Saturday, 16 November 2013

ပညာတော်သင်ဖို့ အရေး...


တောက်……
=======


ပညာတော်သင်ဖို့ အရေး...

အမေထုပ်ပေးတဲ့ ထမင်းဖြူလေးကို

တလေးတစားဆွဲ ဟင်းမပါလည်း

တစ်ယောက်တည်းစားရဲတဲ့ ဒီကလေးရဲ့ဘဝနဲ့ 

ခံစားချက်ကို မျက်ရည်စိုလျှက်ကဗျာဖွဲ့ ချင်တယ်အမေ……။




နွမ်းပါးဆင်းရဲ

သင်းကွဲငှက်ကလေနော်

ဖြူရော်ရော်ထမင်းကိုစား

အဖော်တွေများရဲ့ ထမင်းဝိုင်းဘေးမှကလေးလေးကို

ကျွန်တော်ကြည့်ရင်း ငိုလိုက်တယ်အဖေ……။




ဟင်းနံ့ မွှေးတဲ့ ထမင်းဝိုင်းဘေးမှာ

ဒီကလေးစားနေတာ သူ့ ထမင်းဟာ

အဖြူဗလာ ဟင်းမပါပဲသူစားရဲပေမဲ့

မြင်ရသူကျွန်တော်မှာ ရင်မနာစလားဗျာ

ဘဝတွေက ဆိုးလှရဲ့အမေ……………

ဒီပုံရိုက်တဲ့ ကင်မရာသမားဟာ

ကျွန်တော်သာဖြစ်ခဲ့ရင်လေ

လမ်းစရိတ်ချန် ကျန်တာအကုန်ကူညီခဲ့မယ်အမေ။




ဆင်းရဲလို့ အသင်းကွဲလည်း

စိတ်ဓာတ်ကျကာ အားမငယ်ပါနဲ့ 

ဘဝဆိုတာ ပညာတတ်မှတောက်ပကြယ်တံခွန်

လူရည်ချွန်လို့  အားပေးစကားကျွန်တော်ပြောကြားလည်

သူ့ နားထဲမှာ ဘယ်လိုနှလုံးသားနဲ့  ခံစားနိုင်မလဲ

ကျွန်တော်မတွေးရဲဘူးအဖေ……………။




သတ္တိရှိစွာဟင်းမပါတဲ့ အဖြူထယ်ထမင်း

သူ့ ခံတွင်းမှာ လှိမ့်ကာသွင်းရင်းတစ်လုပ်ချင်းစား

မင်းရင်တွင်းစကား အားလုံးကြားခွင့်ရှိရင်

ပြောပြပေးပါလား ပညာဆိုတာတန်ဖိုးမထား

ဟိုဒီသွားရင်း ပျော်ပါးငွေဖြုန်း တရုန်းရုန်းနဲ့ 

သုံးစွဲနိုင်တဲ့ မြေပြန့် ပြည်မ ကျောင်းတော်ကြီးက

မင်းအစ်ကို အစ်မတွေ မြင်စေချင်လိုက်တာ

မင်းဘဝလေးကိုပေါ့ ကလေးရယ်………။




မင်းပုံရိပ်ကို ကဗျာဖွဲ့ ဆိုဖို့ ရာ

တန်ရာစကားလုံး သုံးဖို့ ဆိုတာ

ငါရှာမတွေ့ ခဲ့ပါဘူး ကလေးရယ်

ငါဝန်ခံပါမယ် ငါငိုမိတယ်………

အဆင်ပြေပါစေ ကလေးရယ်ညည်း

နောက်ပြီးတော့လေ တွေဝေရင်းနဲ့ 

စာရွက်ခေါက် "တောက်"တစ်ချက်ပဲ

ငါခေါက်နိုင်လိုက်တယ်……… "တောက်"………!

No comments:

Post a Comment