လွှတ်တော်နဲ့ ရဲတပ်ဖွဲ့တို့ရဲ့သြဇာကို ပြည်မြို့မှာ စမ်းသပ် March 25, 2014
*******************************************************
ဆန္ဒပြဖို့လျှောက်လွှာတင်လာရင် ခွင့်ပြုချက်ပေးဖို့ လွှတ်တော်က
ဆုံးဖြတ်ထားပေမယ့် ပြည်မြို့ ရဲတပ်ဖွဲ့က အဲဒီဆုံးဖြတ်ချက်ကို လိုက်နာခြင်း
မရှိ
ဆန္ဒပြဖို့လျှောက်လွှာတင်လာရင် ခွင့်ပြုချက်ပေးဖို့ လွှတ်တော်က
ဆုံးဖြတ်ထားပေမယ့် ပြည်မြို့ ရဲတပ်ဖွဲ့က အဲဒီဆုံးဖြတ်ချက်ကို လိုက်နာခြင်း
မရှိဘူးလို့ ဒီကနေ့ ခွင့်ပြုချက်မဲ့ဆန္ဒပြပြီး အဖမ်းခံလိုက်ရသူက
ပြောလိုက်ပါတယ်။
ဆန္ဒပြသူက ပြည်မြို့က လှုပ်ရှားတက်ကြွသူတဦးဖြစ်တဲ့ ကိုဝင်းလှိုင် ဖြစ်ပါတယ်။
ပြည်မြို့ ယာဉ်ထိန်းရဲတွေကိုအရေးယူဖို့ ဆန္ဒပြခွင့် သူ တောင်းခဲ့တာပါ။
မော်တော်ဆိုင်ကယ် မောင်းနှင်သူများ စည်းကမ်းချိုးဖေါက်ရင် ဒဏ်ငွေ ကျပ်
၁,၅၀၀ ပေးဆောင်ဖို့ ဥပဒေက သတ်မှတ်ထားပေမယ့် ဘဏ်တခုမှာ ကျပ် ၅,၀၀၀
သီးခြားပေးဆောင်နေရတဲ့အတွက် ဦးဆောင်ပြီး ဒီကနေ့ အင်္ဂါနေ့မှာ
မြို့တွင်းလှည့်လည် ဆန္ဒပြခဲ့ပါတယ်။
“ပြည်သူတွေ
အသက်အန္တရာယ်ကင်းရှင်းရေးအတွက် လုပ်တယ်လို့မမြင်ဘူး။ ငါးထောင်(၅၀၀၀ ကျပ်)
ရလို့လုပ်နေတယ်လို့ပဲမြင်တယ်။ ဒါတွေဟာ ဥပဒေမဲ့တောင်းနေတာလို့ ယူဆမိတယ်။
လူတယောက်က ပြစ်မှုကျူးလွန်ရင် တရားရုံးက ယာဉ်စည်းကမ်းဥပဒေအရ ဒဏ်ငွေ ၁,၅၀၀
ရိုက်တယ်။ အဲဒါကို ကျနော်တို့လက်ခံတယ်။ စီမံခန့်ခွဲရေးအရ ကျပ် ငါးထောင်
CB ဘဏ်ကို သွင်းခိုင်းတာ ဒါဟာ ဥပဒေမဲ့ဖြစ်နေတယ်။
ရဲချုပ်ကိုလည်းတိုင်စာပို့တယ် ရဲချုပ်ကလည်း အရေးယူမပေးဘူးဗျ။ ဆန္ဒထုတ်ဖေါ်ရမှာ ပြည်သူတာဝန်ဗျ”
ပြီးခဲ့တဲ့ ကြာသပတေးနေ့က ဆန္ဒပြခွင့်တောင်းတယ်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက ငြင်းပယ်သည့်အမိန့် ဆိုပြီး စာပြန်လာပါတယ် တဲ့။
“လွှတ်တော်မှာ ပြဌာန်းလိုက်ပြီဗျာ။ ဆန္ဒပြမယ့်လူတွေက စာတင်ဖို့ပဲလိုတယ်။ စာ
မတင်ရင် ပုဒ်မ (၁၈) နဲ့ အရေးယူမယ်။ စာတင်တဲ့လူကို ခွင့်ပြုရမယ်လို့
လွှတ်တော်က တညီတညွတ်တည်း ဆုံးဖြတ်ထားတယ်။
လွှတ်တော်က ဥပဒေကပဲ
အတည်ဖြစ်မလား ရဲတွေရဲ့ ငြင်းပယ်စာကပဲ အတည်ဖြစ်မလား ဆိုတာ ပြည်သူတွေက
လုပ်ကြည့်မှ သိမှာလေ။ အဲဒါကြောင့် လုပ်ဖြစ်တာလည်း ပါတယ်။
လွှတ်တော်က စာတင်ရမယ်၊ စာမတင်ရင် (၁၈)။ အခု စာတင်တယ် ခွင့်မပြုဘူး။ ၁၈ နဲ့စွဲလည်း ကျနော်တို့က ရင်ဆိုင်ဖို့ အဆင်သင့်ပဲဗျ။”
ဌာနဆိုင်ရာတွေက နှုတ်ထွက်အမိန့်တွေဟာ တရားဥပဒေဖြစ်နေကြောင်းကိုလည်း သူကဆက်ပြောပါတယ်။
“လူတယောက်ကိုပဲဖြစ်ဖြစ် ယာဉ်တစီးကိုပဲဖြစ်ဖြစ် ပြစ်ဒဏ်ပေးမယ်ဆိုရင် တရားရုံးကပဲ ပေးပိုင်ခွင့်ရှိတယ်ဗျ။
မထသဆိုရင်ဗျာ ယာဉ်စည်းကမ်းချိုးဖေါက်မှုကြောင့် ငါးထောင်၊ တသောင်း၊
တသောင်းခွဲ အဲဒီလို ဘောင်ချာလေးတွေနဲ့လိုက်ဖြတ်ခိုင်းတာ
ကျနော်တို့ပြည်မြို့မှာ ရှိတယ်။
သူတို့ကိုမေးတော့ ပဲခူးတိုင်းအစိုးရက
လုပ်ပိုင်ခွင့်ပေးထားလို့ လုပ်တယ်လို့ပြောတယ်။ လုပ်ပိုင်ခွင့်ဥပဒေအရတဲ့
အဲဒါ တရားဥပဒေအပြင်ဘက် ရောက်နေတယ်။”
မနက် ၉ နာရီ
မြို့တွင်းလှည့်လည်ပြီး တကိုယ်တော်ဆန္ဒပြခဲ့တဲ့ သူ့ကို
အရပ်သားတချို့ပါဝင်လာခဲ့ပါတယ်။ သူတို့ရဲ့ ဆန္ဒဖော်ထုတ်မှု ၁၁ နာရီခန့်မှာ
အဆုံးသတ်ပါတယ်။
ခွင့်ပြုချက်မဲ့ ဆန္ဒပြတဲ့ သူ့ကို ဒီကနေ့ နေ့ခင်းပိုင်းမှာပဲ ပုဒ်မ (၁၈) နဲ့ အရေးယူလိုက်တယ်လို့ သိရပါတယ်။
ပုဒ်မ (၁၈) ဆိုတာ ကိုဝင်းလှိုင်အတွက် အစိမ်းသက်သက် မဟုတ်ပါဘူး။
ယခင်ကလည်း လျှပ်စစ်မီးရရှိရေးဆန္ဒပြရာမှာ ပုဒ်မ (၁၈) နဲ့ ၄ ကြိမ် အရေးယူခံရဖူးပါတယ်။
ပထမ ၃ ကြိမ်မှာ ဒဏ်ငွေ ကျပ်တသောင်း ပေးဆောင်ပြီး ပြန်လွှတ်လာတယ်၊
လေးကြိမ်မြောက်မှာတော့ ဒဏ်ငွေမဆောင်ဘဲ အလုပ်နဲ့ထောင် သုံးလ စီရင်ချက်ကို
ရင်ဆိုင်ခဲ့သူပါ။
ငါးကြိမ်မြောက် အရေးယူတဲ့ ဒီကနေ့ ဖြစ်ရပ်က ဘယ်လို အဆုံးသတ်မယ် ဆိုတာကိုတော့ မကြာခင် သိကြရမှာဖြစ်ပါတယ်။
ကောင်းမြတ်မင်း
Credit : ဧရာဝတီ
ပြန်လည်မျှဝေပေးပါတယ်
လေးစားလျက်
Martin Swe
25-03-2014
No comments:
Post a Comment