စိတ်ထဲရှိတာလေးပြောပါရစေ(၆)
လွန်ခဲ့တဲ့ (၃)နှစ်ကာလ ဒီနေ့ ဒီရက်မှာ ဖြစ်ခဲ့တာ တစ်ခု ဘယ်လိုမှ ထင်မှတ်မထားတဲ့ အလှည့်အပြောင်း တခု ကနေ ကံကောင်းထောက်မစွာ
အသက်ရှင်လာခဲ့တဲ့ ကျနော်မှတ်တမ်းလေး တခု (တနည်းပြောရရင် ဓါတ်ပုံလေး တစ်ပုံ ဖေစ့်ဘုတ်ပေါ်ပြန်ပေါ်လာတာကြောင့် ဒီစာကို ရေးမိပါ
တယ်....။
ဒီနေ့ ...ဒီရက်...မှာပေါ့......
တ မနက်လုံး တအုံနွေးနွေး နဲ့ နေမကောင်းချင်သလို ခံစားနေခဲ့ရတယ်....
လည်ပင်း ကအားသီး (Tonsil )က နာနေတယ်...လည်ပင်းထဲတင်းကြပ်
လာပြီး အဖျားတွေ အ၇မ်းတက်လာတော့ ဇနီးသည်က မိသားစုဆရာဝန်ဖြစ်
တဲ့ ဒေါက်တာ ဦးဇော်ဝင်းဦးကို ဖုန်းဆက်ပြီး ပြောပြသံကို ကြားရတယ်...၊ကျ
နော် စကား ကောင်းကောင်း မပြောနိုင်တော့.....။ဒီလိုနဲ့  ကံကောင်းထောက်မ
စွာ ကျနော်တို့ ရဲ့ မိသားစု ဆရာဝန် ရောက်လာပါတယ်....။များသောအားဖြင့်
ဒီနိုင်ငံမှာ မိသားစု ဆရာဝန် ပာာ အိမ်ကို ပင်လို့ လာကြည့်တယ် ဆိုတာ ရှားပါ
တယ်....။ ကျနော်တို့ လူမျိုး မြန်မာ ဆရာဝန်များကို မဆိုလိုပါ...။တကယ်လို့ 
သာ အဲသည့် အချိန်မှာ မိသားစု ဆရာဝန်ပာာ လူမျိုးခြား တစ်ယောက်ဖြစ်နေခဲ့
မယ် ဆိုရင် ကျနော် ဘ၀ ပာာ မတွေးရဲစရာပါ...။ဆရာ ဥိးဇော်ဝင်းဦးရောက်
လာပြီး စစ်ဆေးပြီး ချက်ချင်း ဆိုသလို လွဲစာ ရေးပေးပါတယ်...။ပြီးတော့ ချက်
ချင်းဆေးရုံ သွားဖို့ ညွှန်ကြားပါတော့တယ်....။ဒါနဲ့ ကျနော်ဇနီးက နီးစပ်ရာ ခင်မင်ရာ ဖြစ်နေတဲ့ အန်တီ ဒေါ်မြင့်မြင်စိန် နဲ့ သားဖြစ်သူကိုသာမင်း ကို အကူ
အညီပေးဖို့  လှမ်းခေါ်ပါတယ်....။ဆရာဦးဇော်ဝင်းဦးပြန်သွားပြီး ငါးမိနစ်
အကြာမှာ ကိုသာမင်းနဲ့ အန်တီဒေါ်မြင်ြ့မင့်စိန် ရောက်လာပြီး ကျနော်ကို ဆေး
ရုံ လိုက်ပိုပါတယ်...။အဲသည့်အချိန်က ကျနော် ဇနီးပာာ ယာဉ်မောင်းလိုင်စင်
မရသေးပါဘူး ၊အမောင်းသင် အဆင့်ပဲ ရှိသေးတာပါ....။ ဒါနဲ့  ကျနော် အိမ်နဲ့ 
(၃) ကီလိုလောက်သာဝေးတဲ့ အော်ဘန်(Auburn ) ဆေးရုံ အရေးပေါ်ဌာန
ကိုရောက်ခဲ့ ရပါတယ်.....။ကျနော် ဆေးရုံ အရေးပေါ်ရောက်ပြီး ဆရာဝန်က
လိုအပ်တာကို စစ်ဆေးပြီး ဆေးရုံ တင်ဖို့  လက်တွန်းလှဲပေါ် တက်ခိုင်းပြီး ဆေး
ရုံဝန်ထမ်းက တွန်းယူသွားချိန်မှာပဲ ကျနော် လောက ကြီး နဲ့  လုံးဝ အဆက်
အသွယ်ပြတ်တောက်သွားပါတော့တယ်......။
ဖြစ်ချိန်တန် ဖြစ်ရတယ်....ပျက်ချိန်တန် ပျက်ရတယ် ဆိုပေမဲ့ ကံ..ညာဏ်...
ဝရီယ ထားပြီး ကိုယ်ကိုကို စဉ်ချင်ထိန်းသိမ်းမယ် ဆိုရင် ဒီလို ဖြစ်လာစရာ
အကြောင်းမရှိပါဘူး....။အရင် Australia ကိုမရောက်ခင်ကတည်းက ကျနော်
ပာာ လူဝကြီး တယောက် ဆိုပေမဲ့ အခုလောက်တော့ မကြီးပါဘူး...။ထောင်က
လွတ်ကာစ မှာ ကီလို (၈၀ ) မပြည်ပေမဲ့ မြန်မာပြည်က ထွက်ပြေးချိန်မှာ (၉၀)
ကီလို ...၊ Australia ရောက်ပြီး ၃ နှစ်ကျော် တော့ ကီလို (၁၃၀) ဖြစ်လာပါ
တော့တယ်....။ အဲသည်မှာ စတွေတာက ကျနော် လူက သာကြီးလာတာပါ...
အသက်ရှု လမ်းကြောင်းက လူကြီး သလို လိုက်ကြီးမလာပါဘူး....။ ကျနော်
သတိမထားမိပဲ အမှု့ မဲ့ အမှတ်မဲ့ နေလိုက်တာတွေက ကျနော်ကို အကြီး
အကျယ် သေလုမြောပါးဖြစ်စေ ခဲ့တာပါပဲ....ကျနော် မတက် မနေရ ကျောင်း
တက်နေရ ချိန်မှာ ကျနော် စာသင်ခန်းထဲ မှေးကနဲ အိပ်ပျော်သွားတတ်တယ်.
ကိုယ်ကတော့ အိပ်လို အိပ်မှန်းမသိလိုက်ပါဘူး...အတန်းဖော်တွေ က ကျနော့်
ပောာက်သံကြားလို ၀ိုင်းရယ်စဉ်တိုင်းမှာ ဖြတ်ကနဲ လန့် နိုးပြီး ...ငါ မအိပ်ပါ
ဘူးလို့ ခံငြင်းရလေ့ ရှိပါတယ်....။ညအိပ် ချိန်မှာ လဲ ကျနော်ပောက်သံ ပာာ
အတော်ကျယ်တယ်လို့  ဇနီးက ပြောပေမဲ့ ...ငါအရင်ကလဲ အိပ်ရင်ပောာက်
တာပါပဲ လို့ ဖြေသိမ့်တွေး တွေးခဲ့ ပါတယ်....။အဆိုးဆုံးက ကျနော် ကားမောင်း
ချိန်မှာ (အထူးသဖြင့် နေလည် ၁၂ နာရီ မကျော်ခင်မနက်ဖက်တွေမှာ )အိပ်
ငိုက် တတ်တာပါပဲ...အိပ်ငိုက်ရင်း မောင်းတဲ့ကားပာာ ဘယ်ညာရမ်းပြီး အခြား
ယာဉ်ကြောထဲ ရောက်ရောက်သွားတတ်တာပါ...။ဒါကြောင့် ကျနော်ဇနီးက
ဘေးကထိုင်စီးရင်း တချိန်လုံးသတိပေးနေရတတ်ပါတယ်...။
နေလည် ၁၂ နာရီ မကျော်ခင်မနက်ဖက်တွေမှာ ထိုင်ရင်းနဲ့ လည်းအိပ်ငိုက်
အိပ်ပျော်တတ်ပါတယ်....။
အဲသည်အဖြစ်ပာာ ဘာကြောင့်လဲ ဆိုတော့ ညအိပ်ချိန်မှာ အောက်စီဂျင်
ပာာ အပြည့်အ၀ မရတာကြောင့် ဦးဏှောက်ပာာ မနက်ပိုင်းမှာ ကောင်းစွာ
အလုပ်မလုပ်လို့ ပါ....။လူပာာ ၀ လာ ကြီးလာတယ် အသက်ရှု လမ်းကြောင်း
က ၀ မလာ ..ကြီးမလာ တဲ့ အပြင် ပါစောင်နဲ့ လည်ပင်းတ၀ိုက် မှာ ရှိတဲ့ အဆီပို
အသားပိုတွေကလဲ အသက်ရှုလမ်းကြောင်း(Air Way) ကို ထပ်ပြီးဝန်ပိစေတဲ့ 
အတွက် ရှိသင့်တာထက် ပိုပြီး အသက်ရှုလမ်းကြောင်း(Air Way) ကျဉ်းသွား
ပါတယ်....။ ဒါကြောင့် လူဝကြီးများအိပ်ရင် ပောာက်သံ အကျယ်ကြီး ကြားရ
တာပါ....တချိုပိန်သူတွေလဲ ပောာက်တာတွေ ရှိပါတယ်....အဲဒါက များသော
အားဖြင့် Tonsillitis လို့ ခေါ်တဲ့ အာသီရောင်ခြင်း ...အာသီးကြီးမားခြင်းကြောင့်
ပောက်သံထွက်တယ်လို့ ဆိုပါတယ်....။အသက်ရှုလမ်းကြောင်း(Air Way )
ပာာ ပုံမှန်မပာုတ်တဲ့ အတွက် ပါးစပ်ရဲ့  အကူအညီနဲ့ ရှုရပါတယ်....ဒါကြောင့်
ပောက်သံထွက်လာတယ်လိုလဲ ဆိုကြပါတယ်....။ အဲသည် နောက်ဆက်တွဲ ရလာဒ် ကတော့ အောက်စီဂျင် လုံလောက်အောင် မရရှိ တာကြောင့် အိပ်
ရင်းအသက်ရှုရပ်တဲ့ရောဂါ( Sleep Apnoea )ဖြစ်တော့တာပါပဲ...ဆရာဝန်များ
ရှင်းပြချက်အရ ကျနော်ပာာ တစ်မိနစ်ကို (၃)ကြိမ် အသက်ရှု ရပ်ပါသတဲ့....။
တစ်မိနစ်ကို (၅)ကြိမ်လောက် ဖြစ်ပြီးဆိုရင်တော့ အသက်ပါ ပါသွားတတ်တယ်
ဆိုပါတယ်....။
ကျနော် သတိ ပြန်ရချိန်မှာ ဒီဇင်ဘာလ (၄) ရက်နေဖြစ်နေပြီး ကျနော် စတက်
တဲ့ အော်ဘန်(Auburn ) ဆေးရုံ မပာုတ်တော့ပဲ ၀က်စမိ (westmead) ဆေးရုံ
အရေးပေါ်ဌာနထက်မြင့်တဲ့ အထူးကြပ်မတ် ခန်း(I.C.U) ကိုရောက်နေတာပါ...
(Auburn ) ဆေးရုံမှာ တစ်ည နေခဲ့ ရပြီး ဆေးဝါးစက်ကရိယာ ဆရာဝန် ပိုပြီး
စုံတဲ့ (Westmead) ဆေးရုံကို လွှဲပေးလိုက်တာလို့ သိရပါတယ်...။ဆေးရုံက
ပြန်ပြောပြတာကတော့ သူတို ဘယ်လိုမှ မယုံကြည်နိုင်ကြောင်း ...
ဆေးရုံရောက်လာချိန်မှာ ကျနော် အသက်ရှုလမ်းကြောင်း(Air Way) က ငါး
ပြားစေ့ အထူလောက်သာ ရှိတော့ကြောင်း...အသက်ရှုလမ်းကြောင်း(Air Way) ကျဉ်းကျဉ်း လေးနဲ့ အသက်ရှု နေနိုင်တယ်ဆိုတာကို သူတို့ အနေနဲ့
မယုံကြည်နိုင်ကြောင်း ပြောပြပါတယ်.....။ ကျနော် သတိမေ့ နေတဲ့ (၈)ရက်
အတွင်းမှာ ကျနော် ဆရာဝန် ဦးဇော်ဝင်းဦး ရောက်လာပြီး အခြေ အနေ လာ
ကြည်ကြောင်း သိရသလို အခု (Waga Waga) ရောက်နေတဲ့ ကိုဝင်းနိုင် တို့ 
ဇနီးမောင်နှံ ကလဲ အိမ်မှာ ညစောင့်အိပ်ပေးကြောင်း....NLD (Australia ) က
ဦးမောင်မောင်အေး နဲ့  မစန်းစန်းမိုး တိုကလဲ ကူညီကြကြောင်းသိရတော့ ဝမ်း
သာရသလို့  အကြောင်းကြားပေမဲ့  ဘာလာကြည့်စရာ လိုသလဲ လို့ မေးခွန်း
ထုတ်ပြီး ပြစ်ထားကြတဲ့ ဆွေးမကင်းမျိုးမကင်း များကိုလဲ စိတ်ဓါတ်သိရလို့ 
ကျေးဇူးတင်မိလိုက်ပါတယ်....။
ဒီစာ မှာ အထူးတလည် ပေးချင်တဲ့ မက်စေ့ခ်ျ က လူတယောက်ရှိသင့်ရှိထိုက်
တဲ့ (အရပ် နဲ့ ယှဉ်ပြီးသတ်မှတ်တဲ့) ကိုယ်အလေးချိန်ထက် ပိုပြီး အ၀ မခံကြ
ပါနဲ့ ...၊ပိုဝလာလို့  ညအိပ်ရင်ပောက်သံထွက်လာရင် ၊ မနက် အိပ်ယာထသော်
လည်း အိပ်ရေးမ၀ သလို ခံစားရရင်....မနက်ဖက် အိပ်ယာနိုးပြီး ကာမှ အိပ်
ငိုက်တတ်လာရင် ...သတိထားကြဖို့ ပါပဲ....
အစကတည်းက Diabetes , Hypertension , ရနေတဲ့ ကျနော် ခုတော့
Sleep Apnoea ပါထပ်တိုးလို့ ညတိုင်းညတိုင်း Seat Bed လို့ ခေါ်တဲ့
အောက်စီဂျင်ပေးတဲ့ စက်နဲ့ အိပ်နေရတော့တာပါပဲ.......။
ကံ...ညာဏ်...၀ရီယ ရှိကြပြီး အသက်ကို စောင့်ရှောက်နိုင်သူများဖြစ်ကြပါစေ....
ခိုင်ကိုဦး(ဆစ်ဒနီ)
၂၆ . ၁၁. ၂၀၁၅

No comments:
Post a Comment