Friday, 6 November 2015

ထို့ကြောင့် .... အ.က.သ ....ခေါင်းဆောင် သီဟ ဟုခေါ်သည်.......

သမ္မတကြီး ဦးသိန်းစိန် ခရီးသွားနေတယ် ....
သူ့ပုခုန်းထက်မှာ အိတ်ကြီးတလုံ ထမ်းရင်း
ကျွန်တော်တို့ ရှေ့မှာ ခပ်ဖြေးဖြေး
ခပ်နှေးနှေး လျှောက်နေတယိ ..့  ...
အဲဒီ အိတ်ထဲမှာ ဗိုလ်ချုပ်နေဝင်း နဲ့
ဗိုလ်ချုပ်သန်းရွှေ ကျွန်တော်တိုဆီက လုသွားတဲ့ ခိုးသွားတဲ့
ပစ္စည်းတွေ ထည့်ထားတယ်။ အဲဒီ အိတ်ကြီးထဲ က အခိုးခံ အလုခံ ထားရတဲ့ ကျွန်တော်တို့ ပစ္စည်းတွေကို တခုချင်း
ပစ်ချပေးရင်း ကျွန်တော်တို့ကို သူနောက်
လိုက်ခဲ့ဖိုခေါ်နေတယ်။
ကျေးဇူးတင်တယ် သမ္မတကြီး ခင်ဗျား ..,
ဒါပေမယ့် ကျွန်တော်တို့အဲဒီ ပစ္စည်းတွေကို ပြန်လည်းမလိုချင်တော့ပါဘူး ၊ ဆုံးရှုံးသွားခဲ့တာတွေအားလုံးကို ကျွန်တော်တို့ ကိုယ့်ဟာကိုယ် ဖန်တီးလုပ်ယူနိုင်တယ် ။ အဓိက အရေးကြီး တာ က အဲဒီပစ္စည်းတွေ မနိုင်မနင်းနဲ့ အားလုံးရှေ့ က ပိတ်လျှောက်မနေပဲ ခရီးပေါက် အောင် သွား နိုင်သူတွေကို လမ်းဖယ်ပေးဖို့ ပါပဲ ။
သမ္မတကြီး ခင်ဗျား ... ကျွန်တော်တို့ က မခွဲခြားတက်ပါဘူး .. ဆန္ဒလည်းရှိမယ် ယုံကြည်ချက်နဲ့ ခွန်အားလည်း တူညီကြမယ်ဆို
ရင် ကျွန်တော်တို့ အားလုံး ရင်ပေါင်တန်းပြီး အတူ လျှောက်လှမ်း နိုင်ပါတယ် ... လမ်းလေးသာပေးပါ .... အဆင်ပြေရင် အတူလျှောက်သွားကြတာပေါ့ ... အဟောင်းထုတ်ကြီးထမ်းပြီး ရှေ့ကနေသာ ကာဆီးမထားပါနဲ့ လူကြီးမင်းပေးတဲ့ မျှော်လင့်ချက်ဆိုတာ ကျွန်တော်တို့အတွက် ဘာတစ်ခုမှ အသစ်မဟုတ်လို့ပါ .. ပြီးတော့ လူကြီးမင်း ရဲ့ စွမ်းဆောင်ချက်တွေဟာ ကျွန်တော်တို့လက်နဲ့ မလုပ်နိုင်တာ ဘာတစ်ခုမှ မရှိလို့ပါ ...        

                                                                                သီပာသွေး...။

အ.က.သ (၈၈ မျိုးဆက်) ခေါင်းဆောင် ကိုသီပာ Facebook မှကူယူလာခြင်းဖြစ်ပါသည်....။

No comments:

Post a Comment