Tuesday, 19 November 2013

ဒေါ်စုဟာ အာဏာမက်ရိုးမှန်ရင် တဲ့( shwe Dharr . ထံမှ ရှယ် လိုက်ပါသည် )

shared ရဲရဲတောက် ဒီမိုများ's photo.
ဒေါ်စုဟာ အာဏာမက်ရိုးမှန်ရင် World Class Position ရာထူး တွေကလက်တကမ်းမှာပါ. မြန်မာ့အဆင့်ဘာလဲဆိုတာ ပြည်ပအတွေ့အကြုံရှိသူတိုင်းသိပါတယ်... ဒေါ်အောင်ဆန်းစုကြည် ကြောင့်သာ...မဟုတ်ရင် မြန်မာ ဆိုတာ ဟို Nuclear လုပ်တဲ့ နိုင်ငံနဲ့ နင်လားငါလား အထင် ခံရတာ အနှိမ်ခံရတာ ဖင်ပိတ် ငြင်းသူ နဲ့ ဆင်ခြင်တုံတရားနဲသူ များမှလွဲ၍ ပြည်ပရောက်သူတိုင်း အသိပါ.. ဒေါ်စု သမ္မတ ဖြစ်ချင်တယ်လို့ ဆိုရာမှာ စဉ်းစား စရာ ၂ ချက် ရှိပါတယ် ၁) အာဏာ လိုချင်လို့လား? ၂) ပိုက်ဆံ မက် လို့လာ? ရာဇဝင်မှာ စာတင်ခဲ့ပြီဖြစ်တဲ့ ဒီအမျိုးသမီးကြီး အတွက်တော့ သမ္မတ နေရာဆိုတာ ပြည်သူ့အတွက်သာမဟုတ်ရင် လိုကိုမလိုအပ်ပါ... နောင်သမ္မတ ၁၀ ယောက်ပေါင်းရင်တောင် ဒေါ်စုကိုမှီမယ်မထင်.... အာဏာ အတွက်ဆိုရင် မြန်မာပြည် ကသမ္မတ ဘယ်နှစ်ယောက် The World's Most Powerful People List စာရင်းဝင်ဖူးပါသလဲ (ဦးသိန်းစိန် ကတော့ The World's 100 Most Influential People: 2012 စာရင်းတော့ ဝင်ဖူးပါတယ် မြန်မာပြည်ရဲ့ Reform process စစချင်းကာလတွေမှာပေါ့ အခုတော့လဲ.... ) ပါဝါဆိုတာ အာဏာ ရမှ မဟုတ်ပါ... ပြီးခဲ့တဲ့ ၂၅ နှစ်လုံး ဒေါ်စု မှာအာဏာ ဘယ်လောက်ရှိသလဲ မေးရန်ကိုမလိုပါ ဘာအာဏာမှမရှိပါ... ဒါပေမယ် ပါဝါကတော့ ကမ္ဘာတုန်ဟီးပါပဲ.... အခုလက်ရှိလဲ ကျော်ကြားမြဲ ပါဝါရှိဆဲပါပဲ...... အာဏာရှိမှ ပါဝါ ရှိမယ်လို့ ယုံကြည်ထားသူတွေဟာ ခပ်ညံ့ညံ့ လူစားမျိုးတွေပါ... ဒီနေမှာ ပါဝါ နဲ့လုပ်ပိုင်ခွင့် ကွာခြားပါတယ်.... အာဏာရှင်အတွက်ကတော့လုပ် ပိုင်ခွင့်ဟာ အာဏာဖြစ်ပြီး ပါဝါရှိသူအတွက်တော့ လုပ် ပိုင်ခွင့်ဟာ အလုပ်ဖြစ်မြောက်ဖို့ အခွင့်အရေးပါ... ဒေါ်စုဟာ ဒီနေရာမှာ သမ္မတ ဖြစ်ချင် ပါတယ်လို့ ပြောတာဟာ ပါဝါအတွက်လား လုပ် ပိုင်ခွင့် အတွက်လား ဆိုတာ ရှင်းပါတယ် သူမဟာ လွန်ခဲ့တဲ့ ၂၅ နှစ် ထဲက One of the Most Powerful Women/People in the World ဖြစ်နေပြီးသားပါ.. မြန်မာ့အဆင့် မဟုတ်ပါ ကမ္ဘာအဆင့်မှီပါ ဒါကြောင့် သူမဟာ အာဏာမက်သလား ဆိုတဲ့ အမေးကို ဆင်ခြင်တုံတရား နဲသူများမှအပ ကျန်သူများကို ဖြေရန်မလိုဟု ယူဆပါတယ်... ပိုက်ဆံ မက် လို့လား ဆိုတော့ ဒီအမျိုးကောင်းသမီးဟာ ဘာအလုပ်မှလုပ်စရာ မလိုဘဲ World Class စာအုပ် ၁နှစ် တအုပ် ထုတ်နိုင်ပါတယ်.. ကမ္ဘာအဆင့်မှီ Top Universities တွေ မှာ Emeritus Professor အဖြစ် ထည်ဝါစွာနေနိုင်ပါတယ် ကမ္ဘာလှည့်ပြီး World Class Lectures တွေပေးနိုင်ပါတယ်... Honorable Chairman အဖြစ် World Class Companies တွေက လိုလိုလားလား ဖိတ်ခေါ်ခံရသူဖြစ်ပါတယ်... ဒီအလုပ်တွေသာ လုပ်ခဲ့ရင် တနှစ်ဝင်ငွေဟာ သမ္မတ ရဲ့ သိန်း ၅၀ မက ပါ.... ဆိုတော့ သူမဟာ ပိုက်ဆံ မက် လို့ လားဆိုတဲ့ အမေးဟာ ဟာသမျှသာ ဖြစ်ပါတယ်.... ဒီလောက်ကြမ်းတမ်းတဲ့ လမ်းပေါ် လျှောက်နေရသူ သူမဟာ မမောနိုင် မပန်းနိုင် ပြည်သူ အတွက် ပေးဆပ်ဆဲ ဖြစ်ပါတယ်....ဘယ်သူဘာပြောပြော လမင်းကြီးကတော့ ထိန်လို့သာမြဲသာစဲ ပါပဲ... နောက်ဆုံးတော့ သမိုင်းက အားလုံးကို ဖြေပေးသွားမှာပါ သူမဟာ ကမ္ဘာအလယ်မှာ ခမ်းနားတဲ့ မြန်မာပြည်က တဦးတည်းသော အောင်ဆန်းစုကြည် ဖြစ်ပါတယ်... (အဆင့်မရှိသော Cartoon တခုကိုတွေ့၍ ရေးချင်သော ကြောင့်ရေးပါသည်)

No comments:

Post a Comment