုင်း ၂ လလောက်နီးပါး နေတိုင်းဝင် ထွက်တိုင်း အမည် ၊မှတ်ပုံတင် ၊နေရပ်လိပ်စာ ရေးပေးရ
သလို ၀င်တိုင်းထွက်တိုင်းမှာလည်းဓါတ်ပုံ အရိုက်ခံ ရပါတယ် ။ ထိုစဉ်က (အန်တီ ၆နှစ်တာ
နေအိမ် အကျယ်ချုပ် လွတ်ပြီးကတဲက ) အန်တီ လုံခြုံေ၇းအတွက် အကြောင်းပြပြီး စစ်ထောက်လှမ်း
ရေးတွေပာာ ခြံဝင်းအတွင်းမှာရော ကားလမ်းတဖက်က (ဘဏ်တာဝန်ခံ လို့ ဆိုတယ် ) နေအိမ်ထဲ
မှာရော မရှိဘူးဆိုရင်တောင်မှ အင်အား ၅၀ ကျော် လောက်ရှိပါတယ် ။ အန်တီခြံဝင်းအတွင်းမှာ
တော့ ဗထလ လိုခေါ်တဲ့ ဗပိာုထောက်လှမ်းရေးက ဗိုလ်မှူးသူရ ဦးဆောင်ပြီး စစ်ထောက်လှမ်းရေး
(၆) နဲ့ (၇) က ဗိုလ်ကြီး ရဲကျော်သူ ၊ဗိုလ်ကြီးဇော်တူးအောင် ၊ တပ်ကြပ်ကြီး နှစ်ယောက် ၊SB ကဒုရဲ
အုပ် သိန်းဇော် ၊ဒုရဲအုပ်ဝင်းမျိုးသန့်  ၊ ရဲအုပ် နှစ်ယောက် ၊ပြည်ထဲရေးရဲ နဲ့  လူဝင်မှု့ ကြီးကြပ်ရေး အရာရှိ နှစ်ယောက် တို့  ကအလှည်ကျ ရှိနေကြပါတယ် ၊ ပြည်ထဲရေးရဲ က လာသမျှလူတွေကိုဓါတ်ပုံ
ရိုက်ပြီး လ.၀.က က စာရင်းရေး မှတ်ပုံတင်ပါတယ် ။ အန်တီခြံ ဘယ်ဖက်ဘေး အ.မ.က ကျောင်း
ဝင်းထဲမှာ တော့ လုံထိန်းရဲ တပ်စိတ် တစိတ်စာ အမြဲ ရှိနေပါတယ် ။ အန်တီခြံ ညာဖက် ဘေးအိမ်က
မြိုတော်ဝန် ကိုလေးရဲ့ အိမ်ပါ ။ ကျနော်တို့ ရှိနေတဲ့အချိန်ကတော့ မြိုတော်ဝန်မောင်ကို နေပါတယ် ။
မြိုတော်ဝန်မောင်ကို ရဲ့ ခြံနောက်ဖက်နဲ့ ဘယ်ဖက် အ.မ.က ခြံနောက်ဖက် အင်ယားကန် စပ်မှာ ရဲ
ကင်းက ၂၄ နာရီ ပတ်လုံးရှိနေတာပါ ။ သည်လောက် လုံခြုံရေးထူထပ်တဲ့ အထဲက ဂျွန်ယက်တော့
အန်တီ အိမ်ထဲ ရောက်သွားတာကို သူတို့ မသိလိုက်ဘူးဆိုတာ ကျနော် အတွက်တော့ ရီ (ရယ်)စ
ရာ ပျက်လုံးတခုပါပဲ ။ တကယ်ကို ပြသနာ ရှာတဲ့ အာဏာရှင် တွေပါ ။
အန်တီခြံထဲက စစ်ထောက်လှမ်းရေးတွေနဲ့ပါတ်သက်ပြီး ကြုံတုန်းပြောဦးမယ် ၊ အန်တီခြံထဲ သရဲ
ရှိတယ် ဆိုပဲ....။ ပာုတ်မပာုတ်တော့ စဉ်းစားကြည်ပေါ့.....။ကျနော် ခြံထဲ မှာ နေည နေစဉ်ကာလ
မှာ တကယ်ကြုံခဲ့ပါတယ် ၊ စစ်ထောက်လှမ်းရေး အဖွဲ့ ထဲက တယောက်ယောက် နာမကျန်းတာ
ခွင့်ယူတာတွေ ရှိရင် အထက်က လူစားလဲ ပေးပါတယ် ။ခြံထဲမှာ ရှိနေပြီးသားစစ်ထောက်လှမ်းရေး
တွေကတော့ ဘယ်သူမှ အဲသည် အိမ်ပျက်ကြီးထဲမှာ ညမအိပ်ပါ ၊ အိမ်ပျက်ကြီးဆိုပေမဲ့ ပျက်ဆီးနေ
တာ တော့ မပာုတ်ပါ ၊ အန်တီခြံဝင်းမျက်နှာစာက ၊ဆောက်လက်စတိုက်ကိုပြောတာပါ ။
လူစားလာလဲ တဲ့ ထောက်လှမ်းရေးတွေပာာ စပြီးရောက်စည ရဲ့  ညဦးပိုင်းလောက်သာ အဲသည် တိုက်ပျက်ကြီးထဲမှာ အိပ်ပါတယ် ၊သန်ခေါင်ကျော် လာရင် အိပ်ယာလိတ်ပိုက်ပြီး ဂိတ်တဲ က လွတ်တဲ့နေရာမှာ ၀င်အိပ်ပါတယ် ။ ရှိနှ့င်နေပြီးသားသူတွေကလည်း သူတို့ အချင်းချင်းသတိပေးတာ
လက်တို့ ပြောတာမျိုးမလုပ်ကြပါဘူး ။ နောက်တနေ မိုးလင်းလို့ စကားစပ်မိပြီးမေးရင်း စစ်သားအရင်အမာဖြစ်တဲ့ သူတွေက ရယ်ကျဲကျဲ နဲ့  ဖြေကြတာက သရဲခြောက်ခံ ရလို အပြင်ထွက် အိပ်တာပါတဲ့ ။ အဲဒါ တယောက်တည်းမပာုတ်ပါဘူး ကျနော် နေခဲ့တဲ့ တနျစ်တာ ကာလ အတွင်း ၃ ယောက် ကြုံခဲ့ ဖူးပါတယ် ။ နောက်တယောက် က စိတ်ပုံမှန် မပာုတ်တော့တဲ့  ရဲတပ်သားတဦးပါ
တဖက်ခြံ က ရဲတပ်စိတ် မှာနေပါတယ် ၊သူတို အပြောအရ အလုပ်က ထုတ်ပြီး ပြီ အိမ်ပြန်ခိုင်းတာ
လည်း မပြန်ပဲ ဆက်နေတော့ ရေနွေးတည် ထမင်းချက် လုပ်ခိုင်းထားရတယ် ဆိုပါတယ် ။ ဘယ်လို
ဖြစ်ပြီးရူးသွားသလဲ မေးကြည်တော့ အန်တီခြံ မြောက်ဘက် ထောင်မှာ အုန်းပင် ၊ သရက်ပင် နဲ့ 
တရုပ်စကားပန်း အပင် သုံးခု ပာာ ဖိုခနောက်ဆိုင် ရှိနေပါတယ် ၊ အဲသည့်  အပင် သုံးပင်ဆိုင်
အောက်မှာ ကင်းကျနေတုန်း ဆီး(အပေါ့ )သွားမိခိုက် အသံနက်ကြီးနဲ့ အော်ပြီး သတိလစ်သွား ပါ
သတဲ့ ...၊ သတိပြန်ရလာပြီးနောက်ပိုင်း ပုံမှန်စိတ် မပာုတ်တော့တာ လို့  ပြောကြတယ် ။
အဲသည်အကြောင်းနဲ့ ပါတ်သက်ပြီး ခြံရှေ ထောက်လှမ်းရေးထဲက ရဲအုပ်ကျော်စိုး နဲ့ တရက် ကျနော်
ခြံရှေဂိတ်တခါး တာဝန်ကျတုန်းမှာ စကားစပ်မိတော့ ဦးကျော်စိုးက မင်းတို ရော အခြောက်မခံရဘူး
လား တဲ့ ၊ ကျနော်တိုဖြင့် တခါတရံ ညသန်ခေါင် ကျော် ကင်းလှည်တာဖြစ်ဖြစ် ကိုယ်တာဝန်ချိန်ပဲ ဖြစ်
ဖြစ် သွားလာနေတာပါပဲ ၊ ဘာမှမတွေ ဘာမှမမြင်ပါဘူး ဆိုတော့ ငါတို့ တော့ အခြောက်ခံ ရပါကွာ
ဆိုပြီးပြောပါတယ် ။ ကျနော် လည်း ဖြစ်နိုင်ခြေကို ပြန်ပြောပါတယ် ။ ဦးကျော်စိုး တို့ ကိုခြောက်တယ်
ဆိုတာ ဖြစ်နိုင်တာပေါ့ ....၊ခင်ဗျားတို့  ၈၈ ကတည်းက သတ်ခဲ့တဲ့ ကျောင်းသားတွေ ပြည်သူတွေ က
နည်းမှ မနည်းပဲ ၊ သူတိုတတွေက မကျွတ်မလွတ်ပဲ ရှိနေမယ် ၊ ရပ်ထဲ ရွာထဲ လဲ နေစရာမရှိ အန်တီ
ခြံက မြန်မာ နိုင်ငံ တခုလုံးရဲ့ ဒီမိုကရေစီ ရရာနယ်မြေ ဆိုတော့ ဒီခြံထဲ မှာ လာပြီးခိုလှုံ မနေပါဘူး
လို ဘယ်သူပြောရဲ သလဲ ...၊လာနေကြမှာပဲ ...။ပြီးတော့ ကျနော်တို ကို မခြောက်ဘူး ဆိုတာက ကျ
နော်တို့ က သူတိုရဲ့ ရဲဘော် ရဲဘက် ၊ ဦးကျော်စိုးတို ကြတော့ ရန်သူ ...။ဒီလိုပဲ ဖြစ်မှာပေါ့ လို့  ကျနော် ပြန်ပြောခဲ့ပါတယ် ။ ကျနော်တို့ ကို အန်တီခြံ ထဲမှာမနေရဲ အောင် ဇာတ်လမ်းဆင် ခြောက်
လှန်တာ လည်းဖြစ်ကောင်းဖြစ်နိုင်သလို တကယ်လည်းဖြစ်နိုင်တာပါပဲ ။ ကျနော်က တော့အပါယ်
လေးဘုံ ဆိုတာကို ယုံကြည်လက်ခံထားသူဆိုတော့ ဒါဖြစ်ကောင်းဖြစ်နိုင်တယ်လိုပဲ ကောက်ချက်ချ
မိပါတယ် ။ ထောင်သောင်းမက တဲ့ ဒီမိုကရေစီ ဘက်တော်သားတွေပာာ အသက်တွေပေး သွားခဲ့
ကြတာ အားလုံးအသိပါပဲ ။ နာနာဘာဝ ဆိုပေမဲ့ ရန်သူ မိတ်ဆွေတော့ ခွဲ ခြား တတ်တယ် လို့  အပို
ဆောင်း မှတ်ချက်ပေးပါရစေလား .......


No comments:

Post a Comment