ပါဝါ ၅၄ အမှတ်တရ ......(၂)
ဝါရင်နိုင်ငံရေးသမား ကြီးများ ဂါဝရ ပြုပွဲ ကနေ စတင်ခဲ့တဲ့ အန်တီခြံထဲက ခနော်နီ ခနော်နဲ့ စင်မြင့် လေးက
တဖြည်ဖြည် အခိုင်အခန့် ဖြစ်လာခဲ့ သလို အန်တီခြံ နဲ့  ခြံရှေ လမ်းမ ကြီး တ၀ိုက် ပာာလည်း နိုင်ငံရေး မိုးခေါင်ရေရှား နိုင်ငံ ရဲ့  အိုအေစစ် လေးဖြစ်မှန်းမသိ ဖြစ်လာပါတော့တယ် ။ စနေ..တနင်္ဂနွေ က တော့ လူထု
ခေါင်ဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ ဒီမိုကရေစီ လိုလားတောင်းတ တဲ့ပြည်သူလူထု ဆုံတွေ့ ကြပါတယ် ။
လွတ်လပ်ရေးနေ့  ၊ပြည်ထောင်စုနေ့  စတဲ့ နေ့  တွေ အခမ်းအနားတွေ ကျပြန်တော့ အန်တီအိမ်ရှေ့ က စင်မြင့်နဲ့ ဓနိမိုးတဲ ကြီးက အခမ်းအနား ကျင်းပရာ ဒေသဖြစ်လာပြီ မြန်မာ နိုင်ငံ တ၀ှမ်းလုံး ရဲ့  ဒီမိုကရေစီ ရရာ ဒေသ ပါ ။ နိုင်ငံနဲ့ အ၀ှမ်း အခက်အခဲ အကျပ်အတည်း တွေ ညှင်းပန်းနှိပ်စက်မှု့ တွေ နဲ့  ပါးစပ်တောင် ပာခွင် မရ တဲ့အချိန်မှာ မွန်းကျပ် နေတဲ့ ပြည်သူတွေ အတွက် အန်တီခြံ ရှေ စနေတနင်္ဂနွေ ပာာ ရင်ဖွင့် ရာ
ဒေသ ပေါ့......။ စစ်အာဏာရှင် နဲ့ လက်ပါးစေ တွေကလည်း ထောင်ပေါင်းစုံကနေ အနှောင်အယှက် ပေးကြ
ပါတယ် ။ လူကုံထံ အသိုင်အ၀န်းတွေ သာ နေတဲ့ အရပ် ပာာ စနေ တနင်္ဂနွေ တိုင်း(အန်တီခြံနဲ့  အနီးတ၀ိုက်)
မှာ မီးဖျက်ခံပါတယ် ။ပောာပြောပွဲ က ညနေ ၄း၀၀ဆိုရင် ၃း၃၀ လောက်မှာ မီးပျက် လေ့ ရှိတာကြောင့် ကျနော် တို့ တတွေမှာ ဘက်ထရီ အိုးကြီးအိုးငယ်နဲ့  အလုပ်များကြရပါတယ် ။ ဒီလိုပါပဲ ခြံရှေ့ လာတဲ့ ထောင်
သောင်း နီးပါး ပြည်သူလူထုကြီးကို စိတ်အနှာင်အယှက်ဖြစ် အောင် လူနည်းသွားအောင် မလာရဲ အောင် စ
တဲ့ရည်ရွယ်ချက်တွေနဲ့ လိုင်ကားတွေ ရပ်မရအောင် နဂို ရှိပြီးသား ကားမှတ်တိုင်တွေကို ဖျက်ပြစ် ပါတယ် ။
ဒါပေမဲ့  သူတို အဲသည်လို လုပ်လေလေ ပြည်သူလူထုရဲ့ ထောက်ခံမှု့ က ပိုများလာလေလေပါပဲ ။ ခြံရှေ လာနေကျ ပြည်သူလူထုထဲက တယောက် ပြောတာလေးမှတ်မိပါသေးတယ် ။(ဘတ်စကားတွေ မှတ်တိုင်တွေ မရှိတော့လှည်းတန်းကနေ စပြီးလမ်းလျှောက် ရတယ် ၊ ဒီလို လျှောက် ရလို့ ကျန်းမာရေးတောင်
ပိုကောင်းသေးတယ် )တဲ့လေ...။
ဒီလိုနဲ့  လွတ်လပ်ရေးအောင်ပွဲ နေ ကိုရောက် လာပါတယ် ၊ လူရွှင်တော် ဦးပါပါလေး ဦးဆောင်တဲ့
ကိုယ်သဘော အငြိမ့် အဖွဲ့  ပာာ အန်တီခြံထဲမှာ ပထမဆုံးကပြ ခွင်ရခဲ့ ကြပါတယ် ။ အကတိုက်တဲ့နေက ယာယီ စင်မြင်ကို လိုအပ်တာလေးတွေ ပြင်ဆင်မွမ်းမံ ရင်း ရှေထွက်မင်းသမီး (ဦးပါပါလေး ဇနီး ) မြိုတော် ၀င်းမာက သီချင်းအဆုံ ကကြိုးသပ်ရင်းဝုန်း ကနဲ ထိုင်ချ လိုက်တာ ခေါင်မိုးမှာ ရေ မ၀ပ်အောင် ခုထားတဲ့  သစ်သားတုံးကြီးက ဗြုန်ကနဲ့  ပြုတ်အကျ ဘုရားတ လိုက်ရတာ ကံကောင်းလို့  ဘယ်သူမှ ခေါင်းမပေါက်တယ် ။ နောက်တနေ့  လွတ်လပ်ရေးနေ အငြိမ့်မှာ ဦးပါပါလေး တို့  ဆရာ တပည့်နှစ်ယောက် ပြက်လုံးထုတ်
ကောင်းလိုက်ကြတာ အန်တီမှာ ရီ(ရယ် )လိုက်တာများလေ မျက်ရည်တောင်စို့ လို ရယ် ။
အမှန်တရားကို သေနပ်မိုးထားတဲ့ကာလ (လူရွှင်တော် လေသံ နဲ့ ပြောရရင် ) အမှန်တရားအတွက်
လွှတ်ရီ(ရယ်) ရအောင် ပျက်လုံးတွေ လွှတ်ပျက် လိုက်ကြတာ စစ်အာဏာရှင် တို့ ကတော့ လွှတ်မပေးပါဘူး
ကိုပါပါလေးနဲ့  အပေါင်းအပါ ၅ယောက်ကို ထောင်ဒဏ် (၇)နှစ်စီတဲ့ ......။
ခိုင်ကိုဦး(ဆစ်ဒနီ)
၆ . ၂ . ၂၀၁၄ ။
No comments:
Post a Comment