ပါဝါ ၅၄ အမှတ်တရ (၄)
ဒီလို ကျနော်တို့ တတွေ အန်တီ အိမ်ကို နီးနီးကပ်ကပ်ဝင်ထွက်ခွင့် ရလာတာ ကိုမော် (ကိုမော်မင်းလွင်) ရဲ
ကျေးဇူးလဲ ပါတယ် ဆိုရင်မမှားဘူးပေါ့ ။ ကိုမော် ညီ ကိုအောင် ( အန်တီ ဖခင်ရဲ့  သက်တော်စာင့် ဗိုလ်မင်း
လွင်ရဲ့ သား နှစ်ယောက်ပါ) က ခြေထောက်မှာ အသေးစာ ခွဲစိတ်စရာ ရောဂါ ဖြစ်လာလို့ အန်တီလုံခြုံရေး
အတွက် ညီ အကိုနှစ်ယောက် တာဝန်ချိန်းဖို့  ကိုမော်ကြီးက ဂျပန် ကနေပြန်လာ ခဲ့ပြီးတဲ့နောက် ကျနော်တို့  အုပ်စုနဲ့ တွေပြီး ခြံထဲမှာ လုံခြုံရေးလူငယ် အင်အား ထပ်မံဖြည်တင်းခဲ့ပါတယ် ။ ထပ်မံဖြည်တင်းတဲ့ အထဲမှာ
ကိုခင်ကျော် ၊ကိုမှိုင်း ၊ကိုသန်းထိုက်အောင် (၂၀၁၃ တွင်ကွယ်လွန်)၊ ကိုပန်းရည် ၊ကိုလေးလွင် တို့ ပါ ။ကိုစိုးနိုင် ၊ ကိုထွန်းလှိုင် ၊ကိုကျော်ဇော ၊ ကိုဖိုးတိုး ၊ အင်းစိန်က ထွန်းထွန်းဦး ၊ ကျနော်တို့ အင်းစိန်က ပဲ ကိုနွားလေး (နာ
မည်အရင်း မမှတ်မိတော့ပါ) တို့ ကတော့ ယခင်ကတည်းက ရှိနေပြီးသား လုံခြုံရေးလူငယ်တွေပါ ။ခြံတွင်း
လူငယ်လို့ လဲ ခေါ်ပါတယ် ။ ဘာကြောင်လဲဆိုတော့ အိမ်တွင်းလူငယ် ဆိုတာလည်းရှိနေလို့ ပါပဲ ။ အိမ်တွင်း
မှာတော့ အန်တီ တူ ကိုမျိုးအောင်သန်း ၊ ကိုစိုးဝင်း (ယခုအချိန်ထိ အန်တီ အနားမှာ ရှိနေပါသေးတယ် ) ။
ကိုအောင်လေး ၊ ကိုမျိုးသန့်  (ယခု USA) ၊ကိုဖိုးခွား (သူလည်းယခု USA မှာပါပဲ) ၊နောက်ကို ကျော်ဆန်း ၊
ကိုအီဗား (ခ)ကိုတင်လှိုင် စသူတို့ ပါ ။
ကျနော်တို့  NLD လူငယ် ဘေးထွက် (ဘေးထွက် ဆိုတာ ကျနော်တို့ အုပ်စု က တပ်ဦးကျွံ တယ် လို့ ပြော
ရင် ရပါတယ် ၊ ချမယ် နှက်မယ် ဆိုပြီး အရမ်းတက်ကြွ တဲ့ လူငယ်တစု ပါ) နေတဲ့ လူငယ်တစုကို ကိုမော်ကြီး
က စုစည်းဦးဆောင်ပြီး အမည် မရှိတဲ့ အန်တီ အတွက်ဆို အသက်ပါပေးရဲ တဲ့ လူငယ် အုပ်စု တခု ဖြစ်လာပါ
တယ် ။ အဲသည် ကျနော်တို့  လူငယ် တွေထဲမှာ အတတ်ပညာပေါင်းများစွာ နဲ့ ပါ ။ ရေပိုက်ပျက်သလား ကိုသန်းထွတ်ဆွေ ရှိတယ် ၊မီး လျှပ်စစ် နဲ့ ပါတ်သက်လာရင် ကိုလတ်ကြီး ရှိတယ် ၊ ကားနဲ့ ပါတ်သက်လာရင်
ကိုခင်မောင်ထွန်း စသည်ဖြင့် ပေါ့ ၊အပြင်လူ မငှားရလေအောင် ကျနော်တို့ အထဲ ပြည့်စုံပါတယ် ။
အန်တီ အိမ်က အပျက်အစီးတွေတင် ပြင်တာ မပာုတ်ပါဘူး အဘဦးကြည်မောင် အိမ်မှာ ရေပိုက်ပျက်တယ် ဆိုလဲ ကျနော်တို့ ပါပဲ ၊ အဘ ဦးတင်ဦးအိမ်မှာ မီးခလုပ်တွေ ပျက်တယ်ဆိုလဲ ကျနော်တို့ ပါပဲ ။
ကျနော် တို့  အုပ်စုထဲက အရမ်းချစ်စရာ ကောင်းသူတွေက အခု နယူးဇီလန် ရောက်နေတဲ့ မမြတ်လေးငုံ ၊
မ၀င်းဝင်းအေး ၊ မစစ်ကေ (ရခိုင်အခေါ် ) တို မိန်းကလေး တွေပါပဲ ၊ သူတို့ စုဆောင်းထားတာလေးတွေ
(မစစ်ကေ ဆို သန်လျှင်မှာ ကုန်စုံဆိုင်လေးဖွင်ထားပါတယ် ၊မိခင်ကြီးကို ပြုစုလုပ်ကြွေးနေတဲ့ အပျိုကြီးပါ ။
သူဆိုရင် သူဆိုင် အမြတ်လေးထဲက နေ) ကျနော် တို့ အတွက် လဘက်ရည်ဖိုး ၊ကွမ်းဖိုး ၊အဓိက က ခရီးစာ
ရိတ် (ကားက ) အမြဲ ထောက်ပံနေကျ ၊ မမြတ်လေးငုံ ကတောအတော် အသင့် ပိုက်ဆံ ရှိသူမို့  ကျနော် တို့ 
အတွက် ကချင်ပုဆိုး လိုသူကို ပုဆိုး ဖိနပ် လိုသူကိုဖိနပ် ၀ယ်ဆင်ပေးတတ်သူပါ ၊ သူခင်ပွန်းကိုလည်း တဖက်မှာ ထောင်ဝင်စာ သွားတွေးရသေးရဲ .....။
ခုတော့ ကျနော်တို့ အုပ်စုလည်း သေသူသေ ၊ နိုင်ငံတကာ ကိုေ၇ာက်သူတွေရောက် ၊ ပြည်တွင်းမှာ ဘ၀ ပျက်သူတွေပျက် ၊ နိုင်ငံရေးဝဲသြဂ ထဲ တ၀ဲလည်လည် နဲ့ ဆက်ကူးခတ်နေသူကခတ်နေ တကယ်ပဲ ဘ၀ ဆို
တာ တွေဆုံကြုံကွဲ ပါပဲ .......။
ခိုင်ကိုဦး (ဆစ်ဒနီ)
၈ . ၂ . ၂၀၁၄
No comments:
Post a Comment