သြော် ဘာလိုလိုနဲ့ ပြည်ထောင်စု နေ့  ကြီးနီးလာပါပေါ့ ။
ပိာု..... လွန်ခဲ့တဲ့ ၁၉၉၆ ခုနှစ်ပြည်ထောင်စုနေ့  အခမ်းအနားကို ပြန်လည်သတိရမိတော့ အပောာင်းတွေအသစ်ဖြစ် မျက်ရည်များတောင်ရစ်ဝဲ လို့ နေပါတော့တယ် ။ အဲ့သည်နေ့ က ......
မနက် ရှစ်နာရီ လောက်မှာ အန်တီခြံထဲရောက်ပြီး ကျနော် ရယ် ကိုစိုးနိုင် ၊ကိုအေးလွင် ၊ကိုသိန်းထိုက်အောင် ၊ ကိုခင်ကျော် ၊ကိုချစ်လွင်တို့ နဲ့ အတူ ဦးထွေးဝင်း (ဦးဘ၀င်းသား)ရဲ့ ကားကို
ကိုထွန်းလှိုင်က မောင်းလို့ အထူးဧည်သည်တယောက်ကို ကြိုဖို့ ထွက်လာကြတယ် ။ ထိုအချိန်က
စစ်အာဏာရှင်နဲ့ ထိပ်တိုက် တွေနေ ရတဲ့ မိုးထဲ လေထဲ ကာလမို့  အချင်းချင်းနားလည်မှု့ စည်းကမ်း
အရ ဘယ်လဲ ...ဘာလဲ ....ဘာလုပ်မှာလဲ ဆိုတဲ့မေးခွန်းတွေမမေးကြပဲ ကိုထွန်းလှိုင် ခေါ်ရာ နောက်
ကို တိတ်တဆိတ် ပဲ လိုက်ပါလာခဲ့ ကြတယ် ။ စိတ်ထဲမှာတော့ ဧည်သည် တယောက်ကြိုတာ လူ(၆)
ယောက်လို သလားလိုတော့ တွေမိလိုက်သေးတယ် ။
တခုသော ခြံ ၀န်း အရှေ့ အရောက်မှာ ကားထိုးရပ်လိုက်ပြီး ကျနော်တို့ အားလုံးကိုထွန်းလှိုင် နောက်
ကနေ လိုက်ဝင်လာခဲ့ ပြီး အိမ်ထဲ ကိုဝေ့၀ဲ အကဲခတ်ကြည်တော့ ဧည်ခန်းထောင့် တနေရာ က ကုတင်ပေါ်မှာ ကချင်ပုဆိုး လည်ကတုံးအကျီင်္ပင်နီတိုက်ပုံ
တွေကရပါတယ် ၊ အတွင်း အကျီင်္ နဲ့  တိုက်ပုံ ကြားထဲမှာ တော့ အညိုရောင် သားရေ ကိုယ်ကျပ် ကာ
ဗာ တခု ၀တ်ဆင်ထားပါတယ် ။ ကျနော် သူကိုကောင်းကောင်းသိတယ် ၊ဘယ်သူဘယ်ဝါ ရယ်လို့ 
တိတိကျကျ ဝေခွဲ့ ဖိုစဉ်းစားကြည်တော့ တဖြေဖြေ ရေးရေးပေါ်လာတာ ၁၉၈၈ ရန်ကုန်ဆေးရုံကြီး
ရှေ့  မှာ လှုပ်ရှားခဲ့တဲ့ G . S . C လို့ ခေါ်တဲ့ အထွေထွေသပိတ် ကော်မတီက ကိုဇာဏီ ပါပဲ ....။
၈၈ ကာလ က တက်ကြွတဲ့ ကျောင်းသားလူငယ် တယောက် ကုတင်ပေါ် ပက်လက် ရောက်နေတာ
တွေရတော့ အရင် သရက်တော့ ကျောင်းတိုက်နဲ့  ဆေးရုံကြီးဝန်းကျင် က သူပုံ ရိပ်တွေ ပြန်လည်
မြင်ယောင် နေတုန်းမှာပဲ ကိုဇာဏီက အချိန်နောက်ကျနေပြီလား သူကတော့ အသင်ပါပဲ ဆိုတော့မှ
ကျနော်တို့ လာကြိုသူပာာ ကိုဇာဏီ မှန်းသိလိုက်ပါတော့တယ် ။
ဒါနဲ့ ကျနော်တို့ တတွေ ကုတင်ဘေးမှာ အသင်ချထားတဲ့ ဒရင်းဘက် ကုလားထိုင်ပေါ်ကို ၀ိုင်ဝန်း
ပွေချီ ရွှေပြောင်း ကြတော့မှ ကိုဇာဏီ ပာာ ကိုယ်အောက်ပိုင်း လုံးဝ မလှုတ်ရှားနိုင်တဲ့သူမှန် ကျနော်
ထပ်သိလိုက်ပါတယ် ။ဘယ်လို ဖြစ်ရတာလဲ ကိုဇာဏီ ရယ်......။
ကျနော် တို့ တတွေ ကိုဇာဏီရော ဒရင်ဘက်ပါ ရော မသယ်ပြီး ကားပေါ်ရွှေပြောင်း တင်ဆောင်ပြီး
ပြည်ထောင်စုနေ အခမ်းအနားကျင်းပရာ အန်တီခြံ ကိုပြန်လာကြတယ် ။ လမ်းမှာ ကိုဇာဏီ
အကြောင်းစဉ်စား ပြန်စဉ်းစားမိတော့ ၈၈ ကတဆင်စကားတဆင်နားနဲ့ စစ်ထောက်လှမ်းရေးတွေ
ရဲ့ စစ်ကြောရေး မှာ ထုထောင်းနှိပ်စက်ကြတယ် ဆိုတဲ့ အကြောင်းတွေ ပြန်ကြားယောင်မိပါတယ် ။
သြော်သူလည်း ဒီဒဏ်တွေကြောင့်နေမှာ လို့  တွေးခိုက် ကိုစိုးနိုင်က ကားမောင်းသူ ကို ဖြေဖြေ
မောင်းဖို လှမ်းအော်သံ ကြားမှ အတွေးစပြတ်ပြီး ကိုဇာဏီကို ကြည်မိတော့ ပေတရာ လမ်းပေမဲ့
ချိုင်ခွက် ဗလပွ ကြောင့် လူးလိမ့်နေတဲ့ ကားပေါါ်မှာ ကိုဇာဏီ တယောက် နာကျင်မှု့ ဒဏ်ကို အံ
ကြိတ်ခံ နေရှာပါတယ် ။ မကြည်ရက်ရှာ တာနဲ့  ကိုထွန်းလှိုင်ကို ကျနော်တို့ ဝိုင်းအော်တော့ သူခမျာ
တားရှာ ပါတယ် ။ရပါတယ် ညီ တို့ ရယ် အကိုခံနိုင်ပါတယ် တဲ့ .......။
သည်လိုနဲ့ အန်တီ အိမ်ရှေ့ ပေါ်တီကို အလွန် ခမ်းမ နဲ့  အနီးဆုံးနေရာ ထိ ကားကိုမောင်းဝင်လာပြီး
ကားရပ်တယ် ဆိုရင်ပဲ အန်တီ ပာာ ခန်းမ ထဲ ကနေထွက်လာပြီး ကိုဇာဏီကို နွေးထွေးလှိုက်လှဲစွာ
ခရီးဦးကြို ပြုပါတယ် ။ ကျနော်တို့ တတွေ ကိုဇာဏီ ကို ဒရင်းဘက်ပေါ်ကတဆင် ၀ှီးချဲ ပေါ် ပြောင်း
ရွှေ တင်ပြီး ခန်းမ ထဲ ကိုတွန်းပို့  အန်တီခုံ နံဘေးမှာ နေရာချထားပေးခဲ့ကြပါတယ် ။ အန်တီကတော့ ခေါင်းလေးစောင်း ကိုယ်လေးညွတ် ပြီး စကားတွေတပြောပြောနဲ ပေါ့ .....။
၁၉၉၆ ပြည်ထောင်စုနေ အခမ်းအနားက အတော်ကို စည်ကားသိုက်မြိုက်ပါတယ် ။ နိုင်ငံရေး အခမ်းအနားတွေ ငတ်နေတဲ့  ပြည်သူလူထု ကြီးကတော့ ဘယ်လို အတားအဆီးအပာန်အတားတွေ
ကိုမှ မမှု့ ပဲ တက်ကြွစွာ စုဝေးခဲ့ကြပါတယ် ။ ရိုးရာ အကတွေ နဲ့ ဖျော်ဖြေ သလို တိုင်းရင်းသားရိုးရာ
အ၀တ်အစား အရောင်းဆိုင်တွေ စတုဒီသာ အကျွေးအမွှေးတွေနဲ့  ၅၄ တခြံ လုံး နေရာလွှတ်မကျန်
အဖွဲဝင်တွေ လူထုတွေနဲ့  စည်းကားနေတာပေါ့ ....။
နေလည် နှစ်နာရီ ကျော် လောက်မှ အခမ်းအနားပြီးဆုံ တဲ့ အခါ ကိုဇာဏီ ကိုပြန်ပိုဖို့ ပြင်ဆင်ကြပါ
တယ် ။အလာတုန်းကလိုပါပဲ ၀ှီချဲ ပေါ်ကတဆင် ဒရင်ဘက်ပေါ် ၊ပြီးတော့ ကားပေါ် ရွှေပြောင်းတင်
ကြ ပါတယ် ၊အန်တီက ကားနားအထိ လိုက်ပါပိုဆောင် ရင်းနှတ်ဆက်စကားဆိုပါတယ် ။ ကိုဇာ ဏီ
ကလည်း အန်တီကို ကျေးဇူးတင် စကားတွေ တဖွဖွ ပြောလို့ ပေါ့ ....။
ပိာု ....အရင် အချိန်ကာလတွေ က တွေခဲ့ဆုံခဲ့ ကြသလားတော့ ကျနော်မသိပါ ၊ ဒါပေမဲ့ အန်တီနဲ့  ကိုဇာဏီတို့  ပြောဆိုနှုတ်ဆက်နေကြပုံက ကောင်းတူဆိုးဖက် သေတူရှင်ဖက် ရဲဘော်ရဲဘက် ကြီးတွေလိုပါပဲ ။
လာလမ်းအတိုင်း ပြန်မောင်းလာတဲ့  ကားပေါ်မှာ ကားက လူးလွန့် တိုင်း နာကျင်မှု့ ကို အံကြိတ်
ခံရင်း လိုက်ပါလာတဲ့ ကိုဇာဏီ ကို စိတ်မကောင်းခြင်းကြီးစွာ ကြည်ရင်း သူအိမ်ကိုပြန်ရောက် သူကုတင်ပေါ် ရွှေပြောင်းတင်ပေး ပြီးကာမှပဲ ကျနော်တို့ တတွေ အသက်ရှု ဖို့ သတိရ ကြတော့ တယ် ။
အိမ်ထဲရောက်တော့ ရည်ရည်မွန်မွန်နဲ ကိုဇာဏီ မိခင်က လင်ပန်းတချပ်နဲ့  အအေးခွက်တွေ သယ်လာပြီးဧည်ဝတ်ပြုပါတယ် ။ ကိုဇာဏီက တယောက်ချင်းစီကို လက်ဆွဲ နှုတ်ဆက်လို့ ကျေးဇူး
တင်စကားပြောရှာပါတယ် ။ တလမ်းလုံး ခံစားလာရတဲ့ နာကျင်မှု့ ဒဏ်တွေကြောင့် အများကြီးမပြော
နိုင်ပေမဲ့ သူပြောတဲ့စကားတွေက ခုထိ မမေ့နိုင်သေးပါဘူး ။
ကျနော်တို့ အားလုံးကို ကျေးဇူးတင်ပါတယ် တဲ့...။ သူဘ၀မှ အင်မတန် ကြုံတောင့် ကြုံခဲ နေ့တနေ့ပါ
ပဲ တဲ့ ..။ဒီနေ...ဒီလို ....ဒီလောက်လူအများကြီးနဲ့ ကျင်းပတဲ့ နိုင်ငံရေးအခမ်းအနားမျိုးကိ
ရမယ်လို ထင်မထားခဲ့ပါဘူး တဲ့....။ သူထောင်က လွတ်လာပြီ ကုတင်ပေါ်မှာ လူသူ ကင်းဝေးပြီ နေ
ခဲရတာ (၇)နှစ်နီးပါးရှိနေပါပြီ တဲ့ ။ ကျနော်တို့ ရဲ့ ကူညီမှု့ ကြောင့် နှစ်ပေါင်းများစွာ ကင်းကွာနေခဲ့တဲ့
နိုင်ငံေ၇းဝန်ကျင်းကိုလည်ြး
ဒီမိုကရေစီ အောင်ပွဲ အခမ်းအနားမျိုးကိုလည်းမြင်ခ
ကျင်းပနိုင်အောင်လည်းညီတို့ တတွေ ဆက်လက်တိုက်ပွဲဝင်ကြပါလို အကို တောင်းပန်ပါတယ် ။ အကိုကတော့ ညီတို့ တွေတဲ့အတိုင်းပဲ အသက်ရှင်လျှက် သေနေရတဲ့ဘ၀ ဆိုတော........
ပြောရင် သူအသံတွေရပ်တန့် သွားပါတယ် ။
ကျနော်တို့ တတွေလဲ ကိုဇာဏီ စကားကိုနားထောင်ရင်း ကတိတွေ ပေးရင်း မျက်ရည်များ ရစ်ဝဲ လို့ 
လာပါတယ် သူမိခင်ကြီးကတော့ အခန်းဝ လိုက်ကာနား မှီရပ်ရင်း ငိုနေရှာတယ် ....။ သေချာတယ် ကျနော်တို့ တွေ ဆက်နေရင် ငိုမိကြတော့မယ် ......။
ဒါကို ရိပ်မိတဲ့ ကိုသိန်းထိုက်အောင်က ကျနော်တို့ တတွေ ခြံထဲမှာ အလုပ်တွေရှိနေသေးလို့ ခွင်ပြုပါ
အကို ဆိုရင်းနှုတ်ဆက်ပြီး ကားပေါ်ကို ခပ်မြန်မြန် ပြေးတက်ရင်း ပြန်လာခဲ့ ကြတယ်.......။
အန်တီ ခြံ အပြန်လမ်းတလျှောက် ကားပေါ်မှာ အားလုံးပာာ ကိုယ်အတွေးနဲ့ ကိုယ် ငြိမ်သက်လို့ နေ
ပါတယ် ။
သြော်........
အာဏာရှင်စနစ်ဆိုးကို ဖြိုဖျက်ဖို့ ပေးဆပ်လိုက်ရတဲ့ အသက်တွေ....သွေးတွေ.....ချေ
ဘ၀တွေ.......ကိုဇာဏီ လို (သူစကားအတိုင်း) ရှင်လျှက်နဲ့ သေနေသူတွေ .......ဘယ်လောက်များခဲ့
သလဲ .......နောက်ထပ်ရော ဘယ်လောက်များနေဦးမှာလဲ....
ဆယ်ရှစ်နှစ်ကြာပြီ ဆိုပေမဲ့ ကျနော် ခုပြန်စဉ်းစားရင်းရေးမိတော့
(၇)
၁၉၉၆ April လကုန်ပြီး ရက်မကြာခင်မှာပဲ ကျနော် အန်တီခြံထဲမှာ ၂၄ နာရီ နေဖို့ ရာ
အကြောင်းပေါ်လာပါတော့တယ် …။ နအဖ စစ်အစိုးရ က အန်တီခြံ အနောက်ဖက် မှာ
စည်းရိုးသဖွယ်ခတ်ထားတဲ့ သံဆူးကြိုးတွေကို ဖြုတ်သိမ်း လိုက်တာက စပြီး မနက်လာ
ညနေပြန် တဲ့ ကျနော်တို့ လူငယ် တချိုကို အန်တီခြံ လုံခြုံရေးအတွက် အင်အားဖြည့်
တင်းရတော့တာပေါ့ …။ သူတို့ အတွက် ခြံစည်းရိုး သံဆူးကြိုးတွေ ပာာ ဘာမှပြန်ပြီး
အသုံးဝင်တောတာ မပာုတ်ပေမဲ့ အန်တီ နဲ့ တကွ ကျနော် တို့ အတွက် စိတ်အနှောက်
ယှက်ပေးတဲ့ လုပ်ရပ်တခု ပေါ့ ။ ကျနော် အပါအ၀င် လူငယ် ၁၅ ယောက်လောက် က
အန်တီခြံ လုံခြုံရေးအတွက် နေ ဖက်တင်မက ညဖက်ပါ တာဝန်ယူရပါတော့တယ် ။
ကျနော် မှတ်မိသလောက် ပြန်ရေတွက် ရရင် ..ကိုခင်ကျော် ၊ ကိုမှိုင်း ၊ ကိုချစ်လွင် ၊
ကိုစိုးနိုင် ၊ ကိုသိန်းထိုက်အောင် ၊ ကိုအေးလွင် ၊ ကိုလှမျိုးသွင် (အာရာဖတ်) ၊ ကိုလှခင် (ထောင်ထဲတွင် ကိုယ်ကိုကိုယ် ဆွဲကြိုးချ ပြီး သေဆုံး)၊ ကိုခင်မောင်ထွန်း ၊ ကိုပန်းရည် ၊
ကိုခင်မောင်ဝင်း ၊ ကိုရွှေဂျိုး တို့ ပါပဲ….ဦးစီးဦးဆောင်သူက ကိုမော်ကြီး ပေါ့ ..။ ဖိုးလေး
မြင့်စိုး (သမီးအောင်ဆန်းနှင့်ခြံထဲမှ
ရဲ့ မရှိမဖြစ် စာဖိုမှူးကြီးပေါ့ …။ ဒီလိုနဲ့  ကျနော်တို့ တတွေ ၃ယောက် တဖွဲ့ နဲ့  ၃ နာရီ
စီ ညကင်းစောင့် ကြ ရပါတယ် ။ အဲသည်မှာ မှ သိလိုက်ရတာက အန်တီ ပာာ မိုးရွာ
ရွာ နေပူပူ သူအန်တီ နေတဲ့ နောက်အိမ် ကို ည နေတိုင်းသွားပြီး စကားစမည် ပြော
တတ်တာပါပဲ ။ ညနေတိုင်း အနည်းဆုံး နာရီဝက်လောက်တော့ အိုမင်းမစွမ်းတော့တဲ့
သူမ အန်တီကို အဖော်ပြု ပြီး စကားစမည် ပြော လေ့ ရှိပါတယ် ။ အဲသည်မှာ ရီ (ရယ်)
စရာလေး တခု ဖြတ်ပြောပါဦးမယ် ။ အဲဒါက ကိုဖိုးတိုး အကြောင်းပါ …။ သူက ကျနော် တို့ အထဲမှာ အသက်အကြီးဆုံးပါ ..၊ အန်တီနဲ့ ကွာလှ မှ လေးငါးနှစ် လောက်ပါပဲ ။ သူ
ကအန်တီကို အတော်လေး အစွန်းရောက် ပြီးချစ်ခင်လေးစားသူပါ ။ လူတယောက်ရဲ့ 
ပုံမှန်စိတ်မျိုး မပာုတ်ပေမဲ့ အန်တီနဲ့ ပါတ်သက်လာရင် တော့ ဘာလုပ်ရလုပ်ရ ဆိုသူထဲ
မှာ ပါသူ ပေါ့ …။ ညနေတိုင်း သူပြန်ကာနီးတိုင်း အန်တီကို လက်အုပ်ချီ ရှိခိုးကန်တော့
ပြီးမှ ပြန်လေ့ ရှိသလို အန်တီဆီကနေ ကားခ လဖက်ရည်ဖိုး တောင်းတတ်သူ ပာာ သူ
တယောက်ပဲ ရှိပါတယ် ။ နောက် အန်တီ အနောက်အိမ် သွားရင် မိုးရွာ ရင် ထီးမိုး မိုး
မရွာရင် ဘေး ကနေ သူပြောချင်ရာတွေ ပြောပြီး လိုက်ပိုတတ် ပြီး အန်တီ မပြန်မချင်း
အဲသည် အနောက်အိမ် အနီးဝန်ကျင်မှာ ယောင်လည်လည်နဲ့  ကင်းစောင့်နေတတ်သူ
ပါ ။ အန်တီပြန်ထွက် လာရင် အိမ်ဝထိ လိုက်ပြန်ပို့  ၊ပေါ်တီကို အောက်ရောက်ရင်
အန်တီကို ကန်တော့ ပြီးမှ ပြန်လေ့ရှိပါတယ် ။ တခါတရံ ဒါမှမပာုတ် ကိုဖိုးတိုး ပိုက်ဆံ
မတောင်းတာ ကြာရင် အန်တီက သတိတရနဲ့  လမ်းစာရိတ်ရော ရှိရဲ့ လား …ပိုက်ဆံ
ရော ရှိရဲ့ လား သားဖိုးတိုးလေး ဆိုပြီး မေးလေ့ ရှိပါတယ် ။ အန်တီကို အရမ်းချစ်တဲ့
အကြောင်းအရာ ထဲမှာ ဒီတခုလဲ ပါပါတယ် ။ ဘယ်သူကိုဖြစ်ဖြစ် (့ လူငယ်
တွေ တနည်းပြောရရင် အသက် ၂၀ မကျော်သေးတဲ့ ကျနော်တို့ တတွေ ကို)
သားခိုင်ကိုလေး….သားဖိုးတို
ကိုဖိုးတိုး ကတော့ ၄၀ ကျော် ချာတိတ်လေးပေါ့ ။ ကျနော် တို့ မှာ ကိုဖိုးတိုးနဲ့ ပါတ်သက်
ပြီး စိတ်ညစ်ရတာလေးတခုက ဘာပဲဖြစ်ဖြစ် ကိုဖိုးတိုး က အန်တီကို တိုင်တတ်တဲ့ အ
ကျင့်ကြောင့်ပါ ပဲ ။ အန်တီကို အနောက်အိမ် အပို့ အကြို လုပ်ရင်း ဘာတွေ မပာုတ်တာ
တိုင်းဦးမလဲ ဆိုတာကို အမြဲ သတိထားနေရပါတယ် ။ အန်တီက ကိုဖိုးတိုးအကြောင်းသိ
သူမို့ ခွင်လွှတ် နားလည်တတ်ပေမဲ့ ကျနော် တို့ ကကျတော့ ကိုခေါင်းဆောင်ကို အသေး
အဖွဲ လေးတွေက စပြီး စိတ်အနှောက်အယှက် မဖြစ်စေချင်လို့ ပါ ။ သူကတော့ စိတ်မူ
မှန်သူမပာုတ်လေတော့ ဘယ်သူတွေက ဘယ်လို …စတဲ့ အသေးအဖွဲ ကအစ အန်တီ
ကိုတိုင်တတ်သူပါ ။ တခါတလေ ကျပြန်တော့ ကျနော်တို့ လူငယ်တွေထက် သူက အ
သုံးဝင်တတ်ပါတယ် ။ မှတ်မှတ်ရရ ဗပာန်းက ငါးထပ်ကြီး ကျောင်းမှာ ထင်ပါတယ် ။
ကထိန်လား ၀ါဆို လားတော့ မမှတ်မိတော့ပါဘူး ။ အလှူ ပွဲမှာ ထောက်လှမ်းရေးက
ရောယောင်ပြီး ဓါတ်ပုံ ၀င်ရိုက်တော့ ကိုဖိုးတိုးရယ် ချက်ချင်းပြေးပြီး အဲသည်ထောက်
လှမ်းရေးကိုမောင်းထုတ် တော့တာပါပဲ ။ ထောက်လှမ်းရေး ကလဲ သူအခြေအနေကို
သိနေလေတော့ ဘာမှပြန်မပြောနိုင်ပဲ ဘုန်းကြီးကျောင်းပေါ်ကနေ ဆင်းသွား ရရှာတယ်
။ အန်တီက စားနေသောက်နေ ခိုက် ဓါတ်ပုံရိုက်တာကို မကြိုက်ဖူးဆိုတာကို သူသိနေ
တာကို ….။ ကိုဖိုးတိုး က အဲသည်လို အားကိုးရသူပါ …။
အန်တီ အိမ်မှာ ကျနော်တို့  တတွေ ညအိပ်ကင်းစောင့် ရတာ ၁၅ ရက် တလ လောက်
ကြာပါတယ် ၊ NLD ကဗိသုကာ ဦးကျော်မင်း နဲ့ အဖွဲ့  အနောက်ဖက်ခြံစည်းရိုးကာ လို
မပြီးမချင်းပေါ့ ။ ညဖက် အလှည်ကျ ကင်းစောင့် မနက် ကျတော့ ခြံထဲ ရှိတဲ့ အလုပ်တွေ
ကိုဝိုင်းကူကြရတယ် ။ မနက် ၉ နာရီလောက်ဆိုရင် ဖိုးလေးမြင်စိုး ရယ် ကျနော်ရယ် ကိုခင်မောင်ထွန်း က ဆန်နီပစ်ကပ် ဓ/ ၃၀၀၆ ကိုမောင်းပြီး လှည်တန်းဈေးကို
ဈေးဝယ်ထွက် ကြ ရပါတယ် ။ အန်တီ အတွက် ပန်ဖို့ ပန်းက အစ ခြံထဲနေသူတွေရဲ့ စား
သောက်ရေး အတွက်ပါ အ၀ယ်ထွက် ကြရတာပါ ။ ကိုလှခင် ကတော့ ဖိုးလေးမြင်စိုး ရဲ့ 
လက်ထောက်စားဖိုမှူးပေါ့ ။ကိုလှခင်က ရွှေပြည်သာ NLD ပါ ..။ သူက ဘုရားဆွမ်း
လောင်းအသင်းတွေမှာ အိုးကြီးနိုင်တဲ့ စာဖိုမှူး ဆိုတော့ ကျနော်တို့ ခြံထဲက လူ ၂၀ /၃၀
စာ ကို သူနိုင်နိုင်နင်းနင်း ချက်ပြုတ်ပေးနိုင်သူဆိုတော့
ကြီးပေါ့..။ အင်မတန်ရိုးသာပြီး မပာုတ်မခံ စိတ်ရှိသူပါ ..တခါတလေ ခပ်ကြောင်ကြောင်
အတွေးအခေါ်လေး ရှိတာကလွဲလို့  အရမ်းချစ်စရာကောင်းသူပေါ့ ။ တခါ က သူကို ခြံအပြင် တဖက်လမ်းဆီက ထောက်လှမ်းရေး တွေက အန်တီဓါတ်ပုံပါတဲ့တီရှပ် ကို လမ်းထိပ် လဖက်ရည်ဆိုင် အထွက်မှာ ၀ိုင်းချုပ်ပြီး သူအင်္ကျီ ကို ဆွဲချွတ် တာ ခံရတော့
သူအရမ်းပေါက်ကွဲ ပြီး ဒေါသတွေထွက် လာလိုက်တာ မနည်း ပြောယူရတဲ့အထိပါပဲ..။
အခုခေတ်နဲ့ တော့ အရမ်းကို ကွာခြားနေပြီပေါ့ …။ ခုတော့ (Facebookပေါ်မှာမြင်တွေ နေရတာ ) ဘယ်နေရာ ကြည်ြ့ကည် အန်တီ ဓါတ်ပုံတွေ တီရှပ်တွေ NLD အလံတွေ ၊
ပင်နီတိုက်ပုံ ကချင်ပုဆိုး ယဉ်ဖုံးနဲ့ ချိတ်ထမိန်တွေ အျားကြီးတွေ နေရတာပါပဲ ..။ ကျနော်တို့ ၉၅ /၉၆ ကာလက အရမ်းတက်ကြွတဲ့ အဖွဲ့ ဝင်တွေ လူငယ် တွေပာာ ကိုယ်
အ၀တ်အစားကို ကိုယ် အိတ်ထဲထည့် ရုံးရောက်မှ အန်တီခြံထဲရောက်မှ ပင်နီတိုက်ပုံ ကချင်ပုဆိုး ယဉ်ဖုံးနဲ့ ချိတ်ထမိန်တွေ ကိုလဲလှယ် ၀တ်ကြရတာပါ ။ သွေးကြောင်ကြ
တာ မပာုတ်ပေမဲ့ လမ်းမှာ ကျရောက်လာနိုင်တဲ့ ပြသနာတွေ ကိုရှောင်းရှား ကြရတာပေါ့
အန်တီဓါတ်ပုံပါတဲ့ တီရှပ် အကြောင်းပြောရင်း သတိရမိတာတွေ ရှိပါသေးတယ် ။အန်တီ ဓါတ်ပုံပါတဲ့ တီရှပ်တွေကို အသည်းအသန်စုစောင်းတတ်သူက ဖိုးလေးမြင်စိုးပါ
သူဆီမှာ မရှိဘူးဆိုရင်တောင် အထည် ၃၀ လောက်ရှိမယ် ထင်ရဲ ၊ကျနော်တို့  အပြင်မှာ
မတွေဖူးတဲ့ ဒီဇိုင်းနဲ့  အန်တီပုံတီရှပ်တွေ လည်းသူဆီမှာ တွေရတတ်ပါတယ် ။ သူခရေဇီ
တခုလို ပြောရမလားပဲ..။ နောက်တခု က ကျနော် ရဲဘော်မ (ပိာု ၈၈ ကာလ အ.က.သ
ကျောင်းသားဘ၀ ကတည်းကရဲဘော်လို့ ပြောရင်ရတဲ့ ) သင်းသင်းအေး(ခ)မီးမီး ပါ …။
သူက ကျနော်တို့ ရဲ့ ရဲရဲတောက် ရဲမေ ပေါ့ ….။ တနေ့  လမ်းထိပ် လဖက်ရည်ဆိုင် ထိပ်
ကနေ ပြီး စစ်ထောက်လှမ်းရေးတွေပာာ တွေသမျှ သူတွေ အန်တီဓါတ်ပုံပါ တီရှပ် ၀တ်ထားသူတွေ အတော်များများ ကို အင်္ကျီတွေ ဆွဲချွတ် ၊ အန်တီဓါတ်ပုံကို ဆေးလိပ်
မီးနဲ့ ထိုးဖောက် ပြီးတော့ ညစ်ညမ်းစွာ ဆဲဆို ရန်လုပ်ကြပါတယ် ။ ဒါကို မြင်တွေရတဲ့
မီးမီး ကဒေါသ တကြီးနဲ့ ခြံထဲ ၀င်လာပြီး အန်တီပုံပါတဲ့တီရှပ်ကို ငှားဝတ်ပြီး လမ်းထိပ်
လဘက်ရည်ဆိုင်နဲ့ ခြံထဲကို ခေါက်တုန်ခေါက်ပြန် လမ်းလျှောက်ပါတော့တယ် ။ ကျနော်
တိုမှာ ကိုလှခင်ကို ချောရတာတမျိုး မီးမီးရဲ့  စစ်ထောက်လှမ်းရေးတွေကိုစိမ်
တမျိုးနဲ့  အတော် ရင်မောရတဲ့ နေပေါ့….။ ဒါပေမဲ့ စစ်ထောက်လှမ်းရေးတွေပာာ ကိုအာရာဖတ် ၊ ကိုလှခင် နဲ့  နောက် နှစ်ယောက် ကို လုပ်သလိုမျိုး မီးမီးအင်္ကျီ ကို
တော့ ဆွဲ မချွတ်ကြပါဘူး ….။ ပြသာနာက သေးသေးလေးမှမပာုတ်တာကို....
(၈)
ကျနော် တနေက ရေးခဲ့တာလေးကိုပဲဆက်ရေးချင်
မီးမီးအကြောင်ပေါ့…။သူမကတော
လကတည်းက တနည်းပြောရရင် အ.က.သ ကျောင်းသားဘ၀မှာကတည်းက သိနေခဲ့
တာပါ ။သူမပာာ ရိုးသားတယ် ပွင်လင်းတယ် ရဲရင်တယ် ဆိုတဲ့ဂုဏ်ပုဒ်တွေသူမှာ အ
ပြည်ရှိပါတယ် ။ ကိုလှခင်…ကိုလှမျိုးသွင် တို့  ကိုယ်အပေါ်ဗလာနဲ့ ပြန်လာရတာကို
တွေ့ ပြီး စစ်ထောက်လှမ်းရေးတွေကို စိမ်ခေါ်တဲ့ မမီးမီးရဲ့ လုပ်ရပ်ပာာ အခန်မသင့်ရင်
ထောင်(၇)နှစ်ပဲ…အဲသည့်အချိန
စေ) အော်သူတွေတောင်မှ အကြောင်းမရှိ အကြောင်းရှာပြီး ထောင်ထဲ ပိုနေတဲ့အချိန်ပါ ။ သူမ က ပထမ အကြိမ် ထောင်ကျဖူးပြီးသူပါ ၊ ကျနော်တို့  ၁၉၉၆ ဒီဇင်ဘာကျောင်း
သားလှုတ်ရှားမှု့ မှာ ဒုတိယအကြိမ် ထောင်ထပ်ကျ ပြန်ပါသေးတယ် ။ ကျနော်နဲ့ တော့
အမှု့ တွဲ မတူပါဘူး ။ ကျနော် နယ်စပ်ထွက်ပြေးပြီးချိန် ရွှေဝါရောင်တော်လှန်ရေးကာလ
မတိုင်ခင် မှာ ထပ် အဖမ်းခံ ထောင်ကျတဲ့ သုံးကြိမ်ပြန် ထောင်ထွက်ကြီးပေါ့…။ သူမိသားစု အရေးတွေပြစ်ပြီး အခုချိန်ထိ ဒီမိုကရေစီ အရေးမှာ ဆက်လက် တိုက်ပွဲဝင်
နေဆဲ ပါပဲ…။ ကျနော် အတွက် လေးစားအတုယူ ရတဲ့ ကျနော်ရဲမေ (တနည်းကျနော် အမကြီး )ဆိုရင်မမှားပါဘူး..။ ကျနော်ထက် တနှစ် နှစ်နှစ်လောက်ကြီးမယ် ထင်ရဲ့ ..။
ကျနော်တို့ ခြံထဲ ရှိချိန်မှာ အင်မတန်မှ အားကိုးရတဲ့ သူတွေပါပဲ …။
ကျနော် ခြံထဲမှာ ရောက်ပြီး တလ ခွဲ လောက်အထိ အန်တီအိမ်နောက်ဖက်ခြံစည်းရိ
ကာလို မပြီးခင်ကာလ တွေပာာ ကျနော်တို့ အတွက် အနေ ဆင်းရဲတယ် ဆိုရမှာပါပဲ
ညဖက် ကင်းချိန် မပာုတ်ရင် အိမ်ရှေ့ ကွက်လပ်ကွင်းပြင်မှာ (၀ါရင့်နိုင်ငံရေးသမားကြီး
များ ဂါဝရပြုပွဲ ကစတင်ခဲ့တဲ့) ခန်းမ ရဲ့ စင်မြင်ပေါ်မှာ ဖြစ်သလို အိပ်ကြ ရပါတယ် ။
စောင်မပါ ၊ ခြင်ထောင်မပါ (ရုပ်ရှင်မင်းသားကြီး ဦးထွန်ဝေ လှုထားတဲ့)ဆင်ဖြူတော်
ခြင်ဆေးခွေ တွေထွန်းပြီး ပုဆိုးခြုံ ကွေးရတဲ့ ညတွေပေါ့ ….။ မနက်ဖြန် သဘက်ပဲ ခြံ
စည်းရိုးပြီးတော့ မလိုနဲ့  တလ ကျော် ကြာသွားခဲ့ပါတယ် ။ အနေဆင်းရဲတယ် ဆိုပေမဲ့
လူတရာမှာ တယောက် မရနိုင်တဲ့ ကျနော် ခေါင်းဆောင်ရဲ့ နေအိမ်မှာ နေခွင်ရတာ ..
ကူညီ အားဖြည့်ခွင့်ရတာ ကိုကပဲ ကျနော် တို့ အတွက် ဂုဏ်ယူစရာ ကြီးပေါ့…။ အစား
ကတော့ မဆင်းရဲ ပါဘူး မနက် ဆိုရင် ညကတည်းက နေကိုလှခင် ချက်ထားတဲ့ ထမင်း
ကိုကြော်တယ် ၊ အခု လက်ရှိ (ရှိသေးတယ်ထင်ရဲ့  ) ဗပိာု အမျိုးသမီး အဖွဲ က အန်တီ
ဒေါ်လဲ့လဲ့ ပေးထားတဲ့ OWL တီးမစ်ထုတ်တွေ ဖျော်သောက်ကြပြီး မနက်စာ ကိုဖြေရှင်း
ကြတယ် …။ပြီးရင် ဖိုးလေးမြင်စိုး ၊ ကျနော် နဲ့ ကိုခင်မောင်ထွန်းတို့ က လှည်တန်းဈေး
မှာ တနေစာ ဈေးဝယ်ထွက် …ကျနော်တို့ ပြန်ရောက်တော့ ဖိုးလေးညွှန်ကြားချက်အ
တိုင်း ကိုလှခင်က ချက်ပြုတ်သိမ်းစည်း ..။ ချက်ပြုတ်သိမ်းစည်းတယ် ဆိုတာက ကျနော်တို့ ခြံထဲမှာ မနက်လာ ညနေပြန်သူတွေ ရှိပေမဲ့ ကျနော်တို့ လို နေနေညည နေ
ရသူတွေက (အန်တီမပါ ) ဆယ်ရှစ်ယောက် အယောက်နှစ်ဆယ် လောက်ကို ရှိနေတာ
လေ..။ ဒီတော့ မနက် စာ ညစာ ကို ခွဲသိမ်းရ ပါတယ် ။ တခါ တရံ နယ် ကNLD အဖွဲ့ 
ဝင်တွေ အကြောင်းအမျိုးမျိုးကြောင့်
အတိုင်း ) စားသောက်ပြီးမှပြန်ကြ …မနက်စာ ကြွေးလိုက်ဦးနော် ဆိုရင် တော့ ကျနော်
တို့ အတွက် ချန်ထားတဲ့ ညစာ ထဲကနေ ပါသွားတော့တာပေါ့ …။ နေလည်စာ ကတော့
အဓိက ပာင်းအမျိုးနဲ့  အရည်သောက် တခုခုဒါမှမပာုတ် အရွက်ကြော် တခုခု ပေါ့…
စားအိုးက ကြီးလေတော့ ကိုလှခင်ကို အခေါက်ခေါက် အခါခါ ချက်ခိုင်ဖို့ မသင့်တော့်
တာကြောင့် ညနေ ဆို ထမင်းတအိုးပဲ ထပ်တည်တာများပါတယ် ။ တခါတရံ ညစာတွေ
မှာတော့ ကြုံသလိုပဲ ဖြေရှင်းလိုက်ကြတယ် ။ ဆန်ဆီဆား ငရုပ်ကြက်သွန်ကို နယ်က
လာတဲ့ NLD အဖွဲ့ ဝင်တွေ လက်ဆောင်အဖြစ်သယ်လာကြတာတွေ ရှိသလို နာမည်ခံ
လှုသူရော နာမည်မခံပဲ လှူသူတွေရှိတာကြောင့် မပူပင်ရပါဘူး…။ ပာင်းစားအတွက်
အသားငါး ၀ယ်ဖို့ ကိုတော့ အန်တီကထုတ်ပေးတယ် လိုသိရပါတယ် ။ အန်တီ က
ဂျပန်နိုင်ငံမှာ ထုတ်ဝေတဲ့ သတင်းစာ တစောင်အတွက် တပါတ်ကို တပုဒ် ဆောင်း
ပါးရေး ပေးရတယ် ၊ အဲသည့်ဆောင်းပါးရေးလို့ ရတဲ့ ငွေကြေးကနေ သူအိမ်မှာ ရှိတဲ့
ကျနော်တို့ တွေရဲ့ စားသောက်ရေးအတွက် ဖြေရှင်း ပေးရတာပေါ့….။ တနပ်စားဖူး
သူကျေးဇူးဆိုတဲ့စကားအရဆိုရင
ဖူးသူမို့ ကျနော် အပေါ်မှာ အန်တီ ရဲ့ ကြွေးကျေးဇူးတွေ အများကြီးပေါ့……။
အန်တီအတွက် ကတော့ အဲသည်အချိန်က သတ်သတ်လွတ်စားနေသူမို့  အပေါ်အိမ်
လို့ ကျနော် တိုခေါ်တဲ့ (ဦးဘ၀င်းသားသမီးတွေ နေအိမ်) ဦးထွေးဝင်တို့  မသူဇာ တို့ 
ကစီစဉ်ပေးပါတယ် ။ NLD ဗပိာု က အန်တီ ဒေါ်ခင်ဝင်း ကတော့ အိမ်ထဲမှာဝိုင်းဝန်းကူ
ညီသူပေါ့ .........။
No comments:
Post a Comment