Tuesday, 10 November 2015

စိတ်ထဲရှိတာလေး ပြောပါရစေ(၂).......

စိတ်ထဲရှိတာလေး ပြောပါရစေ(၂)
အခု မြန်မာပြည်မှာ အထွေထွေ ရွေးကောက်ပွဲ အချိန်ကာလ ....
နေ့စဉ် Facebook ပေါ်မှာ တွေ့နေရတာတွေက NLD နေရာအနှံမှာ အောင်နိုင်နေတာတွေ...လက်ရှိအာဏာရ ပါတီ ရဲ့ ရှုံးနိမ့်မှု့တွေ....။ အဲဒီမှာ ကျနော် ကြားဖောက်ပြီး စဉ်းစားမိတာလေးပါ....။
တိုင်ပြည်ရဲ့ ဖခင်ကြီး ...ဦးအောင်ဆန်း......သူဟာ စစ်ဗိုလ်ချုပ်ကြီး တယောက်....၊
NLD က အဖိုး သူရဦးတင်ဦး......
သူဟာ ကာကွယ်ရေးဦးစီးချုပ်.....
ပြည်သူ ဘက်တော်သား ကိုနေမျိုးဇင်.....သူဟာ ဗိုလ်ကြီးဟောင်း တစ်ယောက်.....
သူတို့ကို ပြည်သူတွေချစ်ကြတယ်....ခင်ကြတယ်...လေးစားကြတယ်....တန်ဖိုးထားကြတယ်....ဘာကြောင့်ဆိုတာ ရှင်းပြဖို့ လိုမယ်မထင်ပါဘူး....အမှန်တရားနဲ့ ပြည်သူလူထု အတွက် ရိုးသားစွာ ပေးဆပ်ခဲ့ကြလိုပါပဲ....။
ပြီးခဲ့တဲ့ လ အနည်းငယ်က
သူရဦးအောင်ကို....ကျန်းမာရေး မကောင်းတော့ ဆေးရုံ ရောက်....ဆုတောင်းပေးသူတွေ ဆုတောင်းပေးကြသလို...ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း လူနာမေး သွား ခဲ့ တယ်...သူလဲစစ်သားကြီးပါပဲ.....။
အခု သမ္မတ ကြီး ဦးသိန်းစိန် မဲရလာဒ် အပေါ်မှာ ...
မနိုင်ဘူး ဆိုလဲ မနိုင်တဲ့ အတိုင်းထားရမှာပေါ့ ဘယ်တတ်နိုင်မှာလဲ...ဆိုတဲစကား ကို မှတ်ချက်ပေးသူတွေ ကြိုဆိုသူတွေ များစွာတွေရပါတယ်....သူလဲ စစ်သားကြီးပါပဲ........။
ဦးဌေးဦး......
မနေ့က အင်တာဗျူးတခုမှာ
သူရှုံးပါပြီ ...တဲ့.....
အရှုံးကို လက်ခံပြီး အမှန်ကို လက်ခံသွားတဲ့ အတွက် ဝိုင်းဝန်ကြိုဆိုကြတာတွေ တွေ့ရတယ်...။
သူလဲ စစ်သားကြီး ပါပဲ....
လက်ရှိ တပ်ချုပ်ကြီး ဦးမင်းအောင်လှိုင် .....
ပြည်သူ လိုလားသည့် ရလာဒ် ကို လက်ခံမည်....ဟုပြောကြားသွားခဲ့တဲ့စကား...
ကျေနပ် လောက်စရာ ပါပဲ....ကြိုဆိုကြပါတယ်....
သူရဦးရွှေမန်း......
ရွေးကောက်ပွဲရလာဒ်ကို သိက္ခာ
ရှိရှိ နဲ့ လက်ခံပေးပြီးNLD ကိုယ်စားလှယ် ဦးသန်းညွန့် အတွက် ဝမ်းမြောက်ဂုဏ်ယူ ကြောင်း ချီးကျူးစကား ပြောပြီး သူ့ Facebook ပေါ်မှာ ထပ်ဆင့်ဖော်ပြလိုက်တဲ့ အတွက် ချီးမွှမ်းစကားတွေ ကြိုဆိုကြောင်း တွေ များစွာ တွေ့လိုက်ရပါတယ်.....
သူလဲစစ်သားကြီး ပါပဲ.......
အဲသည်မှာ ဘာကိုစဉ်းစားပြီး ဘာတွေးမိသလဲ ဆိုတော့....
ကျနော်တို့ ပြည်သူလူထု ဟာ အမှား ကိုလဲ ကောင်းကောင်းသိသလို အမှန်ကိုလဲ မြင်တတ်ကြပါပေတယ်....အမှန်တရား ကိုလက်ခံ ထားတဲ့ စစ်ဗိုလ်စစ်သားတွေ အတွက် ဂုဏ်ယူဝင့်ကြွားစွာ ချစ်ခင်လေးစားကြသလို
အမှန်တရား ကို လက်ခံလာတဲ့
စစ်ဗိုလ်စစ်သား ကြီးတွေကို လှိုက်လှဲစွာ ကြိုဆိုကြတယ် .....
ချီမွှမ်းကြတယ်....
အဓိက ပေးချင်တဲ့ Massage က
ကျနော်တို့ ပြည်သူတွေ ဟာ....
စစ်သား...စစ်ဗိုလ်....
စစ်ဗိုလ်ချုပ်တွေ ကို မုန်းနေကြတာ မဟုတ်ပါဘူး.....
စစ်အာဏာရှင် စနစ်ကို ရွံရှာ မုန်းတီး နေကြတာပါ.....
အမှန်တရား....ပြည်သူ သဘော ကို လက်ခံလာတဲ့ ဘယ်လို စစ်သား...စစ်ဗိုလ်....ကို လိုလိုလားလား နွေးထွေးစွာ လက်ကမ်းကြို ကြမှာပါပဲ.......
    
                                                                  ခိုင်ကိုဦး
                                                                  10 .11 .2015

No comments:

Post a Comment