စိတ်ထဲရှိတာလေးပြောပါရစေ....(၆)
ကျနော် ကျနော့် သမီး ကိုချီထားတဲ့ ဓါတ်ပုံလေး တစ်ပုံ ဖေစ့်ဘုတ်ပေါ်တင်
လိုက်မိတယ်....။ Status မှာ အသားမဲမဲ...ဗိုက်ရွှဲရွှဲ....သွားကျဲကျဲ....ရုပ်ဆိုးတဲ့
ကျနော် လို့ ရေးပြီး တင်လိုက်မိတယ်.....။
အဲဒီပုံလေး တင်လိုက်တော့ ဆစ်ဒနီမှာနေပြီး ခင်ရတဲ့ ညီမ
တစ်ယောက်ရယ်...ဂျပန်မှာနေပြီး ဖေစ့်ဘုတ် ပေါ်ကနေခင်ခွင့်ရခဲ့တဲ့ ညီမ
တစ်ယောက်ရယ်က ကွန်မန့်  ပေးတယ်....။
(စိတ်လှပါတယ်....)တဲ့.....။ဒါနဲ့  ကိုယ်ကိုကိုယ် ပြန်ပြီး ဆန်းစစ် မိတယ် ဆိုကြ
ပါဆို့ .....။
ကျနော် တကယ်ပဲ စိတ်လှသူလား......
အယောင်ဆောင်လား......။
သေချာတာ တခုက တော့ အရင် အချိန်ကတော့ စိတ်လှသူ တယောက် မပာုတ်တာ သေချာတယ်.....။ အညှိုး အတေးကြီးသလို ဒေါသ လည်း ကြီးတယ်...။ သနားညှာတာမှု့ ကင်းသလို လက်ရဲဇက်ရဲ လဲရှိသေး........။ ဘယ်လောက်များ အညှိုး အတေးကြီးသလဲ ဆိုရင် ပိာုငယ်ငယ်
ဘ၀ က ကြီးတော် တစ်ယောက် ပြောထားခဲ့တဲ့ စကား ခုထိကြားနေတုန်း.... အဖေ က လိုင်းကားမောင်းတဲ့ ကားသမား ဆိုတော့ ပိာုးတုန်းက ကားလက်မှတ်စာအုပ်လေးတွေ ဆောကစားဖို့ ယူလာပေးတယ်...၊ကလေးသဘာဝ လက်မှတ်အုပ်လေးတွေ ကိုင် အိမ်ပြတင်းပေါက် ကသံတိုင်ကိုဆွဲ ခိုပြီး
ဆူးလေ ..ကို...ဆူလေ..ကို နဲ့ ကားစပယ်ယာ လုပ်တိုင်း ကစားတော့ ကြီးတော်
ကပြောတယ် ဒရိုင်ဘာ ရဲ့ သား ဒရိုင်ဘာပဲ ဖြစ်မှာပဲ...ခုကတည်းက ဇာတိပြနေ
ပြီ....တဲ့.....။နောက်ပိုင်း အဖေ အမေ စီပွားရေးကောင်းလို့ ကိုယ်ပိုင်ကား တွေ တစ်စီးပြီး တစ်စီ ရောင်းလိုက်ဝယ်လိုက် ပြောင်းစီး ပေမဲ့ကျနော် ကား စတီယာ
တိုင်ကို ယောင်လို့ တောင်မှ ကိုင်မကြည်ဖူး....အမောင်း.သင်မောင်းဖို့ ဆိုတာ
ဝေးပေစွ.......။ Australia ရောက်မှ မိသားစု အတွက် မလွှဲသာလို့ ကားမောင်း
ခဲ့တာ....ဒါတောင် ကားမောင်းလို စတီယာတိုင် ကိုင်တိုင်း ကြီးတော်ကြီး ပြော
တဲ့ ရုပ်နဲ့  အသံကို ကောင်းကောင်းကြီးမြင်ယောင်ကြားမိနေပါသေးတယ်....။
ဒေါသ ကြီး ပုံ များကြတော့ ကိုယ်နဲ့ မဆိုင် ပေမဲ့ ဆောင့်ကြွားကြွားနဲ( ကျောင်း
သူလေး တယောက်ကို ရည်စားစကား လိုက်ပြောတဲ့)ရွယ်တူတစ်ယောက်ကို
လဖက်ရည်ဆိုင်ထိုင်နေရာက နောက်က နေပြေးလိုက် ခွေးခြေ ခုံနဲ့ ပြေးရိုက်ခဲ့
ဖူးသလို ...တစ်ယောက်ချင်းရိုက်သလို အုပ်စု လိုက်လဲ ရိုက်ဖူးတယ်..ရ.၀.တ. ရုံးရောက် လို့ ရောက်...ရဲစခန်းရောက်လို့ ရောက်...ဒါပေမဲ့ ဆိုးသွမ်းရမ်းကား
လို့ တော့ မပာုတ်ဖူးရယ်....ဘေးကနေထိုင်ကြည့်ရင်း အမြင်မတော်လို့ ရန်ဖြစ်
ခဲ့ရတာ ရိုက်ခဲ့ ရတာတွေ များပါတယ်.....။
(ထောင်ရောက်တာက တော့ နိုင်ငံရေးလုပ်လို့ )....
သနားညှာ တာမှု့ ကင်းပုံများ...ငယ်ငယ် ရန်ကင်းမြိုနယ်မှာ နေစဉ်က ကျောင်း
နေဖက် သူငယ်ချင်း ၀င်းသက်ဦး နဲ့ ကျာင်းပိတ်ရက်ဆိုလေသေနပ် တစ်လက်
နဲ့ ငှက်ပြစ်ထွက် .(၀င်းသက်ဦး အဖေ သေနပ်ခိုးယူပြီးတော့လေ)ငါးမြှားထွက်.
...ငှက်တွေ ငါးတွေ ရတဲ့ အရပ်မှာ တခါတည်း အပြတ်ရှင်းဖို့  ဆား...ဆနွင်း...
ထင်းရှုးဆီ ..မီးခြစ်က အစ အစုံပါသေး....။(အဲသည် မကောင်းမှု့ တွေကြောင့်
ဘ၀ မကူးပဲ ကြုံတွေနေရတဲ့ ၀ဠ်ကြွေးတွေ အကြောင်းနောက်နောင်ရေးပါဦး
မယ်)ရပ်ကွက်ထဲက ရွယ်တူတွေ ပွဲလမ်းသဘင်ရှိလို့  ကြက်သတ်...ငှက်သတ်
ဆိုလဲ လက်ရဲသလို့ ...ခွေးသတ်ရင် တချက်တည်း အပြီး အသံမထွက်အောင်
ရှင်းတတ်လို့  ကိုယ်ကိုတိုင်မစားပေမဲ့ ကျေကျေ နပ်နပ် သတ်ပေးခဲ့တာလဲ အခါ ခါ.နောက်ဆုံး အကောင်ကြီးကြီးမသတ်ဖူးလို့  ၀က်ပေါ်တဲ့ အင်းစိန်
တောင်သူကုန်းကသူငယ်ချင်းကို အကူအညီတောင်း ၀က်ကို မလှုပ်နိုင်အောင် ကြိုးတုတ်...ထိုးရမဲ့နေရာ ကို ထုံးတို့ ပြီးမှ သုံးဖက်ချွန် နဲ့ ထိုးကြည့်ခဲ့ဖူးတယ်..
အဲသည့် မိုက်ရူးရဲ ဆန်တဲ့ အလုပ်တွေ ဘယ်အချိန်မှာ ရပ်သွားသလဲ ဆိုတော့
(ဆရာဦးအောင်သင်းစကားယူသုံးရရင်) မောင်ခိုင်ကိုလေး ကံကောင်းချင်
တော့ ထောင်ကျသွားတယ်....လို့ပဲပြောရတော့မှာပေါ့.....။န.အ.ဖ အစိုးရ ရဲ့ 
ကောင်းမှု့  ကြောင့် နိုင်ငံရေးပုဒ်မ နဲ့  ထောင်ထဲရောက်သွားပြီး စာတတ်ပေ
တတ် နိုင်ငံရေးသမားကြီးတွေ ...ရိုးသားပြီး အများပြည်သူတွေအတွက် အနစ်
နာခံတတ်တဲ့ ကျေင်းသားကြီးတွေ နဲ့ တွေပြီးမှ ပြောင်းလဲသွားတာတွေပါ.....။
(၉၅) ခုနှစ် အန်တီခြံထဲ အန်တီအနီးအပါးမှာ နေခွင့် ရခဲ့တာကတော့ ကံ
ကောင်းခြင်းအစ ပေါ့.......။ ထောင်ထဲမှာ အစစ အရာရာ ချိုတည့်ပြီး အလိုမကျမှုတွေ နဲ့ ကျဉ်းကြပ်မှု့ တွေနဲ့ တိုက်ခန်းတစ်ခန်မှာ တစ်ယောက်ထဲ
(၂) နှစ်နီးပါးနေပြီးတဲ့နောက် တစ်ယောက်ထဲ ပေါက်ကွဲမှူ့ တွေပြည်နှက်နေ
ချိန်မှာ ....ဆရာတွေ အကိုတွေ ရဲ့ ပြောဆိုဆုံးမ သင်ကြားပေးခဲ့တာတွေ နဲ့ 
ပိုနေတဲ့  အချိန်တွေ ကို တန်ဖိုရှိအောင်အသုံးချရင်း ဘာသာရေးစာပေတွေ
ဖတ်...ရင်း....(ဆရာတော် ဦးသုမင်္ဂလ ..စကား အရ...)အကောင်းအဆိုး....
အကြောင်းအကျိုး ....အမှားအမှန် ကိုဝေဖန်ပိုင်ခြားတတ်တဲ့ ညာဏ် ရအောင်
ဘာသာ တရားက သွန်သင်ဆုံမ ပေးလိုက်တာပါပဲ...........။ မိရိုးဖလာ ကိုယ်ကွယ်ရာကနေ ကိုယ်ကိုတိုင်သက်ဝင်ယုံကြည်သူ ဖြစ်လာခဲ့တော့တာပါ...
အဲသည်လို ဇ...ဆိုတာလေးက ရှိခဲ့လေတော့...ကျနော်ပာာ....စိတ်ကောင်းရှိ
သူလား.....စိတ်လှသူလား....ရိုးသားသူလား ဆိုတာ ကိုယ်ကိုကိုယ်တော့ မဆုံး
ဖြတ်လိုပါ.....လူတိုင်ပာာ ကိုယ့်သမိုင်းကိုယ်သိပြီး ကိုယ့်သမိုင်းကို ရေးကြရ
တာပါ.....အဲသည်လူ သမိုင်းပာာ ကောင်းသလား ဆိုသလား ဆိုတာတော့
လူပါတ်ဝန်ကျင်လူ အသိုင်းအ၀န်းက ဆုံးဖြတ်ပါလိမ်မယ်......။
ဒါပေမဲ့.......
ကိုယ့်သမိုင်း ကိုယ်ပြန်မလိမ် ဖို့တော့ လိုအပ်မယ် ထင်ပါကြောင်း........။
ခိုင်ကိုဦး (ဆစ်ဒနီ)
၂၃ . ၁၁.၂၀၁၅ ...။

No comments:
Post a Comment