နိုင်ငံခြားသားကိုလက်ထပ်တာရာဇ၀တ်မှုလား
သရ၀ဏ်(ပြည် )
ကျွန်တော.်သူငယ်ချင်းများထဲတွင် အမျိုးသမီး လေးယောက်ခန်.မှာ နိုင်ငံခြားသားနှင်. တရားဝင်လက်ထပ်ထားကြသူများဖြစ်သည် ။ အမျိုးသမီး သုံးယောက်သည် ဂျာမန် အိမ်ထောင်ဘက်များနှင်. လည်းကောင်း ၊ ကျန်အမျိုးသမီးတစ်ယောက်သည် ဗြိတိန်နိုင်ငံသားတစ်ဦးနှင်.လည်းကောင်းလက်ထပ်ထားကြပါသည် ။ သူတို.သည်တရားဝင်လက်ထပ်ပေါင်းသင်းနေကြပြီး ကျွန်တော်သိရသလောက် ပျော်ရွှင်ချမ်းမြေ.သောအိမ်...ထောင်သည်ဘ၀များကိုပိုင်ဆိုင်ထား ကြပါသည် ။ သူတို.အထဲမှအချို.သည် နိုင်ငံခြားမှာနေသည် ။ အချို.က လက်ထပ်ပြီးသော်လည်း မြန်မာနိုင်ငံမှာပင်နေသည် ။ ကျွန်တော်၏ မိတ်ဆွေ ခရီးသွားလုပ်ငန်းရှင် အမျိုးသားတစ်ဦးမှာ ဂျာမန် အမျိုးသမီးတစ်ဦးကိုလက်ထပ်ထားသည် ။ ကျွန်တော်သည် မိတ်ဆွေများ၏ နိုင်ငံခြားသား ခင်ပွန်း ၊ ဇနီး ဆိုသူများနှင်.လည်း လက်ပွန်းတစ်နှီး ပေါင်းသင်းဆက်ဆံဖူးပါသည် ။ ထိုလူများနှင်. ခရီးရက်ရှည်အတူသွားဖူးပါသည် ။ အဖြူပဲ ၊အမည်းပဲ ၊အ၀ါ ပဲ ၊ မြန်မာပဲ ၊ ဂျာမန်ပဲ ၊အင်္ဂလိပ်ပဲ ဟူသော အပေါ်ယံအေ၇ပြားကိုခွာချ၍ ကြည်.လိုက်လျင် သူတို.သည် အိမ်ထောင်ဘက်အပေါ်တာဝန်ကြေသော ခင်ပွန်းကောင်း ၊ ဇနီးကောင်းများ ဖြစ်သည်ကိုသာတွေ.ရပါလိမ်.မည် ။ လူမျိုးမတူသူနှစ်ဦးလက်ထပ်လိုက် ခြင်းဖြင်. ဇနီးမယားဘက်ကိုသော်လည်းကောင်း၊ ခင်ပွန်းဖြစ်သူဘက်ကိုသော်လည်းကောင်း သိသာထင်ရှားသော ထိခိုက်နစ်နာမှုမျိုးကိုမတွေ.ရပါပေ ။ တစ်ခုပဲရှိသည် ။မြန်မာနိုင်ငံ၏တည်ဆဲနိုင်ငံသား ဥပဒေအရ သူတို.ကမွေးဖွားလာသော သားသမီးများမှာ မြန်မာနိုင်ငံသားဖြစ်ခွင်.ရမည်မ ဟုတ်ပေ ။ ဧည်.နိုင်ငံသားသာဖြစ်ကြပေလိမ်.မ ည် ။ ဤသည်မှာလည်း ၁၉၈၂ နိုင်ငံသားဥပဒေအရ ဖြစ်သင်.ဖြစ်ထိုက်သော လမ်းကြောင်းတစ်ခုဖြစ်သည် ။ ဤအထိအငြင်းပွားစရာမရှိ ။ ကိုယ်ကြိုက်လျင်ကိုယ်ယူကြ ။ကိုယ်.အိမ်ထောင်ဘက်ကို ကိုယ်လွတ်လပ်စွာရွေးချယ်ကြရုံပဲ ဖြစ်သည် ။
သို.သော်ထို.ထက်တစ်ဆင်.တက်၍ နိုင်ငံခြားသားကိုလက်ထပ်ထားသူများ ၊ သားသမီးရထားသူများသည် မြန်မာနိုင်ငံအပေါ်သစ္စာမရှိသူများ ၊ မယုံကြည်ထိုက်သူများ ဖြစ်သယောင် ဖွဲ.စည်းပုံအခြေခံဥပဒေတွင် ထည်.သွင်းရေးဆွဲ ထားသည်ကတော. စဉ်းစားစရာဖြစ်လာပြီဖြစ်သည် ။ ဤတွင်မေးစရာရှိလာသည်မှာ လူတစ်ယောက်သည် နိုင်ငံခြားသားတစ်ယောက်နှင်.လက် ထပ်လိုက်သည်နှင်. မယုံကြည်ရသောသစ္စာဖောက်တစ်ယောက်ဘ ၀( Enemy of the State ) သို.အလိုလိုကျရောက်သွားသလော ။ ထို.ထက်အလွန်ဆိုရလျင် မိမိ ၏အဖေ (သို.မဟုတ် )အမေသည် နိုင်ငံခြားသားတစ်ယောက်နှင်.လက် ထပ်လိုက်လျင် မိမိကပါရော၍ မယုံကြည်ရသူဖြစ်သွားသယောင် ၊ မိမိ ၏ သားမက် (သို.မဟုတ် )ချွေးမက နိုင်ငံခြားသား တစ်ယောက်ဖြစ်တာနှင်. မိမိပါနေရင်းထိုင်ရင်း သစ္စာဖောက်တစ်ယောက်ဖြစ်သယောင် ဥပဒေတွင်ထည်.၍ ရေးထားခြင်းမှာ ဖြစ်ရောဖြစ်သင်.ပါသလားဟုမေးစရြာ ဖစ်လာပေသည် ။
သားသမီးဆိုသည် မှာ အသက်ဆယ်.ရှစ်နှစ် မပြည်.ခင်အထိ မိမိအုပ်ထိမ်းမှုအောက်တွင်ရှိ၍ ပြော၍ ဆို၍ ရချင်ရဦးမည် ။ အသက်ကြီး အရွယ်ရောက်လာ၍ သူ.ဘာသာ ယူချင်သောလူကို ယူခြင်း၌ မိဘကိုအဘယ်ကြောင်. တရားခံစာရင်းထည်.ရမည်နည်း ။ ဆိုကြပါစို. မိမိ၏ဖခင်သည် အမေကွယ်လွန်ပြီးနောက် သူကြိုက်နှစ်သက်ရာ ကုလားမ ၊တရုတ်မ တစ်ယောက်ယောက် ကိုကောက်ယူလိုက်သည်ဆိုပါစို. ။ သားသမီးဖြစ်သူက အဖေ အဲဒိမိန်းမကိုယူရဲယူကြည်.ဟု တုတ်နှင်.ရိုက်ကာဆုံးမရမည်လော ။ အဖေလုပ်သောအလုပ်တစ်ခုသည် အဘယ်ကြောင်.သားသမီးက တာဝန်ခံရမည်နည်း ။ ဤသို.ဆိုလျင် အဖေ ရာဇ၀တ်မှုကျူးလွန်လျင် သားသမီးက ဘာမှမလုပ်ပဲထောင်ကျခံရလေတော.မည် လား ။ မိမိသားမက်မကောင်းသဖြင်. ယောက္ခမမှာ ကြိုးစင်တက်ရတော.မည်လော ။ ချွေးမ မကောင်းသဖြင်. ယောက္ခမကိုထောင်ချတော.မည်လော ။ ဇနီးမကောင်းသဖြင်. ခင်ပွန်းကို ၊ လင်မကောင်းသဖြင်. မယားကိုအပြစ်ပေးရတော.မည်လော ။
သို.သော် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ.စည်းပုံအခြေခံဥပဒေ အခန်း (၃) ပုဒ်မ ၅၉ (စ ) ၌ နိုင်ငံတော်သမ္မတနှင်.ဒုတိယသမ္မတများ၏အရည်အချင်းကိုအောက်ပါအတိုင်းကန်.သတ်ရေးသားထားလေ သည် ။
“ မိမိကိုယ်တိုင်သော်လည်းကောင်း ၊မိမိ၏ မိဘတစ်ပါးပါးသော်လည်းကောင်း ၊မိမိ၏ဇနီး သို.မဟုတ်ခင်ပွန်းသော်လည်းကောင်း ၊ မိမိ၏တရားဝင်သားသမီး တစ်ဦးဦးသော်လည်းကောင်း ၊ထိုတရားဝင်သားသမီးတစ်ဦးဦး၏ ဇနီး သို.မဟုတ်ခင်ပွန်းသော်လည်းကောင်း နိုင်ငံခြားအစိုးရ၏ကျေးဇူးသစ္စာေ တ်ာကို ခံယူစောင်.ရှောက်ရိုသေသူ သို.မဟုတ်နိုင်ငံခြားအစိုးရ၏လက် အောက်ခံ ဖြစ်သူ သို.မဟုတ် တိုင်းတပါး၏နိုင်ငံသားဖြစ်သူများမဖြစ်စေရ ၊ထိုသူများသည် နိုင်ငံခြားအစိုးရ၏လက်အောက်ခံဖြ စ်သူသော်လည်းကောင်း၊တိုင်းတစ်ပါး၏နိုင်ငံသားသော်လည်းကောင်း ခံစားရသောအခွင်.အရေး များနှင်.ကျေးဇူးခံစားခွင်.များ ကို ခံစာနိုင်ခွင်.ရှိသူများမဖြစ်စေ ရ “ ဟု ရှည်လျားစွာရေးသားထားလေသည် ။ ထိုဥပဒေ ထွက်လာကာစက ကျွန်တော်.သူငယ်ချင်းတစ်ယောက်သည် ဖတ်ကြည်.ပြီး
“ ရေးရတာရှည်ပါတယ်ကွာ အောင်ဆန်းစုကြည် မပါရ လို.တစ်ကြောင်းတည်းရေးလိုက်ရင်ြ ပီးရော “ ဟု ပြောဖူးပါသည်။
ပြောလဲပြောချင်စရာဖြစ်နေသည် ။ ၁၉၉၀ရွေးကောက်ပွဲလုပ်စဉ်ကလည်း လွှတ်တော်ကိုယ်စားလှယ်များ ထဲတွင် ဒေါ်အောင်းဆန်းစုကြည်ပါလာမှာစိုးသြ ဖင်. ရွေးကောက်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်လိုသူများသည် မြန်မာနိုင်ငံ၌ အနည်းဆုံး ရှစ်နှစ်တိတိ တစ်ဆက်တည်းအခြေချနေထိုင်ခဲ.ဖူးရ မည် ဟု ကြံဖန်ကန်.သတ်ခဲ.ဖူးသည် ။ ဒေါ်စုသည် ၁၉၈၈ တွင်မှ မြန်မာပြည်ပြန်ရောက်လာသဖြင်. ၁၉၉၀ ၌ ဘယ်လိုမှ ရှစ်နှစ်မပြည်.သေးပေ ။ ၂၀၁၀ တွင်မူကား ရှစ်နှစ်ပင်မက မြန်မာနိုင်ငံတွင်နေထိုင်လာသည်မှာ ၂၂ နှစ်ပင် ကြာပြီဖြစ်၍ နောက်ထပ်ညစ်ကွက်သုံးလာခြင်းဖြစ် သည် ။
ဤတားမြစ်ချက်သည် မြန်မာနိုင်ငံ၏ လျှို.၀ှက်ချက်များ တိုင်းတပါးသို.ပေါက်ကြားမှာစိုး သဖြင်. လိုအပ်၍ ကန်.သတ်ရခြင်းဖြစ်သည် ဟု ဥာဏ်ကြီးရှင် တစ်စုက ကာကွယ်၍ပြောချင်လဲပြောပါလိမ်.မည် ။ ထိုသို.ပြောသူများသည် ခေတ်ကာလကိုမေ.လျော.နေသူများဖြစ် သည် ။ခေတ်နောက်တွင် အနှစ် (၅၀)လောက်ပြတ်ကျန်နေသူများ ။ ဒုတိယကမ္ဘာစစ် ၊စစ်အေးတိုက်ပွဲခေတ် ၊ကွန်မြူနစ်တစ္ဆေခြောက်နေကြသောခေ တ်မှ မတက်နိုင်သောအတွေးအခေါ်များကိုပိုင်ဆိုင်ထားသူများဟုသာ ပြောချင်ပါသည် ။အဘယ်.ကြောင်.ဆိုသော် ယနေ. အင်တာနက် ၊ အီးမေးလ် ၊ အိုင်တီခေတ်တွင် နိုင်ငံတစ်နိုင်ငံ၏ လျှို.၀ှက်ချက်များပေါက်ကြားဖို .ဆိုသည်မှာ သမ္မတ၏ ယောက်ျား နိုင်ငံခြားသားဖြစ် မှသာမဟုတ် ၊ သမ္မတ၏ သားသမီး နိုင်ငံခြားတွင်နေမှမဟုတ် ၊ အတွင်းလူထဲက ကွန်ပြူတာတစ်ချက် ကလစ်နှိပ်ရုံ ၊ file တစ်ခု download ဆွဲရုံ ၊ website တစ်ခု အား ထိုးဖောက်ဝင်ရောက်ရုံ ၊ Hack လုပ်ရုံနှင်. အောင်မြင်ပြီးမြောက်ကြောင်း အခြေခံ အိုင်တီ ဗဟုသုတရှိသူပင်သိနိုင်ပါသည် ။ ယခုအခါ တစ်ကမ္ဘာလုံးပွက်လောရိုက်နေသော အမေရိကန်အမျိုးသားလုံခြုံရေးအဖွဲ.၏သတင်းမှတ်တမ်းများပေါက်ကြား မှုသည် သမ္မတက သူ.အမျိုးနိုင်ငံခြားသားများကို ပါးစပ်ဖွာ၍ ဖွင်.ချခဲ.ရာမှပေါ်ပေါက်လာသည်မဟုတ် ။ လျှို.၀ှက်မှတ်တမ်းများကို CIA ထောက်လှမ်းရေးကန်ထရိုက်တာဟောင်း မှ ရယူဖွင်.ချခဲ.ခြင်းဖြစ်သည် ။ဝီကီလ်ခ်ကိုထူထောင်ခဲ.သော ဂျူလီယန်အဆန် သည်လည်း သူ၏ မိတ်ဆွေ အမေရိကန်လေတပ်သား မိန်းမလျာတစ်ဦးဖြစ်သူ ချယ်ဆီးမန်းနင်းထံမှ စစ်သတင်းများကို ရရှိခဲ.ခြင်းဖြစ်သည် ။ သမ္မတထံမှ ပေါက်ကြားခဲ.ခြင်းမဟုတ်ပေ ။
တစ်ဖက်မှစဉ်းစားလျင် သမ္မတ ၏ဆွေမျိုးများသည် နိုင်ငံခြားသားများဖြစ်သော်လည်း သမ္မတကသာ တကယ်နှုတ်လုံခဲ.လျင် နိုင်ငံတော်ထိပ်တန်းလျှို.၀ှက်ချက်တစ်ခုသည် မည်သူ.ဆီကိုမျှ အချိန်မတိုင်ပဲ မပေါက်ကြားနိုင်ကြောင်း အိုစမာဒင်လာဒင်ကိုသုတ်သင်နိုင်ခဲ.သော သမ္မ အိုဘားမား၏ အထူးလျှို.၀ှက် စစ်ဆင်ရေးကသက်သေပြနေပါသည် ။ အိုစမာဒင်လာဒင်ကိုသွားရောက်ဖမ်း ဆီးဖို.အမိန်.ပေးခဲ.သောစစ်ဆင်ရေးပိုင်ရှင် သမ္မတ ဘားရက်ဟူစိန်အိုဘားမား၏ ဖခင်အပါအ၀င်အမျိုးများသည် အာဖရိကတိုက်မှ ကင်ညာနိုင်ငံသားများဖြစ်သည် ။ ကြံဖန်စိတ်ပူလျင် စူပါ ပါဝါ အမေရိကန်ပြည်ထောင်စု၏ ထိပ်တန်းလျှို.၀ှက်ချက်များသည် သူ.အမျိုးများရှိရာ ကင်ညာနိုင်ငံ သို. တရစပ်ပေါက်ကြားနေဖို.ပဲရှိသည် ။ သို.သော် တကယ်.လက်တွေ.၌ သမ္မအိုဘားမားသည် အကြမ်းဖက် အယ်လ်ကေဒါအဖွဲ.ခေါင်းဆောင် အိုစမာဘင်လာဒင်ကို ပါကစ္စတန်နိုင်ငံတွင်သွားရောက်ဖမ်းဆီးခဲ.သော စစ်ဆင်ရေး ၌ သူ.မိန်းမ မီရှဲလ်အိုဘားမားကိုပင်အသိပေးခဲ .ခြင်းမရှိပဲ ထိပ်တန်းဗိုလ်ချုပ်ကြီးများနှင် . Navy Seal အဖွဲ.၀င် များကိုသာ ကန်.သတ်အသိပေးပြီး သမ္မတစ်ယောက်ထားရှိအပ်သော လုံခြုံရေးလျှို.၀ှက်ချက်ကိုစော င်.ထိန်းခဲ.၍ စစ်ဆင်ရေးအောင်မြင်ခဲ.ပါသည် ။ မြန်မာနိုင်ငံမှ လူအချို.ကြံဖန်ပူပင်သလို မိဘကနိုင်ငံခြားသားဖြစ်၍ သတင်းတွေ ပေါက်ကြားမည်ဆိုသည်မှာ မှန်ကန်သောကိစ္စမဟုတ်ပါ ။ နိုင်ငံခြားသား ကြောက်လန်.သည်.ရောဂါ ( Xenophobia ) ရနေသူအချို.မှ ညစ်ကွက်သုံးကာကြွေးကြော်နေခြင်း သာဖြစ်ပါသည် ။
ဤဆောင်းပါး၏ရည်ရွယ်ချက်မှာ မြန်မာများ နိုင်ငံခြားသားတွေကိုလက်ထပ်ကြ ဟု အားပေးအားမြှောက်လုပ်လိုသော ရည်ရွယ်ချက်မဟုတ်ပါ ။ နိုင်ငံခြားသားကိုမယူပဲ မိမိနိုင်ငံသားအချင်းချင်းယူလျင်ကားအကောင်းဆုံးဖြစ်ပါသည် ။ သို.သော်အိမ်ထောင်ပြုခြင်းသည် လူတစ်ဦးတစ်ယောက်ခြင်း၏လွတ်လပ်ခွင်.သာဖြစ်၍ မိမိကြိုက်နှစ်သက်သူကိုယူခွင်.ရှိပါသည် ။ မိမိအိမ်ထောင်ဘက်ကိုအကြောင်းပြု ၍ ငယ်ငယ်ကကလေးများကို လူကြီးများက “ ဒေဝေါကြီးလာပြီ “ ဟု ခြိမ်းချောက်သလိုမျိုး မရှိသောအရာ မဖြစ်သောအရာကိုလက်ညိုးထိုးအပြစ် ရှာနိုင်အောင် အခြေခံဥပဒေတွင်ထည်.၍ရေးခြင်းကို ကန်.ကွက်လိုရင်းဖြစ်ပါသည် ။
တိုင်းပြည်အတွက်တကယ် လုပ်နိုင်သောခေါင်းဆောင်လည်းဖြစ်မည် ။ အရည်အချင်းလည်းရှိမည် ၊စိတ်ရင်းစေတနာလည်းမှန်သည် ဟုစိတ်ချနိုင်မည်ဆိုလျင် သူ.အိမ်ထောင်ရေးကို ကြည်.၍ ဆီလိုအပေါက်ရှာနေမည်.အစား တိုင်းပြည်ကောင်းစားရေးအတွက် ခေါ်ယူနေရာပေးသင်.ပါသည် ။ စာရေးသူသည် NLD ပါတီဝင်လည်းမဟုတ် ၊ဒေါ်အောင်ဆန်းစုကြည်နှင်. သိကျွမ်းသူလည်းမဟုတ၊်သူ.ကို ပုဂ္ဂိုလ်ရေးကိုးကွယ်သူလည်းမဟုတ် သဖြင်. ဤဆောင်းပါးကိုရေးရတာလိပ်ပြာလုံပါသည် ။ လမ်းမှန်ကမ်းမှန်သာဆိုလျင် ဒေါ်စုပဲ သမ္မတဖြစ်ဖြစ် ၊ ဦးသိန်းစိန်ပဲဆက်အုပ်ချုပ်အုပ် ချုပ်၊ ဦးရွှေမန်းပဲတက်တက် ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပဲ သမ္မတဖြစ်ဖြစ် ကန်.ကွက်စရာမရှိပါ ။ကျွန်တော်ယုံကြည်တာတစ်ခုပဲရှိပါသည် ။ ၎င်းမှာ စင်ကာပူနိုင်ငံတိုးတက်အောင် အံ.မခန်းစွမ်းဆောင်နိုင်ခဲ.သောဝါရင်. ၀န်ကြီးချုပ် လီကွမ်ယု ၏စကားတစ်ခွန်းဖြစ်သည် ။ လီကွမ်ယုပြောခဲ.သောစကားမှာ
“ နိုင်ငံရေးအားပြိုင်မှု ကိုမတားမြစ်ပါဘူး ။ ငါတို.တားမြစ်တာက ပါလီမန်နဲ. အစိုးရထဲမှာ မစွံတဲ.သူတွေပါဝင်လာမှာ ကိုတားဆီးတာပါ ။ အရည်အသွေးရှိတဲ.လူတိုင်းကိုကြို ဆိုပါတယ် ။ အမှန်တကယ်အလေးအနက်ထားရမယ်.ခေါင်းဆောင်တစ်ယောက်ကထပြီး စင်ပြိုင်အစိုးရထောင်မယ်ဆိုရင်သိပ်ကောင်းတာပေါ. ။စင်္ကာပူမှာရွေးစရာရှိသွားတာပေါ. “
ဟူ၏ ။
စင်္ကာပူဘာကြောင်.အောင်မြင်သလဲဆို သည်.လျှို.၀ှက်ချက်၏ အဖြေကို ဤ စကားကရှင်းပြသွားသည် ။ သူ.အစိုးရအဖွဲ.မှာ လူတော်တွေအတွက်ပဲနေရာရှိသည် ။ အရည်အချင်းမမီသူများအတွက်နေရာမရှိပါ ။ တကယ်တော်လျင် ဘယ်သူ.ကိုမဆိုနေရာပေးမည်ဆိုသော ပွင်.လင်းသည်.စိတ်ဓါတ်ဖြစ်သည် ။ ဤစိတ်ဓါတ် သဘောထားကြီးမားမှုကြောင်.ပဲ စင်္ကာပူသည် ရေတောင် မလေးရှားမှဝယ်သောက်နေရသော ဘာမှသယံဇာတမရှိသည်. တံငါ ရွာကလေးမှ ကမ္ဘာကမော်ကြည်.ရသည်နိုင်ငံဖြစ်လာခဲ.သည် ။ သူတို.မူဝါဒကရှင်းသည် ။ကောင်းလျင်သုံးမည် ။ အသုံးမကျသူများအတွက်နေရာမရှိစေရ ။
အချို.ကလည်းကပ်သီးကပ်သတ်ပြောကြသ ည် ။ ဒေါ်အောင်ဆန်းစုကြည်အတွက်ထိုဥပဒေကိုပြင်ပေးလိုက်လျင် အနာဂါတ်မြန်မာနိုင်ငံ၌ နိုင်ငံခြားသြဇာခံများနေရာရလာမှာစိုးရိမ်ရတယ်ဟူသတည်း ။ ဤနေရာ၍ပြောချင်သည် မှာ ထိုကိစ္စအတွက်မပူပါနှင်. သမ္မကိုလွှတ်တော် မှရွေးသည်ဖြစ်စေ ၊ ပြည်သူလူထုမှ တိုက်ရိုက်ရွေးသည်ဖြစ်စေ ပြည်သူလူထုသည် အရူးများမဟုတ်ပါ ။ မည်သူကောင်းသည် မည်သူဆိုးသည်ကို သမိုင်းနှင်.ယှဉ်၍ ကျောကော.အောင်ခံခဲ.ရသူများဖြစ်ရာ ကိုယ်.လည်ပင်းကိုယ် ကြိုးကွင်းစွပ်သောအလုပ်မျိုးကို မည်သူမှလုပ်မည်မဟုတ်ပါ ။ ကိုယ်.ခေါင်းဆောင်ကို ကိုယ်ကိုယ်တိုင်အကောင်းဆုံးရွေး ချယ်နိုင်ကြမည်ဖြစ်ပါသည် ။ လွှတ်တော်အမတ်များသည်လည်း ထိုကဲ.သို. ဥာဏ်ရည်ဥာဏ်သွေးမျိုးရှိခဲ.ပါက မည်သို.မျှ မှားယွင်းရွေးချယ်မှုဖြစ်နိုင်ေ တာ.မည်မဟုတ်ပါ ။ ထို.ကြောင်. မမြင်ရသော ဒေဝေါကြီးကိုပြကာ ထိတ်လန်.ကြောက်ရွံ.နေသော အခြေခံဥပဒေ ပုဒ်မ ၅၉ (စ) ကို ရဲရဲဝံ.၀ံ.ပြင်ဆင်ကြပါ ။ ဘာမှ စိုးရွံမှုမရှိကြပါနှင်. ။ လူကောင်းနှင်.လူဆိုးကို မြန်မာပြည်သူလူထုကကောင်းကောင်းခွဲတတ်ပါသည် ။ မြင်းတစ်ကောင်ထဲပြေးသောပြိုင်ပွဲထက် အားကောင်းမောင်းသန် မြင်းလေးငါးကောင်ပြေးသောပြိုင်ပွဲကပို၍ စိတ်လှုပ်ရှားစရာကောင်းပေလိမ်.မ ည် ။
တကယ်တော. သမိုင်းတွင်
ငဇင်ကာသည်လည်းကောင်း
ဂဠုန်ဦးစောသည်လည်းကောင်း
အက်ဒ၀ပ်စနိုးဒင်းသည်လည်းကောင်း
အိုစမာဘင်လာဒင်သည်လည်းကောင်း
ဟစ်တလာသည်လည်းကောင်း
ဘရုတပ်စ် သည်လည်းကောင်း
ဒေ၀ဒတ်သည်လည်းကောင်း
စိဉ္စမာန သည်လည်းကောင်း
သွားလေသူပုဂ္ဂိုလ်ကြီးသည်လည်းကော င်း
မည်သူမျှ နိုင်ငံခြားသားကိုလက်ထပ်ထားသူများမဟုတ်ကြပါ ။ ဆိုးမည်.သူက ဆိုးကိုဆိုးမည်သာ ။
သရ၀ဏ်(ပြည်)
သရ၀ဏ်(ပြည် )
ကျွန်တော.်သူငယ်ချင်းများထဲတွင်
သို.သော်ထို.ထက်တစ်ဆင်.တက်၍ နိုင်ငံခြားသားကိုလက်ထပ်ထားသူမျ
သားသမီးဆိုသည် မှာ အသက်ဆယ်.ရှစ်နှစ် မပြည်.ခင်အထိ မိမိအုပ်ထိမ်းမှုအောက်တွင်ရှိ၍ ပြော၍ ဆို၍ ရချင်ရဦးမည် ။ အသက်ကြီး အရွယ်ရောက်လာ၍ သူ.ဘာသာ ယူချင်သောလူကို ယူခြင်း၌ မိဘကိုအဘယ်ကြောင်. တရားခံစာရင်းထည်.ရမည်နည်း ။ ဆိုကြပါစို. မိမိ၏ဖခင်သည် အမေကွယ်လွန်ပြီးနောက် သူကြိုက်နှစ်သက်ရာ ကုလားမ ၊တရုတ်မ တစ်ယောက်ယောက် ကိုကောက်ယူလိုက်သည်ဆိုပါစို. ။ သားသမီးဖြစ်သူက အဖေ အဲဒိမိန်းမကိုယူရဲယူကြည်.ဟု တုတ်နှင်.ရိုက်ကာဆုံးမရမည်လော ။ အဖေလုပ်သောအလုပ်တစ်ခုသည် အဘယ်ကြောင်.သားသမီးက တာဝန်ခံရမည်နည်း ။ ဤသို.ဆိုလျင် အဖေ ရာဇ၀တ်မှုကျူးလွန်လျင် သားသမီးက ဘာမှမလုပ်ပဲထောင်ကျခံရလေတော.မည်
သို.သော် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတေ
“ မိမိကိုယ်တိုင်သော်လည်းကောင်း ၊မိမိ၏ မိဘတစ်ပါးပါးသော်လည်းကောင်း ၊မိမိ၏ဇနီး သို.မဟုတ်ခင်ပွန်းသော်လည်းကောင်
“ ရေးရတာရှည်ပါတယ်ကွာ အောင်ဆန်းစုကြည် မပါရ လို.တစ်ကြောင်းတည်းရေးလိုက်ရင်ြ
ပြောလဲပြောချင်စရာဖြစ်နေသည် ။ ၁၉၉၀ရွေးကောက်ပွဲလုပ်စဉ်ကလည်း လွှတ်တော်ကိုယ်စားလှယ်များ ထဲတွင် ဒေါ်အောင်းဆန်းစုကြည်ပါလာမှာစိုးသြ
ဤတားမြစ်ချက်သည် မြန်မာနိုင်ငံ၏ လျှို.၀ှက်ချက်များ တိုင်းတပါးသို.ပေါက်ကြားမှာစိုး
တစ်ဖက်မှစဉ်းစားလျင် သမ္မတ ၏ဆွေမျိုးများသည် နိုင်ငံခြားသားများဖြစ်သော်လည်း
ဤဆောင်းပါး၏ရည်ရွယ်ချက်မှာ မြန်မာများ နိုင်ငံခြားသားတွေကိုလက်ထပ်ကြ ဟု အားပေးအားမြှောက်လုပ်လိုသော ရည်ရွယ်ချက်မဟုတ်ပါ ။ နိုင်ငံခြားသားကိုမယူပဲ မိမိနိုင်ငံသားအချင်းချင်းယူလျင
တိုင်းပြည်အတွက်တကယ် လုပ်နိုင်သောခေါင်းဆောင်လည်းဖြစ
“ နိုင်ငံရေးအားပြိုင်မှု ကိုမတားမြစ်ပါဘူး ။ ငါတို.တားမြစ်တာက ပါလီမန်နဲ. အစိုးရထဲမှာ မစွံတဲ.သူတွေပါဝင်လာမှာ ကိုတားဆီးတာပါ ။ အရည်အသွေးရှိတဲ.လူတိုင်းကိုကြို
ဟူ၏ ။
စင်္ကာပူဘာကြောင်.အောင်မြင်သလဲဆို
အချို.ကလည်းကပ်သီးကပ်သတ်ပြောကြသ
တကယ်တော. သမိုင်းတွင်
ငဇင်ကာသည်လည်းကောင်း
ဂဠုန်ဦးစောသည်လည်းကောင်း
အက်ဒ၀ပ်စနိုးဒင်းသည်လည်းကောင်း
အိုစမာဘင်လာဒင်သည်လည်းကောင်း
ဟစ်တလာသည်လည်းကောင်း
ဘရုတပ်စ် သည်လည်းကောင်း
ဒေ၀ဒတ်သည်လည်းကောင်း
စိဉ္စမာန သည်လည်းကောင်း
သွားလေသူပုဂ္ဂိုလ်ကြီးသည်လည်းကော
မည်သူမျှ နိုင်ငံခြားသားကိုလက်ထပ်ထားသူမျ
သရ၀ဏ်(ပြည်)
No comments:
Post a Comment