ဗိုလ်ချုပ် က နေ့ စဉ် သူ့ အိမ် နတ်မောက် လမ်းက နေ အတွင်းဝန်ရုံးကို ကားနဲ့  ရုံးသွား ရုံပြန်လုပ်တယ်။ လမ်းတစ်နေရာ မှာပေါ့ ဗျာ အကြော်တဲ မှာ အလုပ် လုပ်နေတဲ့  လူတစ်ယောက်က အင်္ကျီ စွပ်ကျယ် နဲ့  အလုပ်လုပ်နေတာဗျ ။ ဆောင်းတွင်း နံနက်ခင်း ဆိုတော့  ဗိုလ်ချုပ်က လည်း နေ့ စဉ် အဲဒီလူကို ကားပေါ်က နေကြည့် ပြီး သတိထားမိတယ်ဗျ ။ နေ့ တိုင်း စွပ်ကျယ် လက်ပြတ်နဲ့  သူလည်း အလုပ်လုပ်နေတာ ။ တစ်နေ့ ရောက်တော့  ဗိုလ်ချုပ်လည်း အဲဒီလူ နားကားရပ်ပြီး ဆင်း မေးတယ် ။ " ခင်ဗျားကို နေ့ တိုင်း ကျုပ်ကြည့်  နေတာ နေ့ တိုင်ပဲ အင်္ကျီ စွပ်ကျယ်နဲ့  မချမ်းဘူးလား" တဲ့  ။ အဲဒီမှာ ဟိုလူက လည်းဗိုလ်ချုပ်ကို မြင်တော့  အံ့ သြ သွားတာပေါ့  ပြီးတော့ မှ ပြောတယ် "ချမ်းတာပေါ့ ဗိုလ်ချုပ်ရယ် ဒါပေမယ့်  အနွေးထည် အင်္ကျီ မှ မ၀ယ်နိုင်တာပဲ လို့ ပြောတယ် ။ အဲဒီမှာ ဗိုလ်ချုပ်က သူ့ အနွေးထည် အင်္ကျီ ချွတ်ပေးတယ် ။ ဟိုလူက မယူရဲဘူး ဗိုလ်ချုပ် အင်္ကျင်္ီဆိုတော့  ကြောက်တာလည်းပါမှာပေါ့  ။ အဲဒီမှာ ဗိုလ်ချုပ်က ပြောတဲ့ စကား တော်တော်လေးစားဖို့ ကောင်းတယ် ။ " မင်း ချမ်းတာ ငါနဲ့ ဆိုင်တယ်ကွ " သူပြောချင်တာ မင်းတို့ ပြည်သူတွေ ဆင်းရဲတာ ငါ့ တာဝန် မကင်းဘူးလို့ ပြောချင်တဲ့ သဘောပါ ။ ဗိုလ်ချုပ်လို လူမျိုးကတော့  ကမ္ဘာမှာတောင် ရှားပါတယ် ။ ပြည်သူတွေ ဆင်းရဲတွင်း နက်နေတာကို သူတို့ ကြောင့် လို ဘယ်တုန်းက မှ ၀န်မခံတဲ့ သူတွေ များတယ် ။
အဲဒီလို ဗိုလ်ချုပ်မျိုး အခုရှိသေးရဲ.လားဗျ
အဲဒီလို ဗိုလ်ချုပ်မျိုး အခုရှိသေးရဲ.လားဗျ
No comments:
Post a Comment