ပါဝါ ၅၄ အမှတ်တရ (၃)
အမှတ်ရ စရာလေး တခု ကျန်ခဲ့လို ပြန်ဖြည့်စွက် ပါရစေ ။ အဲဒါကတော့ ၁၉၉၅ ဒီဇင်ဘာ ၂၅
ခရစ်စမတ် နေ့ ပါ ။ ထိုနေ့ က ကိုအောင်မြင် (ခ) ကိုသြဇာ ရဲ့ စီမံမှု့ ကြောင့် ကျနော်တို့  လူငယ်
၃၀ ကျော် ၄၀ နီးပါး ပာာ အန်တီနဲ့  တစ်နာရီ ကျော် လောက်တွေဆုံ စကားပြောခွင့်ရခဲ့ ကြပါတယ် ။
အကြောင်းပြချက်ကတော့ ခရစ်စမတ် ဆုတောင်းကြမယ် ပေါ့ ။ တကယ်တမ်း ဆုတောင်းကြ
ရအောင်ဆိုတာလဲ လည်ရည်ပတ်ရည် ဘယ်သူမှ မလုပ်တတ်ပါဘူး ၊ဘာကြောင်လဲဆိုတော့ ကျနော်
တို့ အထဲမှာ ခရစ်ယာန် တယောက်မှ မပါလို့ ပါ ။ ဒါပေမဲ့ ကျနော် တို့  လေးစားယုံကြည်တဲ့ အန်တီ
နဲ့  တစ်နာရီ ကျော် ကြာစကားပြောခွင့် ရလိုက်တာကတော့ အမြတ်ပဲပေါ့ ။
အန်တီကို တွေ့ ဖို့ ဆိုတာ ကြိုတင် စာရင်းပေး Book လုပ် ရတာကြောင့် ကျနော်တို့ လာရင် ကျွေးဖို့ 
ကတ်ကြေးကိုက် တွေ ကြော်ထားပါတယ် ။ ဇာတ်လမ်းက အဲ့သည်မှာ စတော့ တာ ပါပဲ ။ ကျနော် တို့ 
အားလုံးပာာ အန်တီ နဲ့ မတွေခင် နာရီပိုင်းလေးမှာတင် လမ်းထိပ် လက်ဘက်ရည်ဆိုင် (တော့ပ်ရှီး -
လို့ အမည်ပေးထားတဲ့ တီးရှောပ် )ကနေ စားထားသောက်ထားကြတော့ အတန်အသင့်ဗိုက်ပြည်နေ
ကြပါပြီ ။ တဦးချင်းစီ အတွက် ထည့်ထားပေးတဲ့ ကတ်ကြေကိုက်ကို ခပ်တည်တည်ပဲ ယူစားနေကြ
စဉ်မှာ အန်တီက ပြောလာပါတယ် ။ စားစရာ ရှိရင်တော့ ကုန်အောင် စားကြနော် .... တစွန်းစာချန်
ထားခဲ့တာမျိုး မလုပ်ကြနဲ့  ...တဲ့  အခြားပြည်စုံပေါလျှံ နေတဲ့နိုင်ငံတွေမှာ တလုပ်တဇွန်းစာ ချန်ထား
ခဲ့မှ လူကြီးလူကောင်းဆန်တယ် ၊ အဆင်အတန်းရှိတယ် ဆိုကြပေမဲ့ အန်တီ တို့ နိုင်ငံ လို ဆင်းရဲ တဲ့
နိုင်ငံမှာတော့ အဲသည်လိုချန်ထားခဲ့တာ ဖြုန်းတီးတာပဲ လို့ အန်တီမြင်တယ် ၊ ဒါကြောင့် မစားခင် က
တည်းက ကိုယ် မကုန်နိုင်ဘူးဆိုရင် ပြန်လျှောထားပြီး ကိုယ့်ပန်းကန် ထဲမှာ ကိုယ်စားလို့ ကုန်သ
လောက်ပဲ ထည့်စား သင်တယ် ။ လူတယောက်ချင်းစီ ကနေ တလုပ်စာ ချန်ထားခဲ့ ပေမဲ့ ဆယ်ယောက်က ချန်ထားခဲ့ရင် အဲသည့်ချန်ထားခဲ့ တာက လူတယောက် ကောင်းကောင်း စားလို့ 
ရတာပေါ့ တဲ့ .....လေ..။ အားလုံး က ကိုယ်ရှေ့ လာချပေးတဲ့ ပန်ကန်းတွေ ဆွဲ ယူ စားနေတော့မှ
အန်တီက အခုလို ပြောချလိုက်တော့ ကျနော် တို့ မှာ စားလက်စမို ပြန်လျှောရလဲ အခက် ၊မကုန်ကုန်အောင် ဆက်စားကြရတော့မှာမို့ တော်တော် အခက်ကြုံ ကြရပါတယ် ။ ဒါကို ရိပ်မိတဲ့
ကျနော်တို့ ထဲက ကိုရွှေဘော် ဆိုသူက အန်တီကို ပြန်ပြီးဆင်ခြေပေးပြန်ပါတယ် ။ ကျနော်တို့  ကြား
ဖူးတာ ကတော့ အန်တီရယ် ကိုယ်ရဲ့ စားကြွင်းစားကျန်ဆိုတာ အနည်ငယ်ချန်ထားပြီး ကိုယ်လို လုပ်ကိုင်ရှာဖွေ မစားနိုင်တဲ့ ခွေးလေးကြောင်လေးတွေ ငှက် ကလေးတွေကိုကြွေးရတယ်လို့  ဆရာ
တော်ကြီးတပါးပောာပြောဖူးတာကို ကြားခဲ့ ဖူးပါတယ် .....ဆိုတော့ အန်တီက ဘုန်းတော်ကြီး
ကျောင်းတို့  အရပ်ထဲတိုမှာ ဆိုရင်တော့ ပာုတ်မှာပေါ့ အန်တီအိမ်မှာတော့ ဘာခွေး...ကြောင်တွေ
မှ မရှိတော့ ကြွေးစရာ မလိုဘူးပေါ့  တဲ့လေ.....။ဒါနဲ့  ကျနော်တိုမှာ ထပ် အထွန်မတက်ဝံ့တော့ပဲ ကိုယ်ပန်းကန်ထဲက ကတ်ကြေးကိုက်တွေကို ဖိသိပ်ပြီးစားခဲ့ရပါတယ် ။ ကျနော် တို့ ရဲ့ ခေါင်းဆောင်
ပာာ ဒီလို အသေးအဖွဲ လေးတွေက အစ သေးသေးဖွဲဖွဲ လေးပါလို ဂရုမစိုက်ပဲ နေသူမပာုတ်ဘူးဆို
တာကို သိလိုက်ရ တော့ဗိုက်တွေတင်းကားနေပေမဲ့ ကျေနပ်မိတယ် ၊ဂုဏ်ယူမိတယ် ၊ လေးစားမိပါ
တော့တယ် ........။
ခိုင်ကိုဦး(ဆစ်ဒနီ)
၇ . ၂ .၂၀၁၄
No comments:
Post a Comment