Sunday, 15 November 2015

စိတ်ထဲရှိတာလေး ပြောပါရစေ.....(၄)....။

စိတ်ထဲရှိတာလေး ပြောပါရစေ.....(၄)....။

အမှန်တကယ် ပြောင်းလဲချင်ပြီ ဆိုရင် သောက့်ကျင်တွေ အရင်ပြင်မှ ဖြစ်ပါ
လိမ်မယ်....။ ကျနော်တို့  မြန်မာတွေပာာလေ...(ဗိုလ်ချုပ်အောင်ဆန်းစကား
နဲ့ ပြောရရင်....)တလွဲဆံပင်ကောင်းကြတယ်...။ ဘယ်အရပ် ဘယ်ဒေသ
ရောက်ရောက်...အကျင့်ပောာင်းစရိုက်ပောာင်းတွေကို မပြင်နိုင်ကြဘူး......။
မြန်မာ ပြည်မှာလို ဆင်းရဲချိုတဲ့လို့  အကျင့်ဆိုးတွေ ရှိနေတာ မပြောသာပေ
မဲ့ Australia လို နိုင်ငံမျိုး တနည်းပြောရရင် ရုပ်ပိုင်း ဖွံဖြိုးတိုးတက်တဲ့ နိုင်ငံ
မျိုး ရောက်နေတာတောင်မှ သောက်ကျင့်ဆိုးတွေ မပြင်နိုင်ကြဘူး.....။
Sydney မှာ ပြုလုပ်ကျင်းပတဲ့ အခမ်းအနား ပွဲလမ်းသဘင် တိုင်း ကျနော်
မရောက်ပေမဲ့ ရောက်ခဲ့ဖူးတဲ့ နေရာတိုင်မှာ တွေ့ ရတာလေး ပြောချင်တာပါ....
မတူတာလေးတွေ ...တွေတာလေးတွေ ပြောချင်ပါရဲ့......။
ကျနော်တို့  မြန်မာ လူမျိုးတွေပာာ စေတနာ အားမနည်းကြပါဘူး.....။အလှု အတန်း ဆိုရင်လည်း ရက်ရက်ရောရော ပေးကမ်းလှူ ဒါန်းကြပါတယ်....။
ကိုယ်ချင်းစာ တရားကို လက်ကိုင်ထားပြီး ကူညီသင့်တဲ့ အရေးဆိုလဲ အား
တက်သရော ကူညီကြ တယ်....မြန်မာပြည် ရေဘေး ကြုံစဉ်ကလဲ အလှု ငွေ
တွေ ကောက်ခံကြ...ဈေးရောင်းပွဲ တွေ လုပ်ပြီး ငွေရှာကြ လှူ ကြပါတယ်....။
သာသနာ အရှည်ခန်ပြီး တည်တံ စေဖို့  ဘုန်းတော်ကြီးကျောင်း ရံပုံငွေရှာဖွေ
ဈေးရောင်းပွဲတွေ ဆိုလဲ အာတက်သရော ပါဝင်ကြတာ တွေရပါတယ်....။
အဲသည့်က ရောင်းချလို့ ရတဲ့ ငွေကို လှူ ဒါန်းကြတာလဲကြားရတာ အင်မတန် အား၇ဖွယ်ရာကောင်းပါတယ်....သာဓု လဲ အကြိမ်ကြိမ် ခေါ်မိပါရဲ့........။
မကောင်းတာ ပြောရမှာ.....အားတော့နာပါရဲ့ ......။
ကျ နော်တို့  မြန်မာ တချို ပာာလေ...(တချို ကိုပြောတာပါ....လူတိုင်ကို မဆို
လိုပါဘူး)...။အခမဲ့ စားရတဲ့ အရပ်...အခမဲ့ စားရတဲ့ပွဲ ဆို အတော်စည်ကားပါ
တယ်.....။သူတပါးက အလှူ ပေးပြီး အခမဲ့ ကြွေးတာ ကို မနာလို မရှု့ စိမ့်ဖြစ်
နေတာလာလို့ တော့ မမေးပါနဲ့  နာလိုပါတယ်ရှု့ စိမ့်ပါတယ်....သာဓုလဲ ခေါ်ပါ
တယ်.....။သိုသော် အဲလို အခမဲ့ အလှူအတန်းတွေမှာ မကြာခဏတွေ ရတာက
ကုန်နိုင်သ မျှ ထည့်စားကြတာ မပာုတ်ပဲ မတန်တဆ တွေ ထည့်....စားမကုန်
အမှိုက်ပုံးထဲ ထည့် ကြတာကိုတော့ မရှူ့ စိမ်နိုင်တာပါ......။ဘုန်းတော်ကြီး
ကျောင်းတွေ က ကထိန် ပွဲ ၀ါဆိုပွဲ ...အလှုတွေမှာ ...အစ လှူ နိုင်တာလေးကို
လှူနိုင်သလောက် ပါဝင်ချက်ပြုတ် လှူဒါန်းကြ ပါတယ်.....။ကိုယ်လှု
တာလေးကို လာတဲ့ဧည့်ပရိတ်သတ် ခံတွင်းတွေတယ်...စားမြိန်တယ် ဆိုတာ
တွေရရင် လှူ သူလဲပီတိဖြစ်....ကုသိုလ်ရ....ဘယ်လောက်များ အဆင်ပြေ
လိုက်ပါသလဲ.....အလှူတခုမှာ ပာင်းတခွက်က အစ မြန်မာမုန့် တမျိုးမျိုးက
အဆုံး အင်အားစိုက်ရတာပါပဲ....။ကိုယ်ကုန်နိုင်သမျှ မပာုတ်ပဲ မဆန်ရင်ကာ
ထည့် ယူလာ မကုန်တော့သွန်ပြစ်....တဲ့အခါ နောက်လူလဲ မစားရ အချိန်ငွေ
အကုန်အကျခံ စေတနာနဲ့ လှူသူ မြင်ရပြန်တော့ ကုသိုလ် အလုပ်ကနေ အကုသိုလ်ဖြစ်....နှစ်ဦး နှက်ဖက် မပာုတ်ပဲ....သုံးဦးသုံးဖလှယ် အကျိုး မရှိ
တဲ့ အဖြစ်ပါ....။စကားစပ်လို့  ပြောပါဦးမယ်...ကျနော် ဒေါ်အောင်ဆန်းစုကြည် အိမ်မှာ နေခဲ့စဉ်က ...အန်တီပြောဖူးတဲ့ စကားလေးပါ....လူတစ်ယောက်က
ကိုယ်စားကြွင်းစားကျန်ကို တစ်လုပ်စာချန်....တော့လူဆယ်ယောက် ချန်တာ
ကို စုလိုက်ရင် လူတစ်ယောက် စားလောက်တဲ့ အစားအစာ ဖြစ်စေတယ်တဲ့...
ကိုယ်ဆီမှာ ဘယ်လောက်ပဲပေါများပေါများ....အစားအစာ ရှာပါးလို့ ငတ်နေ
တဲ့သူတွေ အများကြီးရှိနေပါသေးတယ်တဲ့.....အကျိုးမဲ့ မဖြစ်ပါစေနဲ့....တဲ့.....
နောက်ထပ်...တခု ပြောပါဦးမယ်.....မကြာသေးတဲ့ အချိန်က ဘာသာခြား မြန်
မာ လူမျိုးတွေ လုပ်တဲ့ ဧည်ခံပွဲ...(တနည်း)ညစာစားပွဲလေး တခု ရောက်သွားပါ
တယ်...အခမဲ့ လှူဒါန်းတာ မပာုတ်ပေမဲ့ ၀င်ကြေး အနည်းငယ်ပေးရပြီး အစား
အစာ အတော်စုံလင်စွာ ဧည်ခံကြွေးမွေးပါတယ်......။အဲသည်ညစာစားပွဲ လေး
ကိုလာသူအများစုပာာ လူမျိုးခြားတွေ နဲ့  ဘာသာ ခြားသူတွေပါ....။ထူးခြား
တာလေး တခုက လာသူအားလုံးပာာ ကိုယ်စားလို့ ကုန်နိုင်သလောက်လေး
ထည့်စားကြပါတယ်....လိုအပ်ရင် ထပ်ထည့်ပါတယ်.....စားမရတဲ့ အရိုးအရင်း
ကလွဲလို့  စားမကုန်လို့  စွန့် ပြစ်လိုက်ရတာမျိုး မတွေ့ ရပါဘူး.....။ဧည်ခံ ကြွေး
မွေးချိန် ပြီးသွားတဲ့ နောက်ပိုင်း အစားအသောက်တွေ ကျန်ရှိနေတာ အားလုံး
ကို Take Way ဗူးလေးတွေနဲ့ ထည်ပြီး လိုအပ်ရင် ၀ယ်သွားလို့ ရအောင် ဈေး
ချိုချို နဲ့ ရောင်းတာ တွေရပါတယ်....။ အချိုပွဲ ဖြစ်တဲ့ အသီးအနှံ လေးတွေက အစ ပေါ့....အဲသည့်ရောင်းရငွေ တွေကို သူတို့  ဘာသာရေး အဇွဲ့ အစည်းကို
လှူ ပါသတဲ့ ....ဗျာ....။
ဘယ်လောက် အကျိုးရှိလိုက်ပါသလဲ....စဉ်းစာကြည့်ကြပါ.....။ဘယ်ဘာသာ
ဘယ်အဖွဲ့ အစည်းက ပဲ ဖြစ်ဖြစ်....ကောင်းမွန်တဲ့ အလေ့အကျင်ဆိုရင် ကျနော်တို့ တွေ အတုယူသင့် ကျင့်သုံးသင်ပါကြောင်း........။
အဆင့်အတန်းရှိတဲ့ လူပါတ်ဝင်းကျင်လောကမှာ လူရာဝင်ဆံ ချင်တယ်ဆိုရင်
တော့ ကျနော်တို့ တတွေ သောက်ကျင့်ဆိုးတွေ ပြင်မှဖြစ်ပါလိမ်မယ်.....။

                                                                                        ခိုင်ကိုဦး(ဆစ်ဒနီ)
                                                                                         ၂၂ . ၁၁ .၂၀၁၅
မှတ်ချက်....စကားလုံး သုံးနှုံး မှု့ ရိုင်ရင် ခွင်လွှတ်ကြပါ.......
တချိုက ရိုင်ရိုင်ပြောမှ နာဝင်တတ်လို့ပါ.....။

No comments:

Post a Comment