Saturday, 16 November 2013

ကောင်းလိုက်တဲ့စကားဗျာ ၊ နိုင်ငံရေးသာမက နေရာ ဒေသ တိုင်းမှာ ဥာဏ်ကိုလွှာ သုံးပြီး အတုယူသင်တဲ့ စကားပါ ။

၄၂ယောက်မြောက် အမရေကန် သမ္မတ ဘီလ်ကလင်တန် ရဲ့ ဟောပြောချက်ကိုနားထောင်လိုက်ရပါတယ်။သူဟာအမေရိကန် သမိုင်းမှာ အအောင်မြင်ဆုံး သမ္မတ ဆယ်ယောက်ထဲမှာလဲ ပါပါတယ်။နားမထောင်လိုက်ရတဲ့သူတွေ အတွက် ပြန်လည် မျှဝေပေးပါရစေ။လောလောဆယ် အာဏာရှင် အစိုးရ လက်အောက်ကနေ ဒီမိုကရေစီ နိုင်ငံဆီ ကူးပြောင်းနေချိန်မှာ မြန်မာပြည်အတွက် (stateman)တွေ ရဲ့ နေရာဟာ အေ...ရးအကြီးဆုံးပါပဲတဲ့။
၁။နိုင်ငံရေးအရ ညီညွတ်စုစည်းတဲ့ အင်အားစုတေါ တည်ဆောက်ရပါ့မယ်။
၂။ကျွန်တော် တို့သမိုင်းဟာ မြန်မာ့သမိုင်းပါ။ဘယ်လူမျိုး ရဲ့ သမိုင်းနဲ့မှ မယှဉ်နေပါနဲ့။
၃။လူတစ်ယောက် ပြောတဲ့စကား အမြဲမှန်နေတယ် ဆိုတာ ဘယ်တော့မှ ဘယ်မှာမှ မရှိပါဖူး။ကိုယ့်ဖာသာကိုယ် နားလည်အောင်လုပ်ပါ။
၎။မတူညီတဲ့  အမြင်တွေ နဲ့ ဆွေးနွေးပွဲတွေ ဖွင့်ပေးပါ။
၅။အရပ်ဖက် အဖွဲ့ တွေ အားကောင်းပါစေ။အစိုးရ လုပ်ပေးဖို့ ကို သိတ်မှေမျှာ်ပါနဲ့တော့။
၆။နိုင်ငံရေးဝင်ပေါက်တွေဖွင့်ပေးပါ။လူငယ်တွေ နိုင်င့ရေးကို စိတ်ဝင်စားလာပါစေ။
၇။ခေါင်းဆောင်တွေ အကြားမှာ ယုံကြည်မှု တည်ဆောက်သလို ပြည်သူတွေ ကြားမှာလဲတည်ဆောက်ပါ။
၈။ပြည်သူတွေ ရဲ့  အစိုးရ အပေါ် ယုံကြည်မှုအားကောင်းလာအောင်လုပ်ပေးပါ။
၉။တကယ်တော့ နိုင်ငံရေး ကို နားမလည် တဲ့ သူတွေက ၉၉.၅ ရာခိုင်နှုန်းရှိပါတယ်။နည်ူးနည်ူးနားလည်တာ ၀.၅ ရာနှုန်းပဲရှိပါတယ်။အဲဒီ ၀.၅ရာခိုင်နှုန်းတွေလူလည်ကျနေတာ ပြည်သူတွေ မခံရအောင်(ပွင့်လင်းမြင်သာတဲ့လောကသစ် တည်ဆောက်စေချင်ပါတယ်)
--------------------------------------------------------------------
Maung Thura
See More



  • ကောင်းလိုက်တဲ့စကားဗျာ ၊ နိုင်ငံရေးသာမက နေရာ ဒေသ တိုင်းမှာ ဥာဏ်ကိုလွှာ သုံးပြီး အတုယူသင်တဲ့ စကားပါ ။

No comments:

Post a Comment