အဲဒါမှ
ပွင့်လင်းမြင်သာတဲ့ အလှု စာရင်းဇယားနဲ့ အတိအကျ လုပ်သွာတဲ့အလှု
......ရတဲ့ငွေတွေ မြန်မာနိုင်ငံ အတွက်လှုလိုက်တယ်လို့ ပါစပ်ပြော နဲ့ ပြောတဲ့
အလှု မဟုတ်တာကြောင့်သာဓု အခါခါခေါ်မိပါတယ်

ၾသစေၾတးလ်
နိုင်ငံ မြို့ (၄) မြို့  သို့  အမေစု ၏ကျန်းမာရေး နှင့် ပညာရေး ကွန်ယက်
ရံပုံငွေနှင့် ကော့မှူး မြို့  နယ်အတွင်း ဘုန်းကြီးကျောင်း စာသင်ဝိုင်း
ရံပုံငွေ များအတွက် မေတ္တာဖြင့် လာရောက် သီဆို ဖျော်ဖြေ ပေးကြသော လင်းလင်း၊
ထွန်းအိန္ဒြာဗို၊ ချစ်သုဝေ တို့ မှ ရရှိသည့် ဆုကြေးငွေ နှင့် ရံပုံငွေ
များအား ကြေငြာပေးမည် ဖြစ်ပါသည်
ဆစ်ဒနီ( Sydney ) --
ဝင်ကြေး ရရှိငွေ - A$ 13300
အနုပညာဆုကြေး- A$ 4270
US$ 400
မဲဘုန်း( Melbourne )--
ဝင်ကြေးရရှိငွေ - A$ 8180
အနုပညာဆုကြေး-A$ 3225
ဘရစ်ဘိန်း( Brisbane )--
ဝင်ကြေးရရှိငွေ- A$6000
အနုပညာဆုကြေး-A$4155
ပါ့တ်( Perth )--
ဝင်ကြေးရရှိငွေ-A$11950
အနုပညာဆုကြေး-A$7130
တို့ ဖြစ်ပါသည်၊ ထို့ ကြောင့်
ဝင်ကြေးငွေအားလုံးပေါင်း -(A$39430) နှင့်
အနုပညာဆုကြေးငွေအားလုံးပေါင်း-
(A$ 18780 နှင့် U$ 400 ) တို့ ဖြစ်ပါသည်။ မြန်မာငွေ နှင့် ခန့် မှန်း ပြောရလျှင် ဝင်ကြေးငွေ သိန်းပေါင်း (347)(သုံးရာလေးဆယ့်ခွန်နစ်သိန်း) ဝန်းကျင်နှင့် အနုပညာဆုကြေးငွေ သိန်းပေါင်း(168) (တစ်ရာ ခြောက်ဆယ့် ရှစ်သိန်း) ဝန်းကျင် ရရှိပါသည်။ ဝင်ကြေးငွေ သိန်းပေါင်း (347)(သုံးရာလေးဆယ့်ခွန်နစ်သိန်း) ဝန်းကျင် အား အမေဒေါ်အောင်ဆန်းစုကြည် ၏ ပညာရေးနှင့် ကျန်းမာရေး ကွန်ယက် သို့ ၎င်း အနုပညာဆုကြေးငွေ သိန်းပေါင်း (168) (တစ်ရာခြောက်ဆယ့်ရှစ်သိန်း) ဝန်းကျင်အား ကော့မှူးမြို့ နယ် အတွင်း မှ ဘုန်းကြီးကျောင်း စာသင်ဝိုင်း များသို့ ၎င်း လှူဒါန်းမည် ဖြစ်ပါသည်။ ခရီးစဉ်တစ်လျှောက် လုံးတွင် ဆစ်ဒနီ၊ဘရစ်ဘိန်း၊ပါ့တ် မြို့ များမှ ပွဲစီစဉ်သူများနှင့် လိုက်လံစောင့် ရှောက်ပေးသူ အားလုံးကို ကျေးဇူးတင်ပါသည်၊ မဲဘုန်းမြို့  မှာတော့ အားလုံးကို ကျေးဇူး တင်လို့ မရပါ၊ "ဒေါ်အောင်ဆန်းစုကြည် ပညာရေး ရံပုံငွေပွဲ" ဆိုသည့်ခေါင်းစဉ်အား ဖျာဝင်ခင်းသည့် လူအချို့ နှင့် အချိုရည် လောင်းမျက်နှာဖုံး လူသားများအား တွေ့ ခဲ့ရသော ကြောင့်ဖြစ်ပါသည်။ ထို့ ကြောင့် ပွဲစီစဉ်သူ လူအနည်းငယ်နှင့် မိသားစု လိုလိုက်လံ စောင့်ရှောက်ပေးသော လူအနည်းငယ်ကို သာကျေးဇူး တင်ပါသည်။
ဘာဘဲဖြစ်ဖြစ် ထင်မထာလောက် အောင်ရရှိသည့် သိန်း ရာချီ အလှူငွေများအတွက် လိုက်လံအားပေးသည့် ပရိတ်သတ် များနှင့် အလှူငွေများ ပေးကြသော ပရိတ်သတ် များအား လုံး ကျန်းမာ၊ ချမ်းသာ ကြပါစေ ခင်များ၊
အလှူငွေများနှင့် ပတ်သတ်၍ သော်၎င်း တစ်ခြားသော မရှင်းလင်း သည်များနှင့် ပတ်သတ်၍ သော် ၄င်း မည်သူမဆို ပွင့်လင်းစွာ ဆက်သွယ် မေးမြန်း နိုင်ပါသည် ။
Lynnlynn Artist
ပြန်လည်မျှဝေပေးပါတယ်.

No comments:
Post a Comment