Wednesday, 11 November 2015

စိတ်ထဲရှိတာလေးပြောပါရစေ....(၃)

စိတ်ထဲရှိတာလေးပြောပါရစေ....(၃)
မနေ့ က နဲ့  ဒီကနေ့  ဘာပဲလုပ်လုပ်...ဘယ်ပဲသွားသွား စဉ်းစားနေမိတာလေး
တွေ ပြောချင်ပါရဲ့ .....။
ကျနော် ...၁၉၉၀ မြန်မာပြည် အထွေထွေ ရွေးကောက်ပွဲ ကာလ မှာ အခြေခံ
ကျောင်းသား.(အ.က.သ)...မဲပေးခွင့်တော့ မရခဲ့ ပါဘူး....။ ဒါပေမဲ့ ၉၀ ရွေးကောက်ပွဲ ကိုသိနားလည်ခဲ့ မှီခဲ့တဲ့  အရွယ်ပေါ့......။
အခု ၂၀၁၅ ရွေးကောက်ပွဲ လဲပြီးသွားပါပြီ....မြန်မာပြည်က နေ ထွက်လာတာ
လဲ ၁၀ နှစ်ကျော်ပါပြီ....ဒါကြောင့် အခု ရွေးကောက်ပွဲ ကာလမှာ ဖြစ်ပျက်နေ
တဲ့ အခြေအနေ အားလုံးကို အပြည်အစုံ မသိနိုင်ပါဘူး....။ခေတ်ကာလ အပြောင်အလဲ ကြောင့် မိုဘိုင်းဖုန်းတွေက တဆင့် အင်တာနက် သတင်းတွေ
ကတဆင့် မြင်တွေ့ ကြားသိ နေရတာတွေက နေ ချဲထွင်စဉ်းစားမိတာလေး
တွေ ပြောချင်ပါတယ်....။
အထူးသဖြင့် ခေတ်ကာလ အပြောင်းအလဲ ကြောင့် တချိုသော အရာတွေပာာ
လိမ်လည် လှည်ဖြားလို့ မရတော့တာတော့ အမှန်ပါပဲ....၁၉၉၀ ကာလ မှာက
ပြည်ပ သတင်းဌာန က သတင်းတွေ ကိုသာ အားကိုးအားထား ပြု ကြရတာ
ပါ...မနက်ည ရေဒီယို လေးတလုံး ကနေပဲ ကိုယ်နိုင်ငံ ဒေသ အသီးသီး ဘာ
တွေ ဖြစ်နေတယ် ဆိုတာကို နားစွင့် ကြရပါတယ်....။ ဒီကနေခေတ်မှာတော့
အင်တာနက် ကတဆင့်...Facebook ဆိုတဲ့ လူမှု့ ကွန်ယက်က တဆင့် ဘယ်အရပ်ဘယ်ဒေသ ကသတင်း မဆို မိနစ်ပိုင်းအတွင်း နေရာ အရပ်ရပ်ကို ရောက်လွယ် သိလွယ် တဲ့ အချိန်မပာုတ်ပါလား.... ဒါကြောင့် ၉၀ တုန်းကလို သတင်းအမှောင် ချပြီး
ပြည်တွင်းက နိုင်ငံရေးသမားတွေ ပြည်သူလူထုတွေ ဘယ်သူကိုမှ အနိုင်ကျင့်
လို မရတော့တာကအကြောင်းတခု....
ကမ္ဘာကြီးကလဲ စောင်ကြည့်လေ့လာနေတာကလဲ အားသာချက် တခု....။
နောက် ထပ် အားသာချက် တခုက.......... လူထု ခေါင်ဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လွတ်လပ်စွာ သွားလာ
လှုပ်ရှားခွင့် ရနေပြီ (အန်တီ)ကိုယ်တိုင် ရွေးချယ်ခံ ကိုယ်စာလှယ် ဖြစ်နေတာပါ.....။ ၉၀ ရွေးကောက်ပွဲ ကာလ မှာ လူထု
ခေါင်းဆောင်ကို ၈၉ ခုနှစ်ကတဲ ကဖမ်းချုပ်ထားတာကြောင့် ဖြစ်သင့်တဲ့ အခြေ
အနေအတိုင်း ဖြစ်မလာခဲ့ဘူး မပာုတ်လား....။ ၉၀ ရွေးကောက်ပွဲ ကာလ ကလည်း ယခု အတိုင်းပါပဲ သောင်ပြို ကမ်းပြို ရွေးချယ် လိုက်ကြတာ တစ်နိုင်ငံ
လုံးရဲ့  မဲ (၈၀ )ရာခိုင်နှုံး နဲ့  အနိုင်ရခဲ့ တာပါပဲ....။ (အန်တီ) ကို အကျယ်ချုပ်နဲ့ 
ဖမ်းထားတဲ့ အတွက် အနိုင်ရခဲ့တဲ (၈၀) ရာခိုင်နှုးံ ထဲက လွတ်တော် ကိုယ်စား
လှယ် တွေ ပာာ Gandi ပောာ မှာ ပါတီ ညီလာခံ လုပ် ကြားဖြတ် အစိုးရ ဖွဲ့ ဖို့ 
အာဏာလွှဲအပ်ဖို့  တောင်ဆို ခဲ့ကြပါသေးတယ်.....ဒါပေမဲ့ ဦးဆောင် မှု ပေးနိုင်တဲ့ သူ မဲ့ နေတာကြောင့် လွှတ်တော် ကိုယ်စာလှယ် တချို က ထောင်နှစ်ရှည် ကျသူက ကျ....ပြည့်ပထွက်ပြေးသူ ပြေး နဲ့  ၀ါးအစည်း
ပြေသွားတာကြောင့် မြန်မာပြည် ဒီမိုကရေစီ ခရီးပာာ ခုလိုရှည်ကြာသွားတာပါ.
အဲသည် ဖြစ်ရပ်တွေ ကြောင့် အခု အချိန်မှာ ဒေါ်အောင်ဆန်းစုကြည် (အန်တီက) ရွေးကောက်ပွဲ ကာလ မတိုင်ခင်ကတည်းကစပြီး (NLD ပါတီ အနိုင်ရရင်တပ်မတော် အပါ အ၀င် ဘယ်ပါတီ နဲ့ မဆို လက်တွဲ ဆောင်ရွက်
မယ်လို့ တွင်တွင်ပြောခဲ့ပြီးလူထုကို တည်တည်ငြိမ်ငြိမ် ရှိကြဖို့  သတိပေးနေခဲ့
တာပါ.....။ စစ်တပ်က အတင်းအကြပ် ၀င်ရောက်ဆွက်ဖက်ပြီး ၉၀ တုန်းကလို အဖြစ် မျိုးဖြစ်လာစရာ အကြောင်းမရှိပေမဲ့ တချို သော အဖြစ် အပျက်တွေ စကားတွေ ပာာ တူနေတဲ့ အတွက် စိုးရိမ်စရာ တော့ ရှိနေပါသေးတယ် ....။
ဒီနေရာမှာ ၉၀ ကနဲ့  ဘာတွေ တူသလဲ မေးရင် တူတာတွေ ရှိနေပါတယ်.....
မနေက မဲ လာထည်တဲ့ ဦးသိန်းစိန် နဲ့  ဗိုလ်ချုပ်မှူးကြီးမင်အောင်လှိုင် ကို သ
တင်းသမားတွေ အင်တာဗျူး တော့ နိုင်တဲ့ ပါတီ ကိုအာဏာ လွဲပေးမှာ ပါတဲ့....
၁၉၉၀ မှာလဲ (န.၀.တ ) ဗိုလ်ချုပ်မှူးကြီး စောမောင်က နိုင်တဲ့ ပါတီ အာဏာ
လွှဲပေးပြီး စစ်တန်းလျှား ပြန်မယ် ပြောသွားခဲ့ ပါတယ်.....။ဒီနေရာမှာ အားသာ နေတာက ၉၀ မှာ ရွေးကောက်ပွဲ လုပ်တာ အာဏာလွှဲဖို့  မပာုတ်ဘူး
ဖွဲစည်ပုံ အခြေခံ ဥပဒေ ရေးဆွဲ ဖိုသာ ဖြစ်တယ် လို့  ဗိုလ်ခင်ညွန် လို ဗြောင်
ဝင်လိမ်လို့  မရတော့ဘူး.....(၂၀၀၈ ) ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ ကရှိနှင်နေပြီး
မပာုတ်လား.....။
နောက်တူတာလေး တစ်ခုက (၉၀ )ရွေးကောက်ပွဲပာာ မေ လ ၂၇ ရက်နေ့ မှာ လုပ်တာပါ...အဲသည့် ရွေးကောက်ပွဲ မတိုင်မှီ (တစ်ရက် အလို လား နှစ်ရက် အလို လာတော့ မမှတ်မိတော့ပါ) ရက်ပိုင်းလေး မှာတင် မြန်မာ ဆိုရှယ်လစ် လမ်းစဉ်ပါတီ ကို နာမည်ပြောင်းဖွဲ့ လိုက်တဲ့ တိုင်းရင်းသားစည်လုံးညီညွတ်ရေး
ပါတီ(တ.ဆ.ည) အတွင်းရေးမှူး ဦးချစ်လှိုင် က သတင်းထောက်တွေကို သူတို့ ပါတီ အကြီးအကျယ် အနိုင်ရမှာ ဖြစ်တယ် လို့  သူအိမ်မှာ ပဲ သတင်းစာ ရှင်းလင်ပွဲ လုပ်ပြီး ပြောသွားတာနဲ့ အခု ကြံခိုင်ဖွံဖြိုးရေးက ဦးဌေးဦး (၉၀ ) ရာ
နှုံး နိုင်မယ် လို့ ပြောသွားတာနဲ လဲတူနေပြန်ရော.....။
ဦးချစ်လှိုင် ...ဦးဌေးဦး ပြောသလို ရာနှုံးပြည့် နီးပါး နိုင်သွားတာ သူတို့ ပါတီ
မပာုတ်ပဲ NLD ဖြစ်နေတာ လဲ တူနေပြန်ရော.....။
ဒါပေမဲ့.....
ဒါပေမဲ့ ...ပေါဗျာ ကမ္ဘာကြီး က ဘယ်အရပ်ဒေသ ဘယ်လို နိုင်ငံရေး အချိန်းအ
ပြောင်းမှာ မှ မကြားဖူးတဲ့ (ရှိချင်လဲ ရှိမှာပေါ့ ကျနော် မသိတာလဲ ဖြစ်နိုင်ပါ
တယ်)...ရွေးကောက်ပွဲ အပြီး ရက်ပိုင်းအတွင်း အာဏာ လွှဲမပေးတဲ့ အချက်
တစ်ချက်နဲ့  ပါပေါင်းတော့ သတိကြီးကြီး ထားရမယ် ဆိုတာတော့ တွေးလိုက်
မိပါတယ်.....။
ဒီကြားထဲ....ရွှေဝါရောင် တော်လှန်ရေး ...မိကျောင်းကန်....လက်ပတောင်း...
ကိုပါကြီး...ဒေါ်ခင်ဝင်း....ပြီးတော့ လက်ရှိ အကျဉ်းထောင်တွေထဲက ကိုနေမျိုးဇင် အစ.....ဗ.က.သ က ကလေးတွေ အဆုံး....ငါးနှစ်တာ ကာလ ဖြစ်
ခဲ့ တာတွေ....ပြန်တွေးမိသလို ....စွမ်းအားရှင် လိုခေါ်တဲ့ လူမိုက်တွေ အသံတိတ်နေတာကလဲ သံသယ ၀င်စရာပါ.....ဒီကြားထဲ အင်္ကျီ အနီရောင်တွေ အ၀ယ်လိုက်နေတယ် ဆိုတဲ့ သတင်းကလဲ Faacebook ပေါ်တွေနေရတာကလဲ ရင်လေးစရာပါ......။
၁၉၉၀ တုန်းကလို အနိုင်ရ ပါတီကို အာဏာ လွှဲမပေးနိုင်ဘူး ဆိုတဲ့
ဖြစ်ရပ်မျိုးတော့ ထပ်ဖြစ်လာမှာ မပာုတ်ပေမဲ့
ပြည်တွင်းက NLD ပါတီဝင်တွေနဲ့  ဒီမို ကရေစီ အင်အားစုတွေ ...ပြည်သူလူထုတွေ အတွက်ကတော့ အထူးကို သတိ ထားရမဲ့  အချိန်ဖြစ်နေ ပါပြီ.....။
ဒီတစ်ခါ စစ်အာဏာရှင် သက်ဆိုးရှည်ခဲ့ စေမယ် ဆိုရင်တော့ဖြင့်...နောက်တစ်
ခါ ဒီလို့ အခွင့်အရေး ရဖို့  ဆိုတာ တကယ်ကို မလွယ်တော့ပါဘူး.....။
ဦးဆောင်ပြောင်းလဲနေတဲ့ ဒေါ်အောင်ဆန်းစုကြည်လဲ အသက် ကြီးလှပါပြီ......
အစစ အရာရာ....အထူးသတိရှိကြပါကုန်.......
                                                                           
                                                                                    ခိုင်ကိုဦး....
                                                                               ၁၁ . ၁၁ . ၂၀၁၅
မှတ်ချက်.....လွတ်လပ်စွာ သဘောထာကွဲလွဲ နိုင်ပါသည်...။

No comments:

Post a Comment