အင်းစိန်မှသည် ဂျိန်းဖော နရသိမ် ဆီသို့ .......(၂)
တစ်ရက် တစ်ည လုံးလုံး ရထား စီလာရသော ကျနော်တို့ အားလုံးသည် မဲညစ် ပေရေ နေကြသည်...။
အ၀တ်အစားထုတ်က တစ်ဖက်..စားစရာ နှင့် ပန်းကန်ခွက် ထည်ထားသော အိပ်က တစ်ဖက် ...ပုဆိုး
အောက်နားကို ဖြဲပြီး ကြိုးတစ်ချောင်း သဖွယ် အသုံးပြုလျှက် သံခြေကျင်းကို တွဲ ချည်လို့  ပခုံးသိုင်းလွယ်
ထား ကြရသည်...။ အကြောင်းရင်း မသိသူများ အပေါ်ယံ ကြည်ပြီး ဆုံဖြတ်တတ်သူများ အမြင်မှာတော့
ကျနော်တို အားလုံးသည် ပီဘိ ရာဇ၀တ် အကျဉ်းသားများပင်...။ ရထားပေါ်မှ နှစ်ယောက် တစ်တွဲ ယှဉ်
တွဲ ဆင်လာပြီး ပုံစံ ထိုင်ခိုင်းက လူ စစ်ဆေး ခံရသည်.. ။ လူဦးရေ စစ်ဆေးခံ ရစဉ်နှင့် အ ချုပ်ကားပေါ်
ရွှေပြောင်းအတက်တွင် လုံခြုံရေးရဲ များက ဘေးပါတ်လည်ဝိုင်းထားပြီး သေနပ် များနှင့်ပင် ချိန်ထားခံရ
သေးသည်....။
ဘေးမှဝိုင်အုံကြည့်နေသော ခရီးသွားများ...ဈေသည်များ ၀ိုင်နေစဉ် ကျနော်တို့ ထဲမျ တစ်ယောက်က
ငါတို့ နိုင်ငံရေးသမား နဲ့ ကျောင်းသားတွေ ပါကွာ ပာု တစ်စုံ တစ်ယောက်ကို ပြောသံ ကြားလိုက်ရသည်..
ထိုစကားသည် လုအုပ်အတွင်း ပျံ နှံ့ သွားပြီး ပိုမိုဝိုင်အုံလာကြသည်....။ရဲတပ်ဖွဲ့  ၀င်များ အတင်းအကြပ်
ကာရံပြီး အချုပ်ကားပြာကြီးပေါ်သို့  အရောက်ပို့ ရသည်အထိပင်....။
အချုပ်ကားပေါ် ရောက်သွားချိန်မှာ ပင် ရေခဲထုတ်...ဆေးလိပ်ကွမ်းယာဖရဲသီး အချိုရည်များ သံတိုင်ကြား
မှနေလာပေးကြသည်..။မလိုအပ်ပါကြောင်းပြောသော်လဲ မရ ...များသော အားဖြင့် ခေါင်းရွက် ဗျတ်ထိုး
ဈေးသည်လေးများဖြစ်ကြသည်...။ထိုသူများထဲမှ တစ်ယောက်က ပြည်သူလူထုအတွက် အနစ်နာခံ နေ
ကြသူများ ဖြစ်တာကြောင့်ဂုဏ်ယူလေးစားပြီးပေးတာဖြစ်ကြောင်း မငြင်းသင့်ပါကြောင်း ပြောတော့ ၀မ်း
သာဝမ်းနည်းဖြစ်ခဲကြရသည်..။
ငယ်စဉ် က အပေါ် အဖြူ အောက်အဖြူ နဲ့ သံ ခြေကျင်း ၀တ်ထားတဲ့ အကျဉ်သားကြီး များတွေရင် လူဆိုး
ကြီးတွေ ဆိုပြီးကြောက်လန့် ရွံရှာ ခဲဖူးသည်...။ကိုယ်ကို တိုင် အကျဉ်းသားဖြစ်လေတော့ ကိုယ်ထင်သလို
ထင်ကြမြင်ကြမှာစိုးရိမ်မိသည်..။ ကျနော် အထင် လွဲပါသည်...အားပေးစကားပြောသူတွေ မုန်ပဲသွားရည်
စာ များပေးကမ်းသူတွေနှင့် အချုပ်ကား များ အနီးတွင် စည်ကားနေလေတော့သည်..။
ခေါင်းပေးမှ ဈေးဗန်းကို လက်တဖက်က ထိန်းရင်း...မုန်တောင်းကို တံတောင် မှာချိတ်ရင်း ...လက်ပြ
ကျန်ရစ်သော စေးသည်လေးများ တဖြည်းဖြည်း ဝေးသွားပြီးနောက် ကျနော်တို့ သည်လည်း မန်းမြို ရဲ့ 
အသစ်စက်စက် အိုးဘိုထောင်ဆီသို့ ဦးတည်လာခဲ့ ကြလေသည်.....။
၁၉၉၇ ဧပြီလ ၅ ရက်
နေ့ လည် ၁၂ နာရီ နှောင်းပိုင်း
အိုးဘိုထောင် ဗူးတံခါးအတွင်း လေးယောက်တစ်တွဲ ယှဉ်တွဲ ကာပုံစံထိုင်ခိုင်ပြီး လူစာရင်းစစ်ဆေးခြင်း
တာမြစ်ထားသော အစားအသောက် အသုံးအဆောင်များရှာဖွေခြင်း များပြုလုပ်ကြသည်...။တစ်ကျာင်း
တစ်ဂါထာ တစ်ရွာ တစ်ပုဒ်ဆန်း ဆိုသလိုပင် အင်းစိန်ထောင်တွင် တရားဝင်ခွင့်ပြုထားသော အရာ အတော်များများ တားမြစ်ခံကြရသည်.... အင်းစိန်ထောင်တွင် ခွင်ပြုထားသော ကြက်ပေါင် ဖိနပ်
(စင်ကြယ် /မြင်းကြယ် )များစီးခွင့် မပြု ပာုဆိုကာသိမ်းပြီး တာယာ ဖိနပ်များသာ စီးခွင့်ပြု တာက အစ
အစားအသောက် များထည့်ယူလာသည့်  ပလပ်စတစ် ဗူး များပါ အသိမ်းခံကြရသည်...ဖျော်ရည် ဗူး
များပါမချန်သိမ်းယူသောကြောင့် အန်ကယ်ဦးဝင်းထိန်က အအေး (၃)ဗူး ကို ဖောက်ကာ ရေအိုထဲထည့်
ကာ သောက်လိုက်ရသေးသည်ထိ.....။
အိုးဘိုထောင် မှတင်းကြပ်လှသော ထောင်စည်းကမ်းများကို ကြိတ်မှိတ်သည်ခံ နေသည့် ကြားထဲမှပင်
ကြယ်နှစ်ပွင့် နှင် ထောင်မှူးကြီး တယောက်က ပုံစံ ပေးထားစဉ် ခေါင်းမော်ကြည့်သည်ပာု ဆိုကာ ကျ
နော်တို့ ထဲမှ တစ်ယောက်ကို ဇတ်ပိုး ဖြတ်အုပ်သံ ဖြောင်းကနဲ ကြားလိုက်ရပြီးနောက်..တိုက်ပွဲငယ်တခု
ဖြစ်ပွားတော့သည်.....။ ထောင်အာဏာပိုင် ထောင်မှူးးကြီး လျှောတွက်လိုက်သည်ထင်......ျ့နော်တို့ ထဲတွင်
နှစ်ရှည်ကြာ ထောင်ကျနေပြီးသား သူတွေ ပညာတတ်တွေ...စစ်တပ်က ထွက်ပြီးနိုင်ငံရေးလုပ်တဲ့ စစ်ဗိုလ်
ကြီးတွေ ပါသည် ကို သူမသိ....သူထက်ပင် အကျဉ်းထောင် လက်ဆွဲ ဥပဒေကို နားလည်သူတွေ ကြောင့်
အပေါ်ပိုင်း ယူနီဖောင်း အောက်ပိုင်းက ပုဆိုး နဲ့  ဖားတပိုင်းငါးတပိုင်း ၀တ်ပြီး အရက်မူး နေသည် ထောင် အရာရှိ ပြန်တောင်းပန်သွားရလေ သည်....။(အကျဉ်းထောင်ဥပဒေ အရ တာဝန်ထမ်းဆောင်ချိန်တွင် ယူနီဖောင်း အပြည်အစုံ ၀တ်ရမည် ၊ အရက်သေစာ မသောက်စားရ ဆိုသည့်ပြဌာန်းချက် အတိအကျ
ရှိပါသည်)...။
ညနေ ၃ နာရီ ခန်တွင် မန်းမြို့  အိုးဘိုထောင် တိုက်ဝန်း အတွင်းမှ တိုက်အမှတ်(၂) သို့ ရောက်ရှိလေသည်
အိုးဘိုထောင်သည် ထောင်သစ် ဖြစ်နေလေသောကြောင့် သစ်လွင်တောက်ပြောင်နေသလို မန်း တောင်
တော် မျက်နှာ မူထားသည့် အတွက် မနေသင့်သော အရပ်ပေမဲ့ ဘုရားကြီးကို လှမ်းမြင်နေရသောကြောင့်
မဲညစ်ညစ် အုပ်ရိုးသားမြင်တွေရသည့် အင်းစိန်ထောင်ထက်စာလျှင်တော့ နေသာထိုင်သာ ရျိသည် ဆိုရ
ပါလိမ်မည်....။ ည အခါ မန်းတောင်ပေါ် ဘုရားမှ မီးရောင် စုံ များ တောင်ပေါ် အတက်အဆင်း မောင်းနင်
နေသော ကားနောက်မီး နီနီ နှင့် ရှေမီး ဖြူဖြူလေး များက တဒင်္ဂ ဘ၀ ကိုတော့ မေ့ လျှောသွားတာ အမှန်
ပါပဲ.....။
၁၉၉၆ . ဧပြီလ .၆ ရက်..
မနက် ၁၀ နာရီခန်မှာ ထောင်ဝန်ထမ်း များလာရောက် ခေါ်ဆောင် မှု့ ကြောင့် တိုက်ခန်းအပြင် သိုထွက်ခဲ့ပြီး တိုက်ဝန်းဆေးခန်း သို ရောက်ခဲ့လေသည်..။ ဆေးခန်းရှေ တွင် အန်ကယ် ဦးဝင်းထိန် အပါအ၀င် (၁၀) ယောက် ရောက်ရှိနေနှင်ပြီး မှ ကျနော် အပါအ၀င် (၁၂) ယောက် ထပ်ယောက်လာ
ခြင်းဖြစ်ပါသည်...။ ဗိုလ်မှူးအဆင့် ရှိ ထောင်ဆရာဝန် က ဆေးစစ်ပြီး နောက်ထပ် ခရီးထွက်ရန် ကျန်းမာ
ရေးသင်လျှော်ကြောင်း လက်မှတ်ထိုးစာရွက်တွေတော့မှ ကျနော် တို့ ခရီး မှာ မပြီးဆုံးသေးကြောင်း သိ
ရတော့လေသည်...။
ပိုမဲ့  ပိုတော့ မြစ်ကြီးနားထောင်တဲ့ ...သြော် မဲဇာ ပိုခံရတဲ့ မင်းကြီးထက်ပင် ကျနော်တို့  (၁၂) ယောက်က
သာလွန်သွားလေသည်...။ဦးဝင်းထိန် အပါအ၀င်(၁၀)က မြင်းခြံ ထောင်......။
မြ၀တီမင်းကြီး ရတု တပုဒ် ရေးခဲ့သလို (မဲဇာ အလွန် ဆယ်ဘူတာ ဆိုတဲ့ ခေါင်းစဉ်နဲ့ ) ကဗျာ တစ်ပုဒ်
ရေးရကောင်းရဲ့ လို့ တွေးလိုက်မိသေးရဲ....
တော်ပါသေးသည် ....ထိုစဉ်က ပူတာအိုတွင် ထောင်သစ် မဆောက်ရသေး.....။
ခိုင်ကိုဦး.....
၂၄ . ၁၁ .၂၀၁၅.
No comments:
Post a Comment