Wednesday, 5 November 2014

လူရှင် ငရဲ (၃)

                                   လူရှင် ငရဲ (၃)


စားပွဲပေါ် က ကိုယ်တော်က တုတ်တုတ် မှမလှုပ်သေးခင် သခင်အားရ ကျွှန်ပါး ၀ လို အမည်ပေးရမဲ့ သူတွေ က ၀ိုင်းလာပြီး ကျနော် ကိုဆွဲထူ ခြေနှစ်ချောင်း ကားထားပြီး  တကိုယ်လုံး ကိုရှာဖွေပါတယ် ။
ပါလာသမျှတွေကို မှတ်တမ်းတင် ....ပြီးတော့ မှန်...မမှန် ကျနော်ကိုဖတ်ပြ ...နောက်တော့ လက်မှတ်ထိုး
ခိုင်းပါတယ် ...။ အဲဒီနောက် အမှု့ စစ် အရာရှိက ဘာမှမမေး ...ဘာမှမပြော ပဲ အပြင်ထထွက်သွားလေ
တော့ ...အခန်းထဲ ကျန်ခဲသူ (၅)ယောက် က အကြောင်းမရှိ အကြောင်းရှာ ပြီး ထိုးကျိတ် ကန်ကျောက် ရိုက်နှက်ပါတော့တယ် ....။ ဆဲ လိုက်ကြတာလဲစုံနေအောင်မိုးမွှန်အောင်ပါပဲ....။ဆဲနည်း ဆွယ်စုံကျမ်း 
ပြုစုရင်တောင်မှ ရလောက်တယ် ....။ အကြောင်းမဲ့ လက်ထိပ်ကို နောက်ပြန်ခတ် ကြမ်းခင်မှာ ထိုင်ခိုင်း
ပြီး ဘေကြတာ တကယ် အာဂတွေပါပဲ....ရှမ်းတိုက်ပုံ အစိမ်းရောင် ၀တ်ထားတဲ့ တယောက် ဆိုရင် သူမျက်နှာ သူ လက်ညှိုး ညွှန်ပြပြီး မကျေနပ်ရင် သေချာ ကြည်ထား အချိန်မရွေး နေရာမရွေး ပြန်တွေ လို့  
ရတယ် ပော့ကောင် ဆိုပြီး စိမ်တောင်ခေါ်သွားလိုက်သေးတယ် ....။ အားလုံးက တခုခု မူးနေကြပုံ ရပါတယ် ...။စိတ်ရှိလက်ရှိ တနာရီ နီးပါး ညှင်းပန်းနှိပ်စက်ပြီး ကျေနပ်သွားကြတော့မှ အခန်းတခါး ကိုဆောင်ပိတ်သွားကြပြီး တယောက်တည်းကျန်ရစ်ခဲ့ပါတယ် ....မီးလဲ အမှောင်ချသွားကြပါတယ် ....။
အပြင်က ခြေသံတွေ အော်ပာစ်သံတွေ တစွန်းတစ ကြားနေရပြီး သိပ်မကြာခင်မှာထုထောင်းရိုက်နှက်ထား
တဲ့ ဒဏ်တွေကြောင့် ကြမ်းပြင်ပေါ်မှာပဲ လဲကျ အိပ်ပျော်သွားပါတယ် ....။
ဘယ်လောက်အချိန် ကြာကြာထိ အိပ်ပျော်သွားတယ် မသိ...ဖျတ်က နဲ လင်းလာတဲ့မီး အလင်းရောင်
ကြောင့် လန့် နိုးလာခိုက်မှာ ကျနော် နဲ့ မတိမ်းမယိမ်း အရွယ် ရှိတဲ့ ကောင်လေး တယောက်နဲ့  အမ်၁၆
ကိုင် ရဲတပ်သားငယ်တယောက် ကိုတွေလိုက်ရပါတယ် ...။ကောင်လေးရဲ့ လက်ထဲမှာ ကြက်ဥကြော် တ
လုံးနဲ့  ထမင်းပန်ကန်..ပြီးတော့ စစ်သုံးမတ်ခွက် နဲ့  လဘက်ရည် ကျဲကျဲ....။စကား တခွန်းမှ မပြောပါပဲ ကျနော် ရှေ့  ကိုပန်ကန်..ခွက်တွေ ချ .... လက်ထိတ်ဖြုတ်ပေး ပြီး လက်ပာန်ခြေပာန် နဲ့  စားခိုင်းပါတယ် ...။လက်ထိပ်ဖြုတ်ပေးတယ် ဆိုတာကလဲ ညာလက် တဖက်တည်းရယ်ပါ ...ဘယ်လက်မှာတော့ လက်ထိပ်တန်းလန်း နဲ့ ပေါ့.....။
ကျနော်ကို ဖမ်းခေါ်လာတာ ည ကဆိုတော့ ဒါ မနက်စာပေါ့....။စားသောက်ပြီးသွားတော့ လက်ထိပ်ပြန်ခတ် တယ် ....။ဒီတခါတော့ နောက်ပြန်မပာုတ် တော့တဲ့ အတွက် နေရထိုင်ရတာ သက်တောင့်သက်သာ ရှိပါတယ်...။ ကြွေးတဲ့ ဆန် က အကောင်း မပာုတ်ပေမဲ့စားလို့  ရရုံ တော့ရှိပါတယ်...။သူတို နှစ်ယောက် ပြန်ထွက်သွားတော့ မီးအမှောင်ကျသွားပြီး သော့ခတ်သံ ကြား လိုက် ရတော့မှ ကျနော် ကိုထားတာ အမှောင်ခန်း ဆိုတာ သတိပြုလိုက်မိတယ် .....။
ဒီအတိုင်း ပါပဲ ...မနက်...နေလည် ....ည လာပို့ တဲ့စားစရာလေးတွေစားလိုက် အမှောင်ခန်းထဲ လမ်းလျှောက်လိုက် ...ဘာမှမမေးသေးပေမဲ့ မေးလာနိုင်တာတွေ အတွက် စဉ်းစားပြင်ဆင်နေ မိပါတယ်...။ တချက်....တချက် ကြားရတဲ့ စူးစူးဝါးဝါး အော်သံတွေ အော်ပာစ်ပိာန်ပောာက်သံ တွေ က
ပိန်ပိတ်နေတဲ့ အမှောင်ခန်းထဲမှာ အင်မတန် ခြောက်ခြားစရာ ကောင်းလှပါတယ်....။
မှတ်မှတ်ရရ ပါပဲ ရောက်စ တည နဲ့ နှစ်ရက် တိတိ အစားအစာ လာပို့ သူက လွဲ လို့  ဘယ်သူမှမတွေ့ 
ရသေးပါဘူး...အခန်းဝမှာ လက်နှက်ကိုင် ရဲတယောက်က တော့ ပုံမှန်ရှိပုံ ရပါတယ် ...ကျနော် အပေါ့ အလေး သွားချင်လို့ အော်ခေါ်ရင် လာဖွင်ပေး ခေါင်းဆွတ် စွပ်  ခတ်ထားတဲ့ လက်ထိပ်ကနေ အိမ်သာ ကိုဆွဲခေါ်သွား တော့ အနီးဝန်ကျင်မှာ ကျနော်လို အဖမ်းခံထားရသူတွေ ရှိနေဦးမှာ အသေအချာပဲပေါ့...။
အမှု့ မစစ်သေးတာ ...ဘာမှ မမေးမြန်းသေးတာ ကတော့ လူဖမ်းပွဲကြီး မပြီးသေးတာ ဖြစ်နိုင်သလို အမှု့ 
တည်ဆောက်လို့  မပြီးသေးတာလဲ ဖြစ်နိုင်တာပါပဲ....။ဒီကြားထဲ ၉၆ ဒီဇင်ဘာ ကျောင်းသားလှုပ်ရှားမှု့  
အရှိန်ကြီးထွားလာပြီး အပြင်မှာ ရှစ်လေးလုံး ကာလ ကလို ထိန်းမနိုင်သိမ်းမရ ဖြစ်ကုန်ပြီလား....၊အဲလို့ 
ဖြစ်ခဲ့ရင်တော့ အုပ်ချုပ်ရေး ပျက်ပျားပြီး ပြန်လွတ်နိုင်ကောင်းရဲ့ လိုတောင်မှ တွေးလိုက်မိသေးရဲ့ .....

                                                                             ခိုင်ကိုဦး.....။

No comments:

Post a Comment