Saturday, 30 November 2013

ဘွဲ့ဆုတွေလည်းထပ်ယူပြီးသွားကြောင်း
*************************
သြစတြေးလျ Monash University မှာဒေါ်အောင်ဆန်းစုကြည် မိန့် ခွန်းပြောပြီးသွားပါပြီ။

ဘွဲ့ဆုတွေလည်းထပ်ယူပြီးသွားကြောင်း
...
မူရင်း ကိုသန်းလွင်(မဟာမိုးဇက်)

ပြန်လည်မျှဝေပေးပါတယ်.
လေးစားလျက်
(2 photos)

အမျိုးသားဒီမိုကရေစီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်အား သြစတြီးလျနေရှင်နယ် တက္ကသိုလ်မှနောက် ထပ် ဒေါ်စု ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ အားချီးမြှင့်ပေးအပ်တဲ့အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်ကဒေါကတာဘွဲ့ ကိုလက်ခံရယူခဲ့ပါတယ်။


Wednesday, 27 November 2013

ဒေါ်အောင်ဆန်းစုကြည်၏ သြစတေးလျခရီးစဉ် ( ဆစ်ဒနီလေဆိပ် ကြိုဆိုပွဲ- ၂၇-၁၁-၂၀၁၃)

ကျနော့် ရဲ့ Samsung လေးနဲ့မှတ်တမ်းတင်ထားတဲ့ ပုံတွေ တစုတစည်းတဲဖြစ်အောင် ပြန် တင်လိုက်ပါတယ်




 
 
မှန်တာတွေ ပြောဦးမယ် ။ စ လည် ဆုံး နားထောင်ကြည့် သူမ လို ဘယ်သူများ အရည်အချင်းရှိလဲ ......။
ရှိရင် ရှေထွက် ရပ် ပြ ကျုပ်လည်စင်းပေးလိုက်မယ် ။
 
 
တန်ဖိုးရှိသူကို .....တန်ဖိုးသိသူတိုက .....တန်ဖိုးတက်အောင် ချီမြှောက် ကြတယ် ။ တန်ဖိုးမသိတော့ မလုပ်ကြနဲ့  ....... တန်ဖိုးမသိချင်ယောင် လဲ ဆောင်မနေကြနဲ့  .......

ခိုင်ကိုဦး (ဆစ်ဒနီ)
၂၇း ၁၁း ၂၀၁၃


Monday, 25 November 2013

ဒါလားပဲာ ဒိမိုကရေစီ

ဒါလားပဲာ ဒိမိုကရေစီ

ကျနော် အစောကြီး ကတည်းက ပြောတယ် ၊ ကျနော်နဲ့ ခင်သူတွေကိုလည်း မကြာခဏ ပြောဖူးတယ် ၊ ဦးနေ၀င်းအစိုးရ ၊ ဥိးသန်းရွှေ အစိုးရ ၊ ဦးသိန်းစိန် အစိုးရ အားလုံးအတူတူ ကြီးပါပဲ ။ ခင်ဗျားတို့ ယုံသလားဆိုတဲ့  မေးခွန်းကိုပဲ ကျနော် ထပ်မေးမယ် ၊ ကျနော်ကတော့ ခုချိန်ထိ လုံးဝ(လုံးဝ) ကိုမယုံဘူး ။ ဦးနေ၀င်းတုန်းကလည်း ဒီကစားကွက်ပဲ ၊ ဦးသန်းရွှေ လည်းဒီကစားကွက်ပဲ ၊ အခု ဦးသိန်စိန်လည်းဒီကစားကွက်ပဲ နှစ် ၅၀ ကျော်ပြီ မပြောင်းသေးဘူး ၊ ဒါကို တချို မသိသေးတာတော့ လွန်တယ် ၊ လိမ်သူအပြစ်မပာုတ်တော့ဘူး ၊ အာဏာ မြဲဖိုဆိုရင် ဇာတ်တူသားစားဖို့ လဲ ၀န်မလေးဘူး ၊ ပြည်သူလူထုကိုချနင်းဖိုလဲဝန်မလေးဘူး ၊ ဦးနေ၀င်း သူခုံမြဲ ဖို့ ထောက်လှမ်းရေးဦးတင်ဦး (ခြောက်ပေကြီး ) ဆော်ထဲလိုက်တာပဲ ၊ အခု NLD ကဘဘ သူရဦးတင်ဦး လဲချမ်းသာပေးခဲလိုလား ၊ ဗိုလ်ကြီးဦးအုန်ကျော်မြင့် ရက်ရက်စက်စက်ကို ကြိုးစင်တင် ကြိုးပေးသတ်ခဲတာ ။ နောက် .....ဦးသန်းရွှေ .... ဗိုလ်ချုပ်တင်ဦး ၊ဗိုလ်ချုပ်စစ်မောင် ၊ ပာယ်လီကော်ပတာပေါ်တင် ဗုံးခွဲ သတ်ပြစ်လိုက်တာပဲ ၊ တပည်ရင်းဦးခင်ညွန့် အင်အားကြီးလာတော့ ခြောက်ပေကြီးကိုဆော် သလိုပဲ ဆော...်ထဲလိုက်တာပဲ ၊ ယုတ်စွအဆုံး ကိုယ် ကိုးကွယ်တဲ့ ဘာသာ ကိုယ် ရှီခိုးကန်တော့နေတဲ့ ရပာန်း တော် တွေတောင်မှ ချမ်သာပေးခဲလိုလား ၊ ၈၈ ကစလို သတ်လိုက်တဲ့ပြည်သူတွေ ၊ လမ်းပေါ်မှာ ပေါ်တင်သတ်တယ် ၊ ထောင်ထဲပိုပြီးသတ်တယ် ၊ အသက်မသေ ရင်တောင်မှ ဘ၀တွေသေအောင်သတ်ခဲတယ် ၊ အခု မြန်မာနိုင်ငံတော်ကြီးက ကျွန်စုပ်တဲ့သရက်စိ လို ဘာမှမကျန်တော့လို့  နိုင်ငံတကာ အကူအညီတွေ ပြန်ရ ပြန်နွှာကြ ရအောင်လို့  လူထုခေါင်ဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ရှေတန်းတင် ၊လုပ်ပိုင်ခွင်လေးနဲနဲပေး ၊ ပြုပြင်ပြောင်းလဲနေပါပြီ ....ဆိုပြီး ပြည်သူနဲလှည်တိုက် ၊ ဘာသာရေးနဲလှည် တိုက် ပြည်သူလူထု ချစ်ခင်ယုံကြည် အားကိုစိတ်လျှော့ပါလာအောင် စနစ်တကျ အကွက်တွေဆင် ပြီးသူတိုအာဏာမြဲရေး သူတိုမိသားစု ချမ်းသာရေး အစဉ်တစိုက် လုပ်လာခဲတာ ဒီတခါ ထပ်ခံရရင်တော့ လုပ်သူ အပြစ် မပာုတ်တော့ဘူး ရယ် ။အခုကြည် နီုင်ငံရေးသမားမပာုတ်တဲ့သူတွေကိုပါ နိုင်ငံရေးသမားတွေနဲ(တိုင်းသိဲပည်သိ )့ ရောလွှတ်ပေးပြီး နိုင်ငံကောင်းစားရေး အစဉ်တစိုက်လုပ်လာသူတွေကို (လူမသိသူမသိ )ပြန်ဖမ်းချုပ် ထောင်ပြန်ချ နေပြန်ပြီး ။လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကလည်း (ကျနော်ထင်တယ်) သူ ဘ၀ရဲ့  သိပ်မကျန်တော့တဲ့ အချိန်လေး အတွင်းမှာ လုပ်ရသလောက်လုပ်မယ် ဆိုတဲ့ စိတ်နဲ့  (မချစ်သော်လည်းအောင့်ကာနမ်းဆိုသလို ) မာန်တင်ပြီးလုပ်နေရရှာတယ် ၊ ဒါကို သိကြဖို့ လိုပြီ . ၊( ဒယ်အိုးဆရာတော် လေသံနဲ့ ပြောရရင် ) သိကြတဲ့ အတိုင်းကျင့်ကြ ဖို့ လိုနေပြီ ၊ ကျနော်တိုံ ရဲခေါင်းဆောင် လဲ လူသားတယောက်ပါပဲ ၊ (မဦးမချွတ် ပြောတာမပာုတ်ပါ ) သူမ နောက်ထပ် အသက် ရှည်လှ ၁၀ နှစ်ပေါ့ လူတဦးရဲ့ သက်တမ်းက ၈၀ ကျော် ရင် မှတ်ညာဏ် က အစ ချိုယွင်လို့ သွားပြီ ။သူမ အသက်ရှင်နေတုန်းမှာ ကူညီ ၀ိုင်ပါမှ တော် ကာကျမည် ။ မြန်မာပြည်မှာ စိတ်ဓါတ်အရ ၊အရည်အချင်း အရ စွန်လွှတ် အနစ်နာခံမှု့ အရ ၊ ခေါင်ဆောင်နိုင်မှု့ အရ သူမ လို နောက်တယောက် ဘယ်နည်းနဲမှ ထပ်မရနိုင်ဘူး ။
 
 
                                                                          ခိုင်ကိုဦး (ဆစ်ဒနီ)
                                                                           ၂၅ ၊ ၁၁ ၊၂၀၁၃

နာရေးအသင်းသာပို့လိုက်။

နာရေးအသင်းသာပို့လိုက်။
 

မိဘတွေအနေနဲ့ မသိလိုက်လို့ ကိုယ့်သားသမီးကိုယ် စနစ်တကျ ဖျက်ဆီးပစ်လိုက်မိတာ မျိုး မဖြစ်စေချင်တဲ့ မျိုးဇေယျာဦး ....။

ကျွန်တော် အသက် ၂၀ လောက်မှာ အိမ်ပေါ်ကဆင်းတော့ ရရာအလုပ်ရှာရင်း ဟောတယ်တစ်ခုမှာ Bell Boy ဝင်လုပ်ရတယ်။ ဒါကို အမေက သိတော့ ကျွန်တော်နေတဲ့ နေရာကို မြန်မာကားတွေထဲက သူဌေးမ...ကြီးစတိုင်လ်နဲ့ ပိုက်စံအိပ်ကြီးကိုင်ပြီး ကားပေါ်ကဆင်းလာတယ်။ နောက် စိတ်လျှော့ပြီး အိမ်ပြန်လာဖို့ ခေါ်တယ်။ မလိုက်မှန်းသိတော့ သုံးဖို့ဆွဲဖို့ဆိုပြီး ပိုက်စံ အထပ်လိုက်လာပေးတယ်။ ပြီးတော့ ပင်ပင်ပန်းပန်း ဘာအလုပ်မှ မလုပ်ပါနဲ့ သားရယ်တယ်။ မင်းအဖေရော၊ အမေရော ငုတ်တုတ်ရှိနေရဲ့သားနဲ့ အမေ့သား အဲလို အောက်ကျနောက်ကျ အလုပ်တွေ လုပ်နေရတာ အမေ မကြည့်ရက်လို့ ဆိုပြီး မျက်ရည်စမ်းစမ်းနဲ့ ပြောရှာပါတယ်။ အဲဒီမှာ ကျွန်တော် အမေပြောပြောနေတဲ့ စကားတခွန်းကို သွားသတိရတယ်။ "မင်းက ငါ့ဗိုက်ထဲကို မှားပြီးရောက်လာတာ" တဲ့။ အမေကဒေါသထွက်လို့ ဒီစကားကို ပြောပေမဲ့ ကျွန်တော်က ဝမ်းနည်းတာတို့ စိတ်မကောင်းဖြစ်တာတို့ မရှိပါဘူး။ သူပြောနေတာ အမှန်ကြီးပဲကိုး။ မိဘတွေက သူတို့ သားသမီးကို ဖြစ်စေချင်တဲ့ ပုံစံရှိသလို သားသမီးတွေမှာလည်း သူတို့ မိဘကို သူတို့ ဖြစ်စေချင်တဲ့ ပုံစံဆိုတာရှိတယ်။ ဘယ်သူ့ဘယ်သူကမှ ရွေးချယ်ပိုင်ခွင့်မရှိပဲနဲ့ ဖြစ်နေကြတာ။ ကျွန်တော်ကလည်း အခုလို ကိုယ့်သားအလုပ်လုပ်တာကို ကြည့်ပြီး မျက်ရည်စမ်းစမ်းနဲ့ မလုပ်ပါနဲ့လို့ တားတဲ့ အမေမျိုးကို လိုချင်တာမဟုတ်ဘူး။ အခုလိုမျိုး ကိုယ့်သားက ကိုယ့်ဆုံးဖြတ်ချက်ကို ကိုယ်တာဝန်ယူရဲပြီး ကိုယ့်ဘဝကိုရ်ကျောင်းဖို့ သမာအာဇီဝ အလုပ်ကို လုပ်တာ အားပေးတဲ့ အမေမျိုးပဲလိုချင် ခဲ့တာ။ အမေ့ကို ဒေါသလည်းထွက်နေတော့ တော်တော်ပြောပလိုက်တယ်။ အမေဟာ ဘွဲ့ရတစ်ယောက်ဖြစ်ပြီး အတွေးအခေါ်မရှိဘူးလို့။ အမေက မိဘမေတ္တာဆိုတာ တစ်ခုတည်းကြည့်ပြီး သမာအာဇီဝလုပ်စားပြီး ဘဝကို ထူထောင်မဲ့ သားတယောက်ရဲ့ ဘဝကို အားပေးရမဲ့အစား လာဖျက်ဆီးနေတယ်ဆိုတာ မသိဘူးလို့။ နောက်ဆုံးတော့ အမေလည်း စိတ်မကောင်း၊ ကျွန်တော်လည်း စိတ်မကောင်းနဲ့ ကျွန်တော်တို့ သားအမိက ထုံးစံအတိုင်း ကိုယ်လုပ်ချင်ရာ ကိုယ်လုပ်ကြတာပါပဲ။ ကျွန်တော်လည် အဲအလုပ်ကလေးကနေ ဌာနတွေ ဘာတွေပြောင်း၊ အလုပ်တွေ ဘာတွေပြောင်းနဲ့ ဘွဲ့တစ်ခုရခဲ့တယ်။ အမေကလည်း ကြုံရင်ကြုံသလို ဝင်လာပြီး ကျွန်တော်အိမ်မှာ မရှိတဲ့ အတွက် မိဘတွေ ဘယ်လို စိတ်ဆင်းရဲရတယ်၊ လွမ်းဆွေးရတယ်ဆိုတာတွေ လာပြောတတ်တယ်။ (အိမ်မှာရှိတုန်းကလည်း စိတ်ဆင်းရဲရတယ်လို့လည်း အမေက ခဏခဏပြောတတ်တယ်။) ယူကေကို ရောက်ပြီးတော့ ဒီနိုင်ငံက မိဘတွေကို ကြည့်ပြီး အမေပြောတဲ့ "မင်းက ငါ့ဗိုက်ထဲကို မှားပြီးရောက်လာတာ"ဆိုတဲ့ စကားကို ပိုပြီး သဘောကျလာတယ်။ ဒီနိုင်ငံက မိဘတွေကို သတိထားကြည့်မိတာက အများစုက သူတို့ သားသမီးတွေကို ကိုယ့်အားကိုယ်ကိုးတတ်အောင်၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိအောင်၊ အရာရာကို ကိုယ်ပိုင်ဉာဏ်နဲ့ ဆုံးဖြတ်တတ်အောင် သင်ပေးကြတယ်။ ဒီမှာဆို ၁ နှစ်၊ ၂ နှစ် ကလေးတွေကို စားစရာပန်းကန်ရှေ့မှာ ကော်ဇွန်း (ကလေးဇွန်း) တစ်ချောင်းနဲ့ ဆော့နေ၊ ဒါမှမဟုတ် စားနေတာတွေ တွေ့ရလေ့ရှိတယ်။ ညစ်ပတ်ပေရေနေလည်း မိဘက ခဏနေ ရှင်းပေးလိုက်တာပဲ။ သိပ်မကြာခင်မှာ ဒီကလေးက ကိုယ့်ဘာသာ ကိုယ်စားတတ်သွားတယ်။ ကျွန်တော်တို့ဆီမှာလို ၅ နှစ် ၆ နှစ်လောက်အထိ မိဘ ဒါမှမဟုတ် တစ်ယောက်ယောက်က ခွံ့ကျွေးတာတွေ တွေ့ရခဲတယ်။ နဲနဲ အရွယ်ရောက်လာပြီဆို ကိုယ့်ဘာသာကိုယ် ခူးခပ်စားရတယ်။ ကိုယ့်ပန်းကန် ကိုယ်ဆေးရတယ်။ ကျွန်တော်တို့တွေဆို ငယ်ငယ်ထဲက အိမ်မှာ ကူဖော်လောင်ဖက်တွေနဲ့ နေခဲ့ရတော့ ကိုယ့်ပန်းကန် ကိုယ်ဆေးတာတောင် မိဘအိမ်ကဆင်းမှ စဆေးဖြစ်တယ်။ အဲဒီတော့ အခုထိ ပန်းကန်ဆေးရမှာ ပျင်းတုန်း။ မိဘက ကိုယ့်ပန်းကန် ကိုယ်ဆေးအောင် သင်ပေးတယ်။ ကျွန်တော်တို့ကလည်း အပျင်းကြီးတယ်။ ဘေးမှာ လုပ်ပေးမဲ့ သူတွေကလည်း အဆင်သင့်။ (အဒေါ်တွေ၊ အမဝမ်းကွဲတွေဆို ကြီးတဲ့အထိ ကိုယ်တွေစားပြီးပြီ ဆိုတာနဲ့ ပန်းကန်ကို ယူဆေးလိုက်ပြီ။) မိဘကလည်း ဒီလိုမျိုးကိုယ့်အားကိုယ်ကိုးတတ်အောင် သင်ပေးဖို့ဆိုတာ၊ တခြား ပညာရေး၊ ဘာသာရေး၊ လူမှုရေး၊ စီးပွါးရေးတွေလောက် အရေးမကြီးဘူးလို့ ထင်ထားတာလည်း ပါရင် ပါမှာပေါ့။ ဘာပဲပြောပြော ဒီဘက်က ကလေးအတော်များများက ကိုယ့်စားပြီးတဲ့ ပန်းကန်ကို ကိုယ်ဆေးရမဲ့ဆိုတာကို နားလည်ပြီး ကြီးပြင်းခဲ့ကြတယ်။ ကျွန်တော်တို့ကတော့ စားပြီးနားမလည်တွေ အဖြစ်နဲ့ ကြီးပျင်းဖို့ဘက်ကို အလေးသာခဲ့ကြတယ်။ နောက်တစ်ခုက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိအောင် လုပ်ပေးတာပဲ။ မိဘက တတ်နိုင်ရင် တတ်နိုင်သလို၊ ကိုယ့်သားသမီးကို ငယ်ငယ်ထဲက ကုတင် ဒါမှမဟုတ် အခန်းခွဲအိပ်စေတယ်။ ၆ လ၊ ၁ နှစ်အရွယ်လေးတွေကိုဆို ကလေးငိုသံကြားရအောင် အခန်းထဲမှာ ဝေါ်ကီတော်ကီလို စက်ကလေး တစ်လုံးထားပေးထားပြီး ကလေး ငိုသံကြားမှ မိဘက ဘာဖြစ်လဲ ဝင်ကြည့်တယ်။ ကလေးတွေက ငယ်ငယ်ထဲက အခုလို တစ်ယောက်ထဲနေရတော့ အလကားနေ အလကား ကြောက်စိတ်မဝင်တော့ဘူး။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု confidence ပိုရှိလာတယ်လို့ ထင်တယ်။ ကျွန်တော်တို့ မြန်မာကလေးတွေလို သရဲတွေ၊ ဘာတွေ ကြောက်တာပြုတာ အရမ်းနည်းသွားတယ်။ ကျွန်တော်တို့က ညီအကို ၃ ယောက်ဆိုတော့ သိတတ်စအရွယ်ထဲက အဖေ၊ အမေနဲ့ မအိပ်ခဲ့ရတာ တော်တော်ကံကောင်းတယ်။ မိဘကလည်း အစဉ်ပြေတော့ ကိုယ့်အခန်းနဲ့ကိုယ် နေလာခဲ့ရတယ်။ အဲဒီတော့ သရဲ ကြောတ်တာတို့ဘာတို့က လူပျိုပေါက်အရွယ်လောက်မှာ ပျောက်သွားတယ်။ ပြီးတော့ ဒီမှာ ကလေးတွေ မေးတာတွေကို လူကြီးအများစုက စိတ်ရှည်ရှည်နဲ့ ဖြေပေးလေ့ရှိကြတယ်။ လွယ်လွယ်နဲ့ ပြီးရောဆိုပြီး လုပ်ဇာတ်တွေ သိပ်မပြောကြတော့ဘူး။ ကလေးတွေ မသိသင့်သေးတဲ့ ကိစ္စဆိုရင်တောင် ဒီအရွယ်မှာ မသိသင့်သေးတဲ့ အကြောင်းရှင်းပြတယ်။ ကလေးတွေကို ငယ်ငယ်ထဲက သိသင့်၊ သိထိုက်တာကို စိတ်ရှည်လက်ရှည် ရှင်းပြတော့ ကလေးတွေမှာ အသိဉာဏ်တိုးတယ်။ ပညာရေး၊ ဘာသာရေးကလွဲပြီး ကျန်တာတွေ ကလေးသူငယ်တွေ စိတ်မဝင်စားသင့်ဘူးလို့ မလုပ်ကြဘူး။ ကျွန်တော်တို့ ငယ်ငယ်ကဆို သိချင်တာတွေမေးမိလို့ လူကြီးတွေက မဖြေနိုင်ရင်၊ ဒါမှမဟုတ် မဖြေချင်ရင် "ကလေး၊ ကလေးလို မနေဘူး"တို့ ဘာတို့ အပြောခံရတယ်။ ဒီမှာလည်း ဒီလိုပြောတဲ့ သူတွေရှိတော့ ရှိနေသေးပါတယ်။ ဒါပေမဲ့ နည်းသွားပြီ။ ကလေးတွေက သိသင့်တာတွေ သိရပြီး၊ သူတို့ကို လူတွေက နှိမ်မထားတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပိုရှိလာကြတယ်။ အဲဒီအတွက် ဆိုးကြိုးတချို့လည်း ရှိပါတယ်။ over confidence ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်ပြီး တလွဲတွေကို ဘယ်သူ့မှ ဂရုမဆိုက်ပဲ လုပ်ပြစ်တာတွေ။ အမှန်တော့ ဒီလို့ ဘဝင်တွေက လူ့အဖွဲ့အစည်းတိုင်းမှာ ပုံစံမျိုးစုံနဲ့ ရှိနေတတ်ပါတယ်။ အရေးအကြီးဆုံးလို့ ကျွန်တော်ထင်တာကတော့ အရာရာကို ကိုယ်ပိုင်ဉာဏ်နဲ့ ဆုံးဖြတ်တတ်အောင် သင်ပေးတာပဲ။ မုန့်ဆိုင်တွေမှာ၊ စတိုးဆိုင်တွေမှာ ကလေးနဲ့ ဝယ်နေတဲ့ မိဘတွေဆို ကိုယ့်ကလေး ဘာစားချင်လဲ၊ ဘာဝယ်ချင်လည်းကို စိတ်ရှည်လက်ရှည်နဲ့ မေးတယ်။ ကလေးလိုချင်တာက သူတို့အတွက် ဒုက္ခမဖြစ်စေဘူးဆိုရင် ကိုယ်ကောင်းမယ်ထင်တာထက် သူတို့လိုချင်တာကို ပိုပြီး ဦးစားပေးတယ်။ ဥပမာ ကလေးကို ရေခဲမုန့်ဝယ်ကျွေးတယ်ဆိုပါစို့။ ကလေးက vanilla စားမလား၊ chocolate စားမလားကို သူ့ဘာသာ သူရွေးစေတယ်။ အဝတ်အစားဝယ်ရင် သူတို့ဘယ်အရောင်ကြိုက်လည်းက အစ မိဘက မေးပြီးမှ ဝယ်တယ်။ ၂ နှစ် ၃ နှစ် အရွယ် စကားစပြောတတ်တဲ့ ကလေးကိုက အစ စိတ်ရှည်လက်ရှည်နဲ့ မေးတယ်။ ကလေးတွေကို ကိုယ့်အတွက်ကိုယ် ဆုံးဖြတ်ချက်ချနိုင်အောင် ငယ်ငယ်ထဲက လေ့ကျင့်ပေးနေတာလို့ ကျွန်တော်မြင်တယ်။ ကျွန်တော်တို့ ဆီမှာလို မိဘက လက်နဲ့ရေးတာကို ခြေနဲ့ဖျက်တယ်တို့ ဘာတို့ မပြောဘူး။ တတ်နိုင်သမျှ သားသမီးကို သူ့ဘဝကို သူတို့ကိုယ်တိုင် ရွေးချယ်နိုင်အောင်၊ တည်ဆောက်နိုင်အောင်၊ တာဝန်ယူနိုင်အောင် လေ့ကျင့်ပေးတယ်။ ဒါကြောင့် ဒီက လူငယ်အများစုက ၁၆၊ ၁၇ လောက်ဆိုရင်ပဲ အချိန်ပိုင်းအလုပ်တွေဝင်လုပ်ကြပြီ။ တက္ကသိုလ်၊ ကော်လိပ် တတ်တဲ့ကျောင်းသားတွေဆိုလည်း အပိုငွေသုံးရအောင် အချိန်ပိုင်း အလုပ်တွေ လုပ်လာကြတယ်။ အစိုးရကလည်း လူငယ် အလုပ်လက်မဲ့တွေ များလာတာနဲ့ သေသေချာချာ အစီအမံတွေနဲ့ လျှော့ကျအောင် ဆောင်ရွက်တယ်။ မိဘကို အားကိုးချင်စိတ် နဲအောင် လေ့ကျင့်ပေးကြတယ်။ ကိုယ်ဖြစ်စေချင်တဲ့ ဘဝထက် သူတို့ကိုယ်တိုင်ရွေးချယ်ပြီး တည်ဆောက်တဲ့ ဘဝမျိုးဖြစ်အောင် ပံ့ပိုးပေးတယ်။ ကျွန်တော်တို့ဆီမှာ အဲဒါတွေ အားနည်းခဲ့လို့ သားသမီးတွေက မိဘအိမ်မှာ အသက်ကြီးတဲ့ အထိ နေကြတာတွေ များမယ်။ မိဘကို မခွဲနိုင်လို့ နေတဲ့ သူတွေလည်း ရှိပါတယ်။ လူဆိုတာက ကိုယ့်ကို တချိန်လုံး အလကားပေးကမ်းထားပြီး အကုန်လိုက်လုပ်ပေးနေရင် ဖျက်ဆီးသလိုဖြစ်နေတယ်ဆိုတာ မိဘတွေအနေနဲ့ သတိမပြုမိတာလားတော့ မသိဘူး။ ဒီမှာ ဒီလို အမှားမျိုးကို အစိုးရကလုပ်တယ်။ အလုပ်မရှိတဲ့ လူတွေကို အစိုးရက တင်ကျွေးထားတော့ လူတွေက အလုပ်မလုပ်ပဲ အစိုးရဆီကပဲ တောင်းစားနေကြတယ်။ အခုတော့ ဒီအစိုးရလည်း တကယ်အလုပ်မလုပ်နိုင်တဲ့သူတွေနဲ့ မဖြစ်မနေလိုအပ်တဲ့လူတွေကိုပဲ ထောက်ပံ့ဖို့ နည်းမျိုးစုံနဲ့ ကြိုးစားနေရတယ်။ ကျွန်တော့အမြင်မှာတော့ တတ်နိုင်တဲ့ မြန်မာမိဘ အများစုက ကိုယ့်သားသမီးကို အရမ်းချစ်ရင် သားသမီးတွေ ဘဝကို လိုလေသေးမရှိအောင် ဖန်တည်းပေးချင်ကြတယ်။ သားသမီးတွေရဲ့ ဘဝထဲမှာလည်း ဘယ်အရွယ်ရောက်ရောက် ထဲထဲဝင်ဝင် ဝင်ပါချင်ကြတယ်။ ဒါကိုလည်း အချစ်လို့ ခံယူချင်ကြတယ်လို့ မြင်မိတယ်။ ဒါတွေရဲ့ ဆိုးကြိုးဖြစ်တဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနည်းချင်းတို့၊ ကိုယ့်ဘာသာကိုယ် မစဉ်းစားမဆင်ချင်မဆုံးဖြတ်နိုင်ခြင်းတို့၊ ကိုယ့်အားကိုယ်မကိုးတတ်တော့ပဲ အမြဲတမ်း အကူအညီကိုမြှော်ခြင်းတို့ တွေကို မတွေးမိတတ်တာလားတော့ မသိဘူး။ သားသမီး အပေါ်မှာ ဖြစ်စေချင်တဲ့ စိတ်တွေအရမ်းများနေတယ်။ ဒါတွေက မိဘမေတ္တာမဟုတ်ပဲ ကိုယ့်ဆန္ဒကို ရှေ့တမ်းတင်တာတွေ များနေတယ်ဆိုတာ သတိမမူမိကြဘူး။ ဒါတွေကို ပြောတဲ့လူတွေကိုလည်း ကံကြီးထိုက်မယ်၊ မြေမျိုမယ်၊ ငရဲကြီးမယ် ဆိုတာတွေနဲ့ ချောက်လှန့်ထားကြတယ်လို့ မြင်မိတယ်။ သားသမီးတွေ အရွယ်ရောက်လာရင် ဝင်မပါသင့်တဲ့ ကိစ္စတွေမှာလည်း စိတ်ထဲမှာလည်း ကလေးလိုပဲ မြင်နေတုန်းဆိုပြီး ဝင်ပါနေကြသေးတယ်။ ကိုယ်ဝင်ပါလိုက်တိုင်း၊ ကိုယ့်သားသမီးတိုင်း ကိုယ်ပိုင်အရည်အချင်းနည်းအောင် တခါလုပ်လိုက်တယ်ဆိုတာကို မတွေးမိကြဘူးလို့ ထင်တယ်။ ကိုယ့်ကိုယ်ကိုယ် အားကိုးပြီး၊ ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် ရပ်တည်ရဲတဲ့ ယုံကြည်မှုအပြည့်နဲ့ကြီးပျင်းခဲ့ရတဲ့ ကလေးနဲ့ အရာရာ မိဘဆုံးဖြတ်ချက်၊ မိဘ အုပ်ထိမ်းမှုအောက်မှာ မိဘကိုပဲ အားကိုးတတ်တဲ့ ကလေးတွေ လူကြီးဖြစ်လာရင် ဘယ်လိုလူမျိုးက ရေရှည်မှာ ပိုကောင်းမလဲဆိုတာတော့ ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်ကြပါ။ ကျွန်တော်ကတော့ မိဘတွေအနေနဲ့ မသိလိုက်လို့ ကိုယ့်သားသမီးကိုယ် စနစ်တကျ ဖျက်ဆီးပစ်လိုက်မိတယ်လို့ မဖြစ်စေချင်တာပါပဲ။ 


Saturday, 23 November 2013

ညီမောင် ဒီငြိမ်လင်း သို .....

အဝေး တနေရာ ရောက်နေလို ဒီစကားမျိုးပြောတာမပာုတ်ဘူးဆိုတာတော့ အကြွင်းမဲ့ယုံကြည်ပါ ။
ကိုယ့် ဖိုးအေ ဗိုလ်မြသွေး ပ.မ.ည.တ (ဖဆပလ ခေတ်က အတိုက်အခံ ပါတီ ခေါင်းဆောင်ပေါ့ ၊ ရှေမှီ နောက်မှီ လူကြီးတွေကို မေကြည်ရင် သိပါလိမ်မယ် ) အဲသည် ကိုယ် အဖိုး ရဲ့ မှတ်စု ဒိုင်ယာရီ ထဲမှာ ဖတ်ခဲ့ဖူးတယ် ။
...
(သူတော်ကောင်းတွေ အုပ်ချုပ် မင်းလုပ်တဲ့ တိုင်းပြည်မှာ ထောင် ဆိုတာ လူဆို သူခိုး တွေ ထားတဲ့ နေရာ ၊ သူယုတ်မာတွေ အုပ်ချုပ် မင်းလုပ်တဲ့ တိုင်းပြည်မှာတော့ ထောင်ဆိုတာ သူတော် ကောင်းတွေ ကိန်အောင်း မွှေလျှော်တဲ့ နေရာ ပဲ ) တဲ့ ။

နောက် တခု (တန်ဖိုးရှိတဲ့ ကျောက်မျက် ရတနာတွေကိုသာ လူတွေက သော့ အထပ်ထပ်ခတ်ပြီး သိမ်းကြတယ် ၊ ကျောက်ခဲ သလဲ ဆိုရင် ဘယ်သူကများတန်ဖိုးထား ပြီး သိမ်းစည်း မှာ လဲ) တဲ့

                                                                         ခိုင်ကိုဦး (ဆစ်ဒနီ)


     
 

Friday, 22 November 2013

ကျနော်နှင့် လူရွှင်တော်ဦးပါပါလေး”
××××××××××××××××××××
ကိုမာကီ(၈၈မျိုးဆက်)
၁၉၉၀ ရွေးကောက်ပွဲအလွန်၊ ၁၉၉၂/၉၃/ ၉၄ စတဲ့ကာလတွေဟာ မြန်မာ့ဒီမိုကရေစီရေးအတွက်တော့ အမှောင်ဖုံးတဲ့ကာလတွေပါပဲ။ တစ်နည်းအားဖြင့် နဝတစစ်အစိုး...ရ အားအကောင်းဆုံးအချိန်လို့ဆိုနိုင်ပါလိမ့်မယ်။ ၁၉၉၅ ခုနှစ်၊ ဇူလိုင်လမှာတော့ နေအိမ်အကျယ်ချုပ်ကနေ ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးအကြိမ် ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ပြန်လည်လွတ်မြောက်လာခြင်းဟာ ဒီမိုကရေစီရေးအတွက်တော့ အမှောင်ထဲက လရိပ်လေးပါပဲ။ အဲ့ဒီကာလက ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ခြံဝင်းထဲမှာ ယာယီမဏ္ဍာပ်ကြီးထိုးပြီး၊ နိုင်ငံရေး၊ လူမှုရေးအခမ်းအနားတွေကို စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိပါတယ်။ အကျပ်အတည်းကာလထဲမှာ ရနိုင်သလောက် ထိုးဖောက်ကြရတာပါ။ အဲ့ဒီအချိန်၊ ကျွန်တော်က ရန်ကုန်တက္ကသိုလ်မှာ အင်္ဂလိပ်စာအဓိကနဲ့ ပထမနှစ်ကျောင်းသားကြီးတစ်ယောက်။ ကျောင်းသားလူငယ်အစုအဖွဲ့လေးတစ်ခု( DAYS )ကိုဦးဆောင်ပြီး လှုပ်ရှားနေသူ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ခြံဝင်းထဲ ကျင်းပခဲ့သမျှ အခမ်းအနားတိုင်းကို မပျက်မကွက်တက်ရောက်ခဲ့တယ်။ ဒီလိုကာလမျိုးမှာ မဖြစ်မနေ ဝန်းရံရပ်တည်ပေးဖို့လိုတယ်ဆိုတဲ့အသိနဲ့ တက်ရောက်ခဲ့တာပါ။ ၄၊ ၁၊၁၉၉၆ နေ့မှာကျင်းပတဲ့(၄၈)ကြိမ်မြောက်လွတ်လပ်ရေးနေ့အခမ်းအနားဟာလည်း တစ်ခုအပါအဝင်ပါ။ အဲဒီအခမ်းအနားမှာပဲ ကမ္ဘာသိလူရွှင်တော်ကြီးဖြစ်လာမယ့် ဦးပါပါလေးကို စတင်တွေ့မြင်ခွင့်ရခဲ့ပါတယ်။ အဲ့ဒီလွတ်လပ်ရေးနေ့က ဖျော်ဖြေရေးအစီအစဉ်မှာ တိုင်းနဲ့ပြည်နယ်အသီးသီးက NLD ကိုယ်စားပြုအဖွဲ့တွေပါဝင်ခဲ့ကြပါတယ်။ အခြားသောတိုင်းနဲ့ ပြည်နယ်အဖွဲ့တွေက နိုင်ငံရေးသမားတွေ၊ ဝါသနာရှင်တွေသာပါဝင်ကြပေမယ်၊့ မန္တလေးတိုင်း NLD ကတော့ ပရော်ဖက်ရှင်နယ်တွေဖြစ်တဲ့ လူရွှင်တော် ပါပါလေးတို့အဖွဲ့က ကိုယ်စားပြုအနေနဲ့ ဖျော်ဖြေခဲ့တာပါ။ ဝါသနာရှင်တွေနဲ့ ပရော်ဖက်ရှင်နယ်တွေရဲ့ ကွာခြားမှုကတော့ သိသာလွန်းပါတယ်။ ဒါကြောင့် မန္တလေးတိုင်း NLD ရဲ့ ဖျော်ဖြေတင်ဆက်မှုက ကျွန်တော်တို့ရဲ့ရင်ထဲကို အစူးနစ်ဆုံး ထိုးဖောက်ဆွဲငင်နိုင်ခဲ့ပါတယ်။ ပရိသတ်အများစုက လူရွှင်တော်ပါပါလေးနဲ့ အဖွဲ့ကို ပရော်ဖက်ရှင်နယ်အဖြစ်သာသိကြပေမယ့်၊ အမှန်မှာတော့ သူတို့တစ်ဖွဲ့လုံးဟာ (ခြောက်လုံးပတ်တီးသူကအစ) NLD ပါတီဝင်တွေပါပဲ။ ဒါကြောင့် ဘာအခကြေးငွေမှမယူဘဲ မန္တလေးတိုင်း NLD ကိုယ်စားပြုအနေနဲ့ လာရောက်ဖျော်ဖြေကြတာပါ။ အခြားတိုင်းနဲ့ပြည်နယ်တွေက ဝါသနာအရင်းခံလေးနဲ့ ဖျော်ဖြေကြရတာဆိုတော့၊ တင်ဆက်မှုတွေကထပ်။ စကားလုံးတွေကထပ်။ သူတို့မန္တလေးတိုင်းကတော့ ရသမြောက်တဲ့ တင်ဆက်မှုတွေနဲ့ ထူးထူးခြားခြား၊ ထိထိရှရှဖြစ်ခဲ့ပါတယ်။ ကိုယ့်အင်အားစုတွေ၊ ပရိသတ်တွေကြားထဲမှာလည်း လူရွှင်တော်ပါပါလေးရယ်လို့ အထင်အရှားဖြစ်ခဲ့ပါတယ်။ လရိပ်လောက်သာ ထွန်းပနိုင်တဲ့အချိန်၊ ရောင်နီတောင်မသမ်းသေးတဲ့ကာလမို့ မန္တလေးပြန်ရောက်တော့ သူတို့တစ်ဖွဲ့လုံး အဖမ်းခံကြရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ပြန်လည်လွတ်မြောက်လာပြီးတဲ့နောက်၊ နိုင်ငံတကာက မြန်မာ့အရေး ကိုအာရုံစိုက်နေတဲ့အချိန်၊ ဂရုတစိုက်နဲ့ လေ့လာအကဲခတ်နေကြချိန်မှာ၊ အနုပညာဖျော်ဖြေတင်ဆက်မှု တစ်ခုကြောင့် အဖမ်းဆီးခံရတယ်ဆိုတော့ လူရွှင်တော်ပါပါလေးတို့ အဖမ်းခံရမှုဟာ ကမ္ဘာကျော်ခဲ့ပါတယ်။ မန္တလေးအငြိမ့်လောကက တတိယတန်းစားအငြိမ့်အဖွဲ့လေးသာဖြစ်တဲ့ လူရွှင်တော်ပါပါလေးတို့ ကမ္ဘာသိဖြစ်ခဲ့ရပါတယ်။ သူတို့အငြိမ့်တစ်ဖွဲ့လုံးကို မန္တလေးထောင်မှာချုပ်ထားပြီး တရားစွဲဆိုတဲ့အခါမှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူရဦးတင်ဦးတို့က တရားခံပြသက်သေတွေအဖြစ်နဲ့ ပါဝင်လာပါတယ်။ ဒီအမှုမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူရဦးတင်ဦးတို့ ဒီလိုပါဝင်လာကြတာကို လုံးဝလက်ခံနိုင်ခြင်းမရှိတဲ့ နဝတ စစ်အစိုးရက အမျိုးမျိုးဟန့်တားနှောင့်ယှက်ပါတယ်။ ပထမဆုံး သက်သေထွက်ဆိုဖို့ မန္တလေးသွားမယ့်နေ့၊ ရန်ကုန်ဘူတာကြီးကနေ မန္တလေးရထားထွက်တဲ့အခါ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူရဦးတင်ဦးတို့ စီးတဲ့ရထားတွဲကို ဖြုတ်ထားခဲ့ပါတယ်။ ရထားတွဲကြံ့ခိုင်မှုမရှိလိုပါတဲ့။ အခြားသောခရီးသည်တွေပါ အခက်အခဲ ဖြစ်ကြရတယ်။ ဒီတော့ ကားတွေအမြန်စီစဉ်ပြီး ကားနဲ့ပဲတက်ကြတယ်။ ကားနဲ့သွားပြန်တော့လည်း၊ တောင်ငူမြို့ရောက်တဲ့အခါ ဒေါ်အောင်ဆန်းစုကြည်တို့ကားတန်းထဲက ကားတစ်စီးနဲ့ ဆိုက္ကားတစ်စီးတို့ မတော်တဆ ပွတ်တိုက်မိတာကို အကြောင်းပြုပြီး ခရီးစဉ်ကို အနှောင့်အယှက်ပေးခဲ့ပြန်ပါတယ်။ ဆိုက္ကားလည်း ဘာမှမပျက်စီး၊ လူလည်းဘာမှမထိခိုက်လို့၊ ကာယကံရှင်ဆိုက္ကားဆရာက အမှုမဖွင့်ပါရစေနဲ့လို့ တောင်းပန်နေတဲ့ကြားထဲက အဓမ္မဖိအားပေးမှုတွေကြောင့် အမှုအခင်းဖြစ်ခဲ့ရပါတယ်။ ကားမောင်းတဲ့ ဦးစောလှိုင်အဖမ်းခံရပြီး ထောင်ကျပါတယ်။
နဝတစစ်အစိုးရက ဒီလိုမျိုးမတရားဖိနှိပ်အကြပ်ကိုင်လေလေ၊ သူတို့အမှုဖြစ်စဉ်တွေက ထင်ရှားကျော်ကြားလာလေလေနဲ့ လူရွှင်တော်ပါပါလေးဆိုတာ ကမ္ဘာသိလူရွှင်တော်တစ်ယောက် ဖြစ်လာပါတော့တယ်။ နောက်တော့ ဆက်တိုက်ဆိုသလိုပါပဲ။ လူရွှင်တော်ပါပါလေးတို့ကို အကျဉ်းရုံးတရားစီရင်၊ အလုပ်နှင့် ထောင်ဒဏ် (၇)နှစ်စီချမှတ်။ ကချင်ပြည်နယ်က ရဲဘက်စခန်းတွေခွဲပို့ …။ အံ့သြစရာကတော့ ၅/ည ဆိုတဲ့ ပုဒ်မနဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ပထမဆုံးအကြိမ်အဖြစ် ရဲဘက်အလုပ်စခန်းတွေပို့တာပါပဲ။ ဒါဟာ နဝတ စစ်အစိုးရရဲ့ အငြိုးအာဃာတကြီးမားမှုနဲ့ သဘောထားသေးသိမ်ယုတ်ညံ့မှုကို အထင်ရှားဆုံးမြင်တွေ့ရတဲ့ ဥပမာတစ်ခုဖြစ်ခဲ့ပါတယ်။
၁၉၉၆ ခုနှစ်၊ မေလထဲမှာတော့ ကျွန်တော်တို့ကျောင်းသား (၄)ယောက် အဖမ်းခံရတယ်။ တက္ကသိုလ်ကျောင်းသားသမဂ္ဂဖြစ်မြောက်ရေး လှုံ့ဆော်ကြေငြာချက်တွေ ဖြန့်ဝေလို့ဆိုပြီး ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေထဲမှာတင် အဖမ်းခံကြရတာပါ။ ကျွန်တော်တို့ကိုလည်း အထူးတရားရုံး ထုတ်၊ အကျဉ်းရုံးတရားစီရင်ပြီး အလုပ်နှင့်ထောင်ဒဏ် (၁၃)နှစ်စီ အမိန့်ချမှတ်လိုက်ပါတယ်။ ၁၉၉၇ ခုနှစ်၊ ဧပြီလမှာတော့ ထောင်တွေဖြန့်ခွဲပြီးအပို့ခံခဲ့ရတယ်။ ကျွန်တော်နဲ့ သူငယ်ချင်းတစ်ယောက်က မန္တလေးထောင်ကနေတဆင့် မြစ်ကြီးနားထောင်ကို အပို့ခံရပါတယ်။ မန္တလေးကနေ မြစ်ကြီးနားကို ပို့တော့ အချုပ်တွဲစီးရပါတယ်။ အပြောင်းရွှေ့ခံရသူက (၁၂) ယောက်။ မြစ်ကြီးနားဘူတာကို ရထားဆိုက်တော့ ည (၈)နာရီလောက်ရှိပါပြီ။ တစ်မြို့လုံးမှောင်နဲ့မည်းမည်း။ ရွာကြီးတစ်ရွာကို ရောက်လာသလိုလို၊ မြို့ပျက်ကြီးတစ်ခုကို ရောက်လာသလိုလို။ ဘူတာကနေ ပစ်ကပ်ကားတစ်စီးနဲ့ ထောင်ကိုပို့ပါတယ်။
မြစ်ကြီးနားထောင်က သေးသေးလေးပါ။ ထူးခြားတာက အလွန်ကြီးမားမြင့်ထယ်တဲ့ ညောင်ပင်ကြီးတစ်ပင်ရှိတယ်။ တိုက်ဟောင်းနဲ့ တိုက်သစ်နှစ်လုံးရှိတယ်။ တိုက်တစ်တိုက်စီမှာ (၅)ခန်းစီ မျက်နှာချင်းဆိုင် နဲ့ (၁၀)ခန်းစီရှိတယ်။ Dr. ဇော်မြင့်မောင်နဲ့ Dr. ခင်ဇော်ဝင်းတို့ကို တိုက်ဟောင်းထဲခေါ်သွားပြီး ကျွန်တော်တို့ (၁၀)ယောက်ကိုတော့ တိုက်သစ်ထဲမှာ တစ်ခန်းစီထားလိုက်တယ်။ ပုံမှန်တိုက်ခန်းထက်ကို ပိုကျဉ်းတဲ့ အခန်းလေးတွေပါ။ ဆောက်ထားတာကလည်း ထူထူထဲထဲခိုင်ခိုင်ခန့်ခန့်မဟုတ်။ အခန်းထဲမှာတော့ ဝါးကြောဖျာ အညံ့စားတစ်ချပ်ခင်း ပေးထားတယ်။ အခန်းထောင့်မှာ ပလတ်စတစ်မိလ္လာခွက်နှစ်ခုရှိတယ်။ သံတခါးအပြင်မှာ နှစ်လီတာဝင်ရေဗူးတစ်ဗူးနဲ့ ရေခွက် (၁)ခွက်ထားတယ်။ တိုက်ဟောင်း အဝင်ဝက သစ်သားအခန်း ကျယ်ထဲမှာတော့ ရိုးရိုးအကျဉ်းသား ဘာယာတွေရှိတယ်။
နောက်တစ်နေ့မနက် ထောင်ဖွင့်တော့ ကျွန်တော်တို့ကို မိလ္လာသွန်ဖို့၊ မျက်နှာသစ်ဖို့ တံခါးဖွင့်ပေးတယ်။ ဒါပေမဲ့ ပြိုင်တူထွက်ခွင့်မရဘူး။ တစ်ယောက်ကို (၁၅)မိနစ်စီပဲ အလှည့်ကျထွက် ရတယ်။ တိုက်နှစ်လုံးရဲ့ အနောက်ဖျားမှာ အုတ်ရေကန်နဲ့ မိလ္လာအိုးရှိတယ်။ ဒါပေမယ့် အနောက်ဖက်သွားတဲ့အခါ တိုက်နှစ်လုံးကြားကနေ သွားခွင့်မပေးဘူး။ တိုက်သစ်ကို အပြင်ဘက်ကနေ ပတ်ပြီးသွားရတယ်။ တိုက်ဟောင်းက တိုက်ခန်းတွေမှာက
ပြတင်းပေါက်တွေရှိနေတာကိုး။ ဒါပေမယ့် ကျွန်တော့်အလှည့်မရောက်ခင် အခြားသူတွေအပြင် ထွက်ကြတာတော့ ဘာစကားမှ ပြောသံမကြားရဘူး။ တိတ်ဆိတ်နေတယ်။ ကျွန်တော်ထွက်ရတဲ့အလှည့်မှာတော့ ရေကန်နဲ့ အနီးဆုံးအခန်းက သံတိုင်တွေနဲ့ ကာရံထားတဲ့ ပြတင်းပေါက်မှာ လူရွှင်တော်ကြီးဦးပါပါလေး ဘွားခနဲပေါ်လာတယ်။ အခုမှ အိပ်ယာကနိုးထလာတဲ့ပုံမျိုး။
ကျွန်တော်တို့တတွေ ညက ထောင်ပြောင်း လာတာကို သူသိပုံမရဘူး။ ကျွန်တော်ကပဲ မိတ်ဆက်ရင်း နှုတ်ဆက်လိုက်တော့ သူရဲ့မျက်နှာကြီး ဝင်းပသွားအောငကို ဝမ်းသာသွားတယ်။ ကျွန်တော်တို့ စကားပြောနေကြတဲ့အသံကို ကြားတော့ ဦးပါပါလေးရဲ့ ဘေးအခန်းက ပြတင်းပေါက်မှာ လူထွားကြီးတစ်ယောက် ထပ်ပေါ်လာပါတယ်။ မန္တလေးတိုင်း NLD က ဈေးချိုဦးအောင်စိုးတဲ့။ ဦးပါပါလေးတို့ အငြိမ့်အဖွဲ့ကို ရန်ကုန်အထိ တာဝန်ယူပို့ဆောင်ပေးခဲ့သူပါ။ု ခဏကြာတော့ ဦးအောင်စိုးရဲ့ ဘေးအခန်းက ပြတင်းပေါက်မှာလည်း နောက်တစ်ယောက်ထပ်ပေါ်လာပါတယ်။ သူကတော့ ဈေးချိုဦးအောင်စိုးနဲ့ ဆန့်ကျင်ဘက်။ လူကောင်သေးသေးလေးရယ်။ မန္တလေး NLD ကပဲ ဦးထွေးတဲ့။
သူလည်း အငြိမ့်အဖွဲ့ဖျော်ဖြေနိုင်ဖို့ တာဝန်ယူခဲ့ရသူ တစ်ယောက်ပါ။ လူရွှင်တော်ပါပါလေးရဲ့ တွဲဘက်လူရွှင်တော်ကို လူဇော်ကတော့ ဗန်းမော်ထောင်မှာလို့ သိရတယ်။ အငြိမ့်မင်းသမီးနှင်းပပကတော့ မန္တလေးထောင်မှာပဲတဲ့။ ကျွန်တော်တို့တတွေ စကားလက်ဆုံကျနေတာကို တာဝန်ကျ ဝါဒါကမလိုလားဘူး။ အကြိမ်ကြိမ်လာတားပါတယ်။ ဝါဒါလေးကို ဝိုင်းပြီးမေတ္တာရပ်ခံလိုက်၊ ကိုယ့်ဘာသာစကားတွေ ဆက်ပြောလိုက်နဲ့ပဲ ကျွန်တော့်အတွက် (၁၅)မိနစ်ပြည့်သွားလို့ ကပျာကယာမျက်နှာသစ်ပြီး အခန်းထဲပြန်ဝင်လိုက်ရပါတယ်။ကျွန်တော်တို့မြစ်ကြီးနားထောင်ကို
ရောက်ရှိတဲ့ကာလက ထောင်တွင်းဥပဒေစည်းကမ်းတွေ အလွန်ကျပ်တည်းနေသေးတဲ့ကာလပါ။ အပြင်နိုင်ငံရေးအခြေအနေကလည်း ဆိုးရွားနေဆဲလို့ ပြောလို့ ရပါတယ်။ ထောင်ထဲမှာ စာဖတ်ခွင့်မရ၊ စာရေးခွင့်မရ၊ တစ်ရက်ကို နာရီဝက်၊ လေးဆယ့်ငါးမိနစ်ထက် ပိုမထွက်ရ။ စာဖတ်ဝါသနာပါသူ စာသမားတွေအဖို့တော့ စာဖတ်ခွင့်မရတာက တကယ့်ကို လောကငရဲပါပဲ။ တိုက်ခန်းကျဉ်းလေးထဲမှာ တစ်နေကုန်နီးပါး နေနေရတော့။
လှောင်အိမ်ထဲက ခြင်္သေ့တွေလို လမ်းလျှောက်လိုက်၊ ညောင်းလာတော့ ထိုင်လိုက်၊ လှဲလိုက်၊ ညောင်းလာပြန်တော့ ထလမ်းလျှောက်လိုက်။ ရေချိုးဆင်းချိန် (၄၅)မိနစ်လောက်အချိန်လေးကို အကျိုးရှိရှိအသုံးချနိုင်သူ ကတော့ လူရွှင်တော်ကြီးဦးပါပါလေးပါပဲ။ မြစ်ကြီးနားအကျဉ်းထောင်တိုက်ဝင်းထဲ နိုင်ငံရေးအကျဉ်းသား (၁၅)ယောက်၊ (၁၆)ယောက်ရှိတာမှာ ရေချိုးဆင်းချိန်၊ မျက်နှာသစ်ချိန်ကို တစ်ယောက်စီပဲအလှည့်ကျ ထုတ်ပါတယ်။ အလှည့်ကျထွက်ရတဲ့ သူတစ်ယောက်ကို တာဝန်ကျဝါဒါတစ်ယောက် (တစ်ခါတလေမှာ နှစ်ယောက်) က တကောက်ကောက်လိုက်ကြည့်နေလေ့ရှိပါတယ်။ကျနော်ဆို အလွန်ဒေါကန်ပါတယ်။ ဦးပါပါလေးကတော့ အဲဒီ့လို လိုက်ကြည့်နေတဲ့ဝါဒါကို အတင်းလက်ဆွဲပြီး တွဲက။ ပြက်လုံးတွေထုတ်။ သီချင်းတွေဆိုပြ။ သူ့တစ်ယောက်တည်းရယ်လိုက်၊ ငိုလိုက်နဲ့ ဇာတ်ထုတ်တွေခင်း။ ပြီးတော့မှ ရယ်သလိုမော်သလိုနဲ့ အိပ်ဆောင်ခြံစည်းရိုးနားကို လှစ်ကနဲပြေးကပ်။ ဖျတ်ကနဲဆို ဂျာနယ်တစ်စောင်ပါလာ။ နီးစပ်ရာအခန်းတစ်ခုခုထဲ ဖျတ်ခနဲပစ်ထည့်ပေး။ ဒီလိုနဲ့ ကျွန်တော်တို့တတွေ မျက်ကန်းဖြစ်မယ့်ဘဝက လွတ်မြောက်ခဲ့ကြရပါတယ်။
ဒါပေမယ့် ဦးပါပါလေးက ပါရမီရှင် လူရွှင်တော်တစ်ယောက်တော့ မဟုတ်ရှာပါဘူး။ သူတို့ရဲ့ အငြိမ့်အဖွဲ့ကလည်း လက်မလည်အောင်ငှားရမ်းနေရတဲ့ ထိပ်တန်းစားထဲကပါမဟုတ်ပါဘူး။ "လေးပါတို့အငြိမ့်က မန္တလေးအငြိမ့်လောကမှာဆိုတတိယတန်းစားထဲကပါကွာ"လို့ မကြာခဏပြောလေ့ရှိပါတယ်။ လူရွှင်တော်ပါပါလေးမှာ ထူးခြားတာကတော့ စွဲမြဲတဲ့ဇွဲရှိတာပါပဲ။ အလေ့အကျင့်တစ်ခုခုကို သူနှစ်နှစ်ကာကာ ယုံကြည်ပြီဆိုရင်၊ စွဲစွဲမြဲမြဲအားထုတ်လေ့ရှိပါတယ်။ ဥပမာ- အားကစားလေ့ကျင့်ခန်း၊ ကိုယ်ကာယ လေ့ကျင့်ခန်းဆိုရင် ကျွန်တော်တို့ လူငယ်တွေကသာ အကြောင်းတစ်ခုခုနဲ့ ပျက်ကွက်တဲ့ ရက်တွေရှချင်ရှိမယ်။ ဦးပါပါလေးကတော့ ဘာအကြောင်းကြောင့်မှ မပျက်ကွက်ခဲ့။ နယ်ဝေးထောင်တစ်ခုမှာ ရောက်နေကြတာဆိုတော့ မိသားစုတွေ မကြာခဏမလာနိုင်ကြပါဘူး။ နှစ်လ သုံးလနေမှ တစ်ခေါက်၊ များသောအားဖြင့်တော့ တစ်နှစ်လုံးနေမှ သုံးခေါက်လောက် သာလာနိုင်ကြတာပါ။ ဒီလို မေ့သလောက်ရှိမှ ရောက်လာတဲ့ ထောင်ဝင်စာနေ့မျိုးမှာ အခြားသူတွေကတော့ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ပျက်ကွက်လေ့ရှိပါတယ်။ ကိုယ့်ရဲမိသားစုနဲ့ ဆုံတွေ့ရတဲ့နေ့မို့ ပျော်ရွှင်တာကြောင့်ရော၊ အဲဒီ့ပျော်ရွှင်တာကို အကြောင်းပြုပြီး၊ တွေးစရာတွေ၊ ငေးစရာတွေ ပေါ်လာတာကြောင့်ရော ပြီးတော့ထောင်ဝင်စာမှာ ပါလာတဲ့ စားစရာ သောက်စရာတွေကို
ဝေခြမ်းသိမ်းဆည်းစသည်ဖြင့် စီစဉ်နေရတာကြောင့်ရော၊ နေ့စဉ်ပုံမှန်အလုပ်တွေ ပျက်ကွက်ရပါတယ်။ ဒါပေမယ့် လူရွှင်တော်ဦးပါပါလေးကတော့ သူလုပ်ဆောင်နေကျ နေ့စဉ်လုပ်ငန်းတွေကို ဘယ်တော့မှ အပျက်မခံ၊ ကိုယ်ကာယလေ့ကျင့်ခန်းတွေ လုပ်နေရင်းတန်းလန်းကနေပဲ သူ့မိသားစုအကြောင်း၊ သူ့အိမ်အကြောင်း၊ ထောင်ဝင်စာတွေ့ခဲ့ရတဲ့အကြောင်းတွေကို တတွတ်တွတ်ပြောနေတော့တာ။ အုန်းမှုတ်ခွက်နင်းတာကိုလည်း ဘယ်သူကတိုက်တွန်းလိုက်တယ်မသိ။ ညနေတိုင်ရင် တခွပ်ခွပ်နဲ့ နင်းနေတော့တာဟာ သူထောင်ကနေလွတ်သွားတဲ့နေ့အထိပါပဲ။ အဲဒါကြောင့်ပဲထင်ပါရဲ့။ လူရွှင်တော်ဦးပါပါလေးဟာ အသက်အရွယ်နဲ့မမျှအောင်ကို ကျန်းမာရေးကောင်းပြိး သွက်လက်ဖျတ်လတ်ပါတယ်။ သူ့ခန္ဓာကိုယ်ကလည်း မာကျောကျစ်လစ်ပြီး ခိုင်မာတောင့်တင်းပါတယ်။ အမြဲတမ်းလည်း ရယ်ရယ်မောမော ပျော်ပျော်ပါးပါး နေတတ်တော့ စိတ်ပျိုကိုယ်နုပါ။
လူရွှင်တော်ပါပါလေးတို့ကို ထောင်ချခါစတုန်းကဆိုရင် ကချင်ပြည်နယ်ရဲ့ အစွန်အဖျားရဲဘက် အလုပ်စခန်းတွေအထိ လူခွဲပြီး ပို့ပစ်ခဲ့တာပါ။ ဥိးပါပါလေးဆိုရင် မြစ်ကြီးနားမြို့ကနေ (၂၇)မိုင်ဝေးတဲ့ ကျိန်ခရမ်ခ ကျောက်ထုတ်လုပ်ရေးစခန်းကို အပို့ခံရပါတယ်။ ကျိန်ခရမ်ခ ရေအားလျှပ်စစ်စီမံကိန်း အတွက် လိုအပ်တဲ့ကျောက်တွေ ထုတ်လုပ်ပေးရတာပါ။ ဘာစက်ယန္တရားမှမရှိဘဲ ထုံးစံအတိုင်း မိုင်းခွဲပြီး ရလာတဲ့ ကျောက်တုံးကြီးတွေကို လူအားနဲ့ပဲ သယ်ပို့ပြီး ထုခွဲရတာပါ။ နဝတ စစ်အစိုးရရဲ့ အငြိုးကြီးမှုကြောင့် တကယ်လုပ်ခဲ့ရတာပါ။ အဲဒီလို ကြမ်းတမ်းခက်ထရော်တဲ့ အခြေအနေဆိုးထဲမှာလည်း လူရွှင်တော်ပါပါလေးက ဆိုဟယ်၊ ကဟယ်နဲ့ ရယ်ရယ်မောမောပဲ ဖြတ်သန်းနိုင်ခဲ့သူပါ။
“မောင်ရင့်နှယ် အတော်တော့ လန့်စရာကောင်းခဲ့တာကွ။ တစ်နေ့မှာ လေးပါတို့ ဆရာဝန်ပြမယ်ဆိုပြီး တန်းစီနေတုန်း တောင်ပေါ်ကမိုင်းခွဲလိုက်တဲ့ ကျောက်တုံးကြီးက လွင့်လာပြီး ဆရာဝန်ပြဖို့တန်းစီနေတဲ့ လူတန်းထဲကို ကျတာ။ ခေါင်းကို ဒက်ထိမှန်တာဟေ့၊ ဦးပါရဲ့ရှေ့မှာတင် ဗိုင်းခနဲလဲတာ ပွဲချင်းပြီးပဲ”
လူရွှင်တော်ဦးပါပါလေးဟာ သီချင်းကလည်း အဆိုကောင်းဆိုတော့၊ ညည ဆိုရင် ဦးပါပါလေးရဲ့ အခန်းရှေ့မှာ ညတာဝန်ကျဝန်ထမ်းတွေ၊ ရိုးရိုးအကျဉ်းသားတွေ ဝိုင်းဝိုင်းလည်နေပါတယ်။ အဲဒီ့အချိန်ကာလက ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေ အရှိန်အဟုန်မြှင့်နေသလို၊ နဝတ စစ်အစိုးရက ဖိနှိပ်နှောင့်ယှက်မှုနဲ့ နိုင်ငံရေး လှည့်ကွက်တွေ အမျိုးမျိုးဖန်တီးနေချိန်ပါ။ နိုင်ငံတကာကလည်း လူ့အခွင့်အရေးတစ်ရပ်အနေနဲ့ လူရွှင်တော်ပါပါလေး ကိုပြန်လွှတ်ပေးဖို့ Campaign တွေအမျိုးမျိုးနဲ့ တောင်းဆိုလှုပ်ရှားနေကြပါတယ်။ ဒီလိုနဲ့ ၂၀၀၁ ခုနှစ် နှောင်းပိုင်းတစ်ရက်မှာတော့ လူရွှင်တော်ပါပါလေးတို့ အမှုတွဲတွေအားလုံးကို ပြန်လွှတ်ပေးလိုက်ပါတယ်။ နေ့လည်ပိုင်းကတည်းက လွှတ်ပေးတော့မယ်ဆိုတာ လာအသိပေးတော့ ပစ္စည်းတွေသိမ်းကြ၊ဆည်းကြပေါ့။ သူ့ရှိသမျှပစ္စည်းတွေကိုတော့ အကုန်ပြန် မသွားတာပါ။ လွတ်တာကိုပဲ ဆာလာအိတ် (၃)လုံးနဲ့ ပြန်တာ။ ညနေကျတော့ လာခေါ်သွားရော။ သူတို့လွတ်ကြပြီပေါ့။ ညကျတော့ ကျွန်တော်တို့မှာ သူတို့အတွက်ကို ကိုယ်စားစိတ်ကူးတွေယဉ်ပြီး မုဒိတာပွားကြ။ ပျော်ကြပေါ့။ ဒီအချိန်လောက်ဆိုရင် ဘယ်ကိုတော့ ရောက်နေလောက်ပြီပေါ့။ ဘီယာပဲဂွတ်နေမလား။ ဝီစကီပဲဂွတ်နေမလားပေါ့။ စိတ်ကူးယဉ်ပြီး ကိုယ်တွေတောင် မူးချင်ချင်။ ဒါပေမယ့် မနက်လည်း ကျရော Dr. ဇော်မြင့်မောင်နဲ့ ကျွန်တော့်ကို ခေါင်းတပ်ပြီး စာတိုလေးတစ်စောင်ရောက်လာတယ်။ "ဦးဇော်နဲ့ ကျောင်းသားအင် …. လေးပါတို့ ထောင်ထဲကကြက်ခြံထဲမှာပဲ ရှိသေးတယ်။ မနေ့ကပြန်လွှတ်မယ့်ဟာ ဗီဒီယိုသမားတွေ ရောက်မလာလို့တဲ့ မလွတ်ဘူး။ လက်ဖက်ရည်နဲ့ မုန့်ပို့ပေးပါဦး" ကျွန်တော်တို့မှာ ငိုအားထက် ရယ်အားသန်။ အဲ့ဒီနေ့ နေ့ခင်းဘက်မှာတော့ သူတို့တကယ်ပဲ လွတ်သွားကြပါတယ်။
သူလွတ်သွားပြီးတော့ သူ့ရဲ့ အင်တာဗျူးတွေကို ရေဒီယိုအစုတ်လေးကနေတဆင့် ကျနော်တို့ မကြာမကြာ ကြားခဲ့ရပါတယ်။ ၂၀၀၅ ခုနှစ် နှစ်လည်ပိုင်းရောက်တော့ ကျွန်တော်တို့ (၅)ယောက် (ဦးစိန်လှဦ၊ Dr. ခင်ဇော်ဝင်း၊ ဦးကျော်ငြိမ်း၊ ကိုအောင်နိုင်ဦး)လည်း လွတ်မြောက်ကြပါတယ်။ မန္တလေးဘူတာကို ရထားဆိုက်တော့ လူရွှင်တော်ဦးပါပါလေးလည်း ဝမ်းသာအားရနဲ့ လာကြိုပါတယ်။ မန္တလေးမှာ တစ်ညအိပ်ဖြစ်တော့ နောက်တစ်နေ့မှာ ကျွန်တော်တို့ကို အတင်းလာခေါ်ပြီး သူ့အိမ်မှာ ဧည့်ခံပါသေးတယ်။ မန္တလေး NLD နဲ့ လူရွှင်တော်ဦးပါပါလေးနဲ့ သိပ်တော့ အဆင်ပြေပုံမရပါဘူး။ သူ့အပေါ်မှာလည်း မနှစ်သက်တဲ့သူတွေက ဝေဖန်ကြတာတွေကို ကြားရပါတယ်။ မည်သို့ပင်ဖြစ်စေကာမူပေါ့။ ကျွန်တော်ကတော့ မန္တလေးမြို့ကို ရောက်ဖြစ်တဲ့ အခါတိုင်း ဦးပါပါလေးဆီကို ဝင်ဖြစ်ခဲ့ပါတယ်။ သူ့အိမ်မှာက ညတိုင်ကျရင် နိုင်ငံခြားသားတွေကို ကပြဖျော်ဖြေတဲ့ လုပ်ငန်းရှိပါတယ်။ အဲ့ဒီကပွဲကိုလည်း ကြည့်ခဲ့ရဖူးပါတယ်။
အော် … နောက်ဆုံးတော့လည်း လူရွှင်တော်ပါပါလေးက လူရွှင်တော်ပါပါလေးပါပဲ။
××××××××××××××××××××××××××××××××××××××××××××
                                                      (၂ဝ၁၃ခုနှစ်၊ ဇွန်လ၊ ၁၅ ရက်နေ့ထုတ် အာရှအလင်းဂျာနယ်မှ)
                                                                                           ကိုမာကီ(၈၈မျိုးဆက်)
ဓာတ်ပုံ - The Modern News Journal

ကျနော်နှင့် ကိုသိမ်းဆွေ "

ကျနော်နှင့် ကိုသိမ်းဆွေ "
xxxxxxxxxxxxxxxxxxxxxxx
ကိုမာကီ(၈၈မျိုးဆက်)
အခုမှ စတွေ့ဖူးတဲ့လူတစ်ယောက်ကို မြင်မြင်ချင်း ခင်မင်စရာကောင်းတဲ့လူလို့... သတ်မှတ်ရတာက လွယ်လိမ့်ဦးမယ်။ ယုံကြည်စိတ်ချလို့ရတဲ့သူလို့ သတ်မှတ်ဖို့ကျတော့ အတော်ခက်ခဲလိမ့်မယ်ထင်ပါတယ်။ ဒါပေမယ့် ကိုသိမ်းဆွေဆိုတာက အဲဒီ့သတ်မှတ်ချက် နှစ်ခုစလုံးနဲ့ညီတဲ့သူ။ ရုတ်တရက် မြင်လိုက်ရရင်တော့ လူချော၊လူဖြောင့်တစ်ဦးပေါ့။ ဒါပေမယ့် ကိုသိမ်းဆွေက အဲဒီ့ထက်အများကြီး ပိုပါတယ်။
၁၉၉၅ခုနှစ်၊ ကျနော် ရန်ကုန်တက္ကသိုလ် တက်နေစဉ်ကာလမှာ ကိုသိမ်းဆွေနဲ့ ဆုံစည်းရဖို့ ကြုံပါသေးတယ်။ ဒဂုံဆောင်မှာနေတဲ့ သူငယ်ချင်းတစ်ယောက်က မိတ်ဆက်ပေးဖို့ စီစဉ်တာပါ။ ဒါပေမယ့် ကျနော်တို့ လွဲခဲ့ကြတယ်။ အမှန်တကယ် ဆုံစည်းခွင့်ရတာကတော့ ၂၀၀၅ခုနှစ်မှပါ။ အဲဒီ့အချိန်မှာ ကိုသိမ်းဆွေက NLD ပါတီမှာ အရေးပါတဲ့ လူတစ်ယောက်ဖြစ်နေပါပြီ။ တွေ့ဆုံခင်မင်ရတာကလည်း ကိုကိုကြီးကတစ်ဆင့်ပါပဲ။ ကိုသိမ်းဆွေနဲ့ ကိုကိုကြီးတို့က ၁၉၈၈ခုနှစ် ကတည်းက သိကျွမ်းခဲ့ကြတာ။ အမှန်တကယ်ဆိုရရင် ကိုသိမ်းဆွေက တကယ့် ၈၈မျိုးဆက်ကျောင်းသား အစစ်ပါ။ (အတုတွေရှိတယ်လို့တော့ ဆိုလိုချင်တာ မဟုတ်ပါ)။ ၁၉၈၈ခုနှစ်မှာ ရန်ကုန်တက္ကသိုလ်ကျောင်းသား။ ရှစ်လေးလုံး အရေးတော်ပုံမှာ တက်ကတ်ကြွကြွပါဝင်ခဲ့သူ။ ဖျာပုံမြို့နယ် ဗကသ ကျောင်းသားခေါင်းဆောင်။ ကိုကိုကြီးတို့ ဧရာဝတီတိုင်းကိုဆင်းတော့ အကူအညီတွေအများကြီး ပေးနိုင်ခဲ့သူ။ စစ်တပ်က အာဏာသိမ်းပြီးနောက်မှာတော့ ဗကသကျောင်းသားတွေရဲ့ ထီးရိပ်ပါတီဖြစ်တဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကို ဖျာပုံမြို့မှာ ဦးဆောင်ဖွဲ့စည်းခဲ့တယ်။ ကိုသိမ်းဆွေရဲ့ဖခင် ဦးမင်းဆွေကတော့ NLD ပါတီက။ ၁၉၉၀ ရွေးကောက်ခံကိုယ်စားလှယ်၊ အမတ်။
၁၉၉၁ခုနှစ်မှာ တက္ကသိုလ်တွေ ပြန်ဖွင့်တော့၊ ရန်ကုန်တက္ကသိုလ်မှာ ကျောင်းဆက်တက်တယ်။ ဒီဇင်ဘာလ(၁၀) ရက်နေ့ကျောင်းသားလှုပ်ရှားမှု(10D)မှာ ပါဝင်ခဲ့လို့ အဖမ်းခံခဲ့ရတယ်။ ၁၉၉၂ခုနှစ်ထဲမှာ ပြန်လည်လွတ်မြောက်လာတယ်။ ကျောင်းပြန်တက်တယ်။ ဘွဲ့ရတယ်။ ဖျာပုံမှာ ပြန်နေတယ်။ အဲဒီ့နောက် နိုင်ငံရေးဖိနှိပ်အဖြိုခွဲခံရခြင်းနဲ့အတူ၊ နိုင်ငံရေး လောကဓံတွေကို ဖခင်နဲ့အတူခံစားခဲ့ရတယ်။ အကြိမ်ကြိမ် အဖမ်းဆီးခံခဲ့ရတယ်။ နယ်မြို့တွေအနေနဲ့ကျတော့ နိုင်ငံရေး အရ ရပ်တည်ရေးခက်ခဲတယ်။ အရောင်သွေးစုံ ပါတီ၊အဖွဲ့အစည်းတွေ များများမရှိဘူး။ လူ့ဘောင်သစ်ပါတီ အဖျက်သိမ်းခံ ရပြီးတဲ့နောက် ဖခင်ကိုဝင်ကူရင်းနဲ့ NLD ပါတီဝင်ဖြစ်လာတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ခရီးစဉ်တွေ အတော်များများမှာ လိုက်ပါတာဝန်ထမ်းဆောင်ခဲ့တယ်။ ကိုသိမ်းဆွတို့သားအဖနှစ်ယောက်စလုံး ဖျာပုံမြို့မှာနေထိုင်ရပ်တည်လို့မရအောင် အဖိနှိပ်ခံရတယ်။ ဒါ့ကြောင့် တစ်မိသားစုလုံး ရန်ကုန်မှာ ပြောင်းရွှေ့နေကြတယ်။ တစ်ပိုင်တစ်နိုင် မိသားစုဘော်ဒါဆောင်လေး ဖွင့်ပြီး တစ်မိသားစုလုံး စာသင်ပြကြတယ်။ NLD မှာ ပါတီတာဝန်တွေ ပြန်လည်ထမ်းဆောင်တယ်။ သူနဲ့မရှေးမနှောင်း ပြန်လည်လွတ် မြောက်လာကြတဲ့ မင်းကိုနိုင်၊ ကိုကိုကြီးတို့နဲ့ ရင်းနှီးယုံကြည်တဲ့ အနီးကပ်ဆက်ဆံရေးရှိခဲ့တယ်။ ၈၈မျိုးဆက်ကျောင်းသား များရယ်လို့ ပေါ်ထွက်လာတော့၊ NLD နဲ့ ၈၈ကျောင်းသားတွေအကြားမှာ နှစ်ဖက်စလုံးက အထူးယုံကြည်စိတ်ချရတဲ့ ဆက်သွယ်ရေးပုဂ္ဂိုလ် ဖြစ်လာတယ်။
ကျနော်မြစ်ကြီးနားထောင်က ပြန်လည်လွတ်မြောက်လာချိန်မှာတော့ ကိုသိမ်းဆွေနဲ့ မကြာခန ဆုံဖြစ်ကြပါတယ်။ အထူးသဖြင့်တော့ မင်းကိုနိုင်ရဲ့အိမ်၊ ကိုကိုကြီးရဲ့အိမ်နဲ့ ကိုယ့်နိုင်ငံရေးအင်အားစုတွေရဲ့သာရေးနာရေး အခမ်းအနားတွေ၊ NLD ပါတီနဲ့ ဝါရင့်နိုင်ငံရေးသမားကြီးတွေရဲ့ နိုင်ငံရေးအခမ်းအနားတွေမှာ ဆုံဖြစ်ကြတာများပါတယ်။ ကြားခံလူ တစ်ဦး တစ်ယောက် မိတ်ဆက်ပေးလို့ ခင်မင်သိကျွမ်းရတာထက်၊ တစ်ယောက်နဲ့တစ်ယောက် အတွေ့အမြင်များ၊ မျက်မှန်းတန်း မိပြီး ရင်းနှီးလာရတယ်လို့ ဆိုနိုင်ပါတယ်။ အမှန်တကယ် ကိုသိမ်းဆွေနဲ့ ရင်းရင်းနှီးနှီး ဆက်ဆံခဲ့ရတာကတော့၊ ၈၈မျိုး ဆက်ကျောင်းသားခေါင်းဆောင်(၅)ယောက် အဖမ်းခံရပြီးနောက် ကိုမြအေးတို့ရဲ့ ဦးဆောင်မှုနဲ့ ကျနော်တို့တတွေ နိုင်ငံရေးလှုပ်ရှားမှုတွေ ဖော်ဆောင်ကြတဲ့ချိန်ပါ။ အဲဒီ့အချိန်မှာ ကိုသိမ်းဆွေဟာ ကျနော်တို့နဲ့ အနီးကပ်ဆုံး ပူးပေါင်း ကူညီပြီး အပြည့်အဝ ရပ်တည်ပေးခဲ့ပါတယ်။ ၈၈မျိုးဆက်ကျောင်းသားတွေရဲ့လှုပ်ရှားမှုကို တွန်းအားပေးမယ့် Driving Group လို့ ကျနော်တို့ အမည်ပေးထားတဲ့ အစုအဖွဲ့လေးမှာလည်း အဓိကပါဝင်ခဲ့သူပါ။ အဲဒီ့အစုဖွဲ့လေးရဲ့ လျှို့ဝှက်အစည်း အဝေးတွေနဲ့ လုပ်ငန်းစဉ်တွေမှာလည်း အမြဲတမ်းပါဝင်ခဲ့ပါတယ်။ ဒါ့ကြောင့် ပန်ပန်(ကိုပဏ္ဍိတ်ထွန်း)ကတောင် ကိုသိမ်း ဆွေကို " 88 ရဲ့ဂုဏ်ထူး ဆောင်နာယကကြီး"လို့ ချစ်စနိုးနဲ့ အမည်နာမ တပ်ပါသေးတယ်။ ကိုသိမ်းဆွဟာ အလွန်လည်း အလုပ်လုပ်နိုင် သူပါ။ အလွန်လည်း အလုပ်များပါတယ်။ အဲဒီ့အချိန်ကဆိုရင် သူ့အိမ်ကဘော်ဒါဆောင်လေးမှာ ကလေး တွေကို စာသင်တဲ့အလုပ်၊ ရေထွက်ပစ္စည်း ဖြန့်ဖြူးတဲ့အလုပ်၊ NLD ပါတီရဲ့တာဝန်တွေ၊ တိုင်းရင်းသားခေါင်းဆောင်နဲ့ ဝါရင့်နိုင်ငံရေး သမားကြီးတွေနဲ့ အမြဲမပြတ်ထိတွေ့ဆက်ဆံရတာတွေ။ ဒါပေမယ့် အဲဒီ့အချိန်မှာ သူအချိန်ပေးပြီး အများ ဆုံးလုပ်ပေးခဲ့ရတာက ကျနော်တို့ရဲ့ အလုပ်တွေပါပဲ။ ကိုသိမ်းဆွေက ကတိတည်တယ်။ သူ့အပေါ်မှာလည်း ကတိတည်မှ ကြိုက်တယ်။ သူ တာဝန်မယူနိုင်တဲ့ အလုပ်ကိုလည်း ပွင့်ပွင့်လင်းလင်း ပြောတယ်။ သူတာဝန်ယူပြီဆိုရင်လည်း တိတိကျ ကျလုပ်တယ်။ ကျနော်နဲ့ဆို သိပ်အရင်းနှီးကြီး မဖြစ်သေးခင်မှာကိုပဲ အရေးကြီးတဲ့အလုပ်တွေကို တွဲလုပ်ဖြစ်ခဲ့ကြတယ်။ ကျနော်ကတော့ ကိုသိမ်းဆွေကို စတင်သိကျွမ်းခါစကတည်းက ယုံကြည်စိတ်ချရတဲ့သူမျိုးလို့ သတ်မှတ်ထားပြီးသားပါ။ ထင်တဲ့အတိုင်းလည်း ယုံကြည်အာကိုးခဲ့ရပါတယ်။ ယေဘုယျအားဖြင့်ပြောရမယ်ဆိုရင်တော့ ကိုသိမ်းဆွေဟာ လူချစ်လူ ခင်များတဲ့လူတစ်ယောက်ပါ။ အထူးသဖြင့် လူကြီးတွေက ပိုပြီးချစ်ကြ၊ အားကိုးကြပါတယ်။ လူကြီးတွေနဲ့လူငယ်တွေ ကြားမှာ ပေါင်းကူးဆက်သွယ်ပေးရတာမျိုး၊ လူကြီးတွေဆီက သဘောထားတစ်ခုခုကို တောင်းခံရတာမျိုး၊ အကူအညီ အကြံဥာဏ်တစ်ခုခု တောင်းခံရတာမျိုးဆို ရင် ကိုသိမ်းဆွေကိုပဲ အားကိုးကြရတာများပါတယ်။
၂၀၀၇ခုနှစ်၊ မေလ၊ ၂၇ရက်နေ့။ အဲဒီ့နေ့ဟာ(၁၇)နှစ်မြောက် ရွေးကောက်ပွဲနှစ်ပတ်လည်နေ့ဖြစ်သလို၊
နေအိမ် အကျယ်ချုပ်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ရမယ့်နေ့၊ သို့မဟုတ် နောက်ထပ်သက်တမ်းတိုးမယ့်နေ့။ အဲဒီ့ နေ့ NLD မှာကျင်းပတဲ့ ရွေးကောက်ပွဲ နှစ်ပတ်လည်နေ့အခမ်းအနားကို ကျနော်တို့ ၈၈မျိုးဆက်ကျောင်းသားတွေ တက် ရောက်ကြတယ်။ အခမ်းအနားအပြီးမှာ ရွှေတိဂုံစေတီတော်ပေါ်မှာ ဆုတောင်းပွဲပြုလုပ်ကြဖို့ စီစဉ်ထားတယ်။ ထုံးစံအ တိုင်းပဲ အာဏာပိုင်တွေဘက်က လမ်းတွေကြိုပိတ်ထားလိုက်တယ်။ NLD ရုံးချုပ်ကနေ အာဇာနည်ကုန်းဘက်က တက်ရ မယ့်လမ်း၊ ဗဟန်း ရေတာရှည်လမ်းဟောင်း၊ ရွှေဂုံတိုင်လမ်းဆုံ စတာတွေမှာ ရပ်ကွက်တွေ၊ရပ်ကွက်တွေထဲကနေ တစ်ယောက်သုံးထောင်ကျပ်နဲ့ အငှားခေါ်လာတယ်ဆိုတဲ့သူတွေကို ဒိုင်နာကားတွေနဲ့ တင်လာပြီး လမ်းပိတ်ခိုင်းထား တယ်။ အခမ်းအနားပြီးလို့ ရွှေတိဂုံကို သွားကြမယ်ဆိုတော့ ကျနော်တို့ ၈၈တွေအပြင် NLD ပါတီဝင်တချို့ရော၊ အခမ်း အနား ကို လာတက်ကြတဲ့ အခြားအင်အားစုတွေတချို့ရော ပါဝင်လာကြတယ်။ အပိတ်ခံထားရတယ်ဆိုတာ ကြိုတင် သိနှင့် ကြပေမယ့် ရအောင်ဖောက်ထွက်မယ်၊ တက်ဖြစ်အောင်တက်မယ်ဆိုပြီး ရုံးထဲကနေ စနစ်တကျ တန်းစီထွက်ခဲ့ကြ တယ်။ စုစုပေါင်းအယောက်(၅၀၀)လောက်ရှိမယ်။ အရှေ့ဆုံးမှာ တစ်ယောက်လက်တစ်ယောက်ချိတ်လို့ တန်းစီပြီး လျှောက်လာကြတာက မင်းကိုနိုင်၊ကိုကိုကြီး၊ကိုမြအေး၊ကိုဌေးကြွယ်နဲ့ ကိုမျိုးခင်။ ကျနော်က သူတို့ကို မျက်နှာချင်းဆိုင် လမ်းကိုနောက် ပြန်လျှောက်ပြီး မှတ်တမ်းဓာတ်ပုံတွေ ရိုက်တယ်။ လမ်းလျှောက်ချီတက်လာတဲ့ လူအုပ်ကြီးရဲ့ဘေးနား ကနေ အပြေးအ လွှားနဲ့ လိုက်လံထိန်းသိမ်းပေးနေသူက ကိုသိမ်းဆွေ။ ရေတာရှည်လမ်းဟောင်း၊ ပိတ်ဆို့ထားတဲ့နေရာ ရောက်တော့ နောက်ပြန်လျှောက်လာတဲ့ကျနော့်ကို အကြမ်းဖက်အုပ်စုထဲကနေ လှမ်းတွန်းထားတယ်။ ဒီတော့မှကျနော် လည်း မျက်နှာချင်းဆိုင်မိနေတဲ့ လူအုပ်စုကြီးနှစ်ခုကြားကနေ ဘေးကိုထွက်ပြီး ထိတ်တိုက်တွေ့နေကြတာကို မှတ်တမ်း ယူတယ်။ အာဏာပိုင်တွေက ဒီလူတွေကို ဘယ်ကနေခေါ်လာတယ်မသိ။ ဒိုင်နာကားကတော့ ဒီနေရာမှာကိုပဲ (၇)စီး လောက်ရှိနေတယ်။ ကားပေါ်မှာတော့ ပေါက်တူးရိုးတွေ အများကြီးတင်ထားတယ်။ ဒီပဲယင်းလို ဖန်တီးမယ့်ပုံစံမျိုး။ ရမ်းကားတဲ့အကြမ်း ဖက်အုပ်စုမှာက တချို့လည်း တာဝန်ကျေလိုက်လာကြတဲ့ပုံစံမျိုး၊ နောက်ဆုတ်ပြီး ခပ်ခွာခွာနေကြ တယ်။ တချို့ကတော့ တကယ့်ကိုတက်တက်ကြွကြွ။ ချီတက်လာတဲ့သူတွေကို လက်ညှိုးငေါက်ငေါက်ထိုးပြီး တစ်ယောက် တစ်ပေါက်နဲ့ ရန်တွေ့ကြတယ်။ “ငါတို့ပြည်သူတွေ ဆင်းရဲနေရတာ မင်းတို့လိုပုဆိန်ရိုးတွေကြောင့်ကွ” ၊
“မင်းတို့ အခုလို ရုတ်ရုတ် ရုတ်ရုတ်တွေလုပ်နေလို့
ငါတို့တိုင်းပြည်ကို အမေရိကန်က စီးပွားရေးပိတ်ဆို့ထားတာ” ၊
“ မင်းတို့ကြောင့် ငါတို့ တိုင်းပြည် ဆင်းရဲတွင်းနက်နေရတာကွ”
အရှေ့ဆုံးမှာ တစ်ယောက်တည်းထွက်ပြီး ရင်ဆိုင်ဖြေရှင်းဖို့ ကြိုးစားနေတာက ကိုကိုကြီး။ နိုင်ငံရေးမှာ အရေထူရမယ်ဆိုတာသိထားတဲ့ ကေကျုကတော့ ဘာမှမမှု။ လူရမ်းကား အုပ်စုကြီးရဲ့ အရှေ့ဆုံး မှာ သာမန်ပြည်သူအယောင်ဆောင်နေတဲ့ အာဏာပိုင်တစ်ယောက်ကို ဦးတည်ပြီး ဖြေရှင်းနေတယ်။ ကိုကိုကြီးကို ကူပြီး ရံပေးနေတာက ကိုသိမ်းဆွေ။ ကိုယ့်လူတွေကို ဒေါသမထွက်ကြဖို့ ဖျောင်းဖျလိုက်၊ တစ်ဖက်လူတွေကို လမ်းဖွင့်ပေးဖို့ တောင်းဆိုလိုက်။ ကိုသိမ်းဆွေရဲ့မျက်နှာမှာလည်း ဘာအကြောက်တရားမှမရှိ။ ပကတိကြည် ကြည်လင်လင်။ သူ့ပင်ကို ဟန် မျက်နှာချိုချိုက ပျောက်မသွား။ ကျဉ်းထဲကျပ်ထဲ အခက်ခဲကြားမှာ ကိုသိမ်းဆွေရဲ့တည်ငြိမ်ရင့်ကျက်မှုကို မှတ်မှတ် ထင်ထင် ဖြစ်ခဲ့ရတယ်။
၂ဝဝ၇ခုနှစ်၊ သြဂုတ်လမှာ၊ ကျနော်တို့ ၈၈မျိုးဆက်ကျောင်းသားတွေ
တစ်အုပ်စုလုံးကိုဖမ်းတော့ အပြင်မှာ ကျန်ရစ်ခဲ့တဲ့အင်အားစုတွေကို
နောက်ကွယ်ကနေ အကူအညီတွေ အများကြီးပေးခဲ့တယ်။ မဖြူဖြူသင်း၊ မစုစုနွေး၊ မနီလာသိန်း၊ မမီးမီး … စသူတို့ကိုသာ သြဂုတ်၊စက်တင်ဘာလှုပ်ရှားမှုမှာ လူသိများထင်ရှားခဲ့ပေမယ့်၊ သူတို့အားလုံးရဲ့ နောက်ကွယ်မှာ ကိုသိမ်းဆွေရဲ့ကြိုးပမ်းအားထုတ်မှုတွေ အများကြီးရှိခဲ့ပါတယ်။ ရေရှည်အကူအညီပေးနိုင်ဖို့အတွက်ဆိုရင် ရှေ့ထွက်လို့မဖြစ်ဘူးဆိုတာကိုလည်း ကိုသိမ်းဆွေက နားလည်ပါတယ်။ “ဒါပေမဲ့ မလိုအပ်ဘဲ ဖော်ကောင်လုပ်တာက တော့ နာတယ်ဗျာ။ ကျနော်လုပ်ရမှာတွေ အများကြီးရှိသေးတယ်” စက်တင်ဘာလနှောင်းပိုင်းမှာတော့၊ ကိုသိမ်းဆွေ လည်း အဖမ်းခံရပြီး ကျနော်တို့ရှိရာ အင်းစိန်သီးသန့်ထောင်ကို ရောက်လာပါတယ်။ တစ်စုံတစ်ယောက်ရဲ့ ဖော်ချက် ကြောင့် ရောက်လာရတာလို့လည်း စိတ်ထဲမှာစွဲနေပါတယ်။ လုပ်ရမယ့်အလုပ်တွေ အများကြီးအနှောင့်အယှက်ဖြစ်သွား တာကြောင့် ထိုတစ်စုံတစ်ယောက်ကို မကျေမချမ်းဖြစ်နေတာပါ။ ကျနော်တို့အဖွဲ့နဲ့ ကိုသိမ်းဆွေက ရေစက်ပါတယ်ထင်ပါ ရဲ့။ တစ်ညမှာ ကျနော်တို့ထဲကတချို့ ထောင်မကြီး တိုက်ဝင်းထဲကို ပြောင်းရတော့လည်း ကိုသိမ်းဆွေ ပါလာပါတယ်။ တရားရုံးတွေ ထွက်ရတဲ့အခါမှာတော့ ကိုသိမ်းဆွေက ဇင်လင်းအောင်၊ကိုမျိုးသန့်တို့နဲ့အမှုတွဲဖြစ်ပြီး အထူးရုံးမှာ ထွက်ရ တယ်။ အခန်းတွေ မကြာခနပြောင်းရွှေ့၊ လူချင်းလဲလဲပြီးနေရတဲ့အခါ၊ တစ်ကြိမ်မှာတော့ ကျနော်နဲ့ ကိုသိမ်းဆွေနဲ့ အတော်ကြာကြာလေးကို တစ်ခန်းထဲမှာ အတူနေခဲ့ရပါသေးတယ်။ တစ်ခန်းထဲအတူနေရတော့မှ ကိုသိမ်းဆွေ ဘာသာ တရားကိုင်းရှိုင်းတာကိုလည်း သိခဲ့ရပါတယ်။ မကြာခနလည်း အဓိဋ္ဌာန်တွေဝင်တတ်ပါတယ်။ တစ်နေ့လုံး ဘုရားစာတွေ ရွတ်ဖတ်နေလေ့ရှိပါတယ်။ ထောင်တွေကျကြတော့ ကိုသိမ်းဆွေလည်း ၁၁နှစ်လား၊ ၁၂နှစ်လားမသိ ကျသွားပါတယ်။ ထောင်တွေအသီးသီး ပြောင်းရွှေ့ခံလိုက်ရတော့ ကိုသိမ်းဆွေနဲ့ မဆုံဖြစ်တော့ပါဘူး။ ၂ဝ၁၁ခုနှစ်ထဲမှာတော့ နိုင်ငံတော် လွတ်ငြိမ်းချမ်းသာခွင့်တစ်ခုနဲ့ ကိုသိမ်းဆွေ ပြန်လည် လွတ်မြောက်ကြောင်း ကြားသိခဲ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာပြီးနောက်၊ ဂျာနယ်တွေမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့လှုပ်ရှားမှုပုံရိပ်တွေ စတင်ပါလာတော့ ကျနော်ပထမဆုံး စိတ်ဝင်တစား စောင့်ကြည့်နေမိတာက ဒေါ်အောင်ဆန်းစုကြည်ရဲ့အနားမှာ ဘယ်သူတွေရှိနေမလဲ ဆိုတာပါပဲ။ ဒေါ်စုရဲ့အနားမှာ လူတော် လူကောင်းတွေကို ရှိနေစေ့ချင်တာပါ။ ကိုသိမ်းဆွေတို့၊ ကိုကျော်ဆန်းတို့၊ ကိုကြီး ဆန်နီတို့ကို တွေ့မြင်မိတော့ ကျနော်အလွန်ပဲ ဝမ်းသာခဲ့ရပါတယ်။ ကိုသိမ်းဆွေတစ်ယောက် အမြင့်ဆုံးအထိ ခလုပ်မထိ ဆူးမငြိဘဲ ဆက်လက်ပျံသန်းနိုင်ပါစေ။ ။
=====================================
                                                                            ကိုမာကီ(၈၈မျိုးဆက်)
                                                  (၂ဝ၁၃ခုနှစ်၊ သြဂုတ်လ၊ ၉ ရက်နေ့ထုတ် အာရှအလင်းဂျာနယ်မှ)

တပ်မတော်ဂုဏ်ရောင် ထွန်းပြောင်ပါစေ။ (ပာံသာဝတီ ဦးဝင်းတင် )

ဗိုလ်မှူးကြီးက ဘယ်ညာ ဘယ်ညာနင်း .. ပွဲခင်းပရိတ်သတ်က တ၀ါးဝါးဟား

November 22, 2013 at 7:34pm


ဟံသာဝတီ ဦးဝင်းတင်

နိုဝင်ဘာ ၂၀၊ ၂၀၁၃

ဆောင်းကလေး ဝင်လာလို့များလား မသိပါဘူးဗျာ။ အိပ်မက်တွေက ကယောက်ကယက်။ တယ်ပြီးတော့ အနေမသာလှဘူးဗျို့။ ကျုပ်က ရှစ်ဆယ်ကျော် သူငယ်ပြန်တဲ့အရွယ်။ ဒီလိုပဲ ဖြစ်မှာပေါ့။ ကျုပ်ကတော့ အသာနေနိုင်အောင် ကြိုးစားပါတယ်ဗျာ။ နိုင်ငံရေးလေးစိတ်ဝင်စားတာ တစ်ခုပါပဲ။ ကျုပ်ရဲ့ အိမ်နီးချင်း ဟိုအဘိုးကြီးလိုပေါ့ဗျာ။ ဟဲဟဲဟဲ ။

မနေ့ညကတော့ ဗိုလ်မှူးကြီး လှအောင်ကို သွားသတိရတယ်။ ဗိုလ်မှူးကြီးက ခြေလျင်တောင်တက် အသင်း ဥက္ကဌတို့၊ ဘာတို့လုပ်တယ်။ ကျောင်းသားလူငယ်တွေကို ရေခဲတောင်တက်ခိုင်းတယ်။ မီးပင်လယ် မဖြတ်ခိုင်းရုံတစ်မယ်။ တိရစ္ဆာန်ရုံ ဥက္ကဌလည်း လုပ်တယ်။ တစ်နေ့တော့ တိရစ္ဆာန် ယဉ်ကျေးလိမ္မာ ပြပွဲကြီး လုပ်တယ်ဗျာ။

ဗိုလ်မှူးကြီးက ရှေ့ဆုံးက ရင်ကော့ချီလာတယ်။ ဘောင်းဘီတိုနဲ့။ ဂျိမ်းတုတ်တုတ်၊ ဂျိမ်းတုတ်တုတ် ဂျိမ်းဆိုင်းချက်နဲ့။ သူ့နောက်က ၀က်ဝံလေးတွေ၊ ကျားပေါက်လေးတွေ၊ မျောက်ကလေးတွေ၊ ငန်းကလေးတွေ ချီလာကြတယ်။ အစီအစဉ်ကြေညာသူက `ဧည့်သည်တော်များခင်ဗျာ။ ဗိုလ်မှူးကြီးလှအောင်ဟာ အတိတ် တိရစ္ဆာန်ပင် ဖြစ်ငြားသော်လည်း´ …(နောက်တစ်ကျော့) …`ဖြစ်ငြားသော်လည်း..´။ (နောက်တစ်ကျော့)။ နှစ်ကျော့၊ သုံးကျော့ အော်နေတယ်။ ပရိသတ်က တ၀ါးဝါး။ တဟားဟား။ ဗိုလ်မှူးကြီးက ဘယ်ညာဘယ်ညာ။ ဆိုင်းချက်က ဂျိမ်းတုတ် ဂျိမ်းတုတ်။ …အတော်ကြီးကြာမှ `ယဉ်ကျေးလိမ္မာအောင် သင်ပြပေးနိုင်ပါတယ်ခင်ဗျား´လို့ စကားဆက်တယ်။ ပရိသတ်ကတော့ တ၀ါးဝါး။ ဗိုလ်ချုပ်ကြီးကလည်း ဘယ်ညာ ဘယ်ညာ။ ဆိုင်းချက်ကလည်း ဂျိမ်းတုတ်ဂျိမ်းတုတ်။ ဟဲ့…ဟဲ့ တိရစ္ဆာန်က ဘယ်သူလဲ။

ကျုပ်စိတ်တွေ ဟိုရောက်ဒီရောက်နဲ့ ဟိုတွေးဒီတွေး လုပ်နေမိတယ်။ နားထဲမှာလည်း အသံမျိုးစုံကြားနေတယ်။ ဗိုလ်ချုပ်ကြီးတွေဟာ တိရစ္ဆာန်ပင် ဖြစ်ငြားသော်လည်း…ဟုတ်ပေါင် ယောင်လို့။ ကြံ့ခိုင်ရေးပါတီ ၀မ်းအင်ဟဖ် ဥက္ကဌကြီး ဦးဌေးဦးက လူထုကို အရူးတွေလို့ ပြောတယ်ဆိုပြီး မီဒီယာတွေက ရေးသလို လူ့တပူးရိုင်း ဖြစ်ငြားသော်လည်း တိုင်းသူပြည်သားများကို စည်းကမ်းသေ၀ပ်စွာ အခြေခံဥပဒေကို ကာကွယ်စောင့်ရှေုာက်အောင် အပစ်အခတ် အဲလေယောင်လို့ ပစ်စလက်ခတ် အလွယ်လေး သွန်သင်ပေးနိုင်ပါတယ်ခင်ဗျား။ အဲဒီ့အသံချည်း နားထဲ ပဲ့တင်ထပ်နေတယ်။

ကျုပ်က ဒီချုပ်ခေါင်းဆောင်ကြီး ဒေါ်စုရဲ့နောက်လိုက်ဆိုတော့ တပ်မတော်ချစ်တဲ့စိတ်တွေ တော်တော်ကိုသည်းတာပေါ့ဗျာ။ ကျုပ်လည်း ဒေါ်စုလိုပဲ သူ့ဖခင်ရဲ့ တပ်မတော်ကို တိုင်းသူပြည်သားတွေက ကြည်ညိုမြတ်နိုးကြစေချင်တယ်လေ။ ဗိုလ်ချုပ်က တပ်မတော် ဗိုလ်ချုပ်ရာထူးကို ငြင်းပယ်တယ်။ တပ်မတော်က နှုတ်ထွက်၊ နိုင်ငံရေးလုပ်ခဲ့တယ်။ ဒါကို ကျုပ်လူလားမြောက်စကတည်းက ကြားခဲ့၊ သိခဲ့တာဗျ။ ဒါကြောင့် ကျုပ်လည်းတပ်တော် ခေါင်းဆောင်တွေကို ဒေါ်စုလိုပဲ ကြည်ညိုရင်းစွဲရှိတာပေါ့။

ဒီချုပ်ရောက်တော့ စစ်ဗိုလ်ကြီးတွေနဲ့ ကျုပ်နိုင်ငံရေးအတူလုပ်ရတယ်။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဟောင်း သူရဦးတင်ဦးဗျာ။ နိုင်ငံရေး ခိုင်မာတယ်၊ ပါတီအပေါ်သစ္စာရှိတယ်။ စည်းရုံးရေးညက်တယ်။ ရဲဘော်စိတ်ထက်သန်တယ်၊ ဥာဏ်ရည်ဥာဏ်သွေး၊ လုပ်ရည်ကိုင်ရည်ကတော့ ပြောစရာ မလို။ စစ်ခေါင်းဆောင်ပဲဗျာ။ အဲဒါတွေအလျှံပယ်ပြည့်ဝပြီးသားပေါ့။ သူကို ပါတီဝင်တွေကရော၊ လူထုကပါ ချစ်တယ်။ သူ့လိုပဲ တပ်မတော်ခေါင်းဆောင်ဟောင်းကြီးတွေ ဒီချုပ်ထဲမှာ အလွှာလွှာပါဝင်နေတယ်။ ပါတီဥက္ကဌကြီးလုပ်သွားတဲ့ ဗိုလ်မှူးချုပ်အောင်ရွှေဗျာ။ ၁၉၉၀ ရွေးကောက်ပွဲမှာ တာဝန်ယူအောင်ပွဲဆင်သွားတဲ့ ဗိုလ်မှူးကြီးဦးကြည်မောင်ဗျာ။ ကျုပ်လိုပဲ ပါတီအတွင်းရေးမှူးလုပ်သွားတဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီး ဦးချစ်ခိုင်ဗျာ။ သန်းခေါင်စာရင်းကောက်သလို တစ်ယောက်ချင်းစီ ရုပ်လုံးဖော်နေရရင် ဆုံးနိုင်မှာ မဟုတ်ဘူး။ ဒေါ်စုခေါင်းဆောင်မှုအရရော၊ ပါတီမူဝါဒအရပါ ဒီချုပ်ဟာ တပ်မတော်အပေါ်မှာ အများကြီးသံယောဇဉ်ရှိတယ်။

ဒီလိုသံယောဇဉ်ကြီးတာ ဗမာကြည့်ကြည့်တဲ့အမြင်၊ ကမ္ဘာကြည့်ကြည့်တဲ့အမြင်တွေပေါ်မှာ အခြေခံတယ်။ တစ်လောကပဲ ကွယ်လွန်သူဗိုလ်ချုပ်မှူးကြီးစောမောင်ကို ကျုပ်လွမ်းမိခဲ့သေးတယ်။ ရွေးကောက်ပွဲပြီးရင် သူက နိုင်ငံရေးကို စွန့်ခွာမယ်၊ တပ်ကိုပြန်မယ်။ နိုင်ငံရေးပါတီတွေ အခြေခံ ဥပဒေဆွဲကြတဲ့။ ဒီလိုပုဂ္ဂိုလ်မျိုးကို ကျုပ်တို့ဆည်းကပ်ရမှာပေါ့။ ကျုပ်တို့ငြင်းတာ စစ်တပ်မဟုတ်ဘူးလေ။ ကျုပ်တို့မုန်းတာ စစ်သားမဟုတ်ဘူး။ ကျုပ်တို့မုန်းတာ၊ ငြင်းတာ စစ်အာဏာရှင်စနစ်ဗျ။ စစ်အာဏာရှင်ဂိုဏ်းဗျ။

ရှင်းရဲ့မဟုတ်လား။ ကမ္ဘာမှာလည်း ဗိုလ်ချုပ်အောင်ဆန်းလိုပဲ စစ်တပ်ကို ကျောခိုင်းပြီး နိုင်ငံရေးထဲဝင်ခဲ့တဲ့ သူတွေမနည်းဘူးလေဗျာ။ ကောက်ခါငင်ကာပြောရရင် အမေရိကန်ဗိုလ်ချုပ်ကြီး အိုက်ဆင်ဟောင်ဝါတို့၊ ပြင်သစ်ဗိုလ်ချုပ်ကြီး ဒီ့ဂေါတို့၊ ဖိလစ်ပိုင်ချုပ်ကြီး ရာမို့စ်တို့၊ အင်ဒိုနီးရှားဗိုလ်ချုပ်ကြီး ဆူဆီလိုဘန်ဘန်တို့လို ပုဂ္ဂိုလ်တွေဗျာ။ တပ်ရာထူးကို စွန့်ပြီး နိုင်ငံရေးလုပ်ခဲ့ကြတယ်ဗျာ။ နိုင်ငံကို ခေါင်းဆောင်ခဲ့ကြတယ်လေ။

ဒီနေ့လူထုက ဘာတွေတောင်းဆိုနေကြသလဲ။

နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေးမှာ တပ်မတော်လက်ဆုပ်ဖြည်ကြပါတော့။ ပါဝင်ပတ်သက် စိုးမိုးချယ်လှယ် ဖိနှိပ်အုပ်စီးမှုတွေ စွန့်လွှတ်ကြပါတော့။

ထိုးစစ်တွေရပ်ကြပါတော့။ တိုက်ပွဲတွေတော်ကြပါတော့။ နယ်မြေစိုးမိုးမှုတွေ ဆုတ်ကြပါတော့။

ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ရှေ့ရှုကြပါတော့။ ဖက်ဒရယ် တပ်မတော်ဖွဲ့စည်းရေး စီမံကြပါတော့။

၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး သို့မဟုတ် အသစ်ရေးဆွဲရေး ပြည်သူ့လှုပ်ရှားမှုတွေမှာ ၀ိုင်းဝန်းကူညီကြပါတော့။

အမျိုးသားပေါင်းစည်းညီညွတ်ရေး ပြည့်သူ့လှုပ်ရှားမှုမှာ ပါဝင်ဆင်နွှဲကြပါတော့။

ပြည်သူတွေရဲ့ နိုင်ငံရေးတောင်းဆိုချက်က ဒါပါပဲ။

ဒါပါပဲ ဆိုပေမယ့် ပြည်သူတွေ ပြောချင်တဲ့ စကားအများကြီး ကျန်ပါသေးတယ်။ တစ်ပုံကြီးပါပဲ။ ပြောချင်တဲ့စကားအားလုံးကို လိပ်ပတ်လည်အောင် မပြောတတ်လို့ အသံတိုးတိုးပဲကြားနေရတာပါ။ အာခေါင်ပဲ့အောင် မပြောတတ်လို့ အသံကျယ်ကျယ် မထွက်တာပါ။

ပြည်သူတွေရင်ထဲ အောင်းထားတဲ့စကားတွေ အများကြီးရှိနေပါတယ်။ ပြည်သူတွေပြောချင်တဲ့ စကားအများစုက တပ်မတော်နဲ့ တစ်နည်းမဟုတ်တစ်နည်း သက်ဆိုင်နေတယ်။ အဲဒီ့စကားတွေက စစ်အာဏာရှင်ဟောင်းတွေရဲ့ ရာဇ၀တ်မှုတွေ၊ အကျင့်ပျက်မှုတွေ၊ အာဏာအလွဲသုံးမှုတွေ၊ ကိုယ်ကျိုးရှာမှုတွေနဲ့ ပတ်သက်နေတယ်။

ကျုပ်ကို ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့် ပြောခဲ့တဲ့စကားရှိတယ်။ `ပြီးတာတွေ ထားလိုက်ပါတော့´တဲ့။ ဒီလိုဆင်သေ ဆိတ်ရေဖုံး လက်လွတ်စပယ်စကားမျိုးလောက်နဲ့တော့ ဒီကိစ္စက မပြီးပြေနိုင်ဘူး။ အရပ်စကားနဲ့ ပြောရမယ်ဆိုရင် ဒီလိုပြောရမယ် ထင်တယ်။

ပြည်သူလူထုကြီးခင်ဗျား။ ဆောရီးဗျာ။ ပြည်သူတွေ ခွင့်လွှတ်တော်မှုကြပါ။ တောင်းပန်ပါတယ် ဆိုတဲ့ စကားမျိုးကို လူသိရှင်ကြား၊ ဗမာကြား၊ ကမ္ဘာကြားပြောရမယ်။ အစိုးရနဲ့ တပ်မတော်က ဒီကိစ္စတွေကို တရားဥပဒေနဲ့အညီ တံမြက်လှည်းရမယ်။ အမှိုက်ရှင်းရမယ်ပေါ့။ ရာဇ၀င်မှုမြောက်တဲ့ ကျူးလွန်မှုတွေရှိရင်တော့ တရားဥပဒေအရ ဖြေရှင်းရမယ်ဗျ။ အားလုံးပြီးပြတ်မှ လွတ်ငြိမ်းချမ်းသာခွင့် ပေးသင့်ပေးရပေးမှာပေါ့လေ။

ဒီနေရာမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေက စကြ၀ဋ္ဌာသံတံတိုင်းကြီးကာတယ်။ ဒီတော့ အခြေခံဥပဒေ ပြင်ဆင်ရေးကိုလည်း မဖြစ်မနေလုပ်ရမှာပဲ။ တပ်မတော်ကလည်း ၀ိုင်းကူရမှာပဲပေါ့ဗျာ။

တပ်မတော်ဂုဏ်ရောင် ထွန်းပြောင်ပါစေ။

ဟံသာဝတီဦးဝင်းတင်

ဒီလှိုင်းဂျာနယ်။ ။ အတွဲ (၂)၊ အမှတ် (၄၅)။