လူရှင် ငရဲ.....(၂)
ဒီလို နဲ့  ကျနော် ကိုခေါ်ဆောင်လားတဲ့ ကား မောင်းတဲ့ အချိန် ဘယ်ကွေ့  ညာကွေ့  ကို လိုက်မှတ်ပြီး
ဘယ်ကိုခေါ်သွားတယ် ဆိုတာ စဉ်းစားပေမဲ့ ဘယ်လိုမှမှန်းမရနိုင်အောင်ပါပဲ....။ကားက ဘယ်ကွေလိုက်
ညာကွေ့ လိုက် အချိန်အတော်ကြာအောင် တည့်တည့် မောင်းလိုက်နဲ့  ပေါ့....။ ကျနော်မှန်းထားတာက
အင်းစိန် ဆယ်မိုင် ကုန်းမှာ ရှိတဲ့ ထောက် (၆)....ဒါမှမပာုတ် သမိုင်း က အောင်သပြေ စစ်ကြောရေးစခန်း
(အောင်သပြေ စစ်ကြောရေးစခန်း ဆိုတာ မူးယစ် တွေ ဘိန်းတွေ ဖျက်ဆီးပြတဲ့ ရဲ တပ်ရင်းတခုပါ)..။
လိုထင်မှတ်တာပါ ..။ ဒီနေရာတွေကို အင်းစိန်သားဖြစ်တဲ့ ကျနော် အတွက် ဘယ်လမ်းက မောင်းရင် ရ
တယ် ဆိုတာ အတတ်သိထားပေမဲ့ သူတို့  မောင်းနှင်လာပုံက ဘယ်လိုမှမှန်းလို့ မရအောင်ပါပဲ....။
လမ်းကနေ စထွက်လာပြီး မီနစ် ၃၀ လောက် အကြာ ကားစီး လိုက်ရတော့ ရေကြည်အိုင် စစ်ကြောရေး
စခန်း များခေါ်လာတာများလား လို့ တောင်မှ တွေးရင်း ကြက်သီးထမိလိုက်ပါသေးတယ် ...။ ရေကြည်အိုင်
ဆိုတာ နာမည်ကြီး စစ်ကြောရေးစခန်း တခုလေ...။ ရေကြည်အိုင်က အထု အထောင်း အနှိပ်အစက် အင်
မတန်ကြမ်းတယ် လို့ နာမည်ကြီးပြီး အဲသည့်စစ်ကြောရေးစခန်းမှာတင် အသက်ပျောက်သွားသူတွေ ဒဏ်ရာ အနာတရ နဲ့  တဘ၀ လုံး ရှင်းလျှက်သေ သွားသူတွေ ကအများသား မပာုတ်လား.....။
ကားရပ်သွားပြီး အချိန် အတော်ကြာသည် အထိ ကျနော် ကို ဘယ်သူမှ လာမခေါ်ပါဘူး....ဘေးနှစ်ဖက်ခုံ
ပေါ် မှာ စောင်ကြပ်လာတဲ့ သကောင်သား လေးကောင် ဆင်းသွားပြီး အတော်ကြာတဲ့အထိပေါ့....။
ဆယ်ငါးမိနစ် လောက်နေမှ တယောက်ရောက်လာပြီး ကားပေါ်ကကျနော် အင်္ကျီ လည်ကုတ်ကို ဆွဲပြီး
ဆင်းတော့ လို့ ဆိုလာတယ် ....ကိုင်တွယ်ပုံ အင်မတန်သိမ်မွေ့ ပါတယ် ....။ဘာမှမမြင်ရအောင် ခေါင်း
ဆွပ် ကြီးစွပ်ခံ ထားရတဲ့ ကျနော် ...ကားပေါ်ကနေ ဒလိမ့်ခေါက်ကွေးပါပဲ....။ အစ ကတည်းက (၇၀)
ကီလိုကျော် ပေါင်နဲ့ ဆို ၁၅၀ နီးပါးရှိတဲ့ ကျနော် လက်ထိပ်က လဲနောက်ပြန်ခေတ်ထားခံရသေး ........
ကားပေါ် ကနေ ပြုတ်ကျပုံကို တွေးလိုသာမြင်ကြည့်ပေတော့ဗျာ....။အိမ်က မိသားစုတွေ ရှေမှာ ပြုံးချို ရည်
မွန်စွာ ခဏခေါ်သွားပါရစေ ဗျာ လို့ ပြောခဲ့သူတွေရဲ့  ပဏာမ မိတ်ဆက်ပွဲ လေး ပေါ့......။
ရှေမှာ ရှိမှန်းမရှိမှန်းမသိပေမဲ့ ခေါ်လာသူရဲ့  အမိန့် အတိုင်း တန်းရှိတယ် ငုံ...ငုံ....ဆိုလဲ ငုံလိုက်ရတာပါပဲ
ရေမြောင်းရှိတယ် ကျော်....ကျော် ...ဆိုတော့လဲ ကျော် လိုက်ရတာပေါဗျာ....။တကယ်တန်း ကိုယ်ရှေ့ မှာ
ဘာမှမရှိပဲ တမင်ဖန်းတီး ပြီး သူတို့ အတွက် ပာာသ တခု အဖြစ် အဝေးက ထိုင်ကြည်ပြီး ပာား...တတ်
ကြောင်းလဲ ကြားဖူးနားဝ ရှိပါတယ် ။ သိုသော် သူတို့ လက်ခုတ်ထဲ ရောက်သွားပြီကို....အရေးကြီးတာက
ကိုယ်ကြောင့် မဆိုင်သူတွေ ကိုယ်ရဲဘော် ရဲဖက်တွေ အမှူ့ တွဲ မပါရေး...ကိုယ်ကြောင့် အဖမ်းမခံ ရရေး..
မေးသမျှ ရှောင်တိမ်း ပြီးဖြေ နိုင်ရေးပါပဲ....။ တစုံ တယောက် ကိုယ်နဲ့ အမှု့ တွဲ မိပြီဆိုရင် သူတို့ ဆွဲထုတ်
သမျှ အစ တွေနဲ့  ကိုယ်ဖြေတာ တမျိုး ...ကိုယ်အမှု့ တွဲ ဖြေတာ တမျိုးနဲ့  လုံခြာလည်လိုက်ပြီး စစ်ကြောရေး ရက် ပိုကြာသွားသလို ပိုပြီး နှိပ်စက်ခံရတတ်ကြောင်း နောင်တော်ကြီးတွေ ရဲ့  အမှာ စကား
ကလဲ အဲဒီခေတ် နိုင်ငံရေးသမား တိုင်း အတွက် ဆောင်ရန်အချက် တချက်ပေါ့....။
ဒီလိုနဲ့  ဆယ်ငါးပေ ပါတ်လည် အခန်းတခန်းထဲ ရောက်သွားချိန်မှာ တော့ စစ်ခွေး တကောင်က ကျနော်
တံခေါက်ခွက်နေရာ ကိုဆောင်ကန် ချလိုက်တာမို့ ဒူးထောက်ရက် ကျသွားပါတယ်....။ကျနော်ဝိတ်နဲ့ အရှိန်
နဲ့ ဆိုလေတော့ နာလိုက်သည်ဖြစ်ခြင်း.....။ အဲသည့် နောက်ကနေ ကန်လိုက်တဲ့ အချိန် နဲ့  တပြိုင်နက်
ပုတ်အဲ့ နံစော် နေတဲ့ ခေါင်းစွပ် ကြီးကိုလဲ ဆွဲချွတ် ခံလိုက်ရပါတယ်....။ အခန်းထဲမှာတော့ အလင်းရောင်
ကောင်းပါတယ် ....။ကျနော်ရှေ့ တည်တည့် မှာတော့ ရုံးသုံးစာရေးစားပွဲ နဲ့  ကုလာထိုင်ပေါ် ခန်ခန်ကြီး
ထိုင်နေတဲ့ ခက်ထန်ထန် လူတယောက်က ကတော့ စစ်ကြောရေးကာလ တခု လုံးအတွက် ကျနော် အမှု့ 
စစ် ဖြစ်လာမဲ့သူပေါ့.....။( နောက်မှသိရတာက ထိုသူက ဗပိာုထောက်လှမ်းရေး ...ဗ.ထ.လ က
ဗိုလ်ကြီးသက်ရှည် လို့ အမည် ရပါသတဲ့)...။နာမည်ရင်း ပာုတ်ချင်မှလဲ ပာုတ်မှာပေါ့...ကိုယ်ကို ၀န်ထမ်း
ကဒ်ထုတ်ပြ ပြီးမိတ်ဆက်တာမှ မပာုတ်တာ ...။
No comments:
Post a Comment