Friday, 15 November 2013

N.L.D အမှတ်တရများ (၁၂)

                                               N.L.D အမှတ်တရများ (၁၂)

ဦးသိန်ထွန်းထောင်က ထွက်လာတော့ ကိုယ် အောက်ပိုင်းလေဖြတ်ပြီး လွတ်လာတာပါ ၊ဒါတောင်မှ မိသားစုကတော်တော်ခက်ခက်ခဲခဲ ကြိုးစားကြရရှာတယ် ၊ နမိုဆို ထောင်ထဲမှာ အသက်ပါသွားမလာပဲ ။
အဲသည်နောက် ခြံရှေ ပောာပြောပွဲ လုံခြုံရေး က ကျနော်တို့ လူငယ်တွေအတွက် အဓိက အလုပ်တခု ဖြစ်လာတယ် ၊ တိုင်းဆက်သွယ်ရေး လူငယ်တွေ မြိုနယ်ပေါင်းစုံ ကလူငယ်တွေ နဲ့ စနေတနင်္ဂနွေ တိုင် ဗျာများကြ ရတာပေါ့ ၊ စနေဆို အန်တီ တယောက် ထဲ ၄ နာရီ ကနေ ၅ နာရီ အထိ တပါတ်စာ အန်တီခြံရှေ့  စာတိုက်ပုံထဲ ရောက်လာတဲ့ ပြည်သူလူထုကမေးတဲစာတွေကို ပြန်လည် ဖြေကြား ပေးပြီး တနင်္ဂနွေ ဆိုရင်တော့ အန်တီက နာရီ ၀က် ၊ ဘဘ ဦးတင်ဦးနဲ ဘဘ ဦးကြည်မောင်တိုက ဆယ်ငါးမီနစ်စီ လူထုကို စကားပြောပါတယ် ၊ ကျနော် တို လူငယ် တွေထဲမှာ လုံခြုံရေးကို ပါတီယူနီဖောင်းတွေဝတ်ပြီး တာဝန်ယူကြသလို သာမာန်အရပ်ဝတ်တွေနဲ့ လူထုကြားထဲ ၀င်တိုးပြီး တာဝန်ယူကြရတာတွေလဲ ရှိပါတယ် ။ ကောက်ကျစ်ယုတ်မာတဲ့စစ်အစိုးရရဲ့ သူလျှို တွေက လူထုကြားထဲကနေ ပွဲ ပျက်အောင် မဖျက်ပါဘူးလို ဘယ်သူကမှ ကံသေကံမ မပြောနိုင်ကြဘူး လေ ။ မကြာ ခဏ ဆိုသလိုပါပဲ ပောာပြောနေတဲ့ အန်တီကို ခရမ်းချဉ်သီး ၊ကြက်ဥ နဲ ပစ်ပေါက်မယ် ပွဲဖျက်မယ် ဆိုတာတွေ ပြောင်းဖူးရိုးနဲပစ်မယ် ဆိုတာတွေ ကြားရလို အထူးစောင်ကြပ် ခဲံရတာတွေလဲ ရှိခဲပါတယ် ။ တခါ ကျတော့ လူတယောက်မူးမူး နဲ့  အန်တီပောာပြောနေစဉ်မှာ အဓိပါယ် မရှိတဲ့မေးခွန်းတွေ အော် မေးပြီး ပွဲလာဖက်တာလဲ ကြုံခဲ့ဖူးပါတယ် ။ ပော ဒေါ်အောင်ဆန်းစုကြည် ခင်ဗျား ပြောနေတဲ့ ဒီမိုကရေစီ ဆိုတာ ဘာလဲ ? ခင်ဗျားကရော ဘယ်လောက်ယုံ ကြည်ရလိုလဲ စတဲ မေးခွန်းတွေနဲ ပွဲလာဖျက်တာပါ ။ အဲသည်လူ ကို ကျနော် ရယ် ၊ ကိုလတ် ၊ ကိုသန်းထွတ်ရွှေ ၊ ကိုခင်မောင်ထွန်းတိုက ၀ိုင် ကပ်ပြီး လူထုနဲ့ ဝေးရာကိုဆွဲထတ် ချိန်ခြောက် ပိာန်ပောာက်ပြီး မေးတော့ စစ်ထောက်လှမ်းရေးက ဗိုလ် အဆင်ရှိသူပါ ၊သူဝန်ထမ်းကဒ် ထုပ်ပြပြီး ကျနော်တိုကိုတောင်မှ ပြန်ချိန်ခြောက်သွားပါသေးတယ် ၊ ဒါနဲ ကျနော်တိုလဲ အန်တီခြံထဲမှာ လုံခြုံရေးတာဝန်ယူထားတဲ ဗပိာု ထောက်လှမ်ရေးတာဝန်ခံ ဗိုလ်မှူးသူရ နဲ့ အဖွဲကို ခေါ်ပြီး သူတိုလူကို သူတိုလက်ထဲပြန်အပ်ရပါတယ် ၊ ကျနော်တို ထဲက တယောက်က ဆူပူမှု့ ဖြစ်အောင်လှုံ ဆော်တာ ခင်ဗျားတိုလူနော် ဆို ပြီး စကားနာ ထိုးဖြစ်အောင်ထိုးလိုက်ပါသေးတယ် ။
အစ ကတော့ အပါတ်စဉ် အုတ်လမ်းရုံးမှာ လူငယ် အစည်းအဝေးတွေကို သွားတက်ပါသေးတယ် ။
ထိုစဉ်က တိုင်းဆက်သွယ်ရေးလူငယ်ပဲ ရှိပါတယ် ၊ ဗပိာုလူငယ် တိုင်းလူငယ် ဆိုတာ မရှိတော့ပါဘူး ယခင် လူငယ်တွေ က ထောင်ကျသူကျ ထွက်သူထွက် နဲ့  ဆိုတော့ အန်တီလွတ်လာပြီးချိန်မှာ ဆက်သွယ် ရေးလူငယ် ဆိုပြီ ဖွဲ ခဲ့ ရတာပါ ။ ကျနော် မှတ်မိသလောက် ဆိုရင် ကိုခင်မောင်ဝင်း ၊ ကိုမင်းမင်း ၊ ကိုမြင်ငှေး ၊ ကိုငှေးဝင်း ၊မပို(ယခု-ဒိန်မတ်နိုင်ငံ) စသူတွေပါ တချိုတော့ မမှတ်မိတော့ပါ ။ နောက်ပိုင်း ကျတော့ တပါတ်လာ ခြံရှေ လုံခြုံရေး နောက် တပါတ်လာ ခြံရှေ လုံခြုံရေး နဲ့  ဒါပဲ အပ်ကြောင်းထ နေပြီး ဘာမှ ထူးမလာတော့ တာကြောင့် တိုင်းရုံးအစည်းအဝေကို မတက်ဖြစ်တော့ပါ ။ ကျနော် လိုပါပဲ တိုင်းဆက်သွယ် ရေးလူငယ် တွေ နဲ့  တစတစ ဝေးကွာလာတဲ့ မြိုနယ် ပေါင်းစုံ ကလူငယ် တွေ ပာာ အန်တီခြံ လမ်းထိပ် မှာ ရှိတဲ တောပ့်ရှီး လဘက်ရည်ဆိုင်မှာ စုမိရင်း လူငယ် အုပ်စုလေးတစု ဖြစ် လာပြီး တဖြည်ဖြည် ကြီးထွားလာလိုက်တာ အယောက် ၄၀ ကျော် လောက် ဖြစ်လာပါတော့တယ် ။ ထို အုပ်စု ကို ဦးစီးဦးဆောင် ပြု သူလို ပြောလို ရသူကတော့ အန်တီ အကျယ်ချုပ်က နေ လွတ် လာပြီးစ ကတည်းက အန်တီ အနီကပ် လုံခြံရေးလူငယ် လိုလဲ ပြောလိုရတဲ့  ကျနော်တို အင်းစိန်က သြဇာ (ခေါ် ) ကိုအောင်မြင်ပါ ပဲ......။

ကျနော် ရေးနေတဲ့  N.L.D အမှတ်တရများ ကို နောက် Status မှာ ၅၄ အမှတ်တရများပာု အမည် ပြောင်းပါတော့မည် ။



                                                                             ခိုင်ကိုဦး (ဆစ်ဒနီ)

No comments:

Post a Comment