Friday, 15 November 2013

N.L.D အမှတ်တရ များ (၁၁)


                                         N.L.D အမှတ်တရ များ (၁၁)

၁၉၉၅ ခုနှစ် အန်တီ နေအိမ် အကျယ် ချုပ် ကနေ လွတ်လာပြီးဆိုတဲ့ သတင်း ကို သယ် လာပေးသူက ကျနော် အမေ ဒေါ်ငြိမ်းငြိမ်းသွေးပါ ပဲ ။ အမေက ထိုအချိန်မှာ အင်းစိန်မြိုနယ် က အမျိုးသမီး အဖွဲ့ မှာ စည်းရုံးရေးတာဝန်ခံ တယောက်ပေါ့ ၊ ဗပိာု ရုံးချုပ်မှာလဲ ၀ိုင်းဝန်းကူညီပေးနေလေတော့ အန်တီလွတ်လာတဲ့သတင်းကို သူပဲ အတည်ပြုပြီး အိမ်ကိုရော လမ်းထဲကိုပါသယ်လာပေးသူပါ ၊ ပင်နီနဲ့ ချိတ်ထမီကို တော်တော်များများမ၀တ်ရဲ တဲ့ အချိန်မှာ အမေ ကတော့ ပါတီဝတ်စုံဝတ်လျှက် ရုံးတက် မပျက်ခဲပါဘူး ၊ လမ်းထိပ် ၀င်ကလာကတည်းက တွေသမျှလူကို ကျမတို့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လွတ်လာပြီ ဆိုပြီးပြောလိုမဆုံး ပျော် လိုမဆုံး ရှိနေပါတယ် ။ (၈၉ အန်တီ အဖမ်းခံရတုန်းက လေးငါးရက် ဆက်တိုက်ငိုခဲ့သူဆိုတော့ ပျော်ရှာမှာပေါ့ )
အဲသည်နေ ညနေပဲ အန်တီခြံရှေကို ကျနော် ရောက်သွားခဲ့ပါတယ် ၊ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ ၊ ဒေါ်အောင်ဆန်းစုကြည် ချမ်းသာပါစေ လို အသံကုန်ပာစ်ပြီး ဆုတောင်း ခဲတာ နောက်နေကျတော့ ကျနော် အသံမထွက်တော့ တဲ့အထိပါပဲ ၊ အားနဲ့ မာန်နဲ့ မအော် ရတာလည်း ခြောက်နှစ်တောင် ကြာ ပြီကို .......။
အန်တီ လွတ်ပြီး တပ...ါတ် အတွင်းမှာပဲ အင်းစိန် N.L.D ရဲ့ တာဝန်ရှိသူ ဦးသိန်းထွန်း ကျနော် တို အိမ်ကို ပေါက်ချလာပြီး မြိုနယ် လူငယ် ဖွဲ့ ဖို့  လာပြော ပါတယ် ၊ ထိုစဉ်က ကျနော်တို့  အင်းစိန်မှာ မြိုနယ် လူငယ် ဆိုတာ မရှိတော့ ပါဘူး ၊ ထောင်ကျသူကျ တောထဲရောက်သူ ရောက်နဲပေါ့ ၊ ဦးသိန်းထွန်း ရဲ့  စုစည်မှု့  မြိုသစ်က ဆရာမကြီး ဒေါ်ငြိမ်တင် ၊ဦး---------- တို ရဲ့ ပံပိုးမှု့ တိုကြောင့် ကျနော်တို အင်းစိန်မြိုနယ် လူငယ်ကို ကိုပာန်ဝင်းအောင် ၊ ကိုသန်းငှေး ၊ ကျနော် ၊ကိုခင်ကျော် ၊ ကို သက်လွင် ၊ မအိရွှေဇင်ညွန်(ယခု အလုပ်သမားရေးရားများတက်ကြွစွာ ဆောင်ရွက်လှုပ်ရှားနေသူ ) တို့ နဲ့ စတင် ဖွဲ့ စည်းဖြစ်ခဲပါတယ် ။ စနေ တနင်္ဂနွေ ပောာပြောပွဲ လုံ ခြုံရေး ၊ မြိုနယ် အတွင်း မျိုးဆက်သစ်လူငယ်တွေ စည်းရုံးမွေးထုပ်နိုင်ရေးတွေ နဲ ကျနော် တို့ မှာ အလုပ်များ ကြရသလို သက်ဆိုင်သူမိသားစုတွေရဲ့  ငြိုငြင်မှုတွေကိုလည်း ကြံကြံခံခဲ့ရပါတယ် ၊ ဒါတောင် ကျနော် အမေနဲ့ ကျနော်က တပါတီထဲမို့ တော်သေးတယ် ၊
နောက်တော့ ကျနော်တို့ လူကြီး ဦးသိန်းထွန်က (ကျနော် အမှတ်မှာရင်ခွင်လွှတ်ပါ ) ဦးတင်မောင်ဝင်း ကျဆုံတဲ့ နှစ်ပါတ်လည် ဆွမ်းကြွေးပွဲ အတွက် ဖိတ်စာမှာ ပါသည်အတိုင်း အမှတ်တရ ဂုဏ်ပြုစာ ရေသား ဂုဏ်ပြု ရာကနေ ဦးသိန်းထွန်း ၊ကွန်ပျူတာ စာစီစာရိုက်ပေးတဲ့ (မုံရွာ ဦးတင်ရွှေ ရဲ့ ယောက်ဖ
) ဦးဝင်းနိုင် ၊ အကျဉ်းထောင် ထဲမှ ဘယ်သူပဲ ကျဆုံးသွားပါစေ သူနဲ့ သိသိ မသိသိ နာကျင်ခံစားပြီး စာ အရေးကောင်းတဲ့ ဦးမြင်ဆွေတို အဖမ်းခံ ရ ထောင်တွေကျ သွားခဲ့ပါတယ် ။
မှတ်မိပါသေးတယ် အဲသည်တုန်းက ကိုမြင်ဆွေ ရေးတဲ့  အမှတ်တရစာ အစ မှာ ပေါ့ ...... (ကျနော် ဆီကို ဖိတ်စာ တစောင် ရောက်လာတယ် ၊ ကျနော် တခါမှ မမြင်ဖူးတဲ့ မျက်မှန်ကိုင်းအနက် ဥပဓိခန်ခန် နဲ့ လူတယောက် ဓါတ်ပုံ အောက်က မှ ဦးတင်မောင်ဝင်း ကျဆုံးခြင်း အထိမ်အမှတ်....သြော် မှတ်မိလိုက်ပါပြီ လွန်ခဲ့တဲ့ ငါးနှစ်ကျော် ခြောက်နှစ် ကာလက BBC / BOA တိုနေ လူကို ခွေသတ်လေခြင်း ဆိုတဲ့သတင်း ပြန်လို ကြားမိပါသေတယ် ) တဲ့ ။ အဲသည်လို အစ ပြု ထားတော့  စစ်အာဏာ ရှင် တွေက အနာပေါ်ထုတ်ကျလေတော့ တာပေါ့ ၊ ညတွင်းခြင်း လူဖမ်းပွဲ ဆင်နွှဲ ပြီး ထောင်ဒဏ် (ရ)နှစ် စီ အမိန်ချလိုက်တော့တာပေါ့ ။ များမကြာခင် ကာလ မှာပဲ ဦးသိန်းထွန်းကတော့ ပြန်လွတ်လာတယ် .....လူကောင်းပကတိတော့ မပာုတ်ဖူးရယ်

                                                                         ခိုင်ကိုဦး (ဆစ်ဒနီ)

No comments:

Post a Comment