Thursday, 27 March 2014

ပါဝါ -၅၄ အမှတ်တရ (၈)

                                          ပါဝါ -၅၄ အမှတ်တရ (၈)
ကျနော် တနေက ရေးခဲ့တာလေးကိုပဲဆက်ရေးချင်ပါသေးတယ် ။ ကျနော် ရဲဘော်မ
မီးမီးအကြောင်ပေါ့…။သူမကတော့ ကျနော်ကိုသိချင်မှသိမယ် ကျနော်ကတော့ သူကို ၈၈ ကာ
လကတည်းက တနည်းပြောရရင် အ.က.သ ကျောင်းသားဘ၀မှာကတည်းက သိနေခဲ့
တာပါ ။သူမပာာ ရိုးသားတယ် ပွင်လင်းတယ် ရဲရင်တယ် ဆိုတဲ့ဂုဏ်ပုဒ်တွေသူမှာ အ
ပြည်ရှိပါတယ် ။ ကိုလှခင်…ကိုလှမျိုးသွင် တို့  ကိုယ်အပေါ်ဗလာနဲ့ ပြန်လာရတာကို
တွေ့ ပြီး စစ်ထောက်လှမ်းရေးတွေကို စိမ်ခေါ်တဲ့ မမီးမီးရဲ့ လုပ်ရပ်ပာာ အခန်မသင့်ရင်
ထောင်(၇)နှစ်ပဲ…အဲသည့်အချိန်က ခြံရှေ့ လာပြီး (ဒေါ်အောင်ဆန်းစုကြည်…ကျန်းမာပါ
စေ) အော်သူတွေတောင်မှ အကြောင်းမရှိ အကြောင်းရှာပြီး ထောင်ထဲ ပိုနေတဲ့အချိန်ပါ ။ သူမ က ပထမ အကြိမ် ထောင်ကျဖူးပြီးသူပါ ၊ ကျနော်တို့  ၁၉၉၆ ဒီဇင်ဘာကျောင်း
သားလှုတ်ရှားမှု့ မှာ ဒုတိယအကြိမ် ထောင်ထပ်ကျ ပြန်ပါသေးတယ် ။ ကျနော်နဲ့ တော့
အမှု့ တွဲ မတူပါဘူး ။ ကျနော် နယ်စပ်ထွက်ပြေးပြီးချိန် ရွှေဝါရောင်တော်လှန်ရေးကာလ
မတိုင်ခင် မှာ ထပ် အဖမ်းခံ ထောင်ကျတဲ့ သုံးကြိမ်ပြန် ထောင်ထွက်ကြီးပေါ့…။ သူမိသားစု အရေးတွေပြစ်ပြီး အခုချိန်ထိ ဒီမိုကရေစီ အရေးမှာ ဆက်လက် တိုက်ပွဲဝင်
နေဆဲ ပါပဲ…။ ကျနော် အတွက် လေးစားအတုယူ ရတဲ့ ကျနော်ရဲမေ (တနည်းကျနော် အမကြီး )ဆိုရင်မမှားပါဘူး..။ ကျနော်ထက် တနှစ် နှစ်နှစ်လောက်ကြီးမယ် ထင်ရဲ့ ..။
ကျနော်တို့ ခြံထဲ ရှိချိန်မှာ အင်မတန်မှ အားကိုးရတဲ့ သူတွေပါပဲ …။
ကျနော် ခြံထဲမှာ ရောက်ပြီး တလ ခွဲ လောက်အထိ အန်တီအိမ်နောက်ဖက်ခြံစည်းရိုး
ကာလို မပြီးခင်ကာလ တွေပာာ ကျနော်တို့ အတွက် အနေ ဆင်းရဲတယ် ဆိုရမှာပါပဲ
ညဖက် ကင်းချိန် မပာုတ်ရင် အိမ်ရှေ့ ကွက်လပ်ကွင်းပြင်မှာ (၀ါရင့်နိုင်ငံရေးသမားကြီး
များ ဂါဝရပြုပွဲ ကစတင်ခဲ့တဲ့) ခန်းမ ရဲ့ စင်မြင်ပေါ်မှာ ဖြစ်သလို အိပ်ကြ ရပါတယ် ။
စောင်မပါ ၊ ခြင်ထောင်မပါ (ရုပ်ရှင်မင်းသားကြီး ဦးထွန်ဝေ လှုထားတဲ့)ဆင်ဖြူတော်
ခြင်ဆေးခွေ တွေထွန်းပြီး ပုဆိုးခြုံ ကွေးရတဲ့ ညတွေပေါ့ ….။ မနက်ဖြန် သဘက်ပဲ ခြံ
စည်းရိုးပြီးတော့ မလိုနဲ့  တလ ကျော် ကြာသွားခဲ့ပါတယ် ။ အနေဆင်းရဲတယ် ဆိုပေမဲ့
လူတရာမှာ တယောက် မရနိုင်တဲ့ ကျနော် ခေါင်းဆောင်ရဲ့ နေအိမ်မှာ နေခွင်ရတာ ..
ကူညီ အားဖြည့်ခွင့်ရတာ ကိုကပဲ ကျနော် တို့ အတွက် ဂုဏ်ယူစရာ ကြီးပေါ့…။ အစား
ကတော့ မဆင်းရဲ ပါဘူး မနက် ဆိုရင် ညကတည်းက နေကိုလှခင် ချက်ထားတဲ့ ထမင်း
ကိုကြော်တယ် ၊ အခု လက်ရှိ (ရှိသေးတယ်ထင်ရဲ့  ) ဗပိာု အမျိုးသမီး အဖွဲ က အန်တီ
ဒေါ်လဲ့လဲ့ ပေးထားတဲ့ OWL တီးမစ်ထုတ်တွေ ဖျော်သောက်ကြပြီး မနက်စာ ကိုဖြေရှင်း
ကြတယ် …။ပြီးရင် ဖိုးလေးမြင်စိုး ၊ ကျနော် နဲ့ ကိုခင်မောင်ထွန်းတို့ က လှည်တန်းဈေး
မှာ တနေစာ ဈေးဝယ်ထွက် …ကျနော်တို့ ပြန်ရောက်တော့ ဖိုးလေးညွှန်ကြားချက်အ
တိုင်း ကိုလှခင်က ချက်ပြုတ်သိမ်းစည်း ..။ ချက်ပြုတ်သိမ်းစည်းတယ် ဆိုတာက ကျနော်တို့ ခြံထဲမှာ မနက်လာ ညနေပြန်သူတွေ ရှိပေမဲ့ ကျနော်တို့ လို နေနေညည နေ
ရသူတွေက (အန်တီမပါ ) ဆယ်ရှစ်ယောက် အယောက်နှစ်ဆယ် လောက်ကို ရှိနေတာ
လေ..။ ဒီတော့ မနက် စာ ညစာ ကို ခွဲသိမ်းရ ပါတယ် ။ တခါ တရံ နယ် ကNLD အဖွဲ့ 
ဝင်တွေ အကြောင်းအမျိုးမျိုးကြောင့် ရောက်လာ ကြရင် အန်တီက (လူကြီးတွေ ထုံစံ
အတိုင်း ) စားသောက်ပြီးမှပြန်ကြ …မနက်စာ ကြွေးလိုက်ဦးနော် ဆိုရင် တော့ ကျနော်
တို့ အတွက် ချန်ထားတဲ့ ညစာ ထဲကနေ ပါသွားတော့တာပေါ့ …။ နေလည်စာ ကတော့
အဓိက ပာင်းအမျိုးနဲ့  အရည်သောက် တခုခုဒါမှမပာုတ် အရွက်ကြော် တခုခု ပေါ့…
စားအိုးက ကြီးလေတော့ ကိုလှခင်ကို အခေါက်ခေါက် အခါခါ ချက်ခိုင်ဖို့ မသင့်တော့်
တာကြောင့် ညနေ ဆို ထမင်းတအိုးပဲ ထပ်တည်တာများပါတယ် ။ တခါတရံ ညစာတွေ
မှာတော့ ကြုံသလိုပဲ ဖြေရှင်းလိုက်ကြတယ် ။ ဆန်ဆီဆား ငရုပ်ကြက်သွန်ကို နယ်က
လာတဲ့ NLD အဖွဲ့ ဝင်တွေ လက်ဆောင်အဖြစ်သယ်လာကြတာတွေ ရှိသလို နာမည်ခံ
လှုသူရော နာမည်မခံပဲ လှူသူတွေရှိတာကြောင့် မပူပင်ရပါဘူး…။ ပာင်းစားအတွက်
အသားငါး ၀ယ်ဖို့ ကိုတော့ အန်တီကထုတ်ပေးတယ် လိုသိရပါတယ် ။ အန်တီ က
ဂျပန်နိုင်ငံမှာ ထုတ်ဝေတဲ့ သတင်းစာ တစောင်အတွက် တပါတ်ကို တပုဒ် ဆောင်း
ပါးရေး ပေးရတယ် ၊ အဲသည့်ဆောင်းပါးရေးလို့ ရတဲ့ ငွေကြေးကနေ သူအိမ်မှာ ရှိတဲ့
ကျနော်တို့ တွေရဲ့ စားသောက်ရေးအတွက် ဖြေရှင်း ပေးရတာပေါ့….။ တနပ်စားဖူး
သူကျေးဇူးဆိုတဲ့စကားအရဆိုရင် ကျနော်ပာာ တစ်နှစ်နီးပါး အန်တီကြွေးတာ စားခဲ့
ဖူးသူမို့ ကျနော် အပေါ်မှာ အန်တီ ရဲ့ ကြွေးကျေးဇူးတွေ အများကြီးပေါ့……။
အန်တီအတွက် ကတော့ အဲသည်အချိန်က သတ်သတ်လွတ်စားနေသူမို့  အပေါ်အိမ်
လို့ ကျနော် တိုခေါ်တဲ့ (ဦးဘ၀င်းသားသမီးတွေ နေအိမ်) ဦးထွေးဝင်တို့  မသူဇာ တို့ 
ကစီစဉ်ပေးပါတယ် ။ NLD ဗပိာု က အန်တီ ဒေါ်ခင်ဝင်း ကတော့ အိမ်ထဲမှာဝိုင်းဝန်းကူ
ညီသူပေါ့ ။
                                                                                            ခိုင်ကိုဦး (ဆစ်ဒနီ)
                                                                                          ၂၇ .မတ်လ .၂၀၁၄ ။
Like · ·

Wednesday, 26 March 2014

Esther Ohn Mar ရေးတဲ့စာ .......


                                                                        
                                                                               Esther Ohn Mar ရေးတဲ့စာ .......


ဒီနေ့အန်ကယ်လ် အတွက်ဘုရားကျောင်းမှာ တရားတောင်ပြီး ဘုရားကျောင်းတက်ခဲ့တယ်။ ကျွန်မ စိတ်ထဲမှာလဲ ၀မ်းနည်းမိတယ်။
အန်ကယ်လ်အတွက်ဆုတောင်းရင်းနဲ့ မေမေစုကျန်းမာပြီးရည်ရွယ်ချက်တွေအောင်မြင်ဖို့လဲဆုတောင်းပေးခဲ့ပါတယ်။
Park Town အိမ်ရဲ့ မြေအောက်ခန်းမှာ ရှိတဲ့ထမင်းစားခန်းမှာ ရှိတဲ့မေမေစုပုံလေးတွေကိုလဲမြင်ယောင်မိပါတယ်။ ထမင်းစားပွဲရဲ့ ထိပ်ကနံရံမှာ မှန်ဘောင်နဲ့ထည့်ထားတဲ့ မိသားစုဓါတ်ပုံတွေစုထည့်ထားတာရှိပါတယ်။
တစ်ရက်အင်္ဂလိပ်ကားကြည့်ပြီး ကျွန်မက အဲဒီအမျိုးသမီးတွေဝတ်တဲ့ဂါဝန်ကြီးတွေက အကြီးကြီးတွေပဲ အထဲမှာဘာတွေထည့်ထားတာလဲလို့မေးမိပါတယ် ။ အန်ကယ်လ်ရဲ့ အတွင်းရေးမှူး အာနာ ( Anna McMahon ) က ၇ှင်းပြပေမဲ့ကျွန်မ နားမလည်ပါဘူး။ နောက်၇က် အန်ကယ်လ်က အာနာကို အဲဒီအကျီင်္ ရှာခိုင်းလိုက်ပါတယ်။ အာနာကလဲ ရအောင်ရှာလာပါတယ်။ အဲဒီအကျီင်္က အကြီးကြီးဆိုတော့ကျွန်မက ကြည့်ပြီးရယ်တာပေါ့ အာနာက လာအက်စတာဆိုပြီး ကျွန်မကိုဝတ်ပေးပါတယ်။ ကျွန်မလဲ အဲဒီဂါဝန်ကြီးဝတ်ပြီးတော့ အောက်ကို ဆင်းလာပါတယ် ။ကင်းမ်က ကျွန်မကိုကြည့်ပြီး အက်စတာ နင်အင်္ဂလိပ်မနဲ့မတူပါဘူးအသားမဲတယ်လို့ စ ပါတယ်။ ကျွန်မကလဲ မခံပဲ အမယ် ငါတို့အဥားအရောင်ကို ဒီကလူတွေက သဘောကျပါတယ်နော်လို့ ပြန်ပြောလိုက်ပါတယ်။ အန်ကယ်လ်က အဲဒီပုံကိုဓါတ်ပုံ၇ိုက်ယူပြီးနောက်ရက် ထမင်းစားခန်းထိပ်က မှန်ဘောင်ထဲမှာ မိသားစုဓါတ်ပုံတွေနဲ့အတူ ကျွန်မပုံလေးပါနေရာယူခွင့်ရရှိခဲ့ပါတယ်။
ကျွန်မတို့ပြန်လာပြီးတဲ့နောက်ပိုင်း အန်ကယ်လ်ရဲ့ အလုပ်စားပွဲ ဘေးက Notice board မှာ မေမေစုပုံအပြင် ကျွန်မပုံလေးတွေကိုပါ အာနာက ကပ်ပေးထား တယ်လို့ပြောပါတယ်။ အန်ကယ်လ်ရဲ့နောက်ဆုံးစာထဲမှာ မြန်မာပြည်ရဲ့အကြီးအကဲတွေက ခွင့်ပြုလို့လာရရင် ကျွန်တော်နဲ့ စုက ဆရာတော်ဆီမှာခွင့်တောင်းပြီးကျွန်မကို ရန်ကုန်အိမ်မှာခေါ်ထားမယ်နော် ကျွန်တော်ရဲ့ နာ့စ် လာလုပ်ပေးပါလို့ရေးထားပါတယ်။ ကျွန်တော့နာ့စ်လို့ပြောထဲက ကျွန်မ သတိထားမိရမှာ။ ကျွန်မ နဲနဲလေးမှသတိမထားမိပါဘူး။ အန်ကယ်လ်မဆုံးခင်နှစ်ပါတ်အလိုမှာလဲ အန်ကယ်လ်ဖုန်းဆက်လာပါတယ်။ အဲဒီတုန်းက လားရှိုးမှာ အခုလိုဖုန်းပြောဖို့မလွယ်ပါဘူး ဖုန်းရုံးကတဆင့်ဝင်တာပါ။ အဲဒီအချိန်ကျွန်မ ဘောလုံးပွဲကြည့်နေတာပါ။ သီလရှင်အငယ်တပါးက အမ ဖုန်းလာတယ် အင်္ဂလိပ်လိုပြောတာလို့ပြောလို့ကျွန်မလဲ ဖုန်းထားတဲ့အခန်းကို အပြေးအလွှားသွားခဲ့ပါတယ်။ အန်ကယ်လ်အသံကိုကြားတော့ကျွန်မဘာမှ မပြောနိုင်ပါဘူး။ မျက်ရည်ကပဲ အလိုလိုကျလာပြီး အန်ကယ်လ် I miss you ဆိုတာကိုပဲ ခေါက်တုံ့ ခေါက်ပြန်အော်နေပါတယ် ။ အန်ကယ်လ်က ရယ်နေပါတယ်။ ကျွန်မကို အရင်ကလိုပဲဘောလုံးပွဲကြည့်နေတာလားလို့ပြောပါတယ်။ စကားကောင်းကောင်းဘာမှ မပြောလိုက်ရပါဘူး။ ဖုန်းကပြတ်သွားပါတယ်။ အဲဒီတုန်းကလဲ အန်ကယ်လ်က သူနေမကောင်းတာကိုမပြောခဲ့ပါဘူး။ တကယ်ပဲ နှစ်ပါတ်ပဲ ကြာလိုက်ပါတယ် အန်ကယ်လ်က ကျွန်မတို့ကိုထားသွားခဲ့ပါပြီ။ နောက်ဘယ်တော့မှ ဖုန်းထဲကအသံကိုလဲ ကြားရမှာမဟုတ်တော့ပါဘူး။ အန်ကယ်လ်ဆီက စာတွေကိုလဲ မမြင်ရတော့ပါဘူး။
အန်ကယ်လ်ဆုံးပြီး တစ်လကျော်လောက်မှာတော့ အန်ကယ်လ်အမ လူစင်းတာ ( Lucinda ) အန်ကယ်လ်အတွင်းေ၇းမှူး( Anna McMahon ) နဲ့ မစုမြတ်မွန် တို့ဆီက စာတွေရောက်လာပါတယ်။
အန်ကယ်လ်ကတော့ ငြိမ်းချမ်းသွားပါပြီတဲ့။ ကင်းမ်ကတော့ အခံစားရဆုံးလူတယောက်ဖြစ်ပါတယ်လို့ဖတ်ရတဲ့အချိန်မှာ ကျွန်မစိတ်ထဲကနေ ကင်းမ်က အန်ကယ်လ်ကိုပြုစုခွင့်ရခဲ့ပါသေးတယ် ကျွန်မကသာ--------
( အန်ကယ်လ် က ကျွန်မကို တကယ့်သူ့သမီးလေးလိုသတ်မှတ်ခဲ့တာ ကျွန်မက တာဝန်မကျေခဲ့ပါဘူး ။ ကျွန်မ ဘယ်တုန်းကမှ တာဝန်မကျေ ခဲ့ဘူး ။ အန်ကယ်လ်က သူသိပ်ချစ်တဲ့မေမေစုကို ကျွန်မတို့လက်ထဲစိတ်ချစွာထားခဲ့ပြီ ။ ဒါလဲ ကျွန်မတာဝန်မကျေ သေးပါဘူး အန်ကယ်လ်။
သမီးအန်ကယ်လ်တို့မိသားစု အပေါ်ဘာတာဝန်မှမကျေသေးပါဘူး အန်ကယ်လ်ရယ်။ )
                                                                                                  ( ၁၅ )နှစ် ရှိသွားပါပြီ

Like · ·

မနက်ဖန် မတ်ခ်ျလ ( ၂၇ ) ရက်နေ့က အမျိုးသားဒီမိုကရေစီ ဥက္ကဌ နိုဗယ်ငြိမ်းချမ်းရေးဆုရှင်မေမေစု ဧ။်ခင်ပွန်းကွယ်လွန်တာ ( ၁၅ ) နှစ်ပြည့်ဖြစ်ပါတယ်။

မနက်ဖန် မတ်ခ်ျလ ( ၂၇ ) ရက်နေ့က အမျိုးသားဒီမိုကရေစီ ဥက္ကဌ နိုဗယ်ငြိမ်းချမ်းရေးဆုရှင်မေမေစု ဧ။်ခင်ပွန်းကွယ်လွန်တာ ( ၁၅ ) နှစ်ပြည့်ဖြစ်ပါတယ်။
** ၁၉၉၆ ခုနှစ် မတ်လ (၂ရ )ရက်နေ့မှာ အောက်(စ)ဖို့(ဒ်) Parktown အိမ်မှာ အန်ကယ်လ်မိုက်ကယ်ရဲ့မွေးနေ့ပွဲကိုကျင်းပခဲ့တာလေးကိုမှတ်မိပါတယ်။ မွေးနေ့ပွဲမတိုင်ခင် နှစ်ရက် လောက် ကင်းမ်နဲ့ ကျွန်မတို့အလုပ်ရှုပ်ကြပါတယ် တပါတ်တခါရတဲ့မုန့်ဖိုးကို အန်ကယ်လ်မွေးပါတီပွဲလေးလုပ်ပေးဖို့ စီစဉ်ကြပါတယ် ။ ကျွန်မနဲ့ကင်းမ်က အန်ကယ်လ်အလုပ်စားပွဲထဲက ဖုန်းနံပါတ်တွေ ဖက်စ်နံပါတ်တွေရေးထားတဲ့စာအုပ်ကို ခိုးယူဖို့အမျိုးမျိုးနည်းလမ်းထုတ်နေကြပါတယ်။ နေ့လည်စာထမင်းစားဖို့ စားပွမြှာထိုင်တော့ ကျွန်မက ကင်းမ်ကို မျက်ရိပ်ပြလိုက်ပါတယ်။ ကင်းမ်က ထသွားပြီး လိပ်စာေ၇းထားတဲ့စာအုပ်ကိုယူထားလိုက်ပါတယ်။ နောက်တော့ တစ်ယောက်ပြီးတယောက်ဖိတ်ပါတယ်။
မွေးနေ့မနက်မှာပဲ မာမီ (အန်ကယ်လ်အမေ) ရောက်လာပါတယ် ။ မာမီကို တိုးတိုးတိတ်တိတ်နဲ့ အန်ကယ်လ်ကိုအပြင်ခေါ်ထုတ်သွားဖို့ကျွန်မတို့ကပြောထားပါတယ်။ ကျွန်မတို့ရည်ရွယ်ချက်က အံ့သြသွားစေချင်တာမျိုးပေါ့ အန်ကယ်လ်ကလဲ ဘယ်မှ မသွားပါဘူး။ နောက်ဆုံးတော့ ကျွန်မက အန်ကယ်လ်ကလဲ မာမီက တခုခုပြောစရာရှိလို့ဖြစ်ပါလိမ့်မယ်လို့ပြောတော့မှ လိုက်သွားပါတော့တယ်။ အန်ကယ်လ်တို့သွားပြီး နာရီဝက်လောက်အထိ ဘယ်ဧည့်သည်မှရောက်မလာသေးလို့ကင်းမ်တယောက် ဖုန်းတစ်လုံးနဲ့ အလုပ်ရှုပ်ပါတော့တယ်။ကင်းမ်ကို တခါမှ အဲဒီလို လှုပ်လှုပ်ရှားရှားနဲ့စိတ်ပူတာမျိုးတခါမှ မတွေ့ဘူးပါဘူး။အိမ်နီးနားကမိတ်ဆွေတွေကိုတော့ ကင်းမ်က အိမ်တံခါးတွေလိုက်ထုတော့တာပါပဲ။ ခန နေတော့ဧည့်သည်တွေတဖွဲဖွဲ ရောက်လာပါတော့တယ်။ အန်ကယ်လ်ရောက်လာတော့ အားလုံးက ဟက်ပီဘတ်ဒေးဆိုပြီးသံပြိုင်အော်လိုက်ပါတယ်။ အန်ကယ်လ်လဲဝမ်းသာသွားပါတယ် ။ကျွန်မတို့က ရှန်ပိန်နှစ်ပုလင်းဝယ်ထားပါတယ် ။ အန်ကယ်လ်က ကျွန်မတို့နှစ်ယောက်ကို ခွက်တွေကိုင်ခိုင်းပြီး ဓါတ်ပုံရိုက်ပါတော့တယ်။ ဆရာတော်နဲ့တိုင်ပြောမလို့ ဆိုပြီး စပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပါပဲ အလက်ဇန္ဒားကလဲဖုန်းဆက်လာပါတယ်။ ကျွန်မတို့တွေပျော်ခဲ့ကြပါတယ်။ အဲဒီအချိန်မှာပဲ အန်ကယ်လ်က (( ကျွန်တော်ပျော်ပါတယ် ဒါပေမဲ့ ကျွန်တော့ နှလုံးသားနဲ့အနီးဆုံးလူတစ်ယောက်ကတော့ အဝေးကြီးမှာ)) လို့မျက်ရည်ဝဲပြီးပြောလိုက်တဲ့စကားတခွန်းက ဆူညံနေတဲ့ပါတီပွဲကို အချိန်တော်တော်ကြာတိတ်ဆိတ်သွားပါတယ်။
၁၉၉၉မတ်လ(၂ရ) က အန်ကယ်လ်ကွယ်လွန်တယ်လို့ နယ်မှာတာဝန်ကျနေတုန်းသိလိုက်ရတာပါပဲ ။ ဒီနေ့အထိ အန်ကယ်လ်ဆုံးသွားတယ်ဆိုတာကို ကျွန်မလက်မခံနိုင်အောင်ပါပဲ။ နှစ်တိုင်းအဲဒီ၇က်ရောက်ရင် ကျွန်မ တခုခု အမြဲလုပ်ပေးပါတယ်။ အခုတော့ ကိုယ်တိုင်လဲနေမကောင်းတော့ ဘုရားကျောင်းမှာပဲ အန်ကယ်လ်အတွက်ဆုတောင်းပေးနိုင်တော့မယ်။
(( ကျွန်တော့နှလုံးသားနဲ့ အနီးဆုံးသူတစ်ယောက်က အဝေးဆုံးမှာ )) သိပ်မှန်တာပေါ့အန်ကယ်လ်ရယ်။


Esther Ohm Mar

Credit : Esther Ohn Mar


လေးစားလျက်


Like · ·

Tuesday, 25 March 2014

ပါဝါ -၅၄ အမှတ်တရ (၇)

                                                 ပါဝါ -၅၄ အမှတ်တရ (၇)

၁၉၉၆ April လကုန်ပြီး ရက်မကြာခင်မှာပဲ ကျနော် အန်တီခြံထဲမှာ ၂၄ နာရီ နေဖို့ ရာ
အကြောင်းပေါ်လာပါတော့တယ် …။ နအဖ စစ်အစိုးရ က အန်တီခြံ အနောက်ဖက် မှာ
စည်းရိုးသဖွယ်ခတ်ထားတဲ့ သံဆူးကြိုးတွေကို ဖြုတ်သိမ်း လိုက်တာက စပြီး မနက်လာ
ညနေပြန် တဲ့ ကျနော်တို့ လူငယ် တချိုကို အန်တီခြံ လုံခြုံရေးအတွက် အင်အားဖြည့်
တင်းရတော့တာပေါ့ …။ သူတို့ အတွက် ခြံစည်းရိုး သံဆူးကြိုးတွေ ပာာ ဘာမှပြန်ပြီး
အသုံးဝင်တောတာ မပာုတ်ပေမဲ့ အန်တီ နဲ့ တကွ ကျနော် တို့ အတွက် စိတ်အနှောက်
ယှက်ပေးတဲ့ လုပ်ရပ်တခု ပေါ့ ။ ကျနော် အပါအ၀င် လူငယ် ၁၅ ယောက်လောက် က
အန်တီခြံ လုံခြုံရေးအတွက် နေ ဖက်တင်မက ညဖက်ပါ တာဝန်ယူရပါတော့တယ် ။
ကျနော် မှတ်မိသလောက် ပြန်ရေတွက် ရရင် ..ကိုခင်ကျော် ၊ ကိုမှိုင်း ၊ ကိုချစ်လွင် ၊
ကိုစိုးနိုင် ၊ ကိုသိန်းထိုက်အောင် ၊ ကိုအေးလွင် ၊ ကိုလှမျိုးသွင် (အာရာဖတ်) ၊ ကိုလှခင် (ထောင်ထဲတွင် ကိုယ်ကိုကိုယ် ဆွဲကြိုးချ ပြီး သေဆုံး)၊ ကိုခင်မောင်ထွန်း ၊ ကိုပန်းရည် ၊
ကိုခင်မောင်ဝင်း ၊ ကိုရွှေဂျိုး တို့ ပါပဲ….ဦးစီးဦးဆောင်သူက ကိုမော်ကြီး ပေါ့ ..။ ဖိုးလေး
မြင့်စိုး (သမီးအောင်ဆန်းနှင့်ခြံထဲမှ မှတ်စာများ ရေးသူ )ကတော့ အန်တီနဲ့ ကျနော် တို့ 
ရဲ့ မရှိမဖြစ် စာဖိုမှူးကြီးပေါ့ …။ ဒီလိုနဲ့  ကျနော်တို့ တတွေ ၃ယောက် တဖွဲ့ နဲ့  ၃ နာရီ
စီ ညကင်းစောင့် ကြ ရပါတယ် ။ အဲသည်မှာ မှ သိလိုက်ရတာက အန်တီ ပာာ မိုးရွာ
ရွာ နေပူပူ သူအန်တီ နေတဲ့ နောက်အိမ် ကို ည နေတိုင်းသွားပြီး စကားစမည် ပြော
တတ်တာပါပဲ ။ ညနေတိုင်း အနည်းဆုံး နာရီဝက်လောက်တော့ အိုမင်းမစွမ်းတော့တဲ့
သူမ အန်တီကို အဖော်ပြု ပြီး စကားစမည် ပြော လေ့ ရှိပါတယ် ။ အဲသည်မှာ ရီ (ရယ်)
စရာလေး တခု ဖြတ်ပြောပါဦးမယ် ။ အဲဒါက ကိုဖိုးတိုး အကြောင်းပါ …။ သူက ကျနော် တို့ အထဲမှာ အသက်အကြီးဆုံးပါ ..၊ အန်တီနဲ့ ကွာလှ မှ လေးငါးနှစ် လောက်ပါပဲ ။ သူ
ကအန်တီကို အတော်လေး အစွန်းရောက် ပြီးချစ်ခင်လေးစားသူပါ ။ လူတယောက်ရဲ့ 
ပုံမှန်စိတ်မျိုး မပာုတ်ပေမဲ့ အန်တီနဲ့ ပါတ်သက်လာရင် တော့ ဘာလုပ်ရလုပ်ရ ဆိုသူထဲ
မှာ ပါသူ ပေါ့ …။ ညနေတိုင်း သူပြန်ကာနီးတိုင်း အန်တီကို လက်အုပ်ချီ ရှိခိုးကန်တော့
ပြီးမှ ပြန်လေ့ ရှိသလို အန်တီဆီကနေ ကားခ လဖက်ရည်ဖိုး တောင်းတတ်သူ ပာာ သူ
တယောက်ပဲ ရှိပါတယ် ။ နောက် အန်တီ အနောက်အိမ် သွားရင် မိုးရွာ ရင် ထီးမိုး မိုး
မရွာရင် ဘေး ကနေ သူပြောချင်ရာတွေ ပြောပြီး လိုက်ပိုတတ် ပြီး အန်တီ မပြန်မချင်း
အဲသည် အနောက်အိမ် အနီးဝန်ကျင်မှာ ယောင်လည်လည်နဲ့  ကင်းစောင့်နေတတ်သူ
ပါ ။ အန်တီပြန်ထွက် လာရင် အိမ်ဝထိ လိုက်ပြန်ပို့  ၊ပေါ်တီကို အောက်ရောက်ရင်
အန်တီကို ကန်တော့ ပြီးမှ ပြန်လေ့ရှိပါတယ် ။ တခါတရံ ဒါမှမပာုတ် ကိုဖိုးတိုး ပိုက်ဆံ
မတောင်းတာ ကြာရင် အန်တီက သတိတရနဲ့  လမ်းစာရိတ်ရော ရှိရဲ့ လား …ပိုက်ဆံ
ရော ရှိရဲ့ လား သားဖိုးတိုးလေး ဆိုပြီး မေးလေ့ ရှိပါတယ် ။ အန်တီကို အရမ်းချစ်တဲ့
အကြောင်းအရာ ထဲမှာ ဒီတခုလဲ ပါပါတယ် ။ ဘယ်သူကိုဖြစ်ဖြစ် (့ လူငယ်
တွေ တနည်းပြောရရင် အသက် ၂၀ မကျော်သေးတဲ့ ကျနော်တို့ တတွေ ကို)
သားခိုင်ကိုလေး….သားဖိုးတိုးလေး ….သားဖိုးခွားလေး စသည်ဖြင့်ခေါ်လေ့ ရှိတာပါပဲ။
ကိုဖိုးတိုး ကတော့ ၄၀ ကျော် ချာတိတ်လေးပေါ့ ။ ကျနော် တို့ မှာ ကိုဖိုးတိုးနဲ့ ပါတ်သက်
ပြီး စိတ်ညစ်ရတာလေးတခုက ဘာပဲဖြစ်ဖြစ် ကိုဖိုးတိုး က အန်တီကို တိုင်တတ်တဲ့ အ
ကျင့်ကြောင့်ပါ ပဲ ။ အန်တီကို အနောက်အိမ် အပို့ အကြို လုပ်ရင်း ဘာတွေ မပာုတ်တာ
တိုင်းဦးမလဲ ဆိုတာကို အမြဲ သတိထားနေရပါတယ် ။ အန်တီက ကိုဖိုးတိုးအကြောင်းသိ
သူမို့ ခွင်လွှတ် နားလည်တတ်ပေမဲ့ ကျနော် တို့ ကကျတော့ ကိုခေါင်းဆောင်ကို အသေး
အဖွဲ လေးတွေက စပြီး စိတ်အနှောက်အယှက် မဖြစ်စေချင်လို့ ပါ ။ သူကတော့ စိတ်မူ
မှန်သူမပာုတ်လေတော့ ဘယ်သူတွေက ဘယ်လို …စတဲ့ အသေးအဖွဲ ကအစ အန်တီ
ကိုတိုင်တတ်သူပါ ။ တခါတလေ ကျပြန်တော့ ကျနော်တို့ လူငယ်တွေထက် သူက အ
သုံးဝင်တတ်ပါတယ် ။ မှတ်မှတ်ရရ ဗပာန်းက ငါးထပ်ကြီး ကျောင်းမှာ ထင်ပါတယ် ။
ကထိန်လား ၀ါဆို လားတော့ မမှတ်မိတော့ပါဘူး ။ အလှူ ပွဲမှာ ထောက်လှမ်းရေးက
ရောယောင်ပြီး ဓါတ်ပုံ ၀င်ရိုက်တော့ ကိုဖိုးတိုးရယ် ချက်ချင်းပြေးပြီး အဲသည်ထောက်
လှမ်းရေးကိုမောင်းထုတ် တော့တာပါပဲ ။ ထောက်လှမ်းရေး ကလဲ သူအခြေအနေကို
သိနေလေတော့ ဘာမှပြန်မပြောနိုင်ပဲ ဘုန်းကြီးကျောင်းပေါ်ကနေ ဆင်းသွား ရရှာတယ်
။ အန်တီက စားနေသောက်နေ ခိုက် ဓါတ်ပုံရိုက်တာကို မကြိုက်ဖူးဆိုတာကို သူသိနေ
တာကို ….။ ကိုဖိုးတိုး က အဲသည်လို အားကိုးရသူပါ …။
အန်တီ အိမ်မှာ ကျနော်တို့  တတွေ ညအိပ်ကင်းစောင့် ရတာ ၁၅ ရက် တလ လောက်
ကြာပါတယ် ၊ NLD ကဗိသုကာ ဦးကျော်မင်း နဲ့ အဖွဲ့  အနောက်ဖက်ခြံစည်းရိုးကာ လို
မပြီးမချင်းပေါ့ ။ ညဖက် အလှည်ကျ ကင်းစောင့် မနက် ကျတော့ ခြံထဲ ရှိတဲ့ အလုပ်တွေ
ကိုဝိုင်းကူကြရတယ် ။ မနက် ၉ နာရီလောက်ဆိုရင် ဖိုးလေးမြင်စိုး ရယ် ကျနော်ရယ် ကိုခင်မောင်ထွန်း က ဆန်နီပစ်ကပ် ဓ/ ၃၀၀၆ ကိုမောင်းပြီး လှည်တန်းဈေးကို
ဈေးဝယ်ထွက် ကြ ရပါတယ် ။ အန်တီ အတွက် ပန်ဖို့ ပန်းက အစ ခြံထဲနေသူတွေရဲ့ စား
သောက်ရေး အတွက်ပါ အ၀ယ်ထွက် ကြရတာပါ ။ ကိုလှခင် ကတော့ ဖိုးလေးမြင်စိုး ရဲ့ 
လက်ထောက်စားဖိုမှူးပေါ့ ။ကိုလှခင်က ရွှေပြည်သာ NLD ပါ ..။ သူက ဘုရားဆွမ်း
လောင်းအသင်းတွေမှာ အိုးကြီးနိုင်တဲ့ စာဖိုမှူး ဆိုတော့ ကျနော်တို့ ခြံထဲက လူ ၂၀ /၃၀
စာ ကို သူနိုင်နိုင်နင်းနင်း ချက်ပြုတ်ပေးနိုင်သူဆိုတော့ ကျနော် တို့ ရဲ့ မရှိမဖြစ်ထမင်းအိုး
ကြီးပေါ့..။ အင်မတန်ရိုးသာပြီး မပာုတ်မခံ စိတ်ရှိသူပါ ..တခါတလေ ခပ်ကြောင်ကြောင်
အတွေးအခေါ်လေး ရှိတာကလွဲလို့  အရမ်းချစ်စရာကောင်းသူပေါ့ ။ တခါ က သူကို ခြံအပြင် တဖက်လမ်းဆီက ထောက်လှမ်းရေး တွေက အန်တီဓါတ်ပုံပါတဲ့တီရှပ် ကို လမ်းထိပ် လဖက်ရည်ဆိုင် အထွက်မှာ ၀ိုင်းချုပ်ပြီး သူအင်္ကျီ ကို ဆွဲချွတ် တာ ခံရတော့
သူအရမ်းပေါက်ကွဲ ပြီး ဒေါသတွေထွက် လာလိုက်တာ မနည်း ပြောယူရတဲ့အထိပါပဲ..။
အခုခေတ်နဲ့ တော့ အရမ်းကို ကွာခြားနေပြီပေါ့ …။ ခုတော့ (Facebookပေါ်မှာမြင်တွေ နေရတာ ) ဘယ်နေရာ ကြည်ြ့ကည် အန်တီ ဓါတ်ပုံတွေ တီရှပ်တွေ NLD အလံတွေ ၊
ပင်နီတိုက်ပုံ ကချင်ပုဆိုး ယဉ်ဖုံးနဲ့ ချိတ်ထမိန်တွေ အျားကြီးတွေ နေရတာပါပဲ ..။ ကျနော်တို့ ၉၅ /၉၆ ကာလက အရမ်းတက်ကြွတဲ့ အဖွဲ့ ဝင်တွေ လူငယ် တွေပာာ ကိုယ်
အ၀တ်အစားကို ကိုယ် အိတ်ထဲထည့် ရုံးရောက်မှ အန်တီခြံထဲရောက်မှ ပင်နီတိုက်ပုံ ကချင်ပုဆိုး ယဉ်ဖုံးနဲ့ ချိတ်ထမိန်တွေ ကိုလဲလှယ် ၀တ်ကြရတာပါ ။ သွေးကြောင်ကြ
တာ မပာုတ်ပေမဲ့ လမ်းမှာ ကျရောက်လာနိုင်တဲ့ ပြသနာတွေ ကိုရှောင်းရှား ကြရတာပေါ့
အန်တီဓါတ်ပုံပါတဲ့ တီရှပ် အကြောင်းပြောရင်း သတိရမိတာတွေ ရှိပါသေးတယ် ။အန်တီ ဓါတ်ပုံပါတဲ့ တီရှပ်တွေကို အသည်းအသန်စုစောင်းတတ်သူက ဖိုးလေးမြင်စိုးပါ
သူဆီမှာ မရှိဘူးဆိုရင်တောင် အထည် ၃၀ လောက်ရှိမယ် ထင်ရဲ ၊ကျနော်တို့  အပြင်မှာ
မတွေဖူးတဲ့ ဒီဇိုင်းနဲ့  အန်တီပုံတီရှပ်တွေ လည်းသူဆီမှာ တွေရတတ်ပါတယ် ။ သူခရေဇီ
တခုလို ပြောရမလားပဲ..။ နောက်တခု က ကျနော် ရဲဘော်မ (ပိာု ၈၈ ကာလ အ.က.သ
ကျောင်းသားဘ၀ ကတည်းကရဲဘော်လို့ ပြောရင်ရတဲ့ ) သင်းသင်းအေး(ခ)မီးမီး ပါ …။
သူက ကျနော်တို့ ရဲ့ ရဲရဲတောက် ရဲမေ ပေါ့ ….။ တနေ့  လမ်းထိပ် လဖက်ရည်ဆိုင် ထိပ်
ကနေ ပြီး စစ်ထောက်လှမ်းရေးတွေပာာ တွေသမျှ သူတွေ အန်တီဓါတ်ပုံပါ တီရှပ် ၀တ်ထားသူတွေ အတော်များများ ကို အင်္ကျီတွေ ဆွဲချွတ် ၊ အန်တီဓါတ်ပုံကို ဆေးလိပ်
မီးနဲ့ ထိုးဖောက် ပြီးတော့ ညစ်ညမ်းစွာ ဆဲဆို ရန်လုပ်ကြပါတယ် ။ ဒါကို မြင်တွေရတဲ့
မီးမီး ကဒေါသ တကြီးနဲ့ ခြံထဲ ၀င်လာပြီး အန်တီပုံပါတဲ့တီရှပ်ကို ငှားဝတ်ပြီး လမ်းထိပ်
လဘက်ရည်ဆိုင်နဲ့ ခြံထဲကို ခေါက်တုန်ခေါက်ပြန် လမ်းလျှောက်ပါတော့တယ် ။ ကျနော်
တိုမှာ ကိုလှခင်ကို ချောရတာတမျိုး မီးမီးရဲ့  စစ်ထောက်လှမ်းရေးတွေကိုစိမ်ခေါ် မှု့ က
တမျိုးနဲ့  အတော် ရင်မောရတဲ့ နေပေါ့….။ ဒါပေမဲ့ စစ်ထောက်လှမ်းရေးတွေပာာ ကိုအာရာဖတ် ၊ ကိုလှခင် နဲ့  နောက် နှစ်ယောက် ကို လုပ်သလိုမျိုး မီးမီးအင်္ကျီ ကို
တော့ ဆွဲ မချွတ်ကြပါဘူး ….။ ပြသာနာက သေးသေးလေးမှမပာုတ်တာကို ……။
                                                                                ခိုင်ကိုဦး(ဆစ်ဒနီ)
                                                                               ၂၆ . ၃ . ၂၀၁၄


Like · ·

လွှတ်တော်နဲ့ ရဲတပ်ဖွဲ့တို့ရဲ့သြဇာကို ပြည်မြို့မှာ စမ်းသပ်

လွှတ်တော်နဲ့ ရဲတပ်ဖွဲ့တို့ရဲ့သြဇာကို ပြည်မြို့မှာ စမ်းသပ် March 25, 2014
*******************************************************
ဆန္ဒပြဖို့လျှောက်လွှာတင်လာရင် ခွင့်ပြုချက်ပေးဖို့ လွှတ်တော်က ဆုံးဖြတ်ထားပေမယ့် ပြည်မြို့ ရဲတပ်ဖွဲ့က အဲဒီဆုံးဖြတ်ချက်ကို လိုက်နာခြင်း မရှိ
ဆန္ဒပြဖို့လျှောက်လွှာတင်လာရင် ခွင့်ပြုချက်ပေးဖို့ လွှတ်တော်က ဆုံးဖြတ်ထားပေမယ့် ပြည်မြို့ ရဲတပ်ဖွဲ့က အဲဒီဆုံးဖြတ်ချက်ကို လိုက်နာခြင်း မရှိဘူးလို့ ဒီကနေ့ ခွင့်ပြုချက်မဲ့ဆန္ဒပြပြီး အဖမ်းခံလိုက်ရသူက ပြောလိုက်ပါတယ်။
ဆန္ဒပြသူက ပြည်မြို့က လှုပ်ရှားတက်ကြွသူတဦးဖြစ်တဲ့ ကိုဝင်းလှိုင် ဖြစ်ပါတယ်။
ပြည်မြို့ ယာဉ်ထိန်းရဲတွေကိုအရေးယူဖို့ ဆန္ဒပြခွင့် သူ တောင်းခဲ့တာပါ။
မော်တော်ဆိုင်ကယ် မောင်းနှင်သူများ စည်းကမ်းချိုးဖေါက်ရင် ဒဏ်ငွေ ကျပ် ၁,၅၀၀ ပေးဆောင်ဖို့ ဥပဒေက သတ်မှတ်ထားပေမယ့် ဘဏ်တခုမှာ ကျပ် ၅,၀၀၀ သီးခြားပေးဆောင်နေရတဲ့အတွက် ဦးဆောင်ပြီး ဒီကနေ့ အင်္ဂါနေ့မှာ မြို့တွင်းလှည့်လည် ဆန္ဒပြခဲ့ပါတယ်။
“ပြည်သူတွေ အသက်အန္တရာယ်ကင်းရှင်းရေးအတွက် လုပ်တယ်လို့မမြင်ဘူး။ ငါးထောင်(၅၀၀၀ ကျပ်) ရလို့လုပ်နေတယ်လို့ပဲမြင်တယ်။ ဒါတွေဟာ ဥပဒေမဲ့တောင်းနေတာလို့ ယူဆမိတယ်။
လူတယောက်က ပြစ်မှုကျူးလွန်ရင် တရားရုံးက ယာဉ်စည်းကမ်းဥပဒေအရ ဒဏ်ငွေ ၁,၅၀၀ ရိုက်တယ်။ အဲဒါကို ကျနော်တို့လက်ခံတယ်။ စီမံခန့်ခွဲရေးအရ ကျပ် ငါးထောင် CB ဘဏ်ကို သွင်းခိုင်းတာ ဒါဟာ ဥပဒေမဲ့ဖြစ်နေတယ်။
ရဲချုပ်ကိုလည်းတိုင်စာပို့တယ် ရဲချုပ်ကလည်း အရေးယူမပေးဘူးဗျ။ ဆန္ဒထုတ်ဖေါ်ရမှာ ပြည်သူတာဝန်ဗျ”
ပြီးခဲ့တဲ့ ကြာသပတေးနေ့က ဆန္ဒပြခွင့်တောင်းတယ်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက ငြင်းပယ်သည့်အမိန့် ဆိုပြီး စာပြန်လာပါတယ် တဲ့။
“လွှတ်တော်မှာ ပြဌာန်းလိုက်ပြီဗျာ။ ဆန္ဒပြမယ့်လူတွေက စာတင်ဖို့ပဲလိုတယ်။ စာ မတင်ရင် ပုဒ်မ (၁၈) နဲ့ အရေးယူမယ်။ စာတင်တဲ့လူကို ခွင့်ပြုရမယ်လို့ လွှတ်တော်က တညီတညွတ်တည်း ဆုံးဖြတ်ထားတယ်။
လွှတ်တော်က ဥပဒေကပဲ အတည်ဖြစ်မလား ရဲတွေရဲ့ ငြင်းပယ်စာကပဲ အတည်ဖြစ်မလား ဆိုတာ ပြည်သူတွေက လုပ်ကြည့်မှ သိမှာလေ။ အဲဒါကြောင့် လုပ်ဖြစ်တာလည်း ပါတယ်။
လွှတ်တော်က စာတင်ရမယ်၊ စာမတင်ရင် (၁၈)။ အခု စာတင်တယ် ခွင့်မပြုဘူး။ ၁၈ နဲ့စွဲလည်း ကျနော်တို့က ရင်ဆိုင်ဖို့ အဆင်သင့်ပဲဗျ။”
ဌာနဆိုင်ရာတွေက နှုတ်ထွက်အမိန့်တွေဟာ တရားဥပဒေဖြစ်နေကြောင်းကိုလည်း သူကဆက်ပြောပါတယ်။
“လူတယောက်ကိုပဲဖြစ်ဖြစ် ယာဉ်တစီးကိုပဲဖြစ်ဖြစ် ပြစ်ဒဏ်ပေးမယ်ဆိုရင် တရားရုံးကပဲ ပေးပိုင်ခွင့်ရှိတယ်ဗျ။
မထသဆိုရင်ဗျာ ယာဉ်စည်းကမ်းချိုးဖေါက်မှုကြောင့် ငါးထောင်၊ တသောင်း၊ တသောင်းခွဲ အဲဒီလို ဘောင်ချာလေးတွေနဲ့လိုက်ဖြတ်ခိုင်းတာ ကျနော်တို့ပြည်မြို့မှာ ရှိတယ်။
သူတို့ကိုမေးတော့ ပဲခူးတိုင်းအစိုးရက လုပ်ပိုင်ခွင့်ပေးထားလို့ လုပ်တယ်လို့ပြောတယ်။ လုပ်ပိုင်ခွင့်ဥပဒေအရတဲ့ အဲဒါ တရားဥပဒေအပြင်ဘက် ရောက်နေတယ်။”
မနက် ၉ နာရီ မြို့တွင်းလှည့်လည်ပြီး တကိုယ်တော်ဆန္ဒပြခဲ့တဲ့ သူ့ကို အရပ်သားတချို့ပါဝင်လာခဲ့ပါတယ်။ သူတို့ရဲ့ ဆန္ဒဖော်ထုတ်မှု ၁၁ နာရီခန့်မှာ အဆုံးသတ်ပါတယ်။
ခွင့်ပြုချက်မဲ့ ဆန္ဒပြတဲ့ သူ့ကို ဒီကနေ့ နေ့ခင်းပိုင်းမှာပဲ ပုဒ်မ (၁၈) နဲ့ အရေးယူလိုက်တယ်လို့ သိရပါတယ်။
ပုဒ်မ (၁၈) ဆိုတာ ကိုဝင်းလှိုင်အတွက် အစိမ်းသက်သက် မဟုတ်ပါဘူး။
ယခင်ကလည်း လျှပ်စစ်မီးရရှိရေးဆန္ဒပြရာမှာ ပုဒ်မ (၁၈) နဲ့ ၄ ကြိမ် အရေးယူခံရဖူးပါတယ်။
ပထမ ၃ ကြိမ်မှာ ဒဏ်ငွေ ကျပ်တသောင်း ပေးဆောင်ပြီး ပြန်လွှတ်လာတယ်၊ လေးကြိမ်မြောက်မှာတော့ ဒဏ်ငွေမဆောင်ဘဲ အလုပ်နဲ့ထောင် သုံးလ စီရင်ချက်ကို ရင်ဆိုင်ခဲ့သူပါ။
ငါးကြိမ်မြောက် အရေးယူတဲ့ ဒီကနေ့ ဖြစ်ရပ်က ဘယ်လို အဆုံးသတ်မယ် ဆိုတာကိုတော့ မကြာခင် သိကြရမှာဖြစ်ပါတယ်။
ကောင်းမြတ်မင်း
Credit : ဧရာဝတီ
ပြန်လည်မျှဝေပေးပါတယ်
လေးစားလျက်
Martin Swe
25-03-2014

Monday, 24 March 2014

အမေ့ကို ဝိုင်းရံချင်လို့ ဆိုတဲ့ ထွန်းအိန္ဒြာဗို



"ဒီနှစ်သင်္ကြန် မန္တလေး Alpine မဏ္ဍပ်မှာ သီချင်းဆိုရင်း ဖြတ်သန်းမယ့် ထွန်းအိန္ဒြာဗို"
လင်းလင်း၊ ချစ်သုဝေတို့နဲ့အတူ သြစတြေးလျနိုင်ငံ ဆစ်ဒနီ၊ မဲလ်ဘုန်း၊ ဘစ်စဘိန်းနဲ့ ပက်(ခ်)မြို့ ၄ မြို့မှာ အောင်မြင်စွာ ဖျော်ဖြေခဲ့ပြီး မတ်လ ၁ဝရက်နေ့က ပြန် လည် ရောက်ရှိလာတဲ့ ထွန်းအိန္ဒြာဗိုက သြစတြေးလျဖျော်ဖြေရေးနဲ့ ပတ်သက်ပြီး
” သြစတြေးလျဖျော်ဖြေရေး ခရီးစဉ်က အရင်တစ်ခါပွဲလုပ်တုန်းက ခင်နေတဲ့ အစ် မ တွေ နဲ့ စကားပြော ဖြစ်တယ်။ NLD အတွက် ရန်ပုံငွေပွဲတွေ လုပ်ချင်တယ်တဲ့။ အနုပညာကြေးဘယ်လိုယူလဲ လို့မေးတယ်။ NLD အတွက် ရန်ပုံငွေပွဲဆို ရင် အနုပညာကြေး မယူဘူးဆိုပြီးတော့ ကျွန်မကစီစဉ်လိုက်တာပါ။ Main Sponsor က ဆစ်ဒနီက ဒေါက်တာမြင့်ထွန်းနဲ့ မမီးမီး။ နောက်ထပ်လည်း အမေ့ကို ဝိုင်းရံမယ့်သူ၊ စိတ်လည်း ရှိမယ့် သူ၊ ကျွန်မလည်း အဖော်ရအောင် လင်းလင်း တို့နှစ်ယောက်ကို recomာend လုပ်ပြီး ခေါ်သွားတာ။ သူတို့ကိုလဲ ပြောထားတယ်။ ပိုက်ဆံတော့ တစ်ပြားမှ မရဘူး။ ဒါပေမဲ့ အလွန် မင်္ဂလာရှိတဲ့ ဟန်နီးမွန်း အလှူမင်္ဂလာ လုပ်ခွင့်ရမယ်ဆိုတော့ သူတို့လည်း ချက်ချင်းပဲ ခေါင်းညိတ်တယ်။ အလုပ်တွေ လည်း ရွှေ့ပေးပြီး လိုက်ပေးကြတယ်။ ပရိ သတ်တွေက တအား အားပေးကြတယ်။ တအားကြိုက်ကြတယ်။ မြို့၎မြို့မှာ ဝင်ကြေးရော ဆုကြေးငွေရော စုစုပေါင်း မြန်မာငွေနဲ့ဆို သိန်း ၅၈ဝ ဝန်းကျင်လောက် ရခဲ့ တယ်။ အဲဒါ အားလုံးကို အမေစုရဲ့ ကွန်ရက် ၂ခု နဲ့ အမေ့ရဲ့ကော့မှူးမြို့နယ်က ဘုန်းကြီးကျောင်းတွေ ကိုလှူမှာပါ။ အခုလို လှူဒါန်းဖို့ ငွေကြေးတွေ အများ ကြီးရ ခဲ့တော့သွားရတဲ့ ရည်ရွယ်ချက်ပြည့်စုံသလို ခံစားရပါတယ်။ အစကတည်း ကလည်း အမေ့ကို ဝိုင်းရံချင်လို့ လုပ်တဲ့ကိစ္စပဲ။ result လည်း ကောင်းလာတယ် ဆိုေ တာ့ ကျေနပ်ပါတယ်” လို့ ပြောပါတယ်။
စနေ၊ တနင်္ဂနွေရက်တွေမှာသာ ပွဲ လုပ်ခွင့်ရတဲ့အတွက် ကျန်တဲ့ ရက်တွေကိုတော့ လျှောက်လည်ဖြစ်ခဲ့ပြီး ပျော် စရာကောင်းတဲ့ ခရီးစဉ်တစ်ခု ဖြစ်ခဲ့ကြောင်း ထွန်းအိန္ဒြာဗို က ပြော ပါတယ်။
ထွန်းအိန္ဒြာဗိုက သြစတြေးလျကို တတိယ အကြိမ်မြောက် ဖျော်ဖြေရေး ခရီး သွားခဲ့တာဖြစ်ပြီး ဘစ်စဘိန်း မြို့မှာတော့ ပထမဦးဆုံး အကြိမ်ဖျော်ဖြေခြင်းဖြစ်ကြောင်း သိ ရပါတယ်။
အလှူငွေများအားလုံးကို မတ်လကုန်ရင် ရန်ကုန်ကို ခဏပြန်ရောက် မယ့် ဒေါ်အောင်ဆန်းစုကြည် လက်ထဲကို ပေးအပ်မှာဖြစ်ပြီး၊ လှူဒါန်းလိုက်တဲ့ မြို့တွေ အလိုက်ရတဲ့ ငွေကြေး အားလုံးကို ခွဲခြားပြီး စာရင်းဇယားနဲ့ ပေးအပ်လိုက်မှာဖြစ်ကြောင်း ထွန်းအိန္ဒြာဗို က ပြောပါတယ်။
သြ စတြေးလျက ပြန်လာပြီးတဲ့နောက်မှာ တော့ ထွန်းအိန္ဒြာဗိုက ဇာတ်လမ်းတွဲ ရိုက်ကူးဖို့ ရှိပြီး ရိုက်ကူးရက် ၄၅ ရက်လောက် ပေးထားကြောင်း သိရပါတယ်။
သင်္ကြန်ကို မန္တလေး Alpine မှာ ဖြတ်သန်းမှာဖြစ်ပြီး မေလ ကုန်မှာတော့ ဂျေမောင်မောင်၊ ဖြူဖြူကျော်သိန်း၊ Plus Three တေးဂီတအဖွဲ့ နဲ့အတူ အမေရိကကို ဖျော်ဖြေရေး ၂ လကြာ သွားရောက်ဖို့ ရှိကာ မြို့ ၉ မြို့မှာ သွားရောက်ဖျော် ဖြေ မှာဖြစ်ကြောင်း သိရပါတယ်။
ခိုင်ဝေလွင်

Thursday, 20 March 2014

ဝေဖန်တာဆိုတော့လည်း

ဝေဖန်တာဆိုတော့လည်း 



မြန်မာလူမျိုးတွေ စေတနာကောင်းတယ်..ဒါပေမယ့် ဘာလို့ အများစုဆင်းရဲနေကြလဲ..
ကောင်းလိုက်တဲ့ မေးခွန်း..ဒါကို လူတစ်ယောက်က ဒီလိုဖြေသွားပါတယ်..
"အစိုးရကို အပြစ်မပုံချဘဲ လူတွေရဲ့ စိတ်ဓာတ်ကိုပဲ ဝေဖန်ရမယ်ဆိုရင်ပေါ့....
မြန်မာအများစုက TEAM WORK အားနည်းတယ်..
မညီညွတ်ဘူး..ဘေးကနေ သွေးခွဲရလွယ်တယ်..
မနာလိုစိတ်များတယ်.. အချင်းချင်းထဲ ကိုယ့်ကိုသာသွားမှာ မလိုလားဘူး..
မုဒိတာ မပွားနိုင်ဘူး..
ကြိုးစားရမယ့်နေရာ အချောင်ခိုချင်တယ်..
ပိုက်ဆံရရင် အဖြုန်းများတယ်..
စီးပွားရေးလုပ်ရမှာ ကြောက်တယ်..သေချာပုံမှန်ရတဲ့ ငွေကို ပိုမက်တယ်..ဝန်ထမ်းပိုလုပ်ချင်တယ်..
အတွေးအခေါ်ပိုင်းမှာ တီထွင်ကြံဆမှုနည်းတယ်..
မိရိုးဖလာအတွေးအခေါ်ကို မပယ်နိုင်ဘူး..
ပြောင်းလဲနေတဲ့ ခေတ်ကို လိုက်နိုင်ဖို့ လိုအပ်တဲ့ ပညာရေးအားနည်းတယ်..
ဝေဖန်တာကောင်းပြီး ဆောင်ရွက်မှုအားနည်းတယ်..
အကြုံပြုတာကောင်းပြီး စီမံမှုညံ့တယ်..
ပုတ်ခတ်တာကို မတရားကြိုက်တယ်..
ကိုယ်ကျရှုံးတိုင်း သူများလည်းကျရှုံးမယ်ဆိုတဲ့ အမြင်ရှိတယ်..ရှုံးပြီး ပြန်ထဖို့ ပျင်းတယ်..မအောင်မြင်ရင် ကံကို ပုံချတယ်..
ကိုယ့်ကြုံဖူးတဲ့ အတွေ့အကြုံတစ်ခုထဲနဲ့ အရာတော်တော်များကို တစ်ဖက်သတ်သုံးသပ်တယ်..
ကိုယ်နဲ့ အမြင်မတူရင် အားမပေးဘဲ မတရားရှုံ့ချတယ်..
ဘုရားရှိခိုးတိုင်း ချမ်းသာရပါလို၏ ဆုတောင်းပြီး အခွင့်အလမ်းလာရင် အခွင့်အလမ်းမှန်းသိအောင် မလေ့လာဘဲ ကျော်သွားတယ်..
ပြီးတော့ ပုံမှန်ဘဝထဲမှာ ခပ်ပျော်ပျော်နေတယ်..ကိုယ့်အကြောင်းထက် သူများအကြောင်းကို ပိုစိတ်ဝင်စားတယ်..လေကန်ပြီး
အချိန်ဖြုန်းတာများတယ်..
ပိုဆိုးတာက ပိုက်ဆံတော့ရှိပါရဲ့ တိုးပွားအောင်လုပ်ဖို့ စိတ်ကူးနည်းတယ်..
ပိုက်ဆံကို ကျစ်ကျစ်ပါအောင် ဆုပ်ထားတယ်..အကျိုးရှိအောင် မရင်းနှီးတတ်ဘူး.
ဘဝမှာ ပိုက်ဆံတစ်ခုပဲရှိအောင်လုပ်တယ်...ကိုယ်သိတာကို သိသလို အသုံးမချတတ်ဘူး....ဒါတွေက ဆင်းရဲစေတာပါပဲ..."

ကဲ....မှန်နေသလားလို

ဥပဒေ ဆိုတာကတော့ အားလုံးတန်းတူ ပါပဲ.....။

ဥပဒေ ဆိုတာကတော့ အားလုံးတန်းတူ ပါပဲ.....။

ကျနော် Facebook သူငယ်ချင်းမ တဦး ရဲ့  မနေက ပြသနာ လေးပါ ....မြန်မာပြည်မှာ
လူကြီးသားသမီးတွေ ....(သို့  )မယဉ်ကျေးသူတွေ ရဲ့ လုပ်ရပ်လေး တခုကြောင့် သူကား ကိုပြန်မောင်းထွက်ဖို့ အရေး (၁)နာရီကျော် နေပူထဲမှာ ရပ်စောင့်ခဲ့ရပါတယ်တဲ့
ကားပိုင်ရှင်ချာတိတ်က ၂၀ ကျော် အသက်လောက်သာရှိသေးပြီး မခေမငံ ပြန်ပြောပြီး
ရန်တွေ့ သွားပါသတဲ့ ....။
လွန်ခဲ့တဲ့ (၂)နှစ်လောက် ကကျနော် တို မိသားစု ဖြစ်ခဲ့တာလေးတခုကိုပြန်တွေးမိပါ
တယ် ။ တရေက် ကျနော်မိတ်ဆွေ အိမ်တအိမ်ကို ကျနော်တို မိသားစု သွားလည်ပါ
တယ် ၊ မိသာစုဆိုပေမဲ့ လူစုံတက်စုံတော့မပာုတ်ပါဘူး ။ သားကြီး က ကျောင်းတက်နေ
တာမို့  သမီး နဲ့ သားငယ် ပဲ ကာပေါ်ပါလာ တာပါ ။ နေလည် ၂း၃၀ ခွဲတော့ မိတ်ဆွေ
လင်မယားကိုနှတ်ဆက်ပြီး ကျောင်းကြိုအမှီ ပြန်ဖို့  ထွက်လာခဲ့ ကြပါတယ် ။
အဲသည်မှာ ပြသနာက စတာပါပဲ.....။ ကျနော်တို့ ကားထွက်မဲ့ လမ်းမှာ ကားတစီပာာ
ပိတ်လို့ ရပ်ထားပါတယ် ..အခု ကျနော်Facebook သူငယ်ချင်းမ ကြုံ သလိုပါပဲ ထွက်
စရာ လမ်းက ဒီ တလမ်းပဲရှီ တာကြောင့် အတော် အကျပ်ရိုက်သွားပါတယ် ။ ကျောင်း
ကလည်း ၃း၀၀ နာရီ ဆိုလွှတ်ပြီ ပိတ်ရပ်ထားတဲ့ ကားဒရိုင်ဘာ ကလည်း ဘယ်ဆီ
ရောက်နေတယ်မသိ ...ကားပွာန်းကို သုံးလေးကြိမ်တီး ကြည်တာလဲဘာမှမထူးခြား
ပြီးတော့ ကျနော်တို့ နိုင်ငံမှာ ကာပွာန်းတီးတယ် ဆိုတာက တော်တော်မယဉ်ကျေးတဲ့
အလုပ် မိုတော်ရုံတန်ရုံဆို ပွာန်းမတီးကြပါဘူး။ နောက်ဆုံးဖြတ်သွားဖြတ်လာအမျိုး
သမီးကြီး တဦးက ရဲ သာဖုန်းဆက်ခေါ် လိုက်ပါဆိုပြီး အကြံပေးတာကြောင့် ကျနော်
တို (၀၀၀)ကိုနှိပ် ရဲ ကိုခေါ်တော့ ရဲ စခန်း အော်ပရေတာက ဘာဖြစ်သလဲ ရဲလား မီးသတ်လား အရေးပေါ်လူနာတင်ယာဉ် လား ဆိုပြီးစမေးပါတယ် ။ ကျနော်တိုက ရဲ
ပါဆိုတော့ ဘာဖြစ်သလဲ တဲ့...၊ဒါနဲ့  အဖြစ်အပျက်ကို ပြောပြပြီး ငါတို့  အရေးပေါ်လို
အပ်နေတာပါ ငါတို ကလေးက ကျောင်းတက်နေပါတယ် အခု ကျောင်းလွှတ် ဖို့ အချိန်နီးနေပါပြီ ကလေးကျောင်းကြိုဖို့  အခက်တွေနေပါတယ် ဆိုတော့ ရဲစခန်က
အခုဖြစ်နေတဲ့နေရာပြောပါ ဆိုတာနဲ့  လိပ်စာ ပေးလိုက်တော့ ၃ မိနစ်အတွင်း ရဲကား
တစီးချက်ချင်းရောက်လာပါတယ် ရဲ တပ်ကြပ်တဦးနဲ့ ရဲသားတဦး ဆင်းလာပြီး တယောက်က လမ်းပိတ်ရပ်ထားတဲ့ကားကို ရှေနောက် ဘေးဝဲယာ ကိုဓါတ်ပုံ ရိုက် ယူပါတယ် ။ တယောက်က ရပ်စောင်နေတာ အချိန် ဘယ် လောက်ရှိသွားပြီလဲ လို့ မေးပါတယ် ကျနော်တို့ က ၁၅ မိနစ် လောက်ရှိပြီ ....လို့ ပြောချိန်မှာ ကျန်ရဲ တယောက်က RTA (မော်တော်ယာဉ်မှတ်ပုံတင်ရုံး)ကို ဖုန်းဆက်နေသံကြားရပါတယ် ။ သည်မှာက ကားနံပါတ်ပြား ကို ကွန်ပျူတာထဲ ရိုက်ထဲလိုက်တာနဲ့ အဲသည်ကားနဲ့ ပါတ်
သက်တဲ့ အချက်အလက်ကို RTA က ချက်ချင်း ရနိုင်တဲ့ စနစ် ရှိပါတယ် ။ ဒီတော့ ကား
ပိုင်ရှင်ရဲ့ နေရပ် လိပ်စာ ဖုန်းနံပါတ် အီးမေးက အစပေါ့ ...။ RTA ကမှတဆင့် ကားပိုင်ရှင်ကို ဖုန်းဆက်ခေါ် ကားကို လာရွှေ့ ခိုင်တာ ဆိုတော့ ကားပိုင်ရှင်ကို အချိန်အကြာကြီး ရပ်စောင့်နေစရာ မလိုသလို ရန်ဖြစ်စရာလဲ မလိုအပ်ပါဘူး ။ ဒါပေမဲ့
ကားပိုင်ရှင် ကတော့ ဒဏ်ငွေ စာရွက်လေးတစောင်တော့ရတာပေါ့ ...အခန်မသင်ရင်
ပွိုင်လို ခေါ်တဲ့ သတ်မှတ်ချက်လေးတောင်ပြုတ်နိုင်ပါသေးတယ် (ကားစမောင်သူက
P အနီ ၄ ပွိုင့်..၊အနီ ၂နှစ် ကိုင်ပြီးစာမေးပွဲ ဖြေပြီးမှ P အစိမ်း ရပါတယ် သူက ၈ ပွိုင့်
သူကို ၂နှစ်ကိုင်ပြီး စာမေးပွဲ ဖြေပြီးမှ FULL လိုင်စင်ရပါတယ် သူကတော့ ၁၂ ပွိုင်ပါ ။
)ပွိုင်ကုန်သွားရင် ကားမောင်းခွင့် ၆ လ ၁ နှစ် ၃နှစ် တချိုဆို လိုင်စင် လုံးဝ အသိမ်းခံရပြီး လိုင်စင်ပြန်ရဖို့ အစ ကနေ ပြန်စ ရပါတယ် ၊ရာသက်ပန် ယာဉ်မောင်း
လိုင်စင်သိမ်းခံ ရတာမျိုးလဲ ရှိပါတယ် ။ပြစ်မှု့ အကြီးအသေးပေါ်မူတည်ပြီးတော့ပေါ့....။
ကျနော်တို့ ထွက်မဲ့လမ်းကို ပိတ်ရပ် ထားတဲ့ (ကျနော် အထင် )ကိုရီးယားလူမျိုးထင်ပါ
တယ် ။ သူက ရဲ ကိုလိုက်တောင်းပန်ပေ မဲ့ ရဲ ကလက်မခံတောပဲ ဒဏ်ငွေ ချလန်စာ
ရွက် သာ ထိုးပေးပါတယ် ၃၈၅ ဒေါ်လာတဲ့ ....လေ။ ကျနော်လည်းကျောင်းကြိုချိန် အရမ်းနီလာပြီမို့ ကားကို ဂရုတစိုက် မောင်းရင်း ပြန်လာခဲ့တယ် ။
ဒီမိုကရေစီ စနစ် ဆိုတာ ဒါပါပဲ.....။ အဲသည်လူပာာ ငွေကြေးချမ်းသာသူဖြစ်ချင်ဖြစ်မယ် ....။ ရာထူးအရှိန်အ၀ါ ကြီးသူဖြစ်ချင်ဖြစ်မယ် ဥပဒေ ဆိုတာကတော့ အားလုံးတန်းတူ ပါပဲ.....။
ကျနော်ချစ်တဲ့ ကျနော်မြန်မာ နိုင်ငံကိုလည်း ဒီနိုင်ငံကလို လုံခြုံစိတ်ချ ရတဲ့ ဥပဒေနဲ့ 
လွတ်လပ်မှု့ တွေ ကို ရစေချင်တာက အမှန်ပါပဲ.....။

ခိုင်ကိုဦး (ဆစ်ဒနီ)
၁၈ . ၃ . ၂၀၁၄

Monday, 17 March 2014

ဒီမိုကရေစီယဉ်ကျေးမှု (သို့မဟုတ်) ဆန္ဒထုတ်ဖော်ခြင်း (ဆောင်းပါးရှင် - မောင်တင်ဦး (မြောင်းမြ))

ဒီမိုကရေစီယဉ်ကျေးမှု (သို့မဟုတ်) ဆန္ဒထုတ်ဖော်ခြင်း
(ဆောင်းပါးရှင် - မောင်တင်ဦး (မြောင်းမြ))
ဒီမိုကရေစီ
ဒီမိုကရေစီဆိုတဲ့ ဝေါဟာရရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေ အမျိုးမျိုး သတ်မှတ်ကြပေမယ့် တူတာတစ်ခုကတော့ အများ (Majority) ကို ဦးစားပေးပြီး အနည်း (Minority) ကို လေးစားခြင်းဆိုတဲ့ ကျင့်စဉ်ကို လိုက်နာကျင့်သုံးစေတာ ဖြစ်ပါတယ်။
ဘာကြောင့် အများကို ဦးစားပေးရသလဲ။
ကမ္ဘာပေါ်မှာ လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာက လူဦးရေဟာ အနည်းအကျဉ်းမျှသာ ရှိခဲ့ပါတယ်။ ထိုအနည်းအကျဉ်းသော လူများဟာ အတွေ့အကြုံ နည်းပါးခြင်း၊ အသိအမြင် နည်းပါးခြင်း၊ လူမှုလောကဟာ မကျယ်ဝန်းခြင်းတို့ကြောင့် လူအချင်းချင်း ကွဲပြားတာတွေ သိပ်မရှိသေးပါဘူး။
ဒါပေမဲ့ မျက်မှောက်ခေတ်ကာလမှာ လူဦးရေဟာ သန်းပေါင်းထောင်ကျော်လာပါပြီ။ လူဦးရေ များလာတာနဲ့အမျှ အတွေးအခေါ်၊ အယူအဆ၊ ယုံကြည်မှု၊ ဘာသာကိုးကွယ်မှု၊ လူမျိုးအမျိုးမျိုး ဖြစ်တည်လာမှုတွေကြောင့် မတူကွဲပြားခြားနားမှုတွေက အကြီးအကျယ် ကျယ်ပြောများပြားလာပါတယ်။
လူမျိုးကြီးက လူမျိုးအနည်းစုကို အနိုင်ကျင့်မှု၊ အသားအရောင်ကို အကြောင်းပြုပြီး ခွဲခြားဆက်ဆံမှု၊ အာဏာရှိသူက အာဏာမဲ့သူကို နိုင်ထက်စီးနင်းလုပ်မှု၊ ဥစ္စာရှိသူက ဥစ္စာမရှိသူကို နှိမ့်ချဆက်ဆံမှု စတဲ့ပဋိပက္ခတွေက နေရာအနှံ့ နိစ္စဓူဝ ဖြစ်ပေါ်နေပါတယ်။ ဒါကို ခေတ်ဟောင်းမယဉ်ကျေးမီ ကာလကလို အာဏာနဲ့ ဖိနှိပ်အုပ်ချုပ်တာကို အသိတရားမြင့်မားလာတဲ့ လူတွေက မျက်စိမှိတ် လက်မခံတော့ပါဘူး။ ကိုယ်စီကိုယ်စီရဲ့ အသိ၊ ဆန္ဒကို အသိအမှတ်ပြုခံလိုစိတ်၊ သူတစ်ပါးကို ဝေမျှလိုစိတ်၊ အများနည်းတူ မိမိတတ်နိုင်သရွေ့ ပါဝင်လိုစိတ်၊ ဒီစိတ်တွေဟာ သက်ဦးဆံပိုင် မြေရှင်ပဒေသရာဇ်ကို လက်မခံနိုင်တော့ပါဘူး။ မိမိဆန္ဒသဘောထား မပါဘဲ ကျိုးကြောင်းဆီလျော်မှု မရှိတဲ့ အမိန့်တွေ၊ အာဏာတွေကို တုံ့ပြန်တွန်းလှန် လာကြပါတယ်။ ထို့အတူ တစ်သွေးတစ်သံတစ်မိန့်ဆိုတာ အာဏာရှင်ဆန်ဆန် အုပ်ချုပ်တာကိုလည်း မလိုလားကြတော့ပါဘူး။ အထူးသဖြင့် မိမိဆန္ဒ ပျောက်ဆုံးနေတာ မိမိဆန္ဒကို လွတ်လပ်စွာ ထုတ်ဖော်ပြခွင့်မရတာဟာ ပြည်သူတွေစိတ်ကို အထိခိုက်ဆုံး ဖြစ်စေပါတယ်။ မိမိဖြစ်တည်မှု (Existence) ဆုံးရှုံးခြင်း၊ မိမိလွတ်လပ်မှု (Freedom) ဆုံးရှုံးခြင်း ဖြစ်ပါတယ်။
ဒါကြောင့် သက်ဦးဆံပိုင်ဘုရင်စနစ်၊ မြေရှင်ပဒေသရာဇ်စနစ်၊ ဖက်ဆစ်စနစ်၊ အာဏာရှင်စနစ်တို့ကို အသက်သွေးတွေ စတေးပြီး တော်လှန်ကာ အများဆန္ဒကို ဦးစားပေးတဲ့ ဒီမိုကရေစီစနစ်ကို ထူထောင်လာကြတာ ဖြစ်ပါတယ်။
ဥပဒေမှာ မိမိအတွက် ဘာပါသလဲ
ဒီမိုကရေစီစနစ်ကို ကျင့်သုံးပြီဆိုရင် ဒီမိုကရေစီ အနှစ်သာရရှိရှိ ကျင့်သုံးရပါမယ်။ ဒီမိုကရေစီရဲ့ အနှစ်သာရက အများဆန္ဒ အများသဘောထား ရယူပြီးမှ ပွင့်လင်းမြင်သာစွာ အုပ်ချုပ်ရပါတယ်။ မိမိတစ်ဦးချင်းဆီရဲ့ အခန်းကဏ္ဍ (Role) လက်သိပ်ထိုး တိုးတိုးတိတ်တိတ် တစ်စုတစ်ဖွဲ့တည်းက ကျိတ်အုပ်ချုပ်လို့ မရတော့ပါဘူး။ ဥပဒေတစ်ခုခု၊ အမိန့်တစ်ခုခု ထွက်ပေါ်လာပြီဆို လူတွေက ထိုဥပဒေ၊ အမိန့်ဟာ တရားသည်၊ မတရားသည်ကို သတိပြုမိ လာကြပါတယ်။ ပြည်သူ့အကျိုး၊ မိမိအကျိုး ဘယ်လောက်ပါတယ်။ ပြည်သူ့ဆန္ဒ ဘယ်လောက်ပါသလဲ။ အုပ်ချုပ်သူတို့အတွက် အကျိုးဘယ်လောက်ပြုတယ်ဆိုတာ သိနားလည်လာကြပါပြီ။
ဆိုလိုချင်တာက ဥပဒေတစ်ခုဟာ တရားလား၊ မျှတလား၊ မျှော့ကြိုးလို လိုသလို လုပ်လို့ရသလား၊ ဖိနှိပ်မှုလား၊ ထောင်ချောက်ဆင်တာလား စတာတွေကို ပြည်သူတွေက အတွေ့အကြုံမှရတဲ့ သင်ခန်းစာတွေကြောင့် ဆန်းစစ်တတ်၊ လေ့လာတတ်၊ သုံးသပ်တတ်နေပါပြီ။
ဒါကြောင့် အစိုးရက ဥပဒေတစ်ခုကို ထုတ်ချင်သလို ထုတ်လို့မရတော့ပါဘူး။ လက်ရှိအစိုးရ ကိုယ်တိုင်လည်း ဒီမိုကရေစီစနစ် ကူးပြောင်းတာကို လက်ခံလာပြီး ပြည်သူကို ဗဟိုပြုရမယ်ဆိုတာ နားလည်လာပါပြီ။
အစိုးရကိုယ်တိုင်က အုပ်ချုပ်ရေးလုပ်ငန်း ပြေပြစ်ချောမွေ့စေဖို့ လိုအပ်တဲ့ဥပဒေထုတ်ရတာ သဘာဝကျတဲ့ လုပ်ငန်းစဉ်တစ်ခုပါ။ အစိုးရထုတ်တဲ့ ဥပဒေတိုင်းဟာ မှန်ကန်တယ်။ တရားမျှတတယ်။ ပြည်သူကို အကျိုးပြုတယ်။ ဒါတွေက လက်တွေ့နယ်ပယ်မှာ လက်တွေ့ကျင့်သုံးကြည့်မှ သိလာရတဲ့ ကိစ္စပါ။ တစ်ခါတလေ ဥပဒေတစ်ခုကို အကြောင်းပြုပြီး အဖွဲ့အစည်း တစ်ခုခုက တလွဲအဓိပ္ပာယ်ကောက်တာ၊ ဒါမှမဟုတ် လူတွေ မသိနားမလည်မှုကို အခွင့်အရေးယူကာ အုပ်ချုပ်သူအချို့က လိုသလို အသုံးချတတ်ကြပါတယ်။ ဒါတွေကို တာဝန်ရှိသူတွေ၊ အလုပ်များနေလို့ အထက်လူကြီးတွေ သတိမပြုမိလိုက်ကြပါဘူး။ ဒီလိုနဲ့ လူတစ်စုရဲ့ အနိုင်ကျင့်မှုကို အသားလွတ်ကြီး ခံလိုက်ရပါတယ်။ ဒီလိုခံခဲ့ရတာလည်းနှစ် ၆၀ ကြာခဲ့ပါပြီ။ ဘယ်သူ့ကို တိုင်ရမှန်းမသိလို့ ငုံ့ခံ၊ ကြိတ်ခံခဲ့ရတာပါ။
ဒီမိုကရေစီခေတ် ရောက်ပြီ
တရုတ်ရုပ်ရှင်မှာ ပေါင်ချိန်ကို မတရားအပြုခံရသူက အချိန်မရွေး တိုင်ကြားနိုင်ဖို့ ရုံးရှေ့မှာ စည်ကြီးတစ်ခု ထားရှိပါတယ်။ မြန်မာဘုရင်များ လက်ထက်က ဟစ်တိုင်ဆိုတာ ရှိခဲ့ပါတယ်။ ခုတော့ ဒီမိုကရေစီခေတ်ကို ရောက်ပြီလို့ ဆိုနိုင်ပြီ ထင်ပါတယ်။ ဒီမိုကရေစီရဲ့ ယဉ်ကျေးမှုတစ်ရပ်က လွတ်လပ်စွာ ရေးသားခွင့်၊ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့် စတဲ့လွတ်လပ်မှုတွေကို ကျင့်သုံးခွင့်ရှိလာတဲ့ ယဉ်ကျေးမှုဖြစ်ပါတယ်။
ဆိုတော့ ဆန္ဒပြတာ၊ ဆန္ဒထုတ်ဖော်တာဟာ ဘယ်သူ့ကိုမှ တိုက်ခိုက်တာ ဆန့်ကျင်တာ မဟုတ်ပါဘူး။ မတရားခံရတာကို အများသိစေလိုလို့ ဖြစ်ပါတယ်။ တာဝန်ရှိသူတွေ သိစေဖို့ ဖြစ်ပါတယ်။ အထက်လူကြီးတွေ အသိအမှတ်ပြုခံရဖို့ ဖြစ်ပါတယ်။ မတရားခံရတာကို စုံစမ်းပေးစေချင်လို့ မျှတတဲ့ ဆုံးဖြတ်ချက်တစ်ခု ရရှိဖို့ ဆန္ဒပြတာပါ။
ရှစ်ဆယ့်ရှစ် အရေးတော်ပုံ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က “တိုင်းသူပြည်သားတွေဟာ အစိုးရအာဏာနဲ့ ငါတို့ကိုနှိမ်နင်းမယ်ဆိုတဲ့ အသိနဲ့ ဆန္ဒပြခြင်း မပြုလုပ်ဘဲ ငြိမ်ခံလိုက်ရင် အဲဒီအစိုးရ စီမံကိန်းရဲ့ ဘေးထွက်ဆိုးကျိုးတွေကို ဒေသခံပြည်သူတွေ နစ်နစ်နာနာ ခံစားရပါလိမ့်မယ်လို့ သတိပေး ပြောကြားလိုပါတယ်။ ဆန္ဒပြခြင်းဟာ အစိုးရရဲ့ စီမံကိန်းတွေကို ပြည်သူက ထိန်းကျောင်းတည့်မတ်ပေးတဲ့ သဘော။ တစ်နည်းပြောရရင် အစိုးရကို ဒီမိုကရေစီနည်းနဲ့ ပြုပြင်ပေးနေတာ ဖြစ်ပါတယ်” လို့ ဟောပြောပွဲတစ်ခုမှာ ထည့်သွင်းပြောကြား သွားပါတယ်။
ဒါကို အုပ်ချုပ်သူတို့ တလွဲအဓိပ္ပာယ်ကောက်ပြီး ဆန္ဒပြတာကို အကြမ်းဖက်နှိမ်နင်းတာဟာ ပြဿနာကို မှန်ကန်စွာဖြေရှင်းတဲ့နည်း မဟုတ်ပါဘူး။ ပြဿနာကို ပိုမိုကြီးထွားစေတာသာ ဖြစ်ပါတယ်။
ပြဿနာကို ငြိမ်းချမ်းစွာဖြေရှင်းချင်ရင် ဆန္ဒပြုလိုသူတို့ရဲ့ ဆန္ဒကို ထုတ်ဖော်ခွင့် ပြုရပါမယ်။ ဆန္ဒပြသူရဲ့ ဆန္ဒအမှန်ကို အုပ်ချုပ်သူများက သိရှိအောင် ဆွေးနွေးမေးမြန်းရပါမယ်။ မတရားခံရတာ ဟုတ်၊ မဟုတ် စိစစ်ရပါမယ်။ စုံစမ်းရပါမယ်။
မျှမျှတတပြောရရင် ဆန္ဒပြသူတိုင်းရဲ့ တောင်းဆိုချက်တိုင်း၊ ဆန္ဒတိုင်းဟာ တရားသဖြင့် ဖြစ်ချင်မှ ဖြစ်တတ်တာပါ။ မဖြစ်နိုင်တဲ့ တောင်းဆိုချက်၊ မတရားတဲ့တောင်းဆိုချက် ဖြစ်နေရင် ဆန္ဒပြသူတို့ရဲ့ဘက်က မှားယွင်းနေကြောင်း တာဝန်ရှိသူများ ကိုယ်တိုင်က ရှင်းလင်းဆွေးနွေးပြဖို့ လိုပါတယ်။ ဒီလိုလုပ်ဆောင်ချက်တွေဟာ ဒီမိုကရေစီ ယဉ်ကျေးမှုကို လက်တွေ့အသုံးပြုလိုက်တာ ဖြစ်ပါတယ်။
ထစ်ခနဲဆို ဆန္ဒပြသလား
လတ်တလော ဆန္ဒပြသူတွေ မြန်မာနိုင်ငံ နေရာအနှံ့အပြားမှာ ဖြစ်ပွားနေပါတယ်။ ဒါဟာ ထစ်ခနဲဆို ဆန္ဒပြကြသလားလို့ မေးခွန်းထုတ်သူတွေလည်း ရှိလာပါတယ်။ စင်စစ် တရားဥပဒေ စိုးမိုးမှုက အမှန်တကယ် ထွန်းကားမလာသေးသရွေ့ ထစ်ခနဲဆို ဆန္ဒပြနေရဦးမှာပါ။ တရားဥပဒေဟာ အထက်မှာသာ စာနဲ့ပေနဲ့ ရှိနေပေမယ့် ပြည်သူအများစုကို အကာအကွယ်ပေးနိုင်တဲ့ အဆင့်ထိ အောက်ခြေကို ရောက်မလာသေးပါဘူး။ တရားရုံးတွေဟာ လာဘ်ပေး၊ လာဘ်ယူမှု၊ အဂတိလိုက်စားမှုတွေနဲ့ ပြည့်နှက်နေလို့ မတရားမှုတွေက ထွန်းကားနေတာပါ။ ပြည်သူတွေကို အကာအကွယ် မပေးနိုင်သေးပါဘူး။
ထို့အတူ မြေယာများကို မတရားသိမ်းဆည်းမှုကိုလည်း တရားဥပဒေနဲ့ ထိထိရောက်ရောက် မကာကွယ်နိုင်သေးပါဘူး။ စည်ပင်သာယာပိုင်မြေ၊ တပ်ပိုင်မြေ၊ စီမံကိန်းမြေဆိုတာ လက်ရှိနေထိုင်သူတွေကို အမိန့်အမျိုးမျိုး ထုတ်ဆင့်ကာ ဒါမှမဟုတ် အင်အားသုံးကာ ဖယ်ရှားနေတာ နေ့စဉ်ကြားနေရပါတယ်။ ဒီ့အတွက် အကျိုးဆက်က ဆန္ဒပြမှုတွေ ဆက်တိုက်ပေါ်ပေါက်လာနေတာ ဖြစ်ပါတယ်။ မိကျောင်းကန် သပိတ်စခန်း၊ ပုသိမ်ချောင်းသာ၊ ငွေဆောင်၊ ကန်ကြီးဒေါင့်၊ ငပုတော စတဲ့အနယ်နယ်အရပ်ရပ်မှ ဆန္ဒထုတ်ဖော်မှုများ တွေ့နေရပါတယ်။ ဆန္ဒပြမှုတွေ ပေါ်ပေါက်လာတာဟာ မတရားမှုကိုပြည်သူ၊ မီဒီယာတွေ အပါအ၀င် နိုင်ငံတော်သမ္မတအထိ သိရှိစေအောင်ပါ။
ဇန်န၀ါရီ ၂၇ ရက် နံနက် ၁၀ နာရီခန့်က တစ်ကိုယ်တော်ဆန္ဒပြမှု ဖြစ်ပွားပြန်ပါတယ်။ ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးမှာ ဖြစ်ပါတယ်။ တစ်ကိုယ်တော်ဆန္ဒပြသူ ကိုထင်ကျော်ကြောင့် တရားရေးမဏ္ဍိုင် ယိုင်နဲ့နေပုံကို ပြည်သူတွေ သတိပြုမိစေပါတယ်။ ဇန်န၀ါရီ ၂၈ ရက်နံနက် ၁၁ နာရီခန့်က သင်္ဃန်းကျွန်းဈေးမှ ဈေးသူ၊ ဈေးသားများနဲ့ ဦးစံဖေရပ်ကွက်မှ ရပ်ကွက်သူ၊ ရပ်ကွက်သားတွေ စုပေါင်းပြီး အနော်ရထာလမ်း ပြန်ပေးရေး၊ ခရိုင်စည်ပင် အဆောက်အအုံ ဖျက်သိမ်းပေးရေးတို့အတွက် ဆန္ဒထုတ်ဖော်ကြပါတယ်။ သန်လျင်နည်းပညာတက္ကသိုလ်၊ မှော်ဘီနည်းပညာတက္ကသိုလ် ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်များမှ ကျောင်းသားကျောင်းသူများက နည်းပညာတက္ကသိုလ်များတွင် BE ဘွဲ့ ထားရှိပေးရန် ဆန္ဒထုတ်ဖော် ခဲ့ကြပါတယ်။ ဒီလိုမျိုး ထစ်ခနဲရှိ ဆန္ဒပြတာဟာ ဘယ်သူ့ကိုမှ မထိခိုက် မနစ်နာစေပါဘူး။ ဆန္ဒပြသူတွေ ဘယ်လိုပြပြ မသိချင်ယောင်ဆောင် လုပ်ချင်တာကို မျက်နှာပြောင်တိုက် ဆက်လုပ်ပြတဲ့ ပုဂ္ဂိုလ်တွေ အဖွဲ့အစည်းတွေ အများကြီးပါ။ အထူးသဖြင့် အစိုးရ ကျောထောက်နောက်ခံပြုထားတဲ့ အဖွဲ့အစည်းများအပြင် တခြားကျောထောက်နောက်ခံပြုထားတဲ့ အဖွဲ့အစည်းများက ဆန္ဒပြတာကို နည်းနည်းလေးမှ အလေးအနက်ထားဟန် မရှိပါဘူး။ သူတို့လုပ်ချင်တာကို ဆက်လုပ်နေကြတာ လက်တွေ့နယ်ပယ်မှာ အများကြီးပါ။
အစိုးရကို ပြုပြင်ပေးပါ
ဆန္ဒပြခြင်းဟာ အစိုးရရဲ့ စီမံကိန်းတွေကို ပြည်သူက ထိန်းကျောင်းတည့်မတ်ပေးတဲ့ သဘောကို ဆိုလိုခြင်းဖြစ်ပါတယ်။ တစ်နည်းပြောရရင် အစိုးရကို ဒီမိုကရေစီ ယဉ်ကျေးမှုနဲ့ ပြုပြင်ပေးရုံသာမက ပြည်သူနဲ့အစိုးရ ပူးပေါင်းဆောင်ရွက်ခြင်း အပေါင်းလက္ခဏာဆောင်စေတဲ့ လုပ်ရပ်အဖြစ် မြင်ကြည့်စေလိုပါတယ်။
ရှိပါစေ။ လူဆိုတာ ရင်ဖွင့်ချလိုက်မှ ရင်ထဲပေါ့သွားတတ်တာပါ။ ပြောချင်တာလေး ပြောလိုက်ရမှ နေသာထိုင်သာ ရှိတာပါ။ ယခင်ခေတ်များကဆို လူအများရှေ့မှာ ဘာမှလွတ်လွတ်လပ်လပ် ပြောလို့ရခဲ့တာ မဟုတ်ပါဘူး။ စင်စစ်ဆန္ဒထုတ်ဖော်ခြင်းဟာ ဒီမိုကရေစီ ယဉ်ကျေးမှုတစ်ရပ် ဖြစ်တယ်ဆိုတာ အုပ်ချုပ်ရေးမှ တာဝန်ရှိသူများကိုယ်တိုင် ကောင်းစွာသဘောပေါက်သင့်ပါတယ်။
ဒီမိုကရေစီယဉ်ကျေးမှု ထွန်းကားစေရေးအတွက် အစိုးရရဲ့ ဆန္ဒကိုပဲ ဦးစားပေးမနေဘဲ ပြည်သူ့ဆန္ဒကိုလည်း ထည့်သွင်းစဉ်းစားပေးတဲ့ အနေနဲ့ အစိုးရကိုယ်တိုင်က ဆန္ဒပြမှုကို ကြည်ကြည်ဖြူဖြူ လက်ခံပေးရန် တိုက်တွန်းအပ်ပါသည်

အကယ်၍ (ကျနော်ရဲပေတံ)

အကယ်၍
မင်းအသိုင်းအ၀ိုင်းက တုန်လှုပ်ခြောက်ခြားပြီး
ဒါတွေဟာ မင်းကြောင့်လို့ ၀ိုင်းဝန်းအပြစ်တင်ကြတဲ့အခါ
မင်းဟာခေါင်းအေးအေးနဲ့ ရင်ဆိုင်နိုင်မယ်ဆိုရင်…….
အကယ်၍
အားလုံးက မင်းကို မယုံသင်္ကာဖြစ်လာတဲ့အခါ
သူတို့ကို နားလည်စွာ ခွင့်လွှတ်ရင်းနဲ့
မင်းကိုမင်း ယုံကြည်မှု အပြည့်ရှိမယ်ဆိုရင်………
အကယ်၍
စောင့်သင့်တဲ့ အချိန်ကိုစောင့်ပြီး
အဲဒီအတွက်လည်း မမောမပန်း နေနိုင်မယ်ဆိုရင်
ဒါမှမဟုတ်..
မင်းရဲ့အကြောင်း မဟုတ်တရား မုသားစကားကြားရတဲ့အခါ
မင်းကလည်း အလိမ်အညာတွေနဲ့ မတုန့်ပြန်ဘူး ဆိုရင်
ဒါမှမဟုတ်..
မင်းကို လူတကာက ၀ိုင်းဝန်းမုန်းတီးတဲ့အခါ
မင်းကလည်း အမုန်းတွေ ပြန်မပွားဘူးဆိုရင်………..
အကယ်၍
စိတ်ကူးယဉ် အိပ်မက်တွေဟာ မင်းအပေါ်မလွှမ်းမိုးစေပဲ
စိတ်ကူးနိုင်မယ်ဆိုရင်- ပြီးတော့ အတွေးအခေါ် စိတ်ကူးတွေဟာ
မျှော်မှန်းချက်သက်သက်သာ မဖြစ်စေပဲ တွေးခေါ်နိုင်မယ်ဆိုရင်……
အကယ်၍
အောင်မြင်မှုသုခနဲ့ ဆုံးရှုံးမှု ဒုက္ခတွေကို ကြုံတွေရတဲ့အခါ
တူညီသော လောကဓံ တရားတွေပါလားရယ်လို့
ခံယူထားနိုင်မယ်ဆိုရင်………
အကယ်၍
မင်းရဲ့ အမှန်စကားတွေကို
လူလိမ်လူညစ်တွေက လှဲ့စားပြောင်းလဲပြီး
မုသားအဖြစ် ထောင်ချောက်ဆင် ညစ်တဲ့အခါ
မင်းဟာ တည်ငြိမ်စွာနဲ့ နာကြားနိုင်မယ်ဆိုရင်…..
အကယ်၍
မင်းဘ၀တစ်ခုလုံးပေးပြီး အရိပ်တကြည့်ကြည့်နဲ့
ဖြည့်ဆည်းခဲ့ရတဲ့ အရာရာကို ဖျက်စီးခံလိုက်ရပြီးတဲ့ နောက်မှာ
အင်မတန်မှသေးငယ်တဲ့ တန်ဆာပလာ အရာရာနဲ့
ပြန်လည်တည်ဆောက်နိုင်မယ်ဆိုရင်……..
အကယ်၍
မင်းနိုင်ခဲ့သမျှတွေ အားလုံးဟာ
ကြွေတလှည့် ကြက်တခုန်ပမာ
တလှည့် တခါတည်းနဲ့ ဆုံးရှုံးသွားခဲ့ရင်
ပြီးတော့ အစကနေ ပြန်စနိုင်မယ်ဆိုရင်……
ပြီးတော့ တခါ ဆိုးလှတဲ့ ကံကြမ္မာရယ်လို့
ဘယ်သောအခါမှ ညည်းငြူ မနေဘူးဆိုရင်…….
အကယ်၍
သူများတကာတွေ လုပ်ပြီးသွားကြလို့
အချိန် အတော်ကြာမှ မင်းအလှည့် ရောက်လာတဲ့အခါ
မင်းတယောက်တည်းနဲ့ပဲ
အားနဲ့ မာန်နဲ့ ဇွဲသတ္တိရှိရှိ ဆက်ကြိုးစား နိုင်မယ်ဆိုရင်……
အဲဒီလိုပဲ
မင်းမှာ စိတ်အင်အားကလွဲလို့ ဘာဆိုဘာမှ မရှိတော့တဲ့အခါ
အဲဒီစိတ်အင်အားကို ခိုင်မာစွာနဲ့ပဲ
လက်ဆုပ်လက်ကိုင် ထားနိုင်မယ်ဆိုရင်……
အကယ်၍
လူတွေနဲ့ ထိတွေ့ ဆက်ဆံပြောဆိုတဲ့အခါ
ကိုကျင့်သိက္ခာကို စောင့်ထိန်းနိုင်မယ်ဆိုရင်…..
ဒါမှမဟုတ် မင်းကရာဇ်တွေနဲ့အတူ လမ်းလျှောက်နေရပေမဲ့
မာန်မာနသွေး မကြွဘူးဆိုရင်……….
အကယ်၍
ရန်သူကဖြစ်စေ မိတ်ဆွေကဖြစ်စေ
မင်းကိုသိပ်ပြီး နာကျည်းအောင် မလုပ်နိုင်စေရင်……
အကယ်၍
လူတိုင်းကို တန်ဘိုးထား လေးစားရပေမဲ့
စွဲလမ်းမှု သံယောဇဉ်တွေ ထားမနေဘူးဆိုရင်…….
အကယ်၍
တိုတောင်းလှတဲ့ မပစ်ပယ်နိုင်တဲ့ တမိနစ်အတွင်းမှာ
အဓိပ္ပာယ်ရှိလှတဲ့ စက္ကန့်ခြောက်ဆယ် အဖြစ် အသုံးချနိုင်မယ်ဆိုရင်……
ငါ့သားရေ
မင်းဟာအရာရာရှိတဲ့ အရာရာဖြစ်တဲ့ ကမ္ကာကြီးကို ဆုပ်ကိုင်လို့
အရာရာဘာမဆို မင်းစွမ်းနိုင်ပြီပေါ့
အဲဒီတော့ မင်းဟာလည်း ယောက်ျားကောင်းတယောက်ပဲပေါ့….။
(Rudyard Kipling ၏ IF ကဗျာကို ဒေါ်အောင်ဆန်းစုကြည်ဘာသာပြန်သည်)။

Sunday, 16 March 2014

အာရောဂျံ ပရမံလာဘံ.......တဲ့

အာရောဂျံ ပရမံလာဘံ.......တဲ့

အဲသည်နေ့  မတိုင်ခင်က သားသမီး ၃ယောက် ကို ရေချိုးခေါင်းလျှော် သန်ရှင်းရေး
လုပ်ပေးဖြစ်တယ် ။ ချစ်ဇနီးက ကိုယ်ဝန်အရင်အမာနဲ့ ဆိုတော့ အိမ်မှု့  ရေးရာ အလုပ်
တွေကို ၀ိုင်းဝန်းကူညီမှဖြစ်မယ်လေ....။ သြစီမှာ ဆွေမျိုးရင်းခြာ မရှိတဲ့ သူတိုင်းတွေကြုံ
ရတဲ့ပြသာနာပေါ့...။ပြီးတော့ အိမ်ထောင်တာဝန်ဆိုတာ လင်ရယ်မယားရယ် နှစ်
ယောက်စလုံးတက်ညီလက်ညီ ရှိပါမှ အိမ်ထောင်ရေးသာယာမယ် မပာုတ်လား.....။
သားသမီးသုံးယောက် ဆိုတော့ သုံးမျိုး ကွဲ တာပေါ့ ...တယောက်တမျိုး မရိုးစေရအောင်
အလုပ်ပေးကြတဲ့ ကလေးတွေ အပြစ် တော့ မပာုတ်ဖူးရယ် ။ ဒါကိုစိတ်မရှည်ပဲ ဆူပူ
ရိုက်နှက်နေရင်လည်း ကိုယ် ကလေးတွေ အသားနာတာပဲ အဖတ်တင်မယ် လေ...။
(တခါတရံ ဒေါသ အလျှောက်ရိုက်နှက် ဆုံးမမိပြီးရင်လည်း ကိုယ်ပဲ စိတ်မကောင်းဖြစ်ရ
ပြန်တယ် ၊ ရှိုက်ကြီးတငင် ငိုနေတဲ့ ကလေးတွေရဲ့ ငိုသံ ကြားရတာကိုက ရင်ထဲမှာ
ပူလောင်စေပြန်တယ် လေ....မိဘ တွေရဲ့ ခဲစားမှု့ တွေပါပဲလို့ တွေးမိရင်း အတတ်နိုင်ဆုံး မရီုက်မိအောင် ထိန်းရပြန်တယ် ) ။
တနလာင်္ ကနေ သောကြာ အထိ ကျောင်းဖွင်ရက်တွေမှာ ဆို ကျနော် တို့ လင်မယား မနက်စောစော ထ သူတို့ လေးတွေရဲ့  LUNCH BOX အတွက် ပြင်ဆင်ပေး .....သူတို နိုးလာရင် Breakfast စားဖို့  ပြင်ဆင် ....ကျောင်းအ၀တ်အစားတွေထုတ် နဲ့ ပေါ့ ...။
၈ နာရီထိုးပြီး ဆိုရင် ကျေးဇူးရှင်လေးတွေကို အိပ်ယာက ထဖို့ ဆော်သြော် .....ပြီးရင် မျက်နှာသစ် အ၀တ်အစားလဲ ကျောင်းသွားပေါ့....။ LUNCH BOX ဆိုတာက လည်း မနက်စာ ဆိုတာ တမျိုး ၊ နေလည်စား တမျိုး ၊ JUICE နဲ့ သစ်သီးတမျိုး ကပါသေး .....၊
လုပ်ရကိုင်ရလို စိတ်တိုလာရင် ပြောမိသေးတယ် ....(မင်းတိုကို မြန်မာပြည် ပြန်ပိုရရင်
သိပ်ကောင်းမှာ လို့ ....တိုငယ်ငယ် ကဆို အမေက ရော မုန်ဖိုး ၅ ကျပ် သွားတော့
ကျောင်းကို ဆိုပြီး ပိုလိုက်တာပဲ....။) သူတို့  LUNCH BOX ထဲမှာ မပြည်စုံရင် ကျောင်း
က မိဘ ခေါ်တွေတာ ခံရနိုင်တယ် ။
စနေတနင်္ဂနွေ ကျပြန်တော့ ပြင်ပ ဗပာုသုတ ရအောင် ပိာုပိာုဒီဒီ ပိုပေးရပြန်သေး တယ် ။
အင်္ဂါ ညနေ ကျောင်းကပြန်လာပြီး ကလေးတွေ ရော ကိုယ်ကိုတိုင်ပါ ရေချိုး ခေါင်း
လျှော်ပြီး ည ဖက် ပူအိုက်လွန်းတာနဲ ခေါင်းရင်းပြတင်းလေးဖွင့်  မှေး ကနဲ အိပ်ပျော်
မနက်နိုးတော့ ကိုယ်တွေပူ ခေါင်းတွေ ကိုက် လူက တုန်နေအောင်ချမ်းနေတယ် ....။
ကျနော်ျေားနေပြီ ဆိုတာ သိတဲ့ချစ်ဇနီးက တယောက်ထဲ ကလေးတွေ အတွက် လုပ်
စရာရှိတာတွေ ထလုပ် ....သမီးလေးက နိုးလာပြီး HAPPY BIRTHDAY ဖေဖေ ဆို
တော့ ကျေးဇူးပါ သမီးရယ် လိုတောင်မှ မပြောနိုင်လောက်အောင် အာခေါင်တွေ
ခြောက်ကပ် လို တပာင်းပာင်း ညည်းနေရတယ် ....။ မိသားစု ဆရာဝန် ရဲ့  အလုပ်ချိန်ကို သူဆေးခန်းလှမ်းမေး ကြည်တော့ ညနေ ၃ နာရီ ၉ နာရီ တဲ့ ...ဒီလိုနဲ့ 
အိမ်မှာ ရှိတဲ့ပါရာစီတမော လေးသောက် စောင် ခေါင်းမြှီးခြုံကွေးပေမဲ့ အဆင်မပြေပါ
ဘူး ....။ညနေ ကလေးတွေ ကျောင်းကြိုပြီးတော့ ဇနီးသည် ရွှေဗိုက်က အတင်းထခိုင်း
အ၀တ်စားလဲခိုင်းပြီး ဆရာဝန်ရှိရာ အရပ်ကို ထွက်ခဲံ့ ကြတယ် ...အိမ်ကနေ ၄၅ မီနစ်လောက် ဝေးတဲ့နေရာကို ရွှေဗိုက် ကားမောင်းတော့ ဖျားရင်းနာလျှက် ဘုရားတ
ပြီး ကာစီးရသေးတာပေါ့ဗျာ ....။ (မျက်မှန်အောက်က မျက်လုံးပြူးပြီး အချိုးမပြေတဲ့ ကားတွေကို ဆဲဆိုမြည်တွန်ရင်း ကားမောင်းလေ့ရှိတတ်တာမို့  သူမောင်းရင် ကျနော်
မှာ ကုသိုလ်တွေရပြီးရင်းရနေတတ်တော့တာ)။
ဆရာဝန်က သက်သက်သာသာပါပဲ AMOXYCILLIN နဲ့  CLAVULANIC ACID 875 mg .125 mg ကတနေ နှစ်လုံး PARACETAMOL 500 mg က တနေ ၂လုံး ၄ကြိမ် ဆိုတော့ ၈ လုံးသောက်ခိုင်းတယ် ....။
နဲနဲလေးပေါ့ဆ လိုက်တာနဲ့ နောက်ဆက်တွဲ ဆိုးကြိုးတွေက တသီတန်းကြီးပေါ့.....
အိမ်မှု အလုပ်တွေလစ်ပာင်း .....ရွှေဗိုက်ခမျာ ဗိုက်တကားကားနဲ့ သားသမီးတွေ အရေး
လူမမာအရေးတွေနဲ့  ပင်ပန်းတော့တာပါပဲ.....။ ဒါကြောင့် ရှေးလူကြီးတွေ ဆိုခဲ့တာ မပာုတ်လား.....ကျန်းမာခြင်းသည် လာဒ်တစ်ပါး ........တဲ့ ......။
၄၁ နှစ်ပြည်တဲ့ မွေးနေပာာ Happy Birthday မဖြစ်ခဲ့တာတော့ အသေအချာပါပဲ.....။

အသိ....သတိ နဲ့ ယှဉ်ပြီး ကျန်းမာအောင်နေထိုင်နိုင်ကြစေဖို့ ရည်ရွယ်ပြီး ရေးပါသည် ။

ခိုင်ကိုဦး (ဆစ်ဒနီ)
၁၆ . ၃ .၂၀၁၄ ။

Monday, 10 March 2014

သွန်းနေစိုး က ပြောနေပြီ လူဆိုတာ ကျေးဇူးမဆပ်နိုင်ရင်သာနေရမယ်။ကျေးဇူးတော့မကန်းရဘူး တဲ့

လူဆိုတာ ကျေးဇူးမဆပ်နိုင်ရင်သာနေရမယ်။ကျေးဇူးတော့မကန်းရဘူး။
••••••••••••••••••••••••••••••••••••••••
အခုဒေါ်စုကိုဆဲနေတဲ့သူတွေကိုပြောချင်တယ်။ခင်ဗျားတို့နည်းနည်းမှမတွေးတက်ဘူးလား?ခင်ဗျားတို့ နည်းနည်းမှမမြင်တော့ဘူးလား,?
သူနိုဗဲလ်ဆုရတာကြာလှပြီနော် ကမ္ဘာမှာ အမြင့်ဆုံးဆု။
ဒါကြီးရပြီး ဘယ်လောက်နှစ်ကြာအောင် သူဆက်ဒုက္ခခံနေသလဲ?
သူ့အတွက်ဂုဏ်ဆိုတာ ပြီးပြည့်စုံပြီလေ ဒီတိုင်းပြည်ကိုစေတနာထားလို့မဟုပ်ရင် ဘာကြောင့်သူဒုက္ခဆက်ခံနေမလဲ?
ပြီးတော့ဒီပဲယင်းမှာ တစ်ကယ် အသေသက်တာနော် ကားဆရာတော်လွန်းလို့ ကံကောင်းလွန်းလို့ သူမသေခဲ့တာ။ဒီအချိန်မှာ တော်ရုံသွေးကြောင်သူဆို လန့်ပြီးဒူးထောက်သွားပြီ။
ဒီလိုအသက်ဘေးကြုံတာ သူ့မှာခဏခဏ။
ခင်ဗျားတို့ပြောသလိုသူ့ကိုယ်ကျိုးဆိုရင် သေကောင်ပေါင်းလဲခဏခဏကြုံရင် ဘယ်သူဆက်နေဦးမလဲ?
အဘွားကြီးကဆုတွေမက်လို့ဆိုပြီးအရူးစကားပြောသေးတယ်။
လူသေရင်ဆုတံဆိပ်တွေဘာတန်ဖိုးရှိမလဲ။
ဒါဆိုတိုက်ပွဲတွေမှာရွတ်ရွတ်ချွံချွံတိုက်တဲ့ သူရဲကောင်းကြီးတွေကို မချီးကျူးကြနဲ့ ဆုမက်တဲ့သူကြီးပါကွာလို့ကဲ့ရဲ့ကြ ဟုပ်ပလား?
သူရင်ဆိုင်ရတဲ့အခက်အခဲကတစ်ကြိမ်နှစ်ကြိမ်မဟုပ်ဘူး ကာလတာရှည် မယိုင်မလဲနေနိုင်သူမို့ဖြတ်သန်းနိုင်တာ
သူ့နေရာက ခင်ဗျားစဉ်းစားကြည့်စမ်း ခင်ဗျားသူ့လိုနေနိုင်မလား?
စည်းစိမ်ကြောင့်လည်းမဟုပ် ဘယ်မလဲစည်းစိမ်ခံဖို့အရွယ်
သူ့သားအရင်းတွေတောင်ဘယ်မှာစည်းစိမ်ခံနိုင်သလဲ?
မိခင်တစ်ယောက်ဗျာ
သူ့ခင်ပွန်းသေသွားတဲ့အချိန်မှာ
အဝေးကြီးမှာ သားလူမမယ်လေးကိုခွဲနေဖို့ ဘယ်လောက်ခက်ခဲလိုက်မလဲ။
ဒါကိုသူအံကြိတ်ခံခဲ့တယ်။
ဘာမှမဆိုင်တဲ့သူ့ပုဂ္ဂိုလ်ရေးတွေကို အောက်တန်းကျကျ ပုတ်ခက်တာမျိုးကိုရော သူဘယ်လိုနှလုံးသားမျိုးနဲ့နေနိုင်သလဲ?
ထပ်ပြောပါဦးမယ်။
၈၈ အရေးတော်ပုံအရှိန်တက်ချိန်
ကျောင်းသားတွေကိုလမ်းပေါ်မှာ
သားကောင်တွေလိုသေနတ်နဲ့လိုက်ပြစ်ခံရချိန်မှာ
ခေါင်းဆောင်ပေးဖို့လူတစ်ယောက်အရမ်းကို လိုအပ်ခဲ့တယ်။
ဒေါ်ခင်ကြည်ဈာပနမှာ အောင်ဆန်းဦးကိုတင်တယ်
ကျနော်အဲ့ဒီတုန်းကအရေးခင်းကို ဝိုးတဝါးမှက်မိနေသေးတယ်။
စက်မှုတက္ကသိုလ်ကျောင်းသားကျနော့်ဦးငယ်က
ကျနော့်လက်တစ်ဘက်ကဆွဲ
တစ်ဘက်က အသံကုန် ကုန်းအော်နေတာ။
ဗိုလ်အောင်ဆန်း ရာဇဝင်တွေလဲရိုင်းခဲ့ရပြီအဖေရေ။
သူတို့ဦးတည်အော်တဲ့သူက အောင်းဆန်းဦးငကြောက်ကြီး။ကျောင်းသားတွေကိုလှည့်တောင်မကြည့်ဘူး အမြန်လစ်တာ။
ဒီအချိန်မှာ
ကျောင်းသားအုံကြွမှုခေါင်းဆောင်နေရာမှာ ဘယ်သူမှ နေမပေးရဲဘူး။
ဒါ ဓားခုက်တာလက်ဝင်လျှိုတာပဲလေ
တစ်စုံတစ်ယောက်ဟာ
ဒီအုံကြွမှုရဲ့ခေါင်းဆောင်နေရာနေပေးလိုက်တာနဲ့
အာဏာရှင်ရဲ့ဒေါသမြားဦးဟာ
သူ့ဆီတည့်တည့်လှည့်လာမှာလေ
ဒါကို ဒေါ်စုကနေပေးခဲ့တယ်။
မိန်းမသားတန်မဲ့ မိသားစုကိုစွန့်ပြီး ကျည်ဆံတွေကိုမျက်နှာချင်းဆိုင်ပြီးနေပေးခဲ့တာ။
ဒီတစ်ချက်တည်းနဲ့တင်
သူ့ကျေးဇူးကျနော်တို့အပေါ်မှာ သိပ်ကြီးသွားပြီ။
ခုထိရော သူ့ခမျာ ဘယ်မှာစည်းစိမ်ခံနိုင်သလဲ?
သူနဲ့သဘောမတူလို့ရတယ် သူ့ကိုမထောက်ခံနဲ့ဦးရသေးတယ်။
ဒါပေမဲ့
၁။ မြန်မာပြည်သူတွေကို တစ်ကယ်စေတနာရှိတယ်။
၂။ သူမှန်တယ်ထင်တဲ့လမ်းကို အနစ်နာခံပြီးလျှောက်လှမ်းတယ်။
ဆိုတာ မငြင်းနိုင်ဘူး။
အဲဒါကလည်း မြန်မာပြည်သူတွေအတွက်ဖြစ်တယ်။
ဒီတော့ ကျေးဇူးမဆပ်ရင်နေပါ။
ကျေးဇူးမကန်းပါနဲ့။
ခင်ဗျာတို့နဲ့အမြင်မတူရုံလေးနဲ့ မဆဲပါနဲ့။
မရိုင်းပြပါနဲ့။
လူဆိုရင် လူလိုသိတက်ဖို့လိုတယ်။
                                                                                                      သွန်းနေစိုး
  

Sunday, 9 March 2014

ရှေးလူကြီးတွေစကား အမှန် တရားသာ ဖြစ်တော့သည်....။

ရှေးလူကြီးတွေစကား အမှန် တရားသာ ဖြစ်တော့သည်....။
လွန်ခဲ့တဲ့ နှစ်ရက်လောက်က ကျနော်ကြုံ တွေတာလေး ကိုပြောချင်ပါတယ် ...။ ကျနော်တို့ ဆစ်ဒနီမှာ အခြေခံဥပဒေပြင်ဆင်ရေး လက်မှတ်ထိုး ကမ်ပိန်း တခုလုပ်နေတာကြာပါပြီ ...။ ကျနော်တို့ တတွေ အမှန်တကယ်ပဲ ကျနော်တို့ ချစ်တဲ့
အမိမြန်မာနိုင်ငံတော်ကြီးကို ပြုပြင်ပြောင်းလဲ စေချင်ကြတာပါ ...။ ဘာကြောင်ဆိုတော့
ကျနော် တို့  ဆစ်ဒနီမှာနေသူတွေ ပြည်ပ ရောက်နေသူတွေပာာ ဒီမိုကရေစီ ဆိုတဲ့စနစ်
ရဲ့ အရသာကို ကောင်းကောင်းကြီး သိရှိခံစားနေကြ ရသူတွေပါ ....။ ကျနော်တို့ ခံစား
စံစား နေရသလို့  ကျနော် တို့ နိုင်ငံ က ကျနော်တိုလူမျိုးတွေကိုလည်း ခံစားစံစားစေ
ချင်ကြတာ ကျနော်တို့ ရဲ့ အရင်းခံ စေတနာပါပဲ ။ ဒါကြောင့် မြန်မာ အရေးနဲ့ ပါတ်သက်
လာရင် ဆစ်ဒနီနေမြန်မာ တွေ (တနည်းပြည်ပရောက်မြန်မာတွေ )ပာာ လက်မရှောင်ပဲ တက်တက်ကြွကြွ ပါဝင်ကြတာ အားလုံးသိရှိပြီးသားပါ ....။
အခြေခံ ဥပဒေ ပြင်ဆင်ရေး ဆိုတာ လည်း မြန်မာနိုင်ငံတော်ကြီး ပြုပြင်ပြောင်းလဲရေး
အတွက် အထူးအရေးပါတာ လူတိုင်းသိကြပါတယ် ..။ ပြည်တွင်မှာ လည်း ပြင်ဆင်ရေး
အတွက် လှုတ်ရှားနေကြသလို ပြည်ပ ကလည်းတတ်နိုင်သမျှ ထောက်ခံ မှူ့ တောင်းဆို
မှု့ တွေ လုပ်နေကြတာ မပာုတ်ပါလား.....။
ကျနော်လည်း တထောင် တနေရာ ကနေ ကျနော် နိုင်တဲ့ဝန် ကူညီထမ်းပိုး ဖို အတွက်
အခြေခံဥပဒေပြင်ဆင်ရေး လက်မှတ်ထိုး ကမ်ပိန်း အတွက် စာရွက်တွေ ကော်ပီကူး
ကိုယ်နဲ့ နီးစပ်ရာ မိတ်ဆွေ တွေ ...၊ ရဲဘော်တွေ...၊ သူငယ်ချင်းတွေက အစ လက်မှတ် လိုက်ထိုးခိုင်းပါတယ် ....။
ဒါကြောင့် ကျနော် လက်မှတ်ထိုးခိုင်းသူတွေထဲမှာ နိုင်ငံရေး လုပ်ခဲသူတွေ ရှိသလို့  (အကြောင်းအမျိုးမျိုးကြောင့် သြစီ ရောက်လာတဲ့) နိုင်ငံရေးနဲ့ သိပ်မနီးစပ်သူတွေပါ ၀င်ပါတယ် ။ တော်တော် များများက တော့ အခြေခံဥပဒေပြင်ဆင်ရေး ဒေါ်အောင်ဆန်းစုကြည် သမတ ဖြစ်ရေးအတွက် လိုလို
လားလား ကို ပါဝင်ပြီးလက်မှတ်ရေးထိုးပေးကြပါတယ် ....။
အဲသည်မှာ မထင်မှတ်ထားတဲ့ အဖြစ်တခု ဖြစ်လာတာက နိုင်ငံရေးနဲ့ အလှမ်းဝေသလို
မြန်မာနိုင်ငံ ကို မကြာခဏ ဆိုသလို ပြန်နေသူ တွေ ကတောင် မှ စိုးရီမ် ကြောင်းကျမ
ရှိ လက်မှတ်တွေ ထိုးပေးကြပေမဲ့....( လူထူရင် ပောာင်ဖွာပောာင်ဖွာ နဲ ) နိုင်ငံရေးကို ဘယ်လို လုပ်ခဲ့တယ် ....တောထဲတုန်းက ဘယ်လို.. ပြီခဲ့တဲ့ နှစ် မြန်မာပြည်ပြန်စဉ်မှာ
အာဏာ ပိုင်တွေက လေယာဉ်ပေါ်ကမဆင်မှီကတဲက သူကိုဘယ်လိုတလေးတစား ဆက်ဆံခဲ့ တယ် ဆိုတာတွေ ....နယ်စပ်တုန်း ကျောင်းသားတွေနဲ့ အတူ ဘယ်တိုက်ပွဲ မှာ ဘယ်လို စတာတွေကို အမြဲလို ကျနော် ကြားသိနေရတော့ (ရိုးသားစွာဝန်ခံပါတယ် ) ကျနော်လည်း အထင်တကြီးနဲ့  ရှင်းပြပြောပြပြီး လက်မှတ် ထိုးခိုင်းပါမိပါတယ် ...။

                                                      သူက NO ပါတဲ့....
ကျနော် အံသြခြင်း များစွားနဲ့  ထိုးမပေးနိုင်လည်းရပါတယ်ဗျာ လို့ တခွန်သာ ပြန်ပြော
နိုင်ခဲ့ပါတယ် .....။
ကျနော် ဒီဖြစ်စဉ်အပေါ် သုံးသပ်ချက် ဝေဖန်ချက်တွေ မပြောချင်တော့ပါဘူး ။ တခုပဲ
ကျနော်အတွက် အသိ ရလိုက်တာက (ရှေလူကြီးတွေစကား) လူတိုင်းကို အထင်အမြင် နဲ့ ဆုံးဖြတ်လို့ မရဘူးလူအကြောင်းပေါင်းကြည့်မှသိတယ် ......ဆိုတာလေးပါပဲ.....။
                                                

                                                                                                       ခိုင်ကိုဦး (ဆစ်ဒနီ)
                                                                                                       ၁၀ . ၃ . ၂၀၁၄ ။

၂ဝ၁၅ဟာသွားရမယ့်ခရီးရှည်ကြီးရဲ့ အဆင့်တစ်ဆင့်သာဖြစ်တယ်လို့ဒေါ်စုပြော.


လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲဟာ မြန်မာပြည်ရင်ဆိုင်ရမယ့် ခရီးရှည်ကြီးအတွက် တက်လှမ်းရမယ့် အဆင့်တစ်ဆင့်ပဲဖြစ်တာကြောင့် မီဒီယာတွေဆီက ဒေါ်အောင်ဆန်းစုကြည် တစ်ခု တောင်းဆိုခဲ့ပါတယ်။ ဒီမိုကရေစီခေါင်းဆောင် မီဒီယာတွေကို ဘာတောင်းဆိုခဲ့လဲ။

လက်ရှိ သက်ရှိထင်ရှားရှိနေသူတွေ အတွက်တင်မဟုတ်ဘဲ လာမယ့် နောင်လာနောင်သား မျိုးဆက်သစ်တွေနေထိုင်မယ့် လူ့အဖွဲ့အစည်းတစ်ခု၊ တိုင်းပြည်တစ်ခုအတွက် ဂုဏ်ယူနိုင်တဲ့ ဒီမိုကရေစီယဉ်ကျေးမှုရဲ့ အခြေခံအုတ်မြစ်တွေကို ချပေးပါလို့ စုဖောင်ဒေးရှင်းဖွင့်ပွဲမှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

မီဒီယာလွတ်လပ်မှုအပေါ် စိန်ခေါ်မှုများဆိုတဲ့ ခေါင်းစဉ်နဲ့ ဆရာစံပလာဇာမှာ ပြုလုပ်တဲ့ East West Media Center ရဲ့ အကြိုဖွင့်ပွဲအခမ်းအနားမှာ ဒေါ်အောင်စုကြည်က မီဒီယာလွတ်လပ်မှုနဲ့အတူ တာဝန်ယူမှုက ဒွန်တွဲနေတာကြောင့် သတင်းမီဒီယာသမားတွေ ဘယ်လောက် တာဝန်ယူမှုယူမလဲဆိုတာ ပြင်ဆင်ထားလဲလို့ မေးခွန်းထုတ်ခဲ့ပါတယ်။

သတင်းမီဒီယာဟာ မှန်ကန်မှုရှိပြီး အများပြည်သူအတွက် အကျိုးရှိရမှာဖြစ်သလို အများလက် ခံနိုင်အောင်လည်း ရေးသားရမယ်လို့ ဆိုပါတယ်။ ပြည်သူ့ဆန္ဒကိုအခြေခံပြီး ဒီမိုကရေစီ ယဉ်ကျေးမှုကို ကျင့်သုံးတဲ့ မြန်မာနိုင်ငံသစ်ကို ကြိုးစားပြီး ထူထောင်နေတာဖြစ်တယ်။ ဒီ့အတွက် သတင်းအချက် အလက်က အရေးကြီးတယ်လို့ ဆိုပါတယ်။ ဘယ်သူဘယ်ဝါမှန်းမသိတဲ့ လုပ်ကြံရေးသားချက်တွေကို မတုံ့ပြန်ဘူးလို့ ဆိုပါတယ်။

စုဖောင်ဒေးရှင်းဟာ မြန်မာပြည်သူတွေအတွက် ပညာရေးနဲ့ ကျန်းမာရေးအတွက် ထူထောင်လိုက် တာဖြစ်ပြီး ဖောင်ဒေးရှင်းရဲ့ နာယကတွေအဖြစ် အမေရိကန်သမ္မတကတော်ဟောင်းတွေဖြစ်တဲ့ လော်ရာဘုရှ်နဲ့ ဟယ်လာရီ ကလင်တန်တို့က တာဝန်ယူထားပါတယ်။ Board of Director ကို အဖွဲ့ဝင် ၄ယောက်နဲ့ ဖွဲ့စည်းထားပြီး ရုပ်ရှင်မင်းသမီး မယ်ရှဲယိုးလည်း ပါဝင်ပါတယ်။

မြန်မာပြည်အောက်ခြေပြည်သူတွေ ကျန်းမာရေးပြုစုစောင့်ရှောက်မှုရဖို့နဲ့ ပညာရေးအတွက် အခုမှ စတင်ထူထောင်လိုက်တာဖြစ်ပြီး လတ်တလောမှာတော့ တကယ်လိုအပ်မယ့်နေရာတွေမှာ ထိထိရောက်ရောက်ဖြစ်ဖို့ လေ့လာနေတယ်လို့ စုဖောင်ဒေးရှင်းရဲ့ဥက္ကဌက ဆိုပါတယ်။
Kamayut Media
ပြန်လည်မျှဝေပေးပါတယ်.။

အဲဒါမှ ပွင့်လင်းမြင်သာတဲ့ အလှု

အဲဒါမှ ပွင့်လင်းမြင်သာတဲ့ အလှု စာရင်းဇယားနဲ့ အတိအကျ လုပ်သွာတဲ့အလှု ......ရတဲ့ငွေတွေ မြန်မာနိုင်ငံ အတွက်လှုလိုက်တယ်လို့ ပါစပ်ပြော နဲ့ ပြောတဲ့ အလှု မဟုတ်တာကြောင့်သာဓု အခါခါခေါ်မိပါတယ်
သြစတြေးလျ နိုင်ငံ မြို့ (၄) မြို့  သို့  အမေစု ၏ကျန်းမာရေး နှင့် ပညာရေး ကွန်ယက် ရံပုံငွေနှင့် ကော့မှူး မြို့  နယ်အတွင်း ဘုန်းကြီးကျောင်း စာသင်ဝိုင်း ရံပုံငွေ များအတွက် မေတ္တာဖြင့် လာရောက် သီဆို ဖျော်ဖြေ ပေးကြသော လင်းလင်း၊ ထွန်းအိန္ဒြာဗို၊ ချစ်သုဝေ တို့ မှ ရရှိသည့် ဆုကြေးငွေ နှင့် ရံပုံငွေ များအား ကြေငြာပေးမည် ဖြစ်ပါသည်
ဆစ်ဒနီ( Sydney ) --
ဝင်ကြေး ရရှိငွေ - A$ 13300
အနုပညာဆုကြေး- A$ 4270
US$ 400
မဲဘုန်း( Melbourne )--
ဝင်ကြေးရရှိငွေ - A$ 8180
အနုပညာဆုကြေး-A$ 3225
ဘရစ်ဘိန်း( Brisbane )--
ဝင်ကြေးရရှိငွေ- A$6000
အနုပညာဆုကြေး-A$4155
ပါ့တ်( Perth )--
ဝင်ကြေးရရှိငွေ-A$11950
အနုပညာဆုကြေး-A$7130
တို့ ဖြစ်ပါသည်၊ ထို့ ကြောင့်
ဝင်ကြေးငွေအားလုံးပေါင်း -(A$39430) နှင့်
အနုပညာဆုကြေးငွေအားလုံးပေါင်း-
(A$ 18780 နှင့် U$ 400 ) တို့ ဖြစ်ပါသည်။ မြန်မာငွေ နှင့် ခန့် မှန်း ပြောရလျှင် ဝင်ကြေးငွေ သိန်းပေါင်း (347)(သုံးရာလေးဆယ့်ခွန်နစ်သိန်း) ဝန်းကျင်နှင့် အနုပညာဆုကြေးငွေ သိန်းပေါင်း(168) (တစ်ရာ ခြောက်ဆယ့် ရှစ်သိန်း) ဝန်းကျင် ရရှိပါသည်။ ဝင်ကြေးငွေ သိန်းပေါင်း (347)(သုံးရာလေးဆယ့်ခွန်နစ်သိန်း) ဝန်းကျင် အား အမေဒေါ်အောင်ဆန်းစုကြည် ၏ ပညာရေးနှင့် ကျန်းမာရေး ကွန်ယက် သို့ ၎င်း အနုပညာဆုကြေးငွေ သိန်းပေါင်း (168) (တစ်ရာခြောက်ဆယ့်ရှစ်သိန်း) ဝန်းကျင်အား ကော့မှူးမြို့ နယ် အတွင်း မှ ဘုန်းကြီးကျောင်း စာသင်ဝိုင်း များသို့ ၎င်း လှူဒါန်းမည် ဖြစ်ပါသည်။ ခရီးစဉ်တစ်လျှောက် လုံးတွင် ဆစ်ဒနီ၊ဘရစ်ဘိန်း၊ပါ့တ် မြို့ များမှ ပွဲစီစဉ်သူများနှင့် လိုက်လံစောင့် ရှောက်ပေးသူ အားလုံးကို ကျေးဇူးတင်ပါသည်၊ မဲဘုန်းမြို့  မှာတော့ အားလုံးကို ကျေးဇူး တင်လို့ မရပါ၊ "ဒေါ်အောင်ဆန်းစုကြည် ပညာရေး ရံပုံငွေပွဲ" ဆိုသည့်ခေါင်းစဉ်အား ဖျာဝင်ခင်းသည့် လူအချို့ နှင့် အချိုရည် လောင်းမျက်နှာဖုံး လူသားများအား တွေ့ ခဲ့ရသော ကြောင့်ဖြစ်ပါသည်။ ထို့ ကြောင့် ပွဲစီစဉ်သူ လူအနည်းငယ်နှင့် မိသားစု လိုလိုက်လံ စောင့်ရှောက်ပေးသော လူအနည်းငယ်ကို သာကျေးဇူး တင်ပါသည်။
ဘာဘဲဖြစ်ဖြစ် ထင်မထာလောက် အောင်ရရှိသည့် သိန်း ရာချီ အလှူငွေများအတွက် လိုက်လံအားပေးသည့် ပရိတ်သတ် များနှင့် အလှူငွေများ ပေးကြသော ပရိတ်သတ် များအား လုံး ကျန်းမာ၊ ချမ်းသာ ကြပါစေ ခင်များ၊
အလှူငွေများနှင့် ပတ်သတ်၍ သော်၎င်း တစ်ခြားသော မရှင်းလင်း သည်များနှင့် ပတ်သတ်၍ သော် ၄င်း မည်သူမဆို ပွင့်လင်းစွာ ဆက်သွယ် မေးမြန်း နိုင်ပါသည် ။

Lynnlynn Artist

ပြန်လည်မျှဝေပေးပါတယ်.

Saturday, 8 March 2014

ရွှေပြည်တော် မျှော်တိုင်းမဝေးချင်ပါ

ရွှေပြည်တော် မျှော်တိုင်းမဝေးချင်ပါ

ဆောင်းပါး ကိုဖတ်ပြီး အကြံဥာဏ်ပေးပါ





ကြည့်စမ်း ကျမ ငယ်ငယ်တုန်းက သိထားတဲ့ အရာတွေ ခုထိ မှတ်မိနေတုန်းပဲ ။

အမှန်လား အမှားလား ကျမလည်း မသိတော့ဘူး။ ဘာကြောင့် မှတ်မိနေတာလဲလို့

သိချင်ကြမယ်ထင်တယ်။ ကျမငယ်ငယ် ခုနှစ် အတိအကျဆို၇င် ၁၉၈၈ ပေါ့။ လမ်းပေါ်မှာ

လူတွေများမှများပဲ။ သွားလိုက်ကြ လာလိုက်ကြ ပြေးလိုက်ကြ လွှားလိုက်ကျ နဲ့

မြင်ကွင်းထဲမှာ အရမ်းကို ရှုပ်ထွေးတဲ့ အရာတွေ ။ ဒါပေမယ့် အစုလိုက်

အစုလိုက် လက်ထဲမှာလည်း ဓာတ်ပုံတွေကိုင် ပြီး ပါးစပ်ကလည်း

မနားတမ်းအော်နေကြတာ။ ရှေ့က တစ်ယောက်က တိုင်ပေးရင်

နောက်လူတွေကလိုက်အော်ကြတယ်။ ကျမစိတ်ထဲ အချက်ကျကျ လှုပ်ရှားနေတဲ့

နာရီလက်တံတွေလိုပဲ။ စီစီရီရီနဲ့ အတန်းလိုက် လှည့်တဲ့ သူတွေကလည်း

တစ်ဖွဲ့နဲ့ တစ်ဖွဲ့ လမ်းထိပ်တွေမှာတောင် ဆုံနေကြသေးတယ်။ စီတန်း

လမ်းလျှောက်နေကြတဲ့ သူတွေကို လမ်းဘေးကနေ အအေးတိုက်တဲ့သူတွေ၊

မုန့်ကျွေးတဲ့ သူတွေ ၊ ရေတိုက်တဲ့ သူတွေနဲ့ လမ်းအပြည့် အပ်ကျစရာတောင်

မရှိဘူးလို့ ထင်တာပါပဲ။ ကျမ ကြည့်ကောင်းကောင်းနဲ့ ကြည့်နေတာပေါ့။ ဘာလို့

ဒီလိုတွေ သွားနေလာလှုပ်ရှားနေကြတာလဲဆိုတာ ကျမ မသိဘူး။ ကျမ ကလေးပီပီ

ပျော်နေတယ်လို့တော့ ထင်မိတယ်။ ဟုတ်တယ်။ ကျမ ပျော်နေခဲ့တာ။ ကျမရဲ့ လက်ကို

ကိုင်ထားတဲ့ အဖေ့ကို မနေနိုင်မထိုင်နိုင် မေးကြည့်လိုက်မိတယ်။

“အဖေ....အဲဒါဘာလုပ်နေကြတာလဲဟင်။ ပျော်စရာကောင်းတယ်နော်။ “ဆိုတော့ အဖေက

ကျမကို ကြည့်တယ်။ ကြောက်စိတ်ထက် ဘာပြန်ဖြေမလဲဆိုတာကို အာရုံစိုက်နေမိတာ။

“ဒီမြင်ကွင်း ကို တနေ့နေ့ကျရင် သမီးသဘောပေါက်လာလိမ့်မယ်။ ခုတော့ သမီးကို

ပြောလည်း နားလည်နိုင်အုန်းမယ် မထင်ဘူးတဲ့“

ကျမ သိချင်တဲ့ အဖြေကို ဘာလို့ အဖေမပြောတာလဲလို့တော့ ရှည်ရှည်ဝေးဝေး

မတွေးမိတော့ပါဘူး။ ဒီလိုနဲ့ပဲ နောက်တစ်နေ့ ကို ရောက်ခဲ့တယ်ပေါ့။ ကျမ

အိပ်နေရင်း ဆူဆူညံညံ အသံတွေကြားလို့ ကြည့်လိုက်တော့ အဖေ၊ ဦးလေးတွေနဲ့

ကျန်တဲ့ လူတွေ အလုပ်တွေရှုပ်နေကြတယ်လေ။ ဘာတွေဖြစ်နေကြတာလဲ ။ လူတွေကလည်း

အများကြီး ဆိုတော့ သိချင်လာတယ်။ ဒီတစ်ခါ အဖေ့ကို မေးရင် ဖြေမှာ မဟုတ်လို့

ဦးလေး တစ်ယောက်ကို မေးလိုက်တယ်။

“ဦးလေး။ ဘာတွေလုပ်နေကြတာလဲ။ လူတွေကလည်း အများကြီး ဆိုင်းဘုတ်တွေလည်း

ပါတယ်။ဆိုတော့ “သမီးရေ ဦးလေးတို့ ဌာနဆိုင်ရာတွေက စီတန်း လှည့်လည်တဲ့

အဖွဲ့တစ်ဖွဲ့ ထွက်ရမယ်။ မထွက်မနေရ အမိန့်လေ တဲ့“

အော် ဒါ ခိုင်းလို့ လုပ်နေကြတာပါလားလို့တော့ သိလိုက်တယ်။ ဒီထက်လည်း

ပိုမတွေးမိပါဘူး။ တကယ်ပါ။

ဒီလိုနဲ့ ရက်တွေကြာလာတော့ အာဏာသိမ်းလိုက်တယ်တဲ့။ ပြည်တွင်း

မငြိမ်သက်မှုများကြောင့် စစ်အစိုးရက အုပ်ချုပ်မှုပိုင်းကို

ယာယီလွှဲပြောင်းယူလိုက်ရပါတယ်တဲ့

လေ။ အော်

..........................ကျေး

ဇူးကြီးပါပေ့ ...ရွှေဥာဏ်တော်

စူးရောက်လှပါပေ့။

ယာယီ...ယာယီ...ယာယီ.....ဘယ်တော့

ဆုံးမလဲ ကျမသေချာမသိဘူး။ ယာယီ

တစ်နှစ်.....ယာယီ နှစ်နှစ်.....ရာသီတွေအလီလီပြော

င်း ၊ ရွက်ဟောင်းတွေ

အခါခါကြွေ၊ ရွက့်သစ်တွေ အကြိမ်ကြိမ် လဲ။ တစ်နေကုန် လို့ တစ်မိုးသောက်

ပုံစံခွက်တွေအောက်ကို ရောက်ခဲ့ရတယ်ဆိုတာတောင် ကျမ နားလည်နေခဲ့ပြီ။

ဒါပေမယ့် ယာယီ ဆိုတဲ့ စနစ်အောက်မှာပဲ ကျမကြီးပြင်းလာခဲ့ရတယ်ထင်ပါ့။

အမှန်တရားတွေ တောတိုး ၊ ပြောပိုင်ခွင့် လုပ်ပိုင်ခွင့်တွေ ဘောင်ခတ်

နိုင်ငံရေးဘက်လှည့်ရင် အကျဉ်းကျ နိုင်သတဲ့။ လူတွေပါးစပ်ဖျား

ထောင်ကိုတော့ မသွားချင်ဘူးတဲ့လေ။ ကဲ ....ကိုယ့်ပါးစပ်ကို ဘာနဲ့

ပိတ်ထားမှန်းတောင် မသိနိုင်တော့ပါဘူး။ အချင်းချင်း စကားပြောကြရင်တောင်

နိုင်ငံရေး မပါကြေးလို့ ပြောလာကျတာ ခေတ်စကားတစ်ခုလိုတောင် ဖြစ်နေရပြီ။

ကျောင်းသင်ခန်းစာ သမိုင်းဘာသာသင်ရတော့ နိုင်ငံ့ ဖခင်ကြီး

ဗိုလ်ချုပ်အောင်ဆန်း အကြောင်းကို တိုတိုတုတ်တုတ် သင်သတဲ့လေ။

ကျမ သိချင်တာတွေ များနေပေမယ့် မေးခွင့်မသာခဲ့ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့

စပ်စုတတ်တဲ့ ကျမကို ချည်ပြီးတုတ်ပြီး ပြောထားကြတယ်။ နင်စပ်စုလို့

နင့်အဖေအဖမ်းခံရရင် နင်တို့ တစ်အိမ်လုံး နေစရာပျောက်သွားမယ်။

ထမင်းငတ်သွားမယ်။ အဲလိုနေချင်လား ။ ကဲ....ကျမ ဘာများ ပြောထွက်ပါတော့မလဲ။

ကျမ သိချင်တာက နည်းနည်းလေးပါ။ မဖြေရဲလောက်အောင်ကို ဘယ်အရာတွေက

ဖိနှိပ်ထားတယ် မသိပါဘူး။

ဘယ်နိုင်ငံ မှာ ဘာတွေဖြစ်နေလဲ ဘယ်သူသိလဲ။ ဘယ်နိုင်ငံမှာ

ဘယ်လိုစီးပွားရေးတွေလုပ်နေလဲ ဘယ်သူသိလဲ၊ ဘယ်နိုင်ငံမှာ

ဘယ်လိုတွေတိုးတက်ထွန်းကားနေလဲ ဘယ်သူသိလဲ။ ကျမတို့ နိုင်ငံ

သမိုင်းကြောင်း ကောင်းကောင်းဘယ်သူသိလဲ။ ကျမတို့နိုင်ငံ စီးပွားရေး

ဘယ်သူတွေ သိလဲ။ ကျမတို့နိုင်ငံ ပညာရေး ဘယ်သူတွေသိလဲ။ ““ဘာမှ လာမမေးနဲ့

အေးအေးပဲ နေချင်တယ်။ ဆားဖြူးစားရရင် စားရပါစေ၊ နေရာသစ်မှာ

ဆန်သစ်တော့ပြောင်းမစားနိုင်ဘူး

တဲ့““...............

““ကိုယ့်ဝမ်းစာတောင် အနိုင်နိုင်ရယ်...နိုင်ငံရေး စိတ်မဝင်စားနိုင်ဘူးတဲ့““

““အမလေး မပြောပါနဲ့ ၊ ခေါင်းနဲ့ကိုယ် အိုးစားကွဲနေပါ့မယ်““တဲ့

““ဟေ့ .နေရေးစားရေးထက် ဘယ်အရေးမှ အလေးမပေးနိုင်ဘူး““တဲ့

““နိုင်ငံရေးတွေမပြောကြေးနော်““

တဲ့

““ဟဲံ့..ကိုယ့်စာကိုယ်လုပ် ကျန်တာတွေ ဘာမှ လာမမေးနဲ့ အလုပ်ပြုတ်တာ

မြင်ချင်တာလား““တဲ့

အော်.......စီးပွားရေးတွေ ကြပ်တည်း၊ နေထိုင်ရေးတွေ ခက်ခဲ။

လွတ်လပ်ခြင်းတွေ ဘောင်ခတ် ၊ လွှမ်းမိုးမှုရဲ့ စနက်ကြောင့် လူတွေလည်း

လွန့်လွန့်လူး၊ ဆင်းရဲ မွဲတေခြင်းက ရုန်းမထွက်နိုင် စားဝတ်နေရေးကို

ဦးစားပေးနေရလို့ ဘယ်အရေးတွေမှ လှည့်ကြည့်ဘို့ မအားနိုင်ကြပါဘူး။

အသိဥာဏ်တွေ ကန့်လန်ကာချ၊ နားလည်သူတွေ မဟနိုင်အောင် အိမ်အသစ်မှာ ဆန်သစ်တွေ

ကျွေးဘို့ ခေါ်သွားခံရတာတွေကလည်း ဒုနဲ့ဒေး။ အသိဥာဏ်တွေ လမ်းပွင့်

စာတတ်သူတွေ လက်ဆင့်ကမ်းပြီးတိုင်းပြည် အရေးတွေ နားလည်သူများလာခဲ့ရင်

တိုင်းပြည်မှာ ပညာတတ်ပေါ၊ ဘယ်သဘောက ဘယ်လိုဆိုတာ ထောက်ပြလာကြရင် ယာယီတွေ

ပျောက်ဆုံးကုန်မှာစိုးတော့ ဘယ်ဘက်ကိုမှ မလှည့်နိုင်အောင် စီးပွားရေးတွေ

ပိတ်လှောင်လိုက်ကြတယ်။ မလုပ် ၊ မရှုပ် ၊ မပြုတ်တွေ များလာတယ်။ ခေါ်ရင်လာ၊

ခိုင်းတာလုပ်၊ ခံမပြောနဲ့ ဆိုတဲ့ အာဏာရှင် အမိန့်တွေနဲ့ နေရာတိုင်းမှာ

မလှုပ်နိုင်အောင် ချုပ်ကိုင်ထားကြတယ်။

နိုင်ငံခြားဆိုတာ တော်တော်ကို ကြီးမှာပဲလို့တောင် တွေးတဲ့ ကလေးတွေ

ရှိလာတယ်။ ခ၇ီးသွားတွေလာရင် လက်ဖြန့်တောင်းလို့ ပျော်နေတဲ့

ဘဝတွေများလာတယ်။ တောမှာ နွားကျောင်းရင်း လွတ်လပ်ရေး ဖခင်ကြီးဟာ

သီဟတင်စိုး လို့ ထင်လာတဲ့ ကလေးတွေရှိလာတယ်။ ၁၂ လက်မ TV သေးသေးလေးကို

ဘက်ထရီနဲ့ ကြည့်ရင်း ဟယ် ဒီကားကြီး ကလှလိုက်တာ ၊ ဟယ် ဒီတိုက်ကြီးက

မိုက်လိုက်တာနဲ့ အားကျခြင်းတွေနဲ့ နှစ်သိမ့် ၊ အိပ်ယာဝင်

ပုံပြင်တစ်ပုဒ်လောက်တောင် မခိုင်မာနိုင်တဲ့ ဘဝတွေ များလာခဲ့တယ်။

ယုံကြည်ခြင်းတွေချုပ်နှောင် နားလည် တတ်သိတဲ့ ပညာတတ်တွေ

ထောက်မပြနိုင်အောင် နိုင်ငံကို အမှောင်ချပြီး

မိန့်မိန့်ကြီးပျော်နေလိုက်ကျတာ

များ ပြောလို့တောင် ကုန်နိုင်တော့မယ်

မထင်ဘူး။ “အဘတို့ခေတ်တုန်းကတော့ စားဝတ်နေရေးဆိုတာ

ဒီလောက်ပုစရာမလိုခဲ့ဘူး။ ငွေတစ်ကျပ်ရှိရင်

မိသားစုအားလုံးထမင်းစားလို့ရတယ်

။ ခုတော့ကွယ်““

အဘ ညည်းညူခဲ့ဘူးတဲ့ အသံကို ခုတော့ ကောင်းကောင်းသိနေခဲ့ပြီ။ စာလေး

မတောက်တခေါက်တတ်လာတော့ စာလေးပေးလေးက ဖတ်ချင်လာတယ်။ ကိုယ်လက်လှမ်းမီတဲ့

သတင်းစာကို ကြည့်လိုက်တော့ နိုင်ငံကြီးက တိုးတက်နေလိုက်တာ။

ခေတ်တွေမီနေလိုက်တာ။ ပညာတတ်တွေ ပေါနေလိုက်တာ။ သယံဇာတတွေ တွင်းထွက်တွေနဲ့

နိုင်ငံကို များ စိန်တွေစီထားလိုက်တာ ဘယ်နေ့ ကိုယ့်နေတဲ့ဘက် အလှည့်ကျမလဲ

မဆီမဆိုင် ထိုင်တွေးခဲ့ဘူးတယ်။ ချောက်ဖြစ်နေတဲ့ ချိုင့်တွေကို

ကျော်ခွပြီး တစ်မနက်စနစ်လမ်းတွေမှာ ခေါင်းတွေမော့ပြီး ဖဲကြိုးဖြတ်တဲ့

ပွဲကို လက်ခုပ်ဝင်တီးပေးခဲ့၇သေးတယ်။

စားဝတ်နေေ၇းလေး အဆင်ပြေအောင် ဆယ်တန်းအောင်လက်မှတ်လေး ဖုန်ခါပြီး

အလုပ်သွားလျှောက်တော့ ပါတီနိုင်ငံရေး ကင်းရှင်းရမယ်တဲ့။ ရပ်ကွက်ထောက်ခံစာ

ရဘို့ ငွေ၅၀၀ ပေးခဲ့ရတာ မှတ်မိသေးတယ်။ ရဲစခန်းထောက်ခံစာကလည်း လိုသေးတော့

နောက်ထပ် ငွေ၅၀၀ ထပ်ကုန်ခဲ့တာပေါ့။ ဒါပေမယ့် အလုပ်က မရပါဘူး။

ဘာဖြစ်လို့လဲဆိုတော့ ကျမ စာနည်းနည်းတတ်နေတယ်လေ။ စာမတတ်မှာ

အသုံးတည့်မှာကိုး။ တက္ကသိုလ်ပညာလေးကို ဖင်လိမ်ဖင်လိမ်နဲ့ တက်ခဲ့ရတာ။

ထမင်းစားလက်မှတ်ဖြစ်တဲ့ ဘွဲ့လေးတစ်ခုရတော့ အလုပ်လေး ထပ်လျှောက်မိပါတယ်။

ဘယ်အသင်းဝင်ထားလဲ ၊ မဝင်ရသေးရင် ဝင်၊ ဘယ်အဖွဲ့ထဲ ဝင်ထားလဲ၊

ဘယ်အသင်းထဲဝင်တဲ့ အသင်းဝင်လက်မှတ် ပူးတွဲတင်နိုင်ရင် အောင်မှတ်

ဘယ်လောက်တိုးတယ်။ ဘယ်သူနဲ့ သိရင် ဘယ်အဆင့်ကို ရောက်မယ်။ တယ်ဟုတ်တဲ့

ငါပါလား။

ဘယ်အသင်းမှလည်း မရှိ၊ ဘယ်လူကြီးမှလည်း မသိ နောက်ဆုံးက တန်းစီ၇င်တောင်

ခဲလုံးခံနေလို့ ပထမ နေရာတောင် မရခဲ့ဘူး။

ခက်ခဲတဲ့သူတွေကသာ ခက်ခက်ခဲခဲ ရုန်းကန်နေရတာ။ လက်မလှုပ် ခြေမလှုပ် ၊ “ဝ“

ကလေးကို ဝိတ်နိုင်တဲ့သူတွေက ဟန်တွေကို ကျလို့ ၊ အနုတ်စုတ် ဂုတ်စုတ် ကျမ

ဘွဲ့လက်မှတ်က ဘာအရောင်မှကို ထွက်မလာပါဘူး။

ဒီအရေး ဒီလိုဘဝတွေကို ကြိုသိနေကြလို့ လူ့အခွင့်အရေးတွေ

တောင်းဆိုနေကြတာကို ပိတ်လှောင်မှုတွေနဲ့ ခြိမ်းခြောက် မှတ်လောက်အောင် ကို

အပြစ်ပေးတယ်ဆိုပဲ။ ဘယ်သူ့အတွက် လုပ်နေကြတာလဲ ကျမကတော့

ကောင်းကောင်းကြီးကို သဘောတွေပေါက်နေခဲ့ပြီ။ အာဇာနည် မိခင်ကြီးက

မားမားမတ်မတ်နဲ့ ပြည်သူ့ဘဝနဲ့ ထပ်တူချထားခဲ့တာ။ ဒါအပြစ်လား ကျမ

အလေးအမြတ်ပြုတာ အပြစ်တဲ့လား။ ပြည်သူတွေ အလေးအမြတ်ပြုတာ အပြစ်တဲ့လား။

ဘယ်သူတွေ က ဘယ်ဘဝတွေကို ဝင်ကြည့်ဘူးခဲ့သလဲ။ ဘာတွေလုပ်ပေးခဲ့ကြသလဲ။

နောက်ဆုံးတော့လည်း အာဏာတည်မြဲရေးနဲ့ မိသားစု ရေ၇ှည်ကောင်းစားရေးကို

ထောက်ရှုပြီး တိုင်းပြည်ကို ပြာပုံပဲ ကျန်အောင်

တဖဲ့ချင်းဖဲ့ခြွေပစ်လိုက်ကြတယ်။ သယံဇာတတွေ ပေါကြွယ်လွန်းလို့

အလုပ်မလုပ်ဘဲ နေရင်တောင် ရတဲ့ တိုင်းပြည်မှာ အငတ်ဘေးဆိုက်နေတယ်။ ဘယ်မလဲ

ပြည်တန် တဲ့ ပတ္တမြား.......................

.

ကိုယ့်နိုင်ငံ ကောင်းစားဘို့ ကိုယ့်ပြည်သူတွေ ချမ်းသာဘို့

ကိုယ့်ပြည်သူတွေ နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်ဘို့

ကြိုးစားအားထုတ်ပေးကြတဲ့၈၈ မျိုးဆက်ကြီးတွေကို ကျမ အလေးအမြတ်ပြု၇ပြန်ပြီ။

ဘာဖြစ်လို့လဲဆိုတော့ ကျမ ငယ်ငယ်က မသိခဲ့တဲ့ အရာတစ်ခု ၊ ကျမ အဖေ

ပြောခဲ့ဘူးတဲ့ တစ်နေ့တော့ နားလည်လာမှာပါ ဆိုတာကို ခုသိလာပြီ။

အမေစု လွတ်လာတော့ ပြည်သူတွေဟစ်ကြွေးတဲ့ အသံကို နှလုံးသားနဲ့

အသံဖမ်းထားတယ်။ အမြဲတမ်းပြန်ကြားယောင်နေတာ။ မျက်ရည်တွေ

လှိမ့်လှိမ့်ကျပြီး ““အမေစု ရေ .......ကိုယ့်တိုင်းပြည်မှာ

ကိုယ်နေထိုင်နေပေမယ့် နောက်ကျောမလုံရတဲ့ ဖိနှိပ်ခံ ဘဝတွေကို

ကယ်တင်နိုင်ပါစေ။ ကိုယ့်မြေ ကိုယ့်ရေမှာ ကိုယ့်အတွက် နေစရာ မရှိတဲ့

ဘဝတွေကို ကယ်တင်ပေးနိုင်ပါစေ။ ပြည်သူတွေကို ချစ်ခင်တဲ့ အမေစုကို

ပြည်သူတွေရဲ့ နှလုံးသား တိုင်းက ချစ်ခင် နေပါတယ်။ နှလုံးသားရဲ့

နတ်နေကိုင်းမှာ အမေစုကို ဘုရားတစ်ဆုလို အားကိုးယုံကြည်နေကြပါတယ် ဆိုတာ

မပြောလည်း အမေစု သိနိုင်မှာပါ။ မကြည့်လည်း အမေစု

မြင်နိုင်မှာပါ။ဒါကိုတော့ ကျမ ကောင်းကောင်း နားလည်တယ်လေ။

ဘာဖြစ်လို့လဲဆိုတော့ အမေစု ဖြစ်နေလို့ပါပဲ။

ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ ဘဝများစွာအတွက် ကျမ အလေးအနက်

ဆုတောင်းတယ်။ ဘယ်သူ့အတွက် လုပ်နေတယ်ဆိုတာ ကျမ လက်လှမ်းမီသလောက်ကို

ဖြန့်ဝေမယ်။ ကျမ တတ်သိသလောက် ပြောပြမယ်။ ကျမ နားလည်သလောက်

အားပေးတိုက်တွန်းမယ်။ ကျမ အင်အားဟာ မြူတစ်မှုန်လောက်သာရှိပါစေ

ကျမအဲဒီမြူတစ်မှုန်ကို ကျေပွန်အောင် ကျမလုပ်ဆောင်သွားမယ်လို့ .......ဒါကျမ

သစ္စာ........ပါ။

ကိုယ့်နိုင်ငံက ကိုယ့်လူမျိုးကိုကျတော့ စားဝတ်နေရေး ဖူလုံအောင်

လုပ်မပေးဘူး။ အငတ်ငတ်အပြတ်ပြတ် ရှိလာတဲ့ ဘဝတွေကို ကယ်တင်မပေးဘူး။

ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးကို ပြည့်စုံအောင် လုပ်မပေးနိုင်ဘဲနဲ့

ကယ်တင်အုန်းမတဲ့ ။ ရွှေဥာဏ်ရှင်တို့ရယ်............

..ဟုတ်မှလည်း လုပ်ကြပါ။

သူများကို ဟီးရိုးလုပ်ပြီးကယ်တင်ဘို့ တွေးမယ့်အစား ကိုယ့်နိုင်ငံ ထဲက

တိုင်းချစ်ပြည်ချစ် ပုဂ္ဂိုလ်တွေကို အရင် လွှတ်ဖို့တွေးပါလား။

ကိုယ့်ပြည်သူတွေ ဆင်းရဲ မွဲတေနေတာကို အရင် ဖြေရှင်းပေးပါလား။ အခုတော့

အမေကျော် ဒွေးတော်ကို လွမ်းနေကြတယ်။ အသိခေါက်ခက်

အဝင်နက်နေကြတယ်။ဦးပေါ်ဦးပြောတဲ

့ ခွေးမြီး ပညာရှင်တွေပဲ။ ဘယ်နေရာမှ

အံမဝင်တဲ့ အတွေးတွေ။ ချစ်လို့ ကပ်နေကြတာ မဟုတ်ဘူး။ ဂုတ်သွေးစုပ်ချင်လို့

လည်ပင်း အစောင်းကို စောင့်နေကြတာ။ မြှောက်ပေးရင် ..ဘာ..တက်အောင်

ကတယ်ဆိုလား။ တော်ပါပေ့ ရွှေဥဏ်၇ှင်တို့ရယ် လိုက်လို့ကို မမီတော့ပါဘူး။

တကယ်ပါ။

ဟိုးအရင် ခေတ်အခါက မြန်မာနိုင်ငံဟာ သယံဇာတတွေ ဝေသီနေတဲ့ ချမ်းသာတဲ့

နိုင်ငံတစ်နိုင်ငံ ပါပဲ။ လိုသလိုလှည့် လည်သလိုယူ ရသလိုရောင်းရင်းနဲ့

အလည်အလတ်ကို ရောက်ခဲ့ရတယ်။ ခုတော့ ကမ္ဘာ့ မြေပုံမှာ မြန်မာနိုင်ငံ ပါလို့

ထောက်ပြရင် အမွဲဆုံး နိုင်ငံ အဖြစ် သမိုင်းမော်ကွန်းသစ် တင်နိုင်ခဲ့ပြီ။

အနာဂတ်ကို ဟိတ်ဟန်ကောင်းကောင်းနဲ့ မြင်သာအောင် မီးမောင်းထိုးကြည့်မိတယ်။

““ရွှေပြည်တော်

မျှော်တိုင်းမဝေးချင်ပါဘူး...............အမေစု.............

ရယ်““

ဆောင်းပါးက ပို့ ထားတာကြာပါပြီ အသုံဝင်နေတုံးဘဲဗျ.
အားလုံးကိုကျေးဇူးပါ
ကိုထွန်းဝေ
မူရင်း ဧက မန္တလေး
8.3.2014