"ဒီနှစ်သင်္ကြန် မန္တလေး Alpine မဏ္ဍပ်မှာ သီချင်းဆိုရင်း ဖြတ်သန်းမယ့် ထွန်းအိန္ဒြာဗို"
လင်းလင်း၊ ချစ်သုဝေတို့နဲ့အတူ သြစတြေးလျနိုင်ငံ ဆစ်ဒနီ၊ မဲလ်ဘုန်း၊ ဘစ်စဘိန်းနဲ့ ပက်(ခ်)မြို့ ၄ မြို့မှာ အောင်မြင်စွာ ဖျော်ဖြေခဲ့ပြီး မတ်လ ၁ဝရက်နေ့က ပြန် လည် ရောက်ရှိလာတဲ့ ထွန်းအိန္ဒြာဗိုက သြစတြေးလျဖျော်ဖြေရေးနဲ့ ပတ်သက်ပြီး
” သြစတြေးလျဖျော်ဖြေရေး ခရီးစဉ်က အရင်တစ်ခါပွဲလုပ်တုန်းက ခင်နေတဲ့ အစ် မ
တွေ နဲ့ စကားပြော ဖြစ်တယ်။ NLD အတွက် ရန်ပုံငွေပွဲတွေ လုပ်ချင်တယ်တဲ့။
အနုပညာကြေးဘယ်လိုယူလဲ လို့မေးတယ်။ NLD အတွက် ရန်ပုံငွေပွဲဆို ရင်
အနုပညာကြေး မယူဘူးဆိုပြီးတော့ ကျွန်မကစီစဉ်လိုက်တာပါ။ Main Sponsor က
ဆစ်ဒနီက ဒေါက်တာမြင့်ထွန်းနဲ့ မမီးမီး။ နောက်ထပ်လည်း အမေ့ကို
ဝိုင်းရံမယ့်သူ၊ စိတ်လည်း ရှိမယ့် သူ၊ ကျွန်မလည်း အဖော်ရအောင် လင်းလင်း
တို့နှစ်ယောက်ကို recomာend လုပ်ပြီး ခေါ်သွားတာ။ သူတို့ကိုလဲ ပြောထားတယ်။
ပိုက်ဆံတော့ တစ်ပြားမှ မရဘူး။ ဒါပေမဲ့ အလွန် မင်္ဂလာရှိတဲ့ ဟန်နီးမွန်း
အလှူမင်္ဂလာ လုပ်ခွင့်ရမယ်ဆိုတော့ သူတို့လည်း ချက်ချင်းပဲ ခေါင်းညိတ်တယ်။
အလုပ်တွေ လည်း ရွှေ့ပေးပြီး လိုက်ပေးကြတယ်။ ပရိ သတ်တွေက တအား အားပေးကြတယ်။
တအားကြိုက်ကြတယ်။ မြို့၎မြို့မှာ ဝင်ကြေးရော ဆုကြေးငွေရော စုစုပေါင်း
မြန်မာငွေနဲ့ဆို သိန်း ၅၈ဝ ဝန်းကျင်လောက် ရခဲ့ တယ်။ အဲဒါ အားလုံးကို
အမေစုရဲ့ ကွန်ရက် ၂ခု နဲ့ အမေ့ရဲ့ကော့မှူးမြို့နယ်က ဘုန်းကြီးကျောင်းတွေ
ကိုလှူမှာပါ။ အခုလို လှူဒါန်းဖို့ ငွေကြေးတွေ အများ ကြီးရ ခဲ့တော့သွားရတဲ့
ရည်ရွယ်ချက်ပြည့်စုံသလို ခံစားရပါတယ်။ အစကတည်း ကလည်း အမေ့ကို
ဝိုင်းရံချင်လို့ လုပ်တဲ့ကိစ္စပဲ။ result လည်း ကောင်းလာတယ် ဆိုေ တာ့
ကျေနပ်ပါတယ်” လို့ ပြောပါတယ်။
စနေ၊ တနင်္ဂနွေရက်တွေမှာသာ ပွဲ လုပ်ခွင့်ရတဲ့အတွက် ကျန်တဲ့ ရက်တွေကိုတော့ လျှောက်လည်ဖြစ်ခဲ့ပြီး ပျော် စရာကောင်းတဲ့ ခရီးစဉ်တစ်ခု ဖြစ်ခဲ့ကြောင်း ထွန်းအိန္ဒြာဗို က ပြော ပါတယ်။
ထွန်းအိန္ဒြာဗိုက သြစတြေးလျကို တတိယ အကြိမ်မြောက် ဖျော်ဖြေရေး ခရီး သွားခဲ့တာဖြစ်ပြီး ဘစ်စဘိန်း မြို့မှာတော့ ပထမဦးဆုံး အကြိမ်ဖျော်ဖြေခြင်းဖြစ်ကြောင်း သိ ရပါတယ်။
အလှူငွေများအားလုံးကို မတ်လကုန်ရင် ရန်ကုန်ကို ခဏပြန်ရောက် မယ့် ဒေါ်အောင်ဆန်းစုကြည် လက်ထဲကို ပေးအပ်မှာဖြစ်ပြီး၊ လှူဒါန်းလိုက်တဲ့ မြို့တွေ အလိုက်ရတဲ့ ငွေကြေး အားလုံးကို ခွဲခြားပြီး စာရင်းဇယားနဲ့ ပေးအပ်လိုက်မှာဖြစ်ကြောင်း ထွန်းအိန္ဒြာဗို က ပြောပါတယ်။
သြ စတြေးလျက ပြန်လာပြီးတဲ့နောက်မှာ တော့ ထွန်းအိန္ဒြာဗိုက ဇာတ်လမ်းတွဲ ရိုက်ကူးဖို့ ရှိပြီး ရိုက်ကူးရက် ၄၅ ရက်လောက် ပေးထားကြောင်း သိရပါတယ်။
သင်္ကြန်ကို မန္တလေး Alpine မှာ ဖြတ်သန်းမှာဖြစ်ပြီး မေလ ကုန်မှာတော့ ဂျေမောင်မောင်၊ ဖြူဖြူကျော်သိန်း၊ Plus Three တေးဂီတအဖွဲ့ နဲ့အတူ အမေရိကကို ဖျော်ဖြေရေး ၂ လကြာ သွားရောက်ဖို့ ရှိကာ မြို့ ၉ မြို့မှာ သွားရောက်ဖျော် ဖြေ မှာဖြစ်ကြောင်း သိရပါတယ်။
ခိုင်ဝေလွင်

No comments:
Post a Comment