Wednesday, 5 February 2014
                                                        ပါဝါ ၅၄ အမှတ်တရ.........(၁)
အန်တီ ခြံ အကြောင်းပြောမယ်ဆိုရင် ဘယ်နည်းဘယ်ပုံ ကနေ စရောက်သွားတယ်ဆိုတာကို အ၇င် ပြောမှ ဖြစ်မှာ...။ ကျနော်တို့  အုပ်စု အန်တီခြံထဲကို စရောက်တဲ့ အကြောင်းအရာက  ၀ါရင့်နိုင်ငံရေးသမား ကြီးများအား ဂါဝရ ပြုပွဲ ကနေစတင်ရမှာပါပဲ ။ အဲသည် အခမ်းအနား ပာာ
အန်တီခြံထဲမှာ ပထမဆုံးလုပ်တဲ့ပွဲပါ (အန်တီ ၆နှစ်တာ အကျယ်ချုပ် က လွတ်မြောက်ပြီး ) ။ အခမ်းအနာကို ကျင်းပခွင့် တောင်းသူတွေက ၈၈ ကျောင်းသားပောာင်တွေပါ ။ တကယ်တမ်း အလုပ်များသူတွေကတော့ ကျနော် တို့ တတွေပါပဲ ။ အန်တီ အိမ်ရှေ့  ကွင်ပြင် ပာာ ၆နှစ်လုံးလုံးပြုပြင်ရှင်းလင်းမှု့ မရှိတာကြောင့် ခြံနွယ်
က ပိန်ပိတ်နေတာပါ မြက်ရိုင်းတွေများဆို ကျနော်တို ပေါင်းရင်း ခါးလောက်နီးနီး အရှည်ရှိပါတယ် ။အဲသည်ခြုံနွယ်ပိတ်ပေါင်းတွေကို ကျနော်တို့ မှာ ရှင်းလိုက်ရတာ တနေကုန်ပါပဲ ။ လက်တွေပေါက်ပြဲဆုတ်ပြတ် ခြွေးတဒီးဒီး ကျပေမဲ့ ပင်ပန်းတယ် လို တကယ် ကိုမထင်ခဲပါဘူး ။ ပေ ၈၀
၊ ၁၂၀ လောက် ရှိတဲ့ ကွင်းကို ကျနော်တို့ မှာ ၃ရက်လောက် ရှင်းလိုက်ရတယ် ၊ ကန်တော့ခံ စင်မြင့် နဲ့ နေကာအမိုး နဲ့ ယာယီ တဲကြီး ကို တပါတ်လောက် အချိန်ယူခဲ့ ကြရပါတယ် ။ (၉၆ မှာ တော့ ကျနော် တို့ 
အစ ပြုခဲ့တဲ့ ယာယီတဲကြီးက ခိုင်ခိုင်ခန့် ခန့်  ဖြစ်လာပါတယ် ) အဲသည်အချိန်က အန်တီ လုံခြုံရေးတာဝန်ခံက
ကိုအောင်မင်းလွင် (ကိုအောင် )ပါ ၊အန်တီ စီးတဲ့ ကားကိုမောင်းသူက ယခု သြစီမှာ နေတဲ့ ကိုအောင်ဇော်ဦး
မိုင်းပေးတာဝန်ကို လူငယ်တွေ က ပုခုံးပြောင်းတာဝန်ယူကြရတာပါ တဲ့ (စကားလုံးအတိအကျတော့ မမှတ်မိတော့ပါ)။ နောက်တခု မှတ်မိ တာ ကတော့ ကန်တော့ခံဖို ဖိတ်ကြားထားသူတွေထမှာ ဒေါ်ချိုချို ကျော်
ငြိမ်း (ကျနော် အမှတ်မမှားဘူးထင်ပါတယ် ) ပါဝင်ပါတယ် ။ သူက စင်မြင်ပေါ်မှာ ကန်တော့ ခံ ဖို နေရာယူ
ထားပြီးပါပြီ ၊ အန်တီ ရောက်လာပြီး အန်တီက စင်မြင်ပေါ် မတက်ပဲ ကန်တော့မဲ့ ကျနော်တို့     ကျောင်းသား လူငယ်တွေနဲ့ အတူ ၀င်ထိုင်လိုက်တော့ ဒေါ်ချိုချိုကျော်ငြိမ်းလည်း ကမန်းကတန်း စင်ပေါ်က ဆင်းလာပြီး အန်တီ နံဘေးမှာ ၀င်ထိုင်ပါတယ် ။ အမှတ်ရဆုံးကတော့ မြက်ရိုင်းတွေ ရှင်းစဉ်မှာ ရင်ခုန်ရတဲ့ အဖြစ်ပါ ။ မြက်ရိုင်း တနေရာ ခုတ်တိုင်းထွက်ထွက် လာလိုက်တဲ့ မြွေ တွေလေ ..... (အန်တီက သူခြံထဲမှာ ဘယ်လို အကောင် ကိုမှမသတ်ဖို့ သတိပေးထားလေတော့ ) ကျနော်တိုမှာ မြွေတွေ့ တိုင်းပါတ်ပြေးနေရတော့တာ
ပါပဲ .....။ ဒါ .......ပါဝါ ၄၅ ကို အကျွမ်းတ၀င် စတင်ဝင်ထွက်ခွင့် ရတဲ့ အချိန်က အမှတ်တရတွေပေါ့ ......။
                                                                                                            ခိုင်ကိုဦး (ဆစ်ဒနီ)
                                                                                                            ၅ . ၂ . ၂၀၁၄
No comments:
Post a Comment