Thursday, 7 November 2013

အန်တီ သြစီလာမည် တဲ့

အန်တီ သြစီလာမည် တဲ့
အန်တီ သြစီလာမည်တဲ့ ........

ပိာုလွန်ခဲတဲ့ ၂၀၀၂ ခုနှစ် ကတည်းက အန်တီနဲ့  အဝေးဆုံးကို ရောက်ခဲ့ပါတယ် ၊ စဝေးခဲ့တာကတော့ ၁၉၉၆ ဒီဇင်ဘာ ကစပြီူးတော့ ပေါ့ ၊ ထောင်က လွတ်တော့ အန်တီနဲ့  နှစ်ကြိမ် (ထောင်ကလွတ်လွတ်ခြင်း တကြိမ်၊ ၀ါရင့်  ရဲဘော်ပောာင်းများ ရဲ...့  လွတ်လပ်ရေးနေ့ အခမ်းအနား သခင်ဦးသိန်းဖေခြံ မှာ တကြိမ် ပြန်ဆုံ ခဲ့ရပြီး မတွေ ရ မမြင်ရတာ နှစ်ပေါင်း ကြာပေါ့ ။

အခု ကျနော် နေထိုင်ရာ သြစတေးလျှ ကို အန်တီ လာမည်တဲ့ ......။

ကျနော် အန်တီခြံထဲမှာ နေခွင့်ရစဉ် ကာလ ၉၅ /၉၆ ကပေါ့ တရက် ညနေ မစောင်းတစောင်းလေးမှာ ကျနော်တို့  အန်တီ လုံခြုံရေးကား (ဆန်နီပစ်ကပ် အပြာရောင် အမိုးဖွင်လေးကို မောင်းတဲ့ သာကေတ လူငယ် ကိုခင်မောင်ထွန်းက ကျနော် ကို လာခေါ်ပါတယ် ၊ အပြင်သွားစရာ ရှိရင် ကျနော် လိုက်ပါနေကျ ဆိုတော့ ထုံစံ အတိုင်းပဲ ဘာမှ မေးခွန်းမထုတ်ပဲကားပေါ်တက်လိုက်ခဲ့ပါတယ် ။ ကားရဲ့ ဦးတည်ရာက ဘဘ ဦးတင်ဦး နေတဲ့ ရွှေ တောင်ကုန်းကိုပါ ။ ဘဘ အိမ်ရောက်တော့မှ သိရတာက ကျနော် တိုနဲ့ အတူ နေသူ တနည်းပြော ရရင် အန်တီ လုံခြုံ ရေးလူငယ် အန်တီအနားနေတဲ့ လူငယ် (၄) ယောက်ကို လာခေါ်ရတာပါ ၊ အကြောင်းက နေခင်းဖက် တခဏ အားလပ်ချိန်လေးမှာ လမ်းထိပ်ထွက် လဘက် ရည် သောက်ပြီး ဆိုင်က ပြန်အထွက်မှာ စစ်ထောက်လှမ်းရေးတစု က ခွေးဆွဲ သလို ၀ိုင်းဆွဲ ပြီး လိုက်ဖမ်းကြ လိုပါတဲ့ ။ အဲသည် အချိန်က နအဖ စစ် အစိုးရ ပာာ လက်လွတ်စပယ် လူဖမ်းပွဲ ကြီး ကျင်းပနေချိန်ပါပဲ ။ ယုတ်ဆွ အဆုံး ခြံရှေလာပြီး ပောာပြောပွဲ နားထောင်သူတွေ ကျန်မာပါစေ လို ဆုတောင်း ကြသူတွေ ကအစ ကြမ်းခင်ဈေး ထောင်ဒဏ် (၇)နှစ် ခံကြ ရချိန်ပါ ။
သည်လိုနဲ သူတို လေးယောက်ကို ဘဘ ဦးတင်ဦးအိမ် ကနေ ပြန် ခေါ် လာခဲ့ပြီး အန်တီ အိမ်နဘေး ကားထိုးရပ်တယ် ဆိုရင်ပဲ ပေါ်တီကို အောက် မှာ ရပ်နေတဲ့ အန်တီက ကဲ လာကြပါဦး ဆိုပြီး ခေါ်တော့ ကျနော် လည်းယောင်တောင်တောင်နဲ့ သွားရန်ပြင်စဉ်မှာ ကို ခင်မောင်ထွန်းက ကျနော် ကို လက်ကုန်ပြီး ဘေးထွက် နေခိုင်းပါတယ် ၊ အဲသည်အချိန်က ကျနော်တို့ အိမ်ထဲမှာ ကိုယ်နဲ့ တိုက်ရိုက် မပတ်သက်ရင် မေးမြန်းစူးစမ်းခြင်း မလုပ်ရပါဘူး ။ စကား ၇ှိခဲပါတယ် တခုမသိရင် တချက် ရိုက်ခံရတာ သက်သာတယ် တဲ့ အမှန်ပါပဲ စစ်ထောက်လှမ်းရေး ရဲ့ စစ်ကြောရေးမှာ ကိုတကယ်မသိရင် ကိုယ်အတွက် တကယ် သက်သာပါတယ် (သိတာတွေကို မသိပါဘူးလုပ်ရတဲ့ ကျနော်ရဲ့ ၁၈ ရက်ကြာ စစ်ကြောရေးနေရက် တွေကတော့ အရှင်လတ်လတ် ငရဲ ကျခဲ့ရတဲ့ နေတွေပေါ့) ထားတော့ .....။နောက်မှ သိရတာ က အန်တီ တော်တော် ကို ဒေါသထွက်ပြီး တော်တော် ဆူ လိုက်တယ် ဆိုပဲ .....။ တတိုင်ပြည် တနိုင်ငံလုံးက နိုင်ငံရေးသမားတွေ ကျောင်းသားလူငယ်တွေ ပါတီဝင်တွေ ပါတီဝင်မပာုတ်တဲ့ပြည်သူတေါ ဒုနဲဒေး အဖမ်းခံရ ထောင်ကျခံ ရ ဖြစ်နေချိန်မှာ အန်တီအနားနေသူတွေက လိုက်ဖမ်းလို ထွက် ပြေးရတယ် ဆိုတာ ကြားလို့ မှတော်ရဲ့လား ? အဖမ်းမခံ ရဲဘူးလား? သည်အိမ်မှာ မင်းတို ရှိမှ ဖြစ်မယ် လို့ ယူဆ ထားသလား ? စသည်ဖြင့် စသည်ဖြင်ပေါ့ ....စကားလုံးအတိအကျတော့ ကျနော်မသိပါဘူး ၊ ကျနော် အန်တီအနားနေခွင်ရခဲ့စဉ်ကာလတလျှောက် အန်တီဒေါသထွက် စိတ်ဆိုးတာ ကို ကြီးကြီးမားမား မမြင်တွေခဲ့ ဖူး ပါဘူး ၊ အဲသည်နေကတော့ တော်တော်လေး စိတ်ဆိုးနေတယ် လို့  အဆူးခံရသူတယောက်က ပြန်ပြောပြ လို့ သိရတာပါ ။

အခု အန်တီ သြစီလာ မည်တဲ့  ။

ပြီးခဲ့တဲ့ ရက် တပါတ်လောက်က BCBG SYDNEY ကတာဝန်ရှိသူ အကို တယောက် ကျနော်အိမ်ကို ရောက်လာပြီး ဒေါ်အောင်ဆန်းစုကြည် သြစီလာမဲ့ အပေါ် ဘယ်လို ခံစားရ ပါသလဲ ဆိုတဲ့မေးခွန်းနဲ့ အတူ အန်တီ ခရီးစဉ် အတည်ပြုချက်ကို ကျနော် ရခဲ့ပါတယ် ၊ အဲသည်နေက စလို့  ကျနော်မှာ အခက်တွေတော့ တာပါပဲ ။ အန်တီ ဆို တာ ကျနော် အတွက်တော့ ဒုတိယ မိခင် ၊ ကျနော် ယုံကြည်လေးစား တဲ့ခေါင်း ဆောင် ရက်ပေါင်း ၃၀၀ ကျော် တနှစ်နီးနီး အန်တီ အရိပ်အောက်မှာ နေ အန်တီ ကျွေးတာစား ခဲ့ ဖူးသူ ၊ လေးစားလွန်းလိုလဲ ၉၆ ဒီဇင်ဘာ ၆ ရက်ည စစ်ထောက်လှမ်းရေး လာဖမ်းတော အန်တီ ပြောခဲ့ဖူးတာလေး အမှတ်ရပြီး ကောက်ကောက်ပါအောင်ထလိုက် နရသိန်စံနန်းမှာ ၆ နှစ် တာ မြန်းခဲ့ ရ .....နောက်တော့ နောက်တခါ ထောင် ထပ်ကျမှာ ကြောက်တာနဲ့  အန်တီ ပြောတဲ့နိုင်ငံ ရေးသီလ သုံးပါကို ချိုးဖောက်အန်တီနဲ့  ရဲဘော် အပေါင်းကို လက်မပြ နှုတ်မဆက်ပါပဲ ကိုယ်လွတ်ရုန်းခဲသူတယောက် ၊ ကိုယ်ကျိုးစွန်ခဲ့ပြီးပါပြီး ပြော ရလောက်အောင်လဲ ထောင် လေးကျတာကလွဲလို့  အန်တီ ခြေဖ၀ါးက မြေတမှုံ စာပေးဆပ်မှု့  လောက်လေးနဲ ဂုဏ်ယူဝင်ကြွားရမှာလဲ ရှက်ပါဘိ ။ လက်နှက်ကိုင်တော်လှန်မယ်ဆိုပြီး နယ်စပ်ထွက်လာသူလဲမပာုတ် ၊ရှက်ရှက်နဲဝန်ခံပါတယ် အခြားရဲဘော်တွေ နှစ်ကြိမ် တချိုဆို သုံးကြိမ် ဆရာဦးဝင်တင်တို့  ဆရာဒေါက်တာဇော်မြင်မောင် တိုဆို ထောင်ထဲနေရင်းကို နောက်မှု့ တွေတပ် ထောင်ထဲမှာ ထောင် ထပ်ကျ ကျနော်မှာတော့ ခြောက်နှစ်စာ တကြိမ်လောက်လေး ထောင်ကျတာ ကို နောက်တခါ ကျမှာစိုးပြီး နယ်စပ်ကတဆင် သြစီ ရောက်လာသူ .......ကြာနီကန် ဆရာတော် လေသံနဲ့ ပြောရရင် ခက်တော့ နေပြီ ပရိတ်သတ် ရေပေါ့  ။

အခု အန်တီ သြစီလာမည်တဲ့ .......။

စစ်ထောက်လှမ်းရေးလိုက်ဖမ်းလို ဘဘဦးတင် ဦး အိမ်ကို ထွက်ပြေးခိုလှုံတာတောင် ဆူးခဲသေးတာ ထောင်ထပ်ကျမှာ စိုးလို တိုင်းတပါးထွက်ပြေးလာတဲ့ သူကိုရော မဆူပဲနေပါမလား ? ကိုယ် က မပာုတ်လို အဆူခံရတာ ကို ခံရဲပေ မဲ့ ပြုံးပြ နှုတ်ဆက်ဖို ကျနော် အတွက်တော့ တော်တော် ခက်ခဲနေတာ အမှန်ပါပဲ ....။ကိုယ်ကို ကိုယ် သိမ်ငယ်သလို လို မကျေနပ်သလို လို ခံစားနေခဲရတာ ခုမှရယ် မပာုတ်ပါဘူး မြန်မာပြည်ထဲက ကိုယ်ရဲဘော် တချိုနဲ့  အင်တာနက်ကနေ ဖုန်းထဲကနေ စကားပြောဖြစ်တိုင်း ခံစားခဲရတာပါ ၊ ခုတော ပိုလိုဆိုးတာပေါ့ ကြီးကျယ်မြင်မြတ်တဲ့ကျနော်ရဲ ခေါငးဆောင်လဲဖြစ် ၊မြန်မာ ဒီမိုကရေစီ တော်လှန်ရေးခရီးကြမ်းကြီးကို အတူ ဖြတ်ခဲ့ တခရီးထဲသွား တလှေ ထဲစီးခဲ့ဖူးသူ တယောက် သြစီ လာရောက်မယ် ဆိုတော့ဖြင့်  ဘယ်ပုံဘယ်နည်း ဘယ်မျက်နှာပေးနဲ သွားရောက်နှ
ုတ်ဆက်ရမယ် မသိ ......။ မြန်မာ ဒီမိုကရေစီ ပြောင်းလဲ ရေးမှာ ငါတာဝန်မကျေခဲဘူးဆိုတဲ့အတွေးနဲတင် ထမင်းလုံးတစေ အခြောက်ခံခဲရပေါင်းလည်းများလှပါပြီ ။ ကိုယ် စိတ်ထဲ ဖြစ်ပေါ်ခံစားနေရတာကို(သည်သြစီမှာ) အရင်းနှီးဆုံး ဇနီးသည်ကို ပြောပြတော့ ....ကိုယ်လိပ်ပြာ ကိုယ်လုံရင်သွားတွေပေါ့တဲ့....စစ်ကူတောင်းကာမှပဲ လက်နှက်ကြီးကျည် ကရင်ဘတ်တည်တည် ထိတော့ တာ ဗျို.....။

ကိုင်း ခက်တော့ နေပြီ ပရိတ်သတ် ရေ..... ဘာ လုပ်ရပါ့........


အခုအန်တီ သြစီလာမည်တဲ့........။

မှတ်ချက် ..။ ။မည်သူတဦးတယောက်ကိုမှ မရည်ရွယ်ပါ ။ ကျနော် ခံစားချက်သာဖြစ်ပါသည်


ခိုင်ကိုဦး (ဆစ်ဒနီ)
See More
Like · · Promote ·

No comments:

Post a Comment