ဒလိုင်းလားမား ဘုန်းတော်ကြီးကပြောတယ်
ဆုတောင်းတာကောင်းပါတယ်
ဘုရားရှိခိုးတာ ကောင်းပါတယ်
ဒါပေမယ့် အလုပ်လုပ်ဖို့ လိုတယ်တဲ့
ကျမတို့  အလုပ်နဲ့  ကိုယ့်တိုင်းပြည်ကို သက်သေပြရမယ်
တိုးတက်မြင့်မားအောင် ကူညီရမယ်
အဲလိုလုပ်တဲ့အခါ ခွဲခြားသိမြင်ရမယ်
နောက်ဆုံးကျတော့ တန်ဖိုးထားပဲ
ဘာကို တန်ဖိုးထားမလဲ
လူတိုင်းလူတိုင်းဟာ လောဘ ဒေါသ မောဟ ရှိကြတယ်
လောဘဆိုတာ ရိုးရိုးလေးပြောရင် လိုချင်မူပဲ
လိုချင်တပ်မက်မူပဲ
ဒါပေမယ့်နော် ဘဝမှာ လိုချင်တာတွေအားလုံးမရနိုင်ဘူး
စွန့် လွှတ်ရမှာတွေရှိတယ်
ကိုယ့်ဘာကိုဆုံးဖြတ်ရမယ် ကိုယ်ဘာကိုစွန့်လွှတ်မလဲ
ကိုယ်တန်ဖိုးအထားဆုံးဟာ ဘာလဲ
မစွန့် လွှတ်နိုင်လောက်အောင် တန်ဖိုးထားတာက ဘာလဲ
အဲဒါကိုကြည့်ပြီးတော့မှ အားလုံးလိုချင်တယ်ဆိုရင် မဖြစ်နိုင်ဘူး
ကျမတို့ ဟာ ကျမတို့ တိုင်းပြည်တိုးတက်ဖို့အတွက်ဆိုရင်
ကိုယ်ပိုင်လိုချင်တဲ့ အထဲက တချို့ဟာတွေ စွန့်လွှတ်သင့်ရင် စွန့်လွှတ်ရမယ်
စွန့်လွှတ်ဖို့ လိုရင်လဲ စွန့် လွှတ်ရမယ်
ဒါပေမယ့် လိုလိုချင်ချင် စွှန့်လွှတ်ရမယ်
ငါက စွန့် လွှတ်ပါတယ် လို့ ကြွားဖို့ မလိုဘူး
ကျမလေ အင်မတန်မှ စွန့် လွှတ်အနစ်နာခံပါတယ်လို့ 
ပြောတဲ့သူတွေကို ခပ်ကြောက်ကြောက်ပဲ
ကျမစိတ်ထဲမှာလေ အဲလိုပြောတဲ့သူတွေ
တနေ့တချိန်မှာ အကြွေးများတောင်းမလားလို့ 
ဒီလို စွန့် လွှတ်ခဲ့လို့ ဒီလိုလုပ်ပေးခဲ့လို့ ပြန်ပြီးတော့ပေးပါလို့  အဲလိုစိုးရိမ်မူတွေရှိတယ်
ဒါကြောင့်မို့ လို့ ကျမကို အနစ်နာခံတယ် အစသဖြင့်
ပြောရင် ကျမ နည်းနည်းမျက်နှာပူတယ်
ကျမ စိတ်ထဲမှာ အနစ်နာခံတယ်လို့ မယူဆဘူး
ကျမ လုပ်ချင်တာကိုရွေးချယ်တယ်
ရွေးချယ်မူအရ ကျမ လုပ်တယ်
ဒီလို လုပ်နိုင်တာကို ကျေနပ်တယ်
ဒီလို လုပ်ရလို့ လဲ အမြဲစိတ်ချမ်းသာတယ်လို့ တော့
မဟုတ်ဘူးပေါ့
ဒီလိုလုပ်ရတာလည်း သူ့ ဒုက္ခနဲ့ သူရှိတာပဲ
ကိုယ်ရွေးတဲ့ ဒုက္ခကို ကိုယ်ရင်ဆိုင်လိုက်ပေါ့ မဟုတ်ဘူးလား

No comments:
Post a Comment