ဥရောဇဉ်....။
ဒီဆောင်းပါး....၊(ဒီဆောင်းပါးလေး လို့ ပဲ ပြောပါရစေ...)ဒီစာစုလေး ကို ကျနော်မြစ်ကြီးနား
ထောင်ထဲ မှာ ရှိစဉ်က တကြိမ်ရေးသားခဲ့ပြီးပါပြီ...။ ထောင်တွင်း စာဆောင်တခု အဖြစ် စုပေါင်းဖန်တီး ကြပြီး အန်တီ ဒေါ်အောင်ဆန်းစုကြည်ထံ ပေးပို့ ခဲ့ဖူးပါတယ် ။ ထောင်က လွတ်ပြီး ၂၀၀၄ ခုနှစ်မှာ ထပ်မံ ရေးသားခဲ့ပြီး မူလ လက်ရာအတိုင်း တသွေမသိမ်း ဖြစ်မှာ မပာုတ်ပေမဲ့ အနီးစပ်ဆုံးမှတ်မိသမျှ
ပြန်ရေးခဲ့တာပါ....။ အဲဒီစာစု လေးကို ပြန်လည်တွေ့ ရှိတာကြောင့် ၂၀၀၄ ခုနှစ်က ရေးထားတဲ့ အတိုင်း
မပြင်ဆင် မဖြည့်ဆွက်ပဲ ကျနော့်ရဲ့  မှတ်စု များမှာ ပြန်လည် အသက်သွင်းလိုက်ပါ.တယ်...။ လွန်ခဲ့တဲ့ ၁၀
နှစ်ကျော်က လက်ရာ ဖြစ်တဲ့ အတွက် အားနည်းချက်တွေ ရှိနေမှာ အမှန်ပါပဲ....။နားလည်ခွင်လွှတ်ခြင်းများ
နဲ့  ခံစားနိုင်ကြပါစေ....။
(၁)
၁၉၉၇ ခုနှစ် .ဧပြီလ . ၄ရက် .....
နံနက် ၄း၀၀ ။
ပြင်ပ လောက မှ လူအများက နှစ်ခြိုက်စွာ အိပ်မောကျ နေကြဦးမှာ အမှန်ပါ...။မနက် လေးနာရီ ဆိုသော
အချိန်သည် လဘက်ရည် ဆိုင် နှင့် ပဲပြုတ်ရောင်းသူတို့ သာလျှင် တနေ့ တာအတွက် စတင်သက်ဝင် လှုတ်
ရှားနေပေမည်.....။ အင်းစိန် စံပြအကျဉ်းထောင် ရဲ့ တိုက်ဝင်း အတွင်းမှာတော့ အိပ်မောကျမနေနိုင်အား
ပဲ လှုတ်လှုတ်ရှားရှား ရှိနေကြသည်.....။
ကျနော်နှင်အတူ အခန်းဖော် ဦးကျော် သည် အိပ်ယာလိပ်..၊ ဇွန်းခွက်ပန်ကန် နှင့် စားစရာ အချိုထည်ထား
သော အိတ်များ ဆွဲပြီး အခန်းအပြင်သို့  ထွက်လိုက်သည်...။သုံးလ နီးပါး နေခဲ့ ရသော (၂)တိုက် (၄၆)
ခန်းလေးကို အမှတ်တမဲ့ လှည်ကြည်မိလိုက်သေးသည်...။ ကျနော်အမည်ကိုခေါ်သံကြောင့် နောက်ဖက်
လှည်ကြည့် မိစဉ် ကိုဘိုကြည် (ယခု အေအေပီပီ)က
ခိုင်ကို စိတ်ကို အေးအေးထား...နယ်ထောင်က အင်းစိန်ထက်စာရင်သာတယ် ၊အနဲ နဲ့ အများ လွတ်လပ်
တယ် ....တဲ့ ။
ကိုဘိုကြည် ဘေးခန်း မှ ငှက်သိုက် ကိုတင်ထွန်း ကလည်း ....
တနေ့  အပြင်လောက မှာ ပြန်ဆုံရအောင် ကျန်းမာရေးတော့ ဂရုစိုက်ကွာ....တဲ့....
ထောင်ပြောင်း ပါသူများကို ကျန်ရစ်ခဲ့ သူများက အားပေးစကားပြောရင်း ၊ နှုတ်ဆက်စကား ဆိုရင်း (၂)တိုက် (ကြိုးတိုက်) တခုလုံးဆူညံ နေသည်....။
ကျနော် နှင့် သုံးခန်းကျော် (၄၉)မှ ဖျာပုံ ဦးနီလုံဦး က လက်ဆွဲ နှုတ်ဆက်ရင်း ....
မဆုံစည်းအပ်တဲ့ နေရာမှာ လာဆုံစည်းရတဲ့ ကိုယ်ညီတွေကို ဘယ်တော့မှ မမေပါဘူး ကွာ.....တဲ့
ထိုအခိုက် တိုက်ထောင်မှူးကြီး စောဇင်မြ....ထောင်မှူး ရွှေကို တို့ ရောက်လာပြီး တိုက်ရုံးခန်းရှေ့ 
ကွက်လပ်တွင် လူစုစေသည်...။ အခြားတိုက် အသီးသီးမှ နိုင်ငံရေး အကျဉ်းသမား (တနည်း) ယုံကြည်
ချက် အကျဉ်းသားများ လဲ တစတစ ရောက်ရှိလာခဲ့ပြီး နှစ်ယောက်တတွဲ ယှဉ်တွဲလျှက် စစ်ခွေးတိုက် သို့ 
ခေါ်ဆောင်သွားသည်....။ ထောင်ပြောင်းမည် အကျဉ်းသားအင်အားထက် များစွာသော ထောင်ဝါဒါ များ
က ၀န်ရံထားပြီး စစ်ခွေးတိုက် ရှေ့ မှာ ပင် ခြေကျင်းရိုက်လေသည်...။ ခြေကျင်းက တယောက် တစုံမို့ 
သာတော်သေးသည် ၊ နှစ်ယောက် ကိုတစုံ ခတ်လျှင် သွားရလာရ အင်မတန်ခက်သည်ပာုကြားဖူးသည်..။
အပေါ့ အလေး သွားချင်တာက အစ နှစ်ယောက်တွဲ သွားရသည် ...။
ခြေကျင်းရိုက်ပြီးနောက် (၄)ယောက် တခန်း ထားပြီး တွဲဖက်ထောင်(သီးသန့် ထောင်) မှ ရဲဘော် တချို့ 
ရောက်လာသည်ကိုလဲ တွေ့ ရသည်...။ ထောင်ဝန်ထမ်း တချို က နိုင်ငံရေးအကျဉ်းသားတဦးစီ ကို ကိုယ်ပိုင်နံပါတ်(ထောင်ဝင်နံပါတ်) ကိုယ်ရေးအကျဉ်း ...ထင်ရှားသည့် အမှတ်အသားများ စစ်ဆေးနေသည်....။
မနက် ..၇း၀၀ နာရီ
စစ်ခွေးတိုက်မှနေ တီအီး ကား များဖြင့်တင်ဆောင်လာခဲ့ပြီး ထောင်ဘူးဝ အရောက်တွင် ထောင်ပြောင်းရာ လမ်းတလျှောက် လုံခြုံရေးယူမည့် ရဲများ လက်သို့ လွှဲပြောင်း ပေးစဉ် သံခြေကျင်းများ ခိုင်ခန့် မှူ့  ရှိ မရှိ ကို
စစ်ဆေးခံကြရသည် ။ ထို့ နောက် ကျနော်တို့  လမ်းခရီး တွင် စားရန် ထမင်းထုတ် တယောက်ကို (၂)
ထုတ်စီ ဝေငှပေးလေသည် ...။တထုတ်က ထောင်ပုံစံ ပဲ.( အရည်မပါ )နောက်တထုတ်က ကြက်ဥပြုတ် (၂)လုံး...။
ထိုနောက် ကျနော် တို့  နိုင်ငံရေး အကျဉ်းသား(၃၀)ကျော်ကို အချုပ်ကား (ကားပြာကြီး) တစ်စီး ၊ တီအီး၁၁
တစ်စီးနှင့် တင်ဆောင်ပြီး ရှေ့ နောက် တီအီး ၁၁ နှစ်စီးပေါ်တွင် ရဲအင်းအား(၅၀) ကျော်က လုံခြုံရေးယူ
လျှက်အင်းစိန်ထောင်တွင်းမှ ထွက်ခွာ လာခဲ့ကြသည်...။ထို့ အချိန် အထိ ဘယ်သူတွေ ကိုဘယ်ထောင်ပို့ 
မည် ဆိုသည်ကို မသိရသေး...။
လုံခြုံရေး ရဲများက ခေါင်းငုံနေရန် အမိန့် ပေးသော်လည်း လေးဖက်နံရံ ကြာ နေရကြာပြီဖြစ်တဲ့ ကျနော်တို့ 
တတွေ ဘေးပါတ်ဝန်းကျင်ကို ငေးမောရင်း ပြင်ပလောက ရဲ့ သန်ရှင်းလတ်ဆတ်သော လေနုအေးအေး
ကို တရှိုက်မက်မက် ရှူ ရှိုက်ရင်း (ထောင်ပြောင်းရတယ် ဆိုပေမဲ့ )ပြုံးပျော် နေကြသည် ။
တကယ်တော့ ကျနော်ပာာ အင်းစိန်သားစစ်စစ်...။ငယ်စဉ်ကတဲက အင်းစိန်မှာနေ...အင်းစိန်မှာကြီး ....
အင်းစိန်သားစစ်စစ် ကျနော် အတွက် ရပ်ကွက်ထဲမှ အပေါင်းအသင်း သူငယ်ချင်းများ တွေ့ လို့ တွေ့ ငြား
ဘေးဘီ ၀ဲယာကို ငေးရင်းလိုက်ရှာ နေမိသည်...။ အင်းစိန်ထောင်နှင့်  ကျနော် အိမ် က ရထားလမ်းသာ
ခြားသည့် ပိာုဖက်ရပ်ကွက် သည်ဖက်ရပ်ကွက် ပာုပြောလျှင်ရသည်....။ကျနော်နေသည်က နံသာကုန်း
ထောင်က ဈေးကုန်း....ရထားဂုံးကျော် တံတား ဖြတ်သည်နှင့် ထောင် သို့ ရောက်သည် ...အလွန်အကျွံ
လမ်းလျှောက်ရမှ ၁၀ မီနစ် ခရီးပင်.....။
အန်တီခြံထဲမှာ နေစဉ်က ထောက်လှမ်းရေး တယောက်က မေးဖူးသည်....။
ထောင်ကျမှာ မကြောက်ဖူးလား.....တဲ့ ....
ကျနော် တကယ်ပဲဖြေခဲ့သည်....ပိာုဖက်ရပ်ကွက် ကနေ ဒီဖက်ရပ်ကွက်ပြောင်းနေရတာများဂရုစိုက်စရာ လိုက်လို့  ဗျာ....လိုလေ....(အဲဒါကြောင့်လားမသိ ကျနော်ကို ပိာု မိုင်(၉၀၀)ကျော် ဝေးတဲ့ မြစ်ကြီးနား
ထောင်ကို ပိုလိုက်သည်ပာုထင်သည် )
ထောင်ကျမည့်အရေးကို တွေးခဲ့ ဖူးသည် ...သို့ သော် မိုင်ရာချီဝေးသော နေရာသို့  ရောက်သွားလိမ်မည် ပာုတော့ ထင်မထားခဲ့ ...။
အရေးကြီးပါသည် ဆိုကာမှ ကျနော့် အပေါင်းအသင်း သူငယ်ချင်း တယောက်တလေမျှ မတွေ့ ....
ကျနော် တို့ နိုင်ငံရေးအကျဉ်းကျများ ထောင်ပြောင်းရပြီ ဆိုလျှင် သက်ဆိုင်ရာ မိသားစုများမှာ သောက
များစွာ ကြုံကြရသည်....။ကိုယ့်လင်...ကိုယ့်သား ...ကိုယ့် ဇနိးမယား ထောင်ထဲမှာ ရှိသည် အထင်နှင့်
(၁၄)ရက်စာ အစားအစာ များ ဆေးဝါး အ၀တ်အထည် အစစ အရာရာထုတ်ပိုးပြင်ဆင်လို့ လာကြရသည်.
ထောင်ဝင်စာတွေချိန်ကျကာမှ သက်ဆိုင်ရာ အကျဉ်းသားက မရှိလေတော့ စိတ်ပင်ပန်း လူပင်ပန်း ကြရ
သည် ..။အကျဉ်းသား အမည် ...ထောင်ဝင်အမှတ်...အဖ အမည် စသည် အချက်အလက်များတပ်ပြီး
မည်သည်ထောင်သို့ ပြောင်းရွှေ့ သွားသည်ကို ကြေငြာထားလျှင် ပြသနာသိပ်မရှိ....
မကြေငြာထားလျှင် ကိုယ့်လင်...ကိုယ့်သား ...ကိုယ့် ဇနိးမယား ဘာများဖြစ်ပါသလဲ...
ထောင်ဆေးရုံမှာလား....အပြင်ဆေးရုံ (များသောအားဖြင့်  အင်းစိန်ဆေးရုံ) မှာများလား...
သေများသွားပြီလား....စသည်ဖြင့်...စသည်ဖြင့် အတွေးပေါင်းများစွာ ..မေးခွန်းပေါင်းများစွာ နှင် သောက
ရောက်ကြရသည်....။နိုင်ငံရေး လုပ်သူ သာမက တနွယ်ငင်တစင်ပါ နိုင်ငံရေးလုပ်သူရဲ့ မိသားစုကိုပါ န.အ.ဖ ရဲ့ စီမံကိန်းချ နှိပ်ဆက်မှု့  ပင်ဖြစ်ပေသည်....။
ကျနော်တို့ စီးနင်းလိုက်ပါလာသော အချုပ်တွဲ ပါ ရထားကြီးက ရန်ကုန်ဘူတာကြီး သို့  ရောက်ရှိချိန်မှာ
မနက် (၉း၀၀)ခန်သာ ရှိပေဦးမည်...။ကျနော်တို့ အချုပ်တွဲ ကို အခြား စက်ခေါင်းတွဲ တခုက လာရောက်
ချိတ်ဆွဲ သွားပြီး ဘူတာကြီှး ထောင့်တနေရာ တွင် ထိုးရပ်ထားခဲ့သည် ။မြန်မာ မီးရထားနှင် ဘူတာရုံတို့ 
ထုံးစံအတိုင်း အနံအသက်က အင်မတန်ဆိုးဝါးလှသည်...။ဧပြီလ နေပူပူ အချုပ်တွဲ ကျဉ်းကျဉ်းတွင် လူလေးဆယ် ကြပ်ညပ်နေအောင် လောင်ပိတ်ထားသောကြောင့် လူငွေ...အပူငွေ...အနံအသက်
များစွာရှိသည်တိုင် ရထားတွဲ ပြတင်းပေါက်များကို ပိတ်ထားသဖြင့် တကယ် ငရဲခန်း တခု လို့ ဖြစ်နေတော
သည်....။
ထောင်ပြောင်းအကျဉ်းသား လေးဆယ် မပြည့် တတ်ပေမဲ့ လိုက်ပါ စောင့်ကြပ်သည် ရဲ အင်အား ၅၀ ကရထားတွဲ ပါတ်လည်မှာ နေရာယူထားကြသည်....။ ရထားတွဲ အချုပ်ခန်း ကိုခတ်ထားသည့်သော့ ခလောက် ကြီးကြီး ဖြင့်ခတ်ထားပြီး အကျဉ်းသား အားလုံးမှာ လည်း ခြေကျင်းကိုယ်စီ နှင့် ......။
ဒါကို ရဲ အင်အား (၅၀) ကျော်က စောင့်ကြပ်နေကြသည် ဆိုသည်ကတော့ လွန်လွန်းလှသည်....။
နေလည် (၁၂း ၀၀ ) လောက်ဖြစ်မည်ထင်သည်...။ ကျနော်တို့  ထောင်ပြောင် အုပ်စုထဲမှ ဒေါက်တာ
လှိုင်မြင် က ရထားပြတင်းများဖွင်ပေးရန်ပြောရင်း လုံခြုံရေး ရဲ အရာရှိနှင့် အော်ပာစ် စကားများတော့သည်
။ ဦးဝင်ထိန်....ဒေါက်တာ ဦးဇော်မြင်မောင် တိုက ပါ ၀ိုင်းဝန်းပြောဆို ကြတော့မှသာ ပြတင်းတချိုကိုဖွင့်
ပေးသည် ....။
နေလည် ၁၂ နာရီ ခန်မှာတော့ ထောင်က ပေးလိုက်သည့် ထမင်းထုတ်များ ဖြေကာ နေလည်စာ စားကြ
သည် ...ထောင်ဝင်စာ အစားအသောက် လက်ကျန်ပါရှိသူများက မပါသူတွေကို ခွဲဝေပေးရင်း စားသောက်
ရင်း စကားတွေ ဖောင်ဖွဲ့ ရင်း အပူဒဏ်တွေကို မေ့လျှော့ပြစ်ခဲ့ကြသည်....။ထောင်စကျသည် ဆိုကတဲက
အခန်းတခန်းအတွင်း (၄)ယောက်သာ နေခဲ့ကြရပြီး အခုလို လူများစွာ နှင့် နေခွင့်  စကားပြောခွင့် မရခဲ့
ကြ.....။ထိုကြောင့် ထောင်ကို အရင်ရောက်သောသူ တို့ရဲ့ ထောင် အတွေ့ အကြုံ ...နောက်မှ ရောက်လာ
သူတို့ ရဲ့ နိုင်ငံရေး နောက်ဆုံး အခြေအနေ... အတွေ အကြုံတွေကို မေးကြ.....ပြောကြ ....ဆွေးနွေး ..
ငြင်းခုန်ကြ ရင်းနွေ နေ အပူကို အံတု နေခဲ့ကြသည်.....
ဒီဘူတာ ....ဒီဒေသ ...ကခွာရင်ဖြင့် ဘယ်သူတွေ ဘယ်ရောက်ကြမယ် ....ဘာတွေဖြစ်ကြမယ် ....
အပြင်လောက မှာ ပြန်လည် ဆုံတွေ့ ခွင့် ရနိုင်မည် ....မရနိုင်မည်ကတော့ မသေချာသေး.....။
ညနေ ၅း ၀၀ နာရီ....
တစ်နေကုန် နေပူထဲတွင် ပိတ်လှောင်မွန်းကြပ်နေပြီး ညနေ အတော်စောင်းကာမှ ကျနော်တို့ ရထားတွဲ
သိမ့်ကနဲ လှုတ်ခါသွားပြီး စက်ခေါင်းတွဲ တစ်ခု လာရောညက်ချိတ်ယူသွားသည်ကို သိလိုက်ကြရသည်...။
ထိုနောက် ရန်ကုန် - မန်း အမြန်၇ထားနှင့် ချိတ်တွဲပြီး ရန်ကုန်မြို မှနေ ထွက်ခွာခဲတော့သည်....။ရထား
ပေါ်ပါလာသော နိုင်ငံရေးအကျဉ်းသားအများစုသည် ရန်ကုန်သူ ရန်ကုန်သားများ ဖြစ်ကြပြီး မွေးရပ်ကို
ခွာပြီး ယုံကြည်ချက် အတွက် ခရီးဆက်ကြရလေပြီး.......။
ည ၁၀း ၅၀ နာရီ...
ထောင်ပြောင်းရွှေ့ ရာလမ်းကြောင်းတလျှောက် လုံခြုံရေး ယလာသည် ရဲ အရာရှိက အမည် တချိုကိုအော်
ခေါ်နေသည်...၊ရထားက အုပ်တွင်းဘူတာကို ကျော်လွန်လာပြီး သားကြီး....ညီထွေး...ကိုဝင်းသိန်း စသူ တို့ ရဲံအမည် များကို ခေါ်သံကြားရသည်...။တစ်နေကုန် ပူအိုက်လှောင်ပိတ်သောဒဏ်ကြောင့်ထင်သည်
ကျနော်ခေါင်တွေကို ပြီး မူးဝေနေပြီ...တောင်ငူဘူတာရောက်တော့ အတူပါလာသည့် ရဲဘော် တချို ဆင်း
သွားကြရသည်....။ အ ချင်းချင်း အပြန်အလှန် နှုတ်ဆက်သံများ နှင့် အတူ ရထားတွဲ အတွင်း အနည်း
ငယ် ချောင်ချိသွားသည်..။သူတို့ တစ်တွေ တောင်ငူထောင် ဆိုတာ သေ ချာသွားပေပြီ...နေရပ် နှင့်ဝေး
သော ထောင်များထက် စာလျှင် တောင်ငူ သည် မဝေးလှသည်မို့  တော်သေးသည်..။မိသားစု အတွက်
ထောင်ဝင်စာ တွေရေး သွားရေးလာရေး မခက်လှ....
ကျနော် အပါအ၀င် ကျန်ယုံကြည်ချက် အကျဉ်သမား တချိုကတော့ မြန်မာပြည် မြောက်ဖက်သို့  ဆက်
လက် ချီတက်နေဆဲ.......။
၁၉၉၆
ကျနော်တို့ စီးနင်းလိုက်ပါလာသော အချုပ်တွဲ ပါ ရထားကြီးက ရန်ကုန်ဘူတာကြီး သို့  ရောက်ရှိချိန်မှာ
မနက် (၉း၀၀)ခန်သာ ရှိပေဦးမည်...။ကျနော်တို့ အချုပ်တွဲ ကို အခြား စက်ခေါင်းတွဲ တခုက လာရောက်
ချိတ်ဆွဲ သွားပြီး ဘူတာကြီှး ထောင့်တနေရာ တွင် ထိုးရပ်ထားခဲ့သည် ။မြန်မာ မီးရထားနှင် ဘူတာရုံတို့ 
ထုံးစံအတိုင်း အနံအသက်က အင်မတန်ဆိုးဝါးလှသည်...။ဧပြီလ နေပူပူ အချုပ်တွဲ ကျဉ်းကျဉ်းတွင် လူလေးဆယ် ကြပ်ညပ်နေအောင် လောင်ပိတ်ထားသောကြောင့် လူငွေ...အပူငွေ...အနံအသက်
များစွာရှိသည်တိုင် ရထားတွဲ ပြတင်းပေါက်များကို ပိတ်ထားသဖြင့် တကယ် ငရဲခန်း တခု လို့ ဖြစ်နေတော
သည်....။
ထောင်ပြောင်းအကျဉ်းသား လေးဆယ် မပြည့် တတ်ပေမဲ့ လိုက်ပါ စောင့်ကြပ်သည် ရဲ အင်အား ၅၀ ကရထားတွဲ ပါတ်လည်မှာ နေရာယူထားကြသည်....။ ရထားတွဲ အချုပ်ခန်း ကိုခတ်ထားသည့်သော့ ခလောက် ကြီးကြီး ဖြင့်ခတ်ထားပြီး အကျဉ်းသား အားလုံးမှာ လည်း ခြေကျင်းကိုယ်စီ နှင့် ......။
ဒါကို ရဲ အင်အား (၅၀) ကျော်က စောင့်ကြပ်နေကြသည် ဆိုသည်ကတော့ လွန်လွန်းလှသည်....။
နေလည် (၁၂း ၀၀ ) လောက်ဖြစ်မည်ထင်သည်...။ ကျနော်တို့  ထောင်ပြောင် အုပ်စုထဲမှ ဒေါက်တာ
လှိုင်မြင် က ရထားပြတင်းများဖွင်ပေးရန်ပြောရင်း လုံခြုံရေး ရဲ အရာရှိနှင့် အော်ပာစ် စကားများတော့သည်
။ ဦးဝင်ထိန်....ဒေါက်တာ ဦးဇော်မြင်မောင် တိုက ပါ ၀ိုင်းဝန်းပြောဆို ကြတော့မှသာ ပြတင်းတချိုကိုဖွင့်
ပေးသည် ....။
နေလည် ၁၂ နာရီ ခန်မှာတော့ ထောင်က ပေးလိုက်သည့် ထမင်းထုတ်များ ဖြေကာ နေလည်စာ စားကြ
သည် ...ထောင်ဝင်စာ အစားအသောက် လက်ကျန် ပါရှိသူများက မပါသူတွေကို ခွဲဝေပေးရင်း စားသောက်
ရင်း စကားတွေ ဖောင်ဖွဲ့ ရင်း အပူဒဏ်တွေကို မေ့လျော့ပြစ်ခဲ့ကြသည်....။ထောင်စကျသည် ဆိုကတဲက
အခန်းတခန်းအတွင်း (၄)ယောက်သာ နေခဲ့ကြရပြီး အခုလို လူများစွာ နှင့် နေခွင့်  စကားပြောခွင့် မရခဲ့
ကြ.....။ထိုကြောင့် ထောင်ကို အရင်ရောက်သောသူ တို့ရဲ့ ထောင် အတွေ့ အကြုံ ...နောက်မှ ရောက်လာ
သူတို့ ရဲ့ နိုင်ငံရေး နောက်ဆုံး အခြေအနေ... အတွေ အကြုံတွေကို မေးကြ.....ပြောကြ ....ဆွေးနွေး ..
ငြင်းခုန်ကြ ရင်းနွေ နေ အပူကို အံတု နေခဲ့ကြသည်.....
ဒီဘူတာ ....ဒီဒေသ ...ကခွာရင်ဖြင့် ဘယ်သူတွေ ဘယ်ရောက်ကြမယ် ....ဘာတွေဖြစ်ကြမယ် ....
အပြင်လောက မှာ ပြန်လည် ဆုံတွေ့ ခွင့် ရနိုင်မည် ....မရနိုင်မည်ကတော့ မသေချာသေး.....။
၁၉၉၆ .ဧပြီလ . ၅ ရက်..
နံနက် ၆း၀၀ နာရီ..
တောင်ငူထောင် တွင် တချို့ ဆင်းသွားသည်မို့ အ၀တ်အစားထုတ်ခေါင်းအုံရင်း အိပ်ပျော်သွားခဲ့ပြီး
မနက် လင်းမှပင် အိပ်ယာမှနိုးတော့သည်...။ရေအနည်းငယ်နှင့် မျက်နှာသစ်နေခိုက် အန်ကယ် ဦး
ဝင်ထိန်း က ဘီစကစ် သုံးချပ်နှင့် ရွှေကျီး မုန့် ကြွတ် တစ်ထုပ် ကမ်းပေးရင်း မနက်စာပေါ့ကွာပာုဆို
လာသည်...။
ထိုနေ့ က တစ်နေကုန်ပင် ရထားပေါ်မှာ ဆွေးနွေးရင်း...ငြင်းခုန်ရင်း...စကားပြောခြင်းနှင့်ပင် အချိန်
ကုန်ခဲ့ကြသည်....(လမ်း ခရီး တ၀က်တွင် ဘယ်ထောင်က ထမင်းထုပ်နှင့် လာပေးသည်ကို အမှတ်မိ
တော)..။ထိုနေ့  မနက် ၁၀ နာရီခန်တွင့် မန်းမြေ ကို ရောက်ရှိလေသည်....၊သိုသော် ကျနော်တို့ တစ်
တွေဆင်းခွင့်မရသေး..။ရထားပေါ်ရှိ ခရီးသည် အားလုံး ကုန်ချိန်ရောက်မှသာ ဆင်းခွင့်ရကြသည်.....။
ခိုင်ကိုဦး.....။
No comments:
Post a Comment