Tuesday, 4 February 2014

Facebook တည်ထောင်ခြင်း (၁၀) နှစ်ပြည့် တည်ထောင်သူပြောစကား .........

Facebook 10yrs Anniversary" ဒီနေ့ ၄.၂.၂၀၁၄ ခုနှစ်ဟာဆိုရင် Facebook ကိုတည်ထောင်ခဲ့တာ ၁၀နှစ်ပြည့်တဲ့ နှစ်ပတ်လည်နေ့ဖြစ်ပါတယ်။ ဒါကြောင့်ပဲ Facebook ကိုစတင်တည်ထောင်ခဲ့တဲ့ Mark Zuckerberg က သူ့ရဲ့ Facebook စာမျက်နှာကနေပြီးတော့ အခုလိုပြောကြားခဲ့ပါတယ်။ " ဒီနေ့ဟာ Facebook ရဲ့ ၁၀နှစ်မြောက် နှစ်ပတ်လည်နေ့ ဖြစ်ပါတယ်။ဒီနေ့ ဒီအချိန်အထိခရီးရှည်ကြီးကို အံ့ဖွယ်ဖြတ်သန်းနိုင်ခဲ့တာဖြစ်ပြီး ကျနော်ကဒီခရီးစဉ်ရဲ့ အစိတ်အပိုင်း တစ်ခုဖြစ်ရတာ ဂုဏ်ယူမိပါတယ်။ Facebook လုပ်ဆောင်ပေးသလိုမျိုး လူပေါင်းဘဝပေါင်း များစွာကို ချိတ်ဆက်ပေးနိုင်ဖို့ဆိုတာ အင်မတန်ရှားပါးလှပါတယ်။ လူတွေက ကျနော့်ကိုမေးကြပါတယ်။ Facebook ကိုယနေ့အချိန်မှာ အခုလိုဖြစ်နေမှာကို ကျနော်ကြိုတင်သိရှိထားလား ဆိုပြီးတော့ပေါ့။ လုံးဝ လုံးဝပါပဲလို့ ကျနော်အဖြေပေးခဲ့ပါတယ်။ ကျနော်ဟာ college မှာ Facebook ကိုစတင်လွှင့်တင်နိုင်ပြီးချင်းမှာပဲ ကျနော်ဟာကျောင်းသား/သူ အသိုင်းအဝိုင်းကို လွယ်ကူစွာဆက်သွယ်နိုင်အောင် ပြုလုပ်ပေးနိုင်ခဲ့လို့ စိတ်လှုပ်ရှားခဲ့ရပါတယ်။ ဒါပေမယ့် ကမ္ဘာကြီးတစ်ခုလုံးကို ဆက်သွယ်ပေးနိုင်ဖို့ကိုတော့ တစ်ယောက်ယောက်က တစ်နေ့နေ့ တစ်ချိန်ချိန်မှာ လုပ်ပေးနိုင်မှာပဲဆိုပြီး ကျနော်ယုံကြည်ခဲ့မိပါတယ်။ ကျနော်ဟာ ပြီးခဲ့တဲ့ ၁၀နှစ်တာကာလကို ပြန်တွေးရင်း ကိုယ့်ကိုယ်ကို မေးခွန်းတစ်ခုကို အမြဲမေးနေမိခဲ့ပါတယ်။ ဘာကြောင့် ကမ္ဘာကြီးတစ်ခုလုံးကို ချိတ်ဆက်ပေးမယ့်အရာကို ကျနော်တို့အဖွဲ့က တီထွင်နိုင်ခဲ့လဲ ဆိုပြီးတော့ပေါ့ ??? ပြီးတော့ ကျနော်တို့အဖွဲ့က အဲဒီအချိန်ကဆို ကျောင်းသားတွေပဲ ရှိသေးတာလေ။ Company အကြီးကြီးတွေလို အရင်းအမြစ်တွေ အများကြီးလည်း မရှိခဲ့ပါဘူး။ အဲဒီအတွက် ကျနော့်ရဲ့ အဖြေကတစ်ခုတည်းရှိပါတယ်။အဲဒါကတော့ ကျနော်တို့ဟာ အဲဒီကိစ္စကို သူတို့ထက် ပိုမိုအလေးထားပြီး ကြိုးစားခဲ့လို့ပါပဲ။ အခုအချိန်မှာဆို လူသားတွေဟာ ကျနော်တို့ဖန်တီးခဲ့တဲ့ Facebook ကိုအသုံးပြုပြီး လူ့ပတ်ဝန်းကျင် အသိုင်းအဝိုင်းကြီးကို ဖန်တီးခဲ့ကြပါပြီ။ *လူတွေဟာ Facebook ကိုအသုံးပြုပြီး သူတို့ရဲ့ ပျော်ရွှင်စရာအချိန်တွေ, နာကျင်စရာတွေကို ဝေမျကြတယ်။ *များပြားလှစွာသော မိသားစုတွေဟာလည်း Facebook ကတဆင့် လွယ်ကူစွာချိတ်ဆက်လာနိုင်ကြတယ်။ *အသစ် အသစ်သော ဝန်ဆောင်မှုတွေကို Facebook ကတဆင့် ပေးလာကြပါတယ်။ *ဒါအပြင် လူတွေဟာ Facebook ကိုအသုံးပြုပြီး အသေးစား စီးပွားရေးလုပ်ငန်းတွေကိုပါ စတင်နိုင်ခဲ့ကြပါပြီ။ လူသားတွေအတွက် ဒီလိုအသုံးဝင်မယ့် အရာကို ဖန်တီးပေးနိုင်ခဲ့တဲ့အတွက် အလွန်ပဲဂုဏ်ယူမိပါတယ်။ကျနော့်ရဲ့ ကျန်ရှိတဲ့ အချိန်အများစုကိုလည်း ဒီနေရာမှာအသုံးပြုပြီး လူတွေအတွက် အကောင်းဆုံးတွေကို ဆက်လက်ဖန်တီးပေးသွားမှာပါ။" "ဒီရှည်လျားလှတဲ့ ခရီးစဉ်ကြီးရဲ့ အစိတ်အပိုင်း တစ်ခုအဖြစ် ပါဝင်ခွင့်ရရှိလို့ ကျေးဇူးအထူးတင်ရှိပါတယ် ဗျာ" ~Mark Zuckerberg~ Dr.Aung

No comments:

Post a Comment