စိတ်ထဲ ရှိတာလေးပြောပါရစေ....(၅)
ဒီကနေ ဘုန်းကြီး ၀ီရသူ နဲ့ ပါတ်သက်ပြီး စိတ်ထဲပေါ်လာတာလေး ပြောပါ
ရစေ......။
ဘာကြောင့် ဒီဘုန်းကြီး အာဏာရှင် ဖက်လိုက်ပြီး ပောာနေ...ပြောနေ......
ကာကွယ်နေပါလဲ....ဆိုတာလေးကို မိမိကိုယ်တွေ့ လေးနဲ့ ယှဉ်ပြီးစဉ်းစားမိတာ
လေးပါ....။
ကျနော် ၁၉၉၆ အဖမ်းခံရစဉ်ကာလ စစ်ကြောရေး မှာကြုံတွေခဲ့ရတာနဲ့ ယှဉ်တွဲ
စဉ်းစားမိပါတယ်...။ ကျနော်ကို စစ်ကြောရေးကာလမှာ ထုထောင်နှိပ်စက်ပြီး
စစ်ဆေး မေးမြန်းခံခဲ့ ရပြီးတဲ့နောက် သူတို့ လိုချင်တာလဲမရ...ကျနော် ရဲ့ ခြံအ
မှတ် (၅၄) ဒေါ်အောင်ဆန်းစုကြည် အိမ်တွင်းနဲ့ ပါဝင်ပါတ်သက်မှု့ အနေအထား
ကိုလဲ သိနေလေတော့ ကျနော်ကို သူတို့ ဖက်ပါအောင် စွဲဆောင်စည်း ရုံးပါတော့တယ်..။
ကျနော်ပာာ အန်တီ နေအိမ် ခြံဝင်းအတွင်း အန်တီအနားမှာ နေတဲ့
လုံခြုံရေးလူငယ်တွေ အားလုံးထဲမှာ အတွင်းကျကျ မပာုတ်ပေမဲ့ အတော်
အသင့် ယုံကြည်စိတ်ချရသူ တဦး အနေနဲ့  ရှိနေတာပါ....။လူကြီး အားလုံး ရဲ့ 
ယုံကြည်စိတ်ချရမှု ကို ရထားပြီးသူပါ....။ လူကြီးတွေ ရဲ့ လက်ကတုံးတောင်ဝှေ
တစ်ယောက်ဆိုရင်လဲ မမှားပါဘူး....။ ဒီတော့ စစ်ထောက်လှမ်းရေးတွေ ပာာ ကျနော်ကို အသုံးချဖို့  ကြီးစားပါတော့တယ်...။ မှတ်မှတ်ရရ ပြန်ပြောရရင် ဗပိာု စစ်ထောက်လှမ်းရေး(ဗထလ)လို့ အမည်ရတဲ့ တပ်က ဗိုလ်မှူးမောင်မောင်
ကျော် ပါ...သူပာာ ရပာတ်ယာဉ် ပျက်ကျပြီးသေသွားသူ ဗိုလ်ချုပ်တင်ဦး...ရဲ့ 
သားမက်ဖြစ်ပြီး ဆွယ်တော်ဗုံးကွဲမှူ့  မဖြစ်ခင် ပါဆယ်ဗုံးကွဲပြီး သေဆုံးသွားတဲ့
ကျေင်းဆရာမ ရဲ့  ခင်ပွန်းပါ...။အောက်ခြေ စစ်ထောက်လှမ်းရေးတွေက အရင်
ဦးဆုံး ကျနော်ကိုစည်းရုံးရေးဆင်ပါတယ်....။ပြီးတော့ သူကိုယ်တိုင်စည်းရုံးပါတယ်.....။
ကျနော်ကို စစ်ကြောရေးလုပ်တာတွေ ရပ်ပြီး ပြန်လွတ်ပေးမယ်....။ပြီးရင် တစ်လကိုတစ်သိန်းခွဲ ထောက်ပံ့ပေးမယ်....သတင်းပေးတဲ့ အခါ သုံးတဲ့ တယ်လီဖုန်း စားရိတ် ..သွားလာတဲ့ ခရီးစားရိတ် ..စတာတွေကို ထောက်ပံ့ပေး
မယ်...။ နောက်မှာ ရှိနေတဲ့ မိသားစု တွေ လုပ်ချင်တဲ့ အလုပ်လုပ်ကိုင်ခွင့် ရ
အောင်ကူညီပေးမယ်...။(ဥပမာ ..ကျနော်ညီ တယောက်ယောက်က ချဲဒိုင်
ဖြစ်စေ လောင်ကစားဒိုင်ဖြစ်စေ လုပ်ကိုင်လိုရင် အကာအကွယ် ၊အရင်းအနှီး
စတဲ့ အခွင့်အရေးပေါ့)။
အဲဒီ စည်းရုံးရေးမတိုင်ခင်က အောင်သပြေ စစ်ကြောရေးစခန်း မှာရော အင်းစိန် သီးသန့် ထောင်စစ်ကြောရေးမှာပါ နှိပ်စက် ညှင်းပန်းတာ က အလူးအ
လှိမ့်ပါပဲ....(ညှင်းပန်းနှိပ်စက်မှု များအကြောင်းကို ကျနော် Blog မှ လူရှင်ငရဲ တွင်ဖတ်နိုင်ပါသည်) သူတို့ ပေးတဲ့ မက်လုံးထဲမှာ အဲသည်လို ရိုက်နှက်ထု
ထောင်းမှု့ ဒဏ်ကလဲ လွတ်မယ် ထောင် လဲ ကျစရာမလိုတော့ဘူး ပိုက်ဆံလဲ
ရမယ်...သူတို့  ရနေတဲ့ လစာထက်တောင်မှ ပိုပြီး များကြောင်း လဲပါသလို အစစ အဆင်ပြေ သွားမယ် ဆိုတာက အစပါပဲ...မပာုတ်ရင်တော့ ထောင်ထဲမှာ
နှစ်ရှည် လများသွားနေရမယ်...ငတ်မယ် အခန့် မသင့်ရင် အသက်ပါသေသွား
နိုင်တယ် ဆိုတာတွေ တွင်တွင်ပြော မက်လုံးပေးလိုက် ခြိမ်းခြောက် လိုက်နဲပေါ့
...။ မက်မယ် ဆိုရင်လဲ မက်လောက်ပါတယ်....၁၉၉၆ ခုနှစ်ကာလ က တစ်သိန်းခွဲ ဆိုတဲ့ ငွေကြေးပာာ မက်လောက်ပါတယ်....ထောင် မကျတော့ ဘူး ဆိုတဲ့ မက်လုံးက လဲ မက်လောက်စရာပါပဲ....။
အဲဒါ စစ်ကြောရေးကာ လ အပြီး ထောင်မကျခင် အထိ...ကျနော်ရှိရာ တိုက်(၂) အပေါ်ထပ် (၁) ခန်း နေရစဉ်ကာလ တလျှောက်လုံး မကြာခဏ
(ကျနော် ခံယူချက်တွေ ပြောင်းပြီးလား....လက်ခံပြီလား ...လို) လာမေးတတ်
ကြတာ ရုံးတင် တဲ့ ဇန်န၀ါရီ (၃) မတိုင်ခင် အထိပါပဲ.....။
ဒီတော့ ကျနော်စဉ်းစားကြည့်တယ်....
ကျနော် အန်တီခြံထဲ ပြန်သွားပြီး သူလျှို လုပ်ဖို့ လေးတောင်မှ ငွေကြေးတွေ
အခွင့် အလမ်းတွေ ပုံပေး ခဲ့ သေးတာပါပဲ....။အခု ဒီဘုန်းကြီး ၀င်ပါနေ ..၀င်ရှုပ်နေ...တာတွေ ဆိုရင် ဘယ်လောက်များ ထောက်ပံ့ထားလိမ်မလဲ ဆို
တာတွေးမိတာပါ.....။
                                            
                                                                       ခိုင်ကိုဦး....။
                                                                                      ၁၈ . ၁၁ .၂၀၁၅...