နိုင်ငံခြားသားကိုလက်ထပ်တာရာဇ၀တ်မှုလား
သရ၀ဏ်(ပြည် )
ကျွန်တော.်သူငယ်ချင်းများထဲတွင် အမျိုးသမီး လေးယောက်ခန်.မှာ နိုင်ငံခြားသားနှင်. တရားဝင်လက်ထပ်ထားကြသူများဖြစ်သည်
။ အမျိုးသမီး သုံးယောက်သည် ဂျာမန် အိမ်ထောင်ဘက်များနှင်. လည်းကောင်း ၊
ကျန်အမျိုးသမီးတစ်ယောက်သည်
ဗြိတိန်နိုင်ငံသားတစ်ဦးနှင်.လည်းကောင်းလက်ထပ်ထားကြပါသည် ။
သူတို.သည်တရားဝင်လက်ထပ်ပေါင်းသင်းနေကြပြီး ကျွန်တော်သိရသလောက်
ပျော်ရွှင်ချမ်းမြေ.သောအိမ်ထောင်သည်ဘ၀များကိုပိုင်ဆိုင်ထားကြပါသည် ။
သူတို.အထဲမှအချို.သည် နိုင်ငံခြားမှာနေသည် ။ အချို.က လက်ထပ်ပြီးသော်လည်း
မြန်မာနိုင်ငံမှာပင်နေသည် ။ ကျွန်တော်၏ မိတ်ဆွေ ခရီးသွားလုပ်ငန်းရှင်
အမျိုးသားတစ်ဦးမှာ ဂျာမန် အမျိုးသမီးတစ်ဦးကိုလက်ထပ်ထားသည် ။ ကျွန်တော်သည်
မိတ်ဆွေများ၏ နိုင်ငံခြားသား ခင်ပွန်း ၊ ဇနီး ဆိုသူများနှင်.လည်း
လက်ပွန်းတစ်နှီး ပေါင်းသင်းဆက်ဆံဖူးပါသည် ။ ထိုလူများနှင်.
ခရီးရက်ရှည်အတူသွားဖူးပါသည် ။ အဖြူပဲ ၊အမည်းပဲ ၊အ၀ါ ပဲ ၊ မြန်မာပဲ ၊
ဂျာမန်ပဲ ၊အင်္ဂလိပ်ပဲ ဟူသော အပေါ်ယံအေ၇ပြားကိုခွာချ၍ ကြည်.လိုက်လျင်
သူတို.သည် အိမ်ထောင်ဘက်အပေါ်တာဝန်ကြေသော ခင်ပွန်းကောင်း ၊ ဇနီးကောင်းများ
ဖြစ်သည်ကိုသာတွေ.ရပါလိမ်.မည် ။ လူမျိုးမတူသူနှစ်ဦးလက်ထပ်လိုက်ခြင်းဖြင်.
ဇနီးမယားဘက်ကိုသော်လည်းကောင်း၊ ခင်ပွန်းဖြစ်သူဘက်ကိုသော်လည်းကောင်း
သိသာထင်ရှားသော ထိခိုက်နစ်နာမှုမျိုးကိုမတွေ.ရပါပေ ။ တစ်ခုပဲရှိသည်
။မြန်မာနိုင်ငံ၏တည်ဆဲနိုင်ငံသားဥပဒေအရ သူတို.ကမွေးဖွားလာသော သားသမီးများမှာ
မြန်မာနိုင်ငံသားဖြစ်ခွင်.ရမည်မဟုတ်ပေ ။ ဧည်.နိုင်ငံသားသာဖြစ်ကြပေလိမ်.မည်
။ ဤသည်မှာလည်း ၁၉၈၂ နိုင်ငံသားဥပဒေအရ ဖြစ်သင်.ဖြစ်ထိုက်သော
လမ်းကြောင်းတစ်ခုဖြစ်သည် ။ ဤအထိအငြင်းပွားစရာမရှိ ။
ကိုယ်ကြိုက်လျင်ကိုယ်ယူကြ ။ကိုယ်.အိမ်ထောင်ဘက်ကို
ကိုယ်လွတ်လပ်စွာရွေးချယ်ကြရုံပဲဖြစ်သည် ။
သို.သော်ထို.ထက်တစ်ဆင်.တက်၍ နိုင်ငံခြားသားကိုလက်ထပ်ထားသူများ ၊
သားသမီးရထားသူများသည် မြန်မာနိုင်ငံအပေါ်သစ္စာမရှိသူများ ၊
မယုံကြည်ထိုက်သူများ ဖြစ်သယောင် ဖွဲ.စည်းပုံအခြေခံဥပဒေတွင် ထည်.သွင်းရေးဆွဲ
ထားသည်ကတော. စဉ်းစားစရာဖြစ်လာပြီဖြစ်သည် ။ ဤတွင်မေးစရာရှိလာသည်မှာ
လူတစ်ယောက်သည် နိုင်ငံခြားသားတစ်ယောက်နှင်.လက်ထပ်လိုက်သည်နှင်.
မယုံကြည်ရသောသစ္စာဖောက်တစ်ယောက်ဘ၀( Enemy of the State )
သို.အလိုလိုကျရောက်သွားသလော ။ ထို.ထက်အလွန်ဆိုရလျင် မိမိ ၏အဖေ (သို.မဟုတ်
)အမေသည် နိုင်ငံခြားသားတစ်ယောက်နှင်.လက်ထပ်လိုက်လျင် မိမိကပါရော၍
မယုံကြည်ရသူဖြစ်သွားသယောင် ၊ မိမိ ၏ သားမက် (သို.မဟုတ် )ချွေးမက
နိုင်ငံခြားသား တစ်ယောက်ဖြစ်တာနှင်. မိမိပါနေရင်းထိုင်ရင်း
သစ္စာဖောက်တစ်ယောက်ဖြစ်သယောင် ဥပဒေတွင်ထည်.၍ ရေးထားခြင်းမှာ
ဖြစ်ရောဖြစ်သင်.ပါသလားဟုမေးစရာဖြစ်လာပေသည် ။
သားသမီးဆိုသည် မှာ
အသက်ဆယ်.ရှစ်နှစ် မပြည်.ခင်အထိ မိမိအုပ်ထိမ်းမှုအောက်တွင်ရှိ၍ ပြော၍ ဆို၍
ရချင်ရဦးမည် ။ အသက်ကြီး အရွယ်ရောက်လာ၍ သူ.ဘာသာ ယူချင်သောလူကို ယူခြင်း၌
မိဘကိုအဘယ်ကြောင်. တရားခံစာရင်းထည်.ရမည်နည်း ။ ဆိုကြပါစို. မိမိ၏ဖခင်သည်
အမေကွယ်လွန်ပြီးနောက် သူကြိုက်နှစ်သက်ရာ ကုလားမ ၊တရုတ်မ တစ်ယောက်ယောက်
ကိုကောက်ယူလိုက်သည်ဆိုပါစို. ။ သားသမီးဖြစ်သူက အဖေ
အဲဒိမိန်းမကိုယူရဲယူကြည်.ဟု တုတ်နှင်.ရိုက်ကာဆုံးမရမည်လော ။
အဖေလုပ်သောအလုပ်တစ်ခုသည် အဘယ်ကြောင်.သားသမီးက တာဝန်ခံရမည်နည်း ။
ဤသို.ဆိုလျင် အဖေ ရာဇ၀တ်မှုကျူးလွန်လျင် သားသမီးက
ဘာမှမလုပ်ပဲထောင်ကျခံရလေတော.မည်လား ။ မိမိသားမက်မကောင်းသဖြင်. ယောက္ခမမှာ
ကြိုးစင်တက်ရတော.မည်လော ။ ချွေးမ မကောင်းသဖြင်. ယောက္ခမကိုထောင်ချတော.မည်လော
။ ဇနီးမကောင်းသဖြင်. ခင်ပွန်းကို ၊ လင်မကောင်းသဖြင်.
မယားကိုအပြစ်ပေးရတော.မည်လော ။
သို.သော်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ.စည်းပုံအခြေခံဥပဒေ အခန်း (၃) ပုဒ်မ ၅၉
(စ ) ၌
နိုင်ငံတော်သမ္မတနှင်.ဒုတိယသမ္မတများ၏အရည်အချင်းကိုအောက်ပါအတိုင်းကန်.သတ်ရေးသားထားလေ
သည် ။
“ မိမိကိုယ်တိုင်သော်လည်းကောင်း ၊မိမိ၏
မိဘတစ်ပါးပါးသော်လည်းကောင်း ၊မိမိ၏ဇနီး သို.မဟုတ်ခင်ပွန်းသော်လည်းကောင်း ၊
မိမိ၏တရားဝင်သားသမီး တစ်ဦးဦးသော်လည်းကောင်း ၊ထိုတရားဝင်သားသမီးတစ်ဦးဦး၏
ဇနီး သို.မဟုတ်ခင်ပွန်းသော်လည်းကောင်း
နိုင်ငံခြားအစိုးရ၏ကျေးဇူးသစ္စာတော်ကို ခံယူစောင်.ရှောက်ရိုသေသူ
သို.မဟုတ်နိုင်ငံခြားအစိုးရ၏လက်အောက်ခံ ဖြစ်သူ သို.မဟုတ်
တိုင်းတပါး၏နိုင်ငံသားဖြစ်သူများမဖြစ်စေရ ၊ထိုသူများသည်
နိုင်ငံခြားအစိုးရ၏လက်အောက်ခံဖြစ်သူသော်လည်းကောင်း၊တိုင်းတစ်ပါး၏နိုင်ငံသားသော်လည်းကောင်း
ခံစားရသောအခွင်.အရေး များနှင်.ကျေးဇူးခံစားခွင်.များကို
ခံစာနိုင်ခွင်.ရှိသူများမဖြစ်စေရ “ ဟု ရှည်လျားစွာရေးသားထားလေသည် ။ ထိုဥပဒေ
ထွက်လာကာစက ကျွန်တော်.သူငယ်ချင်းတစ်ယောက်သည် ဖတ်ကြည်.ပြီး
“ ရေးရတာရှည်ပါတယ်ကွာ အောင်ဆန်းစုကြည် မပါရ လို.တစ်ကြောင်းတည်းရေးလိုက်ရင်ပြီးရော “ ဟု ပြောဖူးပါသည်။
ပြောလဲပြောချင်စရာဖြစ်နေသည် ။ ၁၉၉၀ရွေးကောက်ပွဲလုပ်စဉ်ကလည်း
လွှတ်တော်ကိုယ်စားလှယ်များ ထဲတွင် ဒေါ်အောင်းဆန်းစုကြည်ပါလာမှာစိုးသဖြင်.
ရွေးကောက်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်လိုသူများသည် မြန်မာနိုင်ငံ၌ အနည်းဆုံး
ရှစ်နှစ်တိတိ တစ်ဆက်တည်းအခြေချနေထိုင်ခဲ.ဖူးရမည် ဟု ကြံဖန်ကန်.သတ်ခဲ.ဖူးသည်
။ ဒေါ်စုသည် ၁၉၈၈ တွင်မှ မြန်မာပြည်ပြန်ရောက်လာသဖြင်. ၁၉၉၀ ၌ ဘယ်လိုမှ
ရှစ်နှစ်မပြည်.သေးပေ ။ ၂၀၁၀ တွင်မူကား ရှစ်နှစ်ပင်မက
မြန်မာနိုင်ငံတွင်နေထိုင်လာသည်မှာ ၂၂ နှစ်ပင် ကြာပြီဖြစ်၍
နောက်ထပ်ညစ်ကွက်သုံးလာခြင်းဖြစ်သည် ။
ဤတားမြစ်ချက်သည်
မြန်မာနိုင်ငံ၏ လျှို.၀ှက်ချက်များ တိုင်းတပါးသို.ပေါက်ကြားမှာစိုးသဖြင်.
လိုအပ်၍ ကန်.သတ်ရခြင်းဖြစ်သည် ဟု ဥာဏ်ကြီးရှင် တစ်စုက
ကာကွယ်၍ပြောချင်လဲပြောပါလိမ်.မည် ။ ထိုသို.ပြောသူများသည်
ခေတ်ကာလကိုမေ.လျော.နေသူများဖြစ်သည် ။ခေတ်နောက်တွင် အနှစ်
(၅၀)လောက်ပြတ်ကျန်နေသူများ ။ ဒုတိယကမ္ဘာစစ် ၊စစ်အေးတိုက်ပွဲခေတ်
၊ကွန်မြူနစ်တစ္ဆေခြောက်နေကြသောခေတ်မှ မတက်နိုင်သောအတွေးအခေါ
်များကိုပိုင်ဆိုင်ထားသူများဟုသာ ပြောချင်ပါသည် ။အဘယ်.ကြောင်.ဆိုသော် ယနေ.
အင်တာနက် ၊ အီးမေးလ် ၊ အိုင်တီခေတ်တွင် နိုင်ငံတစ်နိုင်ငံ၏
လျှို.၀ှက်ချက်များပေါက်ကြားဖို.ဆိုသည်မှာ သမ္မတ၏ ယောက်ျား
နိုင်ငံခြားသားဖြစ် မှသာမဟုတ် ၊ သမ္မတ၏ သားသမီး နိုင်ငံခြားတွင်နေမှမဟုတ် ၊
အတွင်းလူထဲက ကွန်ပြူတာတစ်ချက် ကလစ်နှိပ်ရုံ ၊ file တစ်ခု download ဆွဲရုံ ၊
website တစ်ခု အား ထိုးဖောက်ဝင်ရောက်ရုံ ၊ Hack လုပ်ရုံနှင်.
အောင်မြင်ပြီးမြောက်ကြောင်း အခြေခံ အိုင်တီ ဗဟုသုတရှိသူပင်သိနိုင်ပါသည် ။
ယခုအခါ တစ်ကမ္ဘာလုံးပွက်လောရိုက်နေသော
အမေရိကန်အမျိုးသားလုံခြုံရေးအဖွဲ.၏သတင်းမှတ်တမ်းများပေါက်ကြား မှုသည် သမ္မတက
သူ.အမျိုးနိုင်ငံခြားသားများကို ပါးစပ်ဖွာ၍ ဖွင်.ချခဲ.ရာမှပေါ
်ပေါက်လာသည်မဟုတ် ။ လျှို.၀ှက်မှတ်တမ်းများကို CIA
ထောက်လှမ်းရေးကန်ထရိုက်တာဟောင်း မှ ရယူဖွင်.ချခဲ.ခြင်းဖြစ်သည်
။ဝီကီလ်ခ်ကိုထူထောင်ခဲ.သော ဂျူလီယန်အဆန် သည်လည်း သူ၏ မိတ်ဆွေ
အမေရိကန်လေတပ်သား မိန်းမလျာတစ်ဦးဖြစ်သူ ချယ်ဆီးမန်းနင်းထံမှ
စစ်သတင်းများကို ရရှိခဲ.ခြင်းဖြစ်သည် ။ သမ္မတထံမှ ပေါက်ကြားခဲ.ခြင်းမဟုတ်ပေ ။
တစ်ဖက်မှစဉ်းစားလျင် သမ္မတ ၏ဆွေမျိုးများသည်
နိုင်ငံခြားသားများဖြစ်သော်လည်း သမ္မတကသာ တကယ်နှုတ်လုံခဲ.လျင်
နိုင်ငံတော်ထိပ်တန်းလျှို.၀ှက်ချက်တစ်ခုသည် မည်သူ.ဆီကိုမျှ အချိန်မတိုင်ပဲ
မပေါက်ကြားနိုင်ကြောင်း အိုစမာဒင်လာဒင်ကိုသုတ်သင်နိုင်ခဲ.သော သမ္မ
အိုဘားမား၏ အထူးလျှို.၀ှက် စစ်ဆင်ရေးကသက်သေပြနေပါသည် ။
အိုစမာဒင်လာဒင်ကိုသွားရောက်ဖမ်းဆီးဖို.အမိန်.ပေးခဲ.သောစစ်ဆင်ရေးပိုင်ရှင်
သမ္မတ ဘားရက်ဟူစိန်အိုဘားမား၏ ဖခင်အပါအ၀င်အမျိုးများသည် အာဖရိကတိုက်မှ
ကင်ညာနိုင်ငံသားများဖြစ်သည် ။ ကြံဖန်စိတ်ပူလျင် စူပါ ပါဝါ
အမေရိကန်ပြည်ထောင်စု၏ ထိပ်တန်းလျှို.၀ှက်ချက်များသည် သူ.အမျိုးများရှိရာ
ကင်ညာနိုင်ငံ သို. တရစပ်ပေါက်ကြားနေဖို.ပဲရှိသည် ။ သို.သော် တကယ်.လက်တွေ.၌
သမ္မအိုဘားမားသည် အကြမ်းဖက် အယ်လ်ကေဒါအဖွဲ.ခေါင်းဆောင် အိုစမာဘင်လာဒင်ကို
ပါကစ္စတန်နိုင်ငံတွင်သွားရောက်ဖမ်းဆီးခဲ.သော စစ်ဆင်ရေး ၌ သူ.မိန်းမ
မီရှဲလ်အိုဘားမားကိုပင်အသိပေးခဲ.ခြင်းမရှိပဲ
ထိပ်တန်းဗိုလ်ချုပ်ကြီးများနှင်. Navy Seal အဖွဲ.၀င် များကိုသာ
ကန်.သတ်အသိပေးပြီး သမ္မတစ်ယောက်ထားရှိအပ်သော
လုံခြုံရေးလျှို.၀ှက်ချက်ကိုစောင်.ထိန်းခဲ.၍ စစ်ဆင်ရေးအောင်မြင်ခဲ.ပါသည် ။
မြန်မာနိုင်ငံမှ လူအချို.ကြံဖန်ပူပင်သလို မိဘကနိုင်ငံခြားသားဖြစ်၍ သတင်းတွေ
ပေါက်ကြားမည်ဆိုသည်မှာ မှန်ကန်သောကိစ္စမဟုတ်ပါ ။ နိုင်ငံခြားသား
ကြောက်လန်.သည်.ရောဂါ ( Xenophobia ) ရနေသူအချို.မှ
ညစ်ကွက်သုံးကာကြွေးကြော်နေခြင်းသာဖြစ်ပါသည် ။
ဤဆောင်းပါး၏ရည်ရွယ်ချက်မှာ မြန်မာများ နိုင်ငံခြားသားတွေကိုလက်ထပ်ကြ ဟု
အားပေးအားမြှောက်လုပ်လိုသော ရည်ရွယ်ချက်မဟုတ်ပါ ။ နိုင်ငံခြားသားကိုမယူပဲ
မိမိနိုင်ငံသားအချင်းချင်းယူလျင်ကားအကောင်းဆုံးဖြစ်ပါသည် ။
သို.သော်အိမ်ထောင်ပြုခြင်းသည် လူတစ်ဦးတစ်ယောက်ခြင်း၏လွတ်လပ်ခွင်.သာဖြစ်၍
မိမိကြိုက်နှစ်သက်သူကိုယူခွင်.ရှိပါသည် ။ မိမိအိမ်ထောင်ဘက်ကိုအကြောင်းပြု၍
ငယ်ငယ်ကကလေးများကို လူကြီးများက “ ဒေဝေါကြီးလာပြီ “ ဟု
ခြိမ်းချောက်သလိုမျိုး မရှိသောအရာ
မဖြစ်သောအရာကိုလက်ညိုးထိုးအပြစ်ရှာနိုင်အောင်
အခြေခံဥပဒေတွင်ထည်.၍ရေးခြင်းကိုကန်.ကွက်လိုရင်းဖြစ်ပါသည် ။
တိုင်းပြည်အတွက်တကယ် လုပ်နိုင်သောခေါင်းဆောင်လည်းဖြစ်မည် ။
အရည်အချင်းလည်းရှိမည် ၊စိတ်ရင်းစေတနာလည်းမှန်သည် ဟုစိတ်ချနိုင်မည်ဆိုလျင်
သူ.အိမ်ထောင်ရေးကို ကြည်.၍ ဆီလိုအပေါက်ရှာနေမည်.အစား
တိုင်းပြည်ကောင်းစားရေးအတွက် ခေါ်ယူနေရာပေးသင်.ပါသည် ။ စာရေးသူသည် NLD
ပါတီဝင်လည်းမဟုတ် ၊ဒေါ်အောင်ဆန်းစုကြည်နှင်. သိကျွမ်းသူလည်းမဟုတ၊်သူ.ကို
ပုဂ္ဂိုလ်ရေးကိုးကွယ်သူလည်းမဟုတ်သဖြင်. ဤဆောင်းပါးကိုရေးရတာလိပ်ပြာလုံပါသည် ။
လမ်းမှန်ကမ်းမှန်သာဆိုလျင် ဒေါ်စုပဲ သမ္မတဖြစ်ဖြစ် ၊
ဦးသိန်းစိန်ပဲဆက်အုပ်ချုပ်အုပ်ချုပ်၊ ဦးရွှေမန်းပဲတက်တက် ၊
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပဲ သမ္မတဖြစ်ဖြစ် ကန်.ကွက်စရာမရှိပါ
။ကျွန်တော်ယုံကြည်တာတစ်ခုပဲရှိပါသည် ။ ၎င်းမှာ စင်ကာပူနိုင်ငံတိုးတက်အောင်
အံ.မခန်းစွမ်းဆောင်နိုင်ခဲ.သောဝါရင်. ၀န်ကြီးချုပ် လီကွမ်ယု
၏စကားတစ်ခွန်းဖြစ်သည် ။ လီကွမ်ယုပြောခဲ.သောစကားမှာ
“
နိုင်ငံရေးအားပြိုင်မှု ကိုမတားမြစ်ပါဘူး ။ ငါတို.တားမြစ်တာက ပါလီမန်နဲ.
အစိုးရထဲမှာ မစွံတဲ.သူတွေပါဝင်လာမှာ ကိုတားဆီးတာပါ ။
အရည်အသွေးရှိတဲ.လူတိုင်းကိုကြိုဆိုပါတယ် ။
အမှန်တကယ်အလေးအနက်ထားရမယ်.ခေါင်းဆောင်တစ်ယောက်ကထပြီး
စင်ပြိုင်အစိုးရထောင်မယ်ဆိုရင်သိပ်ကောင်းတာပေါ.
။စင်္ကာပူမှာရွေးစရာရှိသွားတာပေါ. “
ဟူ၏ ။
စင်္ကာပူဘာကြောင်.အောင်မြင်သလဲဆိုသည်.လျှို.၀ှက်ချက်၏ အဖြေကို ဤ
စကားကရှင်းပြသွားသည် ။ သူ.အစိုးရအဖွဲ.မှာ လူတော်တွေအတွက်ပဲနေရာရှိသည် ။
အရည်အချင်းမမီသူများအတွက်နေရာမရှိပါ ။ တကယ်တော်လျင်
ဘယ်သူ.ကိုမဆိုနေရာပေးမည်ဆိုသော ပွင်.လင်းသည်.စိတ်ဓါတ်ဖြစ်သည် ။ ဤစိတ်ဓါတ်
သဘောထားကြီးမားမှုကြောင်.ပဲ စင်္ကာပူသည် ရေတောင် မလေးရှားမှဝယ်သောက်နေရသော
ဘာမှသယံဇာတမရှိသည်. တံငါ ရွာကလေးမှ ကမ္ဘာကမော်ကြည်.ရသည်နိုင်ငံဖြစ်လာခဲ.သည် ။
သူတို.မူဝါဒကရှင်းသည် ။ကောင်းလျင်သုံးမည် ။
အသုံးမကျသူများအတွက်နေရာမရှိစေရ ။
အချို.ကလည်းကပ်သီးကပ်သတ်ပြောကြသည်
။ ဒေါ်အောင်ဆန်းစုကြည်အတွက်ထိုဥပဒေကိုပြင်ပေးလိုက်လျင်
အနာဂါတ်မြန်မာနိုင်ငံ၌ နိုင်ငံခြားသြဇာခံများနေရာရလာမှာစိုးရိမ်ရတယ်ဟူသတည်း
။ ဤနေရာ၍ပြောချင်သည် မှာ ထိုကိစ္စအတွက်မပူပါနှင်. သမ္မကိုလွှတ်တော်
မှရွေးသည်ဖြစ်စေ ၊ ပြည်သူလူထုမှ တိုက်ရိုက်ရွေးသည်ဖြစ်စေ ပြည်သူလူထုသည်
အရူးများမဟုတ်ပါ ။ မည်သူကောင်းသည် မည်သူဆိုးသည်ကို သမိုင်းနှင်.ယှဉ်၍
ကျောကော.အောင်ခံခဲ.ရသူများဖြစ်ရာ ကိုယ်.လည်ပင်းကိုယ်
ကြိုးကွင်းစွပ်သောအလုပ်မျိုးကိုမည်သူမှလုပ်မည်မဟုတ်ပါ ။
ကိုယ်.ခေါင်းဆောင်ကို
ကိုယ်ကိုယ်တိုင်အကောင်းဆုံးရွေးချယ်နိုင်ကြမည်ဖြစ်ပါသည် ။
လွှတ်တော်အမတ်များသည်လည်း ထိုကဲ.သို. ဥာဏ်ရည်ဥာဏ်သွေးမျိုးရှိခဲ.ပါက
မည်သို.မျှ မှားယွင်းရွေးချယ်မှုဖြစ်နိုင်တော.မည်မဟုတ်ပါ ။ ထို.ကြောင်.
မမြင်ရသော ဒေဝေါကြီးကိုပြကာ ထိတ်လန်.ကြောက်ရွံ.နေသော အခြေခံဥပဒေ ပုဒ်မ ၅၉
(စ) ကို ရဲရဲဝံ.၀ံ.ပြင်ဆင်ကြပါ ။ ဘာမှ စိုးရွံမှုမရှိကြပါနှင်. ။
လူကောင်းနှင်.လူဆိုးကို မြန်မာပြည်သူလူထုကကောင်းကောင်းခွဲတတ်ပါသည် ။
မြင်းတစ်ကောင်ထဲပြေးသောပြိုင်ပွဲထက် အားကောင်းမောင်းသန်
မြင်းလေးငါးကောင်ပြေးသောပြိုင်ပွဲကပို၍ စိတ်လှုပ်ရှားစရာကောင်းပေလိမ်.မည် ။
တကယ်တော. သမိုင်းတွင်
ငဇင်ကာသည်လည်းကောင်း
ဂဠုန်ဦးစောသည်လည်းကောင်း
အက်ဒ၀ပ်စနိုးဒင်းသည်လည်းကောင်း
အိုစမာဘင်လာဒင်သည်လည်းကောင်း
ဟစ်တလာသည်လည်းကောင်း
ဘရုတပ်စ် သည်လည်းကောင်း
ဒေ၀ဒတ်သည်လည်းကောင်း
စိဉ္စမာန သည်လည်းကောင်း
သွားလေသူပုဂ္ဂိုလ်ကြီးသည်လည်းကောင်း
မည်သူမျှ နိုင်ငံခြားသားကိုလက်ထပ်ထားသူများမဟုတ်ကြပါ ။ ဆိုးမည်.သူက ဆိုးကိုဆိုးမည်သာ ။
သရ၀ဏ်(ပြည်)
No comments:
Post a Comment