ကျနော် Facebook သူငယ်ချင်းမ တဦး ရဲ့  မနေက ပြသနာ လေးပါ ....မြန်မာပြည်မှာ
လူကြီးသားသမီးတွေ ....(သို့  )မယဉ်ကျေးသူတွေ ရဲ့ လုပ်ရပ်လေး တခုကြောင့် သူကား ကိုပြန်မောင်းထွက်ဖို့ အရေး (၁)နာရီကျော် နေပူထဲမှာ ရပ်စောင့်ခဲ့ရပါတယ်တဲ့
ကားပိုင်ရှင်ချာတိတ်က ၂၀ ကျော် အသက်လောက်သာရှိသေးပြီး မခေမငံ ပြန်ပြောပြီး
ရန်တွေ့ သွားပါသတဲ့ ....။
လွန်ခဲ့တဲ့ (၂)နှစ်လောက် ကကျနော် တို မိသားစု ဖြစ်ခဲ့တာလေးတခုကိုပြန်တွေး
တယ် ။ တရေက် ကျနော်မိတ်ဆွေ အိမ်တအိမ်ကို ကျနော်တို မိသားစု သွားလည်ပါ
တယ် ၊ မိသာစုဆိုပေမဲ့ လူစုံတက်စုံတော့မပာုတ်ပါဘူး
တာမို့  သမီး နဲ့ သားငယ် ပဲ ကာပေါ်ပါလာ တာပါ ။ နေလည် ၂း၃၀ ခွဲတော့ မိတ်ဆွေ
လင်မယားကိုနှတ်ဆက်ပြီး ကျောင်းကြိုအမှီ ပြန်ဖို့  ထွက်လာခဲ့ ကြပါတယ် ။
အဲသည်မှာ ပြသနာက စတာပါပဲ.....။ ကျနော်တို့ ကားထွက်မဲ့ လမ်းမှာ ကားတစီပာာ
ပိတ်လို့ ရပ်ထားပါတယ် ..အခု ကျနော်Facebook သူငယ်ချင်းမ ကြုံ သလိုပါပဲ ထွက်
စရာ လမ်းက ဒီ တလမ်းပဲရှီ တာကြောင့် အတော် အကျပ်ရိုက်သွားပါတယ် ။ ကျောင်း
ကလည်း ၃း၀၀ နာရီ ဆိုလွှတ်ပြီ ပိတ်ရပ်ထားတဲ့ ကားဒရိုင်ဘာ ကလည်း ဘယ်ဆီ
ရောက်နေတယ်မသိ ...ကားပွာန်းကို သုံးလေးကြိမ်တီး ကြည်တာလဲဘာမှမထူးခြား
ပြီးတော့ ကျနော်တို့ နိုင်ငံမှာ ကာပွာန်းတီးတယ် ဆိုတာက တော်တော်မယဉ်ကျေးတဲ့
အလုပ် မိုတော်ရုံတန်ရုံဆို ပွာန်းမတီးကြပါဘူး။ နောက်ဆုံးဖြတ်သွားဖြတ်လာအမျ
သမီးကြီး တဦးက ရဲ သာဖုန်းဆက်ခေါ် လိုက်ပါဆိုပြီး အကြံပေးတာကြောင့် ကျနော်
တို (၀၀၀)ကိုနှိပ် ရဲ ကိုခေါ်တော့ ရဲ စခန်း အော်ပရေတာက ဘာဖြစ်သလဲ ရဲလား မီးသတ်လား အရေးပေါ်လူနာတင်ယာဉ် လား ဆိုပြီးစမေးပါတယ် ။ ကျနော်တိုက ရဲ
ပါဆိုတော့ ဘာဖြစ်သလဲ တဲ့...၊ဒါနဲ့  အဖြစ်အပျက်ကို ပြောပြပြီး ငါတို့  အရေးပေါ်လို
အပ်နေတာပါ ငါတို ကလေးက ကျောင်းတက်နေပါတယ် အခု ကျောင်းလွှတ် ဖို့ အချိန်နီးနေပါပြီ ကလေးကျောင်းကြိုဖို့  အခက်တွေနေပါတယ် ဆိုတော့ ရဲစခန်က
အခုဖြစ်နေတဲ့နေရာပြောပါ ဆိုတာနဲ့  လိပ်စာ ပေးလိုက်တော့ ၃ မိနစ်အတွင်း ရဲကား
တစီးချက်ချင်းရောက်လာပါတယ် ရဲ တပ်ကြပ်တဦးနဲ့ ရဲသားတဦး ဆင်းလာပြီး တယောက်က လမ်းပိတ်ရပ်ထားတဲ့ကားကို ရှေနောက် ဘေးဝဲယာ ကိုဓါတ်ပုံ ရိုက် ယူပါတယ် ။ တယောက်က ရပ်စောင်နေတာ အချိန် ဘယ် လောက်ရှိသွားပြီလဲ လို့ မေးပါတယ် ကျနော်တို့ က ၁၅ မိနစ် လောက်ရှိပြီ ....လို့ ပြောချိန်မှာ ကျန်ရဲ တယောက်က RTA (မော်တော်ယာဉ်မှတ်ပုံတင်ရုံ
သက်တဲ့ အချက်အလက်ကို RTA က ချက်ချင်း ရနိုင်တဲ့ စနစ် ရှိပါတယ် ။ ဒီတော့ ကား
ပိုင်ရှင်ရဲ့ နေရပ် လိပ်စာ ဖုန်းနံပါတ် အီးမေးက အစပေါ့ ...။ RTA ကမှတဆင့် ကားပိုင်ရှင်ကို ဖုန်းဆက်ခေါ် ကားကို လာရွှေ့ ခိုင်တာ ဆိုတော့ ကားပိုင်ရှင်ကို အချိန်အကြာကြီး ရပ်စောင့်နေစရာ မလိုသလို ရန်ဖြစ်စရာလဲ မလိုအပ်ပါဘူး ။ ဒါပေမဲ့
ကားပိုင်ရှင် ကတော့ ဒဏ်ငွေ စာရွက်လေးတစောင်တော့ရတာပေါ့
ပွိုင်လို ခေါ်တဲ့ သတ်မှတ်ချက်လေးတောင်ပြုတ်နိ
P အနီ ၄ ပွိုင့်..၊အနီ ၂နှစ် ကိုင်ပြီးစာမေးပွဲ ဖြေပြီးမှ P အစိမ်း ရပါတယ် သူက ၈ ပွိုင့်
သူကို ၂နှစ်ကိုင်ပြီး စာမေးပွဲ ဖြေပြီးမှ FULL လိုင်စင်ရပါတယ် သူကတော့ ၁၂ ပွိုင်ပါ ။
)ပွိုင်ကုန်သွားရင် ကားမောင်းခွင့် ၆ လ ၁ နှစ် ၃နှစ် တချိုဆို လိုင်စင် လုံးဝ အသိမ်းခံရပြီး လိုင်စင်ပြန်ရဖို့ အစ ကနေ ပြန်စ ရပါတယ် ၊ရာသက်ပန် ယာဉ်မောင်း
လိုင်စင်သိမ်းခံ ရတာမျိုးလဲ ရှိပါတယ် ။ပြစ်မှု့ အကြီးအသေးပေါ်မူတည်ပြီးတော့
ကျနော်တို့ ထွက်မဲ့လမ်းကို ပိတ်ရပ် ထားတဲ့ (ကျနော် အထင် )ကိုရီးယားလူမျိုးထင်ပါ
တယ် ။ သူက ရဲ ကိုလိုက်တောင်းပန်ပေ မဲ့ ရဲ ကလက်မခံတောပဲ ဒဏ်ငွေ ချလန်စာ
ရွက် သာ ထိုးပေးပါတယ် ၃၈၅ ဒေါ်လာတဲ့ ....လေ။ ကျနော်လည်းကျောင်းကြိုချိန်
ဒီမိုကရေစီ စနစ် ဆိုတာ ဒါပါပဲ.....။ အဲသည်လူပာာ ငွေကြေးချမ်းသာသူဖြစ်ချင်ဖြ
ကျနော်ချစ်တဲ့ ကျနော်မြန်မာ နိုင်ငံကိုလည်း ဒီနိုင်ငံကလို လုံခြုံစိတ်ချ ရတဲ့ ဥပဒေနဲ့ 
လွတ်လပ်မှု့ တွေ ကို ရစေချင်တာက အမှန်ပါပဲ.....။
ခိုင်ကိုဦး (ဆစ်ဒနီ)
၁၈ . ၃ . ၂၀၁၄
No comments:
Post a Comment