ပါဝါ ၅၄ အမှတ်တရ (၆)
သြော် ဘာလိုလိုနဲ့ ပြည်ထောင်စု နေ့  ကြီးနီးလာပါပေါ့ ။
ပိာု..... လွန်ခဲ့တဲ့ ၁၉၉၆ ခုနှစ်ပြည်ထောင်စုနေ့  အခမ်းအနားကို
ပြန်လည်သတိရမိတော့ အပောာင်းတွေအသစ်ဖြစ် မျက်ရည်များတောင်ရစ်ဝဲ လို
့နေပါတော့တယ် ။ အဲ့သည်နေ့ က ......
မနက် ရှစ်နာရီ လောက်မှာ
အန်တီခြံထဲရောက်ပြီး ကျနော် ရယ် ကိုစိုးနိုင် ၊ကိုအေးလွင်
၊ကိုသိန်းထိုက်အောင် ၊ ကိုခင်ကျော် ၊ကိုချစ်လွင်တို့ နဲ့ အတူ ဦးထွေးဝင်း
(ဦးဘ၀င်းသား)ရဲ့ ကားကို
ကိုထွန်းလှိုင်က မောင်းလို့ အထူးဧည်သည်တယောက်ကို ကြိုဖို့ ထွက်လာကြတယ် ။ ထိုအချိန်က
စစ်အာဏာရှင်နဲ့ ထိပ်တိုက် တွေနေ ရတဲ့ မိုးထဲ လေထဲ ကာလမို့  အချင်းချင်းနားလည်မှု့ စည်းကမ်း
အရ ဘယ်လဲ ...ဘာလဲ ....ဘာလုပ်မှာလဲ ဆိုတဲ့မေးခွန်းတွေမမေးကြပဲ ကိုထွန်းလှိုင် ခေါ်ရာ နောက်
ကို တိတ်တဆိတ် ပဲ လိုက်ပါလာခဲ့ ကြတယ် ။ စိတ်ထဲမှာတော့ ဧည်သည် တယောက်ကြိုတာ လူ(၆)
ယောက်လို သလားလိုတော့ တွေမိလိုက်သေးတယ် ။
တခုသော ခြံ ၀န်း အရှေ့ အရောက်မှာ ကားထိုးရပ်လိုက်ပြီး ကျနော်တို့ အားလုံးကိုထွန်းလှိုင် နောက်
ကနေ လိုက်ဝင်လာခဲ့ ပြီး အိမ်ထဲ ကိုဝေ့၀ဲ အကဲခတ်ကြည်တော့ ဧည်ခန်းထောင့်
တနေရာ က ကုတင်ပေါ်မှာ ကချင်ပုဆိုး လည်ကတုံးအကျီင်္ပင်နီတိုက်ပုံ ၀တ် လူငယ်
တယောက် လှဲလျှောင် လျှက်
တွေကရပါတယ် ၊ အတွင်း အကျီင်္ နဲ့  တိုက်ပုံ ကြားထဲမှာ တော့ အညိုရောင် သားရေ ကိုယ်ကျပ် ကာ
ဗာ တခု ၀တ်ဆင်ထားပါတယ် ။ ကျနော် သူကိုကောင်းကောင်းသိတယ် ၊ဘယ်သူဘယ်ဝါ ရယ်လို့ 
တိတိကျကျ ဝေခွဲ့ ဖိုစဉ်းစားကြည်တော့ တဖြေဖြေ ရေးရေးပေါ်လာတာ ၁၉၈၈ ရန်ကုန်ဆေးရုံကြီး
ရှေ့  မှာ လှုပ်ရှားခဲ့တဲ့ G . S . C လို့ ခေါ်တဲ့ အထွေထွေသပိတ် ကော်မတီက ကိုဇာဏီ ပါပဲ ....။
၈၈ ကာလ က တက်ကြွတဲ့ ကျောင်းသားလူငယ် တယောက် ကုတင်ပေါ် ပက်လက် ရောက်နေတာ
တွေရတော့ အရင် သရက်တော့ ကျောင်းတိုက်နဲ့  ဆေးရုံကြီးဝန်းကျင် က သူပုံ ရိပ်တွေ ပြန်လည်
မြင်ယောင် နေတုန်းမှာပဲ ကိုဇာဏီက အချိန်နောက်ကျနေပြီလား သူကတော့ အသင်ပါပဲ ဆိုတော့မှ
ကျနော်တို့ လာကြိုသူပာာ ကိုဇာဏီ မှန်းသိလိုက်ပါတော့တယ် ။
ဒါနဲ့ ကျနော်တို့ တတွေ ကုတင်ဘေးမှာ အသင်ချထားတဲ့ ဒရင်းဘက် ကုလားထိုင်ပေါ်ကို ၀ိုင်ဝန်း
ပွေချီ ရွှေပြောင်း ကြတော့မှ ကိုဇာဏီ ပာာ ကိုယ်အောက်ပိုင်း လုံးဝ မလှုတ်ရှားနိုင်တဲ့သူမှန် ကျနော်
ထပ်သိလိုက်ပါတယ် ။ဘယ်လို ဖြစ်ရတာလဲ ကိုဇာဏီ ရယ်......။
ကျနော် တို့ တတွေ ကိုဇာဏီရော ဒရင်ဘက်ပါ ရော မသယ်ပြီး ကားပေါ်ရွှေပြောင်း တင်ဆောင်ပြီး
ပြည်ထောင်စုနေ အခမ်းအနားကျင်းပရာ အန်တီခြံ ကိုပြန်လာကြတယ် ။ လမ်းမှာ ကိုဇာဏီ
အကြောင်းစဉ်စား ပြန်စဉ်းစားမိတော့ ၈၈ ကတဆင်စကားတဆင်နားနဲ့ စစ်ထောက်လှမ်းရေးတွေ
ရဲ့ စစ်ကြောရေး မှာ ထုထောင်းနှိပ်စက်ကြတယ် ဆိုတဲ့ အကြောင်းတွေ ပြန်ကြားယောင်မိပါတယ် ။
သြော်သူလည်း ဒီဒဏ်တွေကြောင့်နေမှာ လို့  တွေးခိုက် ကိုစိုးနိုင်က ကားမောင်းသူ ကို ဖြေဖြေ
မောင်းဖို လှမ်းအော်သံ ကြားမှ အတွေးစပြတ်ပြီး ကိုဇာဏီကို ကြည်မိတော့ ပေတရာ လမ်းပေမဲ့
ချိုင်ခွက် ဗလပွ ကြောင့် လူးလိမ့်နေတဲ့ ကားပေါါ်မှာ ကိုဇာဏီ တယောက် နာကျင်မှု့ ဒဏ်ကို အံ
ကြိတ်ခံ နေရှာပါတယ် ။ မကြည်ရက်ရှာ တာနဲ့  ကိုထွန်းလှိုင်ကို ကျနော်တို့ ဝိုင်းအော်တော့ သူခမျာ
တားရှာ ပါတယ် ။ရပါတယ် ညီ တို့ ရယ် အကိုခံနိုင်ပါတယ် တဲ့ .......။
သည်လိုနဲ့ အန်တီ အိမ်ရှေ့ ပေါ်တီကို အလွန် ခမ်းမ နဲ့  အနီးဆုံးနေရာ ထိ ကားကိုမောင်းဝင်လာပြီး
ကားရပ်တယ် ဆိုရင်ပဲ အန်တီ ပာာ ခန်းမ ထဲ ကနေထွက်လာပြီး ကိုဇာဏီကို နွေးထွေးလှိုက်လှဲစွာ
ခရီးဦးကြို ပြုပါတယ် ။ ကျနော်တို့ တတွေ ကိုဇာဏီ ကို ဒရင်းဘက်ပေါ်ကတဆင် ၀ှီးချဲ ပေါ် ပြောင်း
ရွှေ တင်ပြီး ခန်းမ ထဲ ကိုတွန်းပို့  အန်တီခုံ နံဘေးမှာ
နေရာချထားပေးခဲ့ကြပါတယ် ။ အန်တီကတော့ ခေါင်းလေးစောင်း ကိုယ်လေးညွတ် ပြီး
စကားတွေတပြောပြောနဲ ပေါ့ .....။
၁၉၉၆ ပြည်ထောင်စုနေ အခမ်းအနားက
အတော်ကို စည်ကားသိုက်မြိုက်ပါတယ် ။ နိုင်ငံရေး အခမ်းအနားတွေ ငတ်နေတဲ့ 
ပြည်သူလူထု ကြီးကတော့ ဘယ်လို အတားအဆီးအပာန်အတားတွေ
ကိုမှ မမှု့ ပဲ တက်ကြွစွာ စုဝေးခဲ့ကြပါတယ် ။ ရိုးရာ အကတွေ နဲ့ ဖျော်ဖြေ သလို တိုင်းရင်းသားရိုးရာ
အ၀တ်အစား အရောင်းဆိုင်တွေ စတုဒီသာ အကျွေးအမွှေးတွေနဲ့  ၅၄ တခြံ လုံး နေရာလွှတ်မကျန်
အဖွဲဝင်တွေ လူထုတွေနဲ့  စည်းကားနေတာပေါ့ ....။
နေလည် နှစ်နာရီ ကျော် လောက်မှ အခမ်းအနားပြီးဆုံ တဲ့ အခါ ကိုဇာဏီ ကိုပြန်ပိုဖို့ ပြင်ဆင်ကြပါ
တယ် ။အလာတုန်းကလိုပါပဲ ၀ှီချဲ ပေါ်ကတဆင် ဒရင်ဘက်ပေါ် ၊ပြီးတော့ ကားပေါ် ရွှေပြောင်းတင်
ကြ ပါတယ် ၊အန်တီက ကားနားအထိ လိုက်ပါပိုဆောင် ရင်းနှတ်ဆက်စကားဆိုပါတယ် ။ ကိုဇာ ဏီ
ကလည်း အန်တီကို ကျေးဇူးတင် စကားတွေ တဖွဖွ ပြောလို့ ပေါ့ ....။
ပိာု ....အရင် အချိန်ကာလတွေ က တွေခဲ့ဆုံခဲ့ ကြသလားတော့ ကျနော်မသိပါ ၊
ဒါပေမဲ့ အန်တီနဲ့  ကိုဇာဏီတို့  ပြောဆိုနှုတ်ဆက်နေကြပုံက ကောင်းတူဆိုးဖက်
သေတူရှင်ဖက် ရဲဘော်ရဲဘက် ကြီးတွေလိုပါပဲ ။
လာလမ်းအတိုင်း ပြန်မောင်းလာတဲ့  ကားပေါ်မှာ ကားက လူးလွန့် တိုင်း နာကျင်မှု့ ကို အံကြိတ်
ခံရင်း လိုက်ပါလာတဲ့ ကိုဇာဏီ ကို စိတ်မကောင်းခြင်းကြီးစွာ ကြည်ရင်း
သူအိမ်ကိုပြန်ရောက် သူကုတင်ပေါ် ရွှေပြောင်းတင်ပေး ပြီးကာမှပဲ ကျနော်တို
့တတွေ အသက်ရှု ဖို့ သတိရ ကြတော့ တယ် ။
အိမ်ထဲရောက်တော့
ရည်ရည်မွန်မွန်နဲ ကိုဇာဏီ မိခင်က လင်ပန်းတချပ်နဲ့  အအေးခွက်တွေ
သယ်လာပြီးဧည်ဝတ်ပြုပါတယ် ။ ကိုဇာဏီက တယောက်ချင်းစီကို လက်ဆွဲ နှုတ်ဆက်လို
့ကျေးဇူး
တင်စကားပြောရှာပါတယ် ။ တလမ်းလုံး ခံစားလာရတဲ့ နာကျင်မှု့ ဒဏ်တွေကြောင့် အများကြီးမပြော
နိုင်ပေမဲ့ သူပြောတဲ့စကားတွေက ခုထိ မမေ့နိုင်သေးပါဘူး ။
ကျနော်တို့ အားလုံးကို ကျေးဇူးတင်ပါတယ် တဲ့...။ သူဘ၀မှ အင်မတန် ကြုံတောင့် ကြုံခဲ နေ့တနေ့ပါ
ပဲ တဲ့ ..။ဒီနေ...ဒီလို ....ဒီလောက်လူအများကြီးနဲ့ ကျင်းပတဲ့ နိုင်ငံရေးအခမ်းအနားမျိုးကို ကြုံတွေမြင်
ရမယ်လို ထင်မထားခဲ့ပါဘူး တဲ့....။ သူထောင်က လွတ်လာပြီ ကုတင်ပေါ်မှာ လူသူ ကင်းဝေးပြီ နေ
ခဲရတာ (၇)နှစ်နီးပါးရှိနေပါပြီ တဲ့ ။ ကျနော်တို့ ရဲ့ ကူညီမှု့ ကြောင့် နှစ်ပေါင်းများစွာ ကင်းကွာနေခဲ့တဲ့
နိုင်ငံေ၇းဝန်ကျင်းကိုလည်းပြန်ရောက်ခဲ့ ရပါပြီ ၊ ပြီးတော့ ခုထက်ပိုပြီး အင်နဲ့ အားနဲ့ ကျင်းပတဲ့
ဒီမိုကရေစီ အောင်ပွဲ အခမ်းအနားမျိုးကိုလည်းမြင်ချင်ပါသေးတယ် ၊တက်ချင်ပါသေးတယ် တဲ့.....။
ကျင်းပနိုင်အောင်လည်းညီတို့ တတွေ ဆက်လက်တိုက်ပွဲဝင်ကြပါလို အကို
တောင်းပန်ပါတယ် ။ အကိုကတော့ ညီတို့ တွေတဲ့အတိုင်းပဲ အသက်ရှင်လျှက်
သေနေရတဲ့ဘ၀ ဆိုတော........
ပြောရင် သူအသံတွေရပ်တန့် သွားပါတယ် ။
ကျနော်တို့ တတွေလဲ ကိုဇာဏီ စကားကိုနားထောင်ရင်း ကတိတွေ ပေးရင်း မျက်ရည်များ ရစ်ဝဲ လို့ 
လာပါတယ် သူမိခင်ကြီးကတော့ အခန်းဝ လိုက်ကာနား မှီရပ်ရင်း ငိုနေရှာတယ် ....။ သေချာတယ် ကျနော်တို့ တွေ ဆက်နေရင် ငိုမိကြတော့မယ် ......။
ဒါကို ရိပ်မိတဲ့ ကိုသိန်းထိုက်အောင်က ကျနော်တို့ တတွေ ခြံထဲမှာ အလုပ်တွေရှိနေသေးလို့ ခွင်ပြုပါ
အကို ဆိုရင်းနှုတ်ဆက်ပြီး ကားပေါ်ကို ခပ်မြန်မြန် ပြေးတက်ရင်း ပြန်လာခဲ့ ကြတယ်.......။
အန်တီ ခြံ အပြန်လမ်းတလျှောက် ကားပေါ်မှာ အားလုံးပာာ ကိုယ်အတွေးနဲ့ ကိုယ် ငြိမ်သက်လို့ နေ
ပါတယ် ။
သြော်........
အာဏာရှင်စနစ်ဆိုးကို ဖြိုဖျက်ဖို့ ပေးဆပ်လိုက်ရတဲ့ အသက်တွေ....သွေးတွေ.....ချွေးတွေ......
ဘ၀တွေ.......ကိုဇာဏီ လို (သူစကားအတိုင်း) ရှင်လျှက်နဲ့ သေနေသူတွေ .......ဘယ်လောက်များခဲ့
သလဲ .......နောက်ထပ်ရော ဘယ်လောက်များနေဦးမှာလဲ........
ဆယ်ရှစ်နှစ်ကြာပြီ ဆိုပေမဲ့ ကျနော် ခုပြန်စဉ်းစားရင်းရေးမိတော့ ကျနော်မျက်ရည်တွေပူနွေးလို နေပါသေးတယ် ........
ခိုင်ကိုဦး(ဆစ်ဒနီ)
၁၀ . ၂ . ၂၀၁၄ ။
No comments:
Post a Comment