Monday, 18 November 2013

ကောင်းမှု့  ကုသိုလ် ဆိုတာ ယူတတ်ရင် ရပါတယ် ၊ အဲသည် ဘတ်စ် ကားခ လေးပာာ မိသားစု တစုရဲ့  တနပ်စာ ဆန်ဖိုးဖြစ်နိုင်သလို ၊ သားသမီး လေးတွေရဲ့ စာအုပ်ခဲတံ လေးတွေလဲဖြစ်သွားနိုင်တာပဲ လေ....။

အုံနာ ဒရိုင်ဘာ စပယ်ယာ အားလုံး အားလုံးသာဓုပါဗျာသာဓုသာဓုသာဓု......
တကယ့်ကို တခါမှ မကြုံဖူးတာပါ။

ဒီနေ့ လပြည့်နေ့ပေမယ့် အလုပ်ကိစ္စရှိတာနဲ့ ရုံးကိုလာရတော့ စီးနေကျ ကားကို စီးမြဲစီးခဲ့တာပေါ့။

ကားပေါ်ရောက်တာနဲ့ ကားခ အဆင်သင့်ထုတ်ထာြး...ပီး
စပယ်ယာကို လှမ်းကြည့်လိုက်တော့
ကားခ ကုသိုလ် ပါ၊ ယာဉ်စီးခများ ပေးစရာမလို့ပါ တဲ့။
တယ် ဟုတ်ပါလား...
စိတ်ထဲမှာ အံ့သြတာရော ပျော်သွားတာရောပေါ့။

နောက်ထပ် တက်လာသမျှ ခရီးသည်တွေကိုလည်း သူတို့ ဘယ်လိုခံစားရသလဲ လို့ လိုက် ကြည့်မိတယ်။ တချို့လည်း သိပြီးမှ တက်လာတဲ့သူ ရှိသလို ကားပေါ်ရောက်မှ သိတဲ့သူတွေလည်းရှိပါတယ်။
အံ့သြတာရော ပျော်တာရော သူတို့တွေဆီမှာလည်း တွေ့ရပါတယ်။

ဒီနေ့တော့ ကားပေါ်မှာ ဒရိုင်ဘာကလည်း တပြုံးပြုံး..
ခါတိုင်းလို ကားလမ်းလုမောင်းဖို့ စိတ်ကူးတောင်ရှိပုံမရ။
စပယ်ယာတွေကလည်း ရယ်ရယ်မောမော
ခရီးသည်တွေကို မအော် မငေါက်ဘူး။

ကားခ ပေးလိုက်ရတော့လည်း ဘာမှတော့ မဖြစ်ဘူးပေါ့။
ဒါပေမယ့် ဒီလို နေ့ထူးနေ့မြတ်တွေမှာ အဲလိုလေး လုပ်ပေးတာ ဘယ်လောက်တောင်ကောင်းတဲ့ စိတ်ကူးလေးလဲ၊ ပေးတယ်ဆိုတာ တကယ်ရွှင်လန်းစရာပါလားနော်

No comments:

Post a Comment