လွတ်လပ်စွာ တန်ဖိုးရှိစေချင်
ခက်သည် ၊ မပြော ရရင် မနေနိုင်တာခက်သည် ၊ မြင်ရတွေရ ကြားနေရတော့ ပြောချင်သည် ။ ဘယ် ကစ ပြော ရမလဲ ၊ တန်ဖိုး ..... တန်ဖိုး ဆိုတာ ဘာလဲ ကစကြည်မည် ။ Water is own level ဆိုသည်စကား ကြားဖူးသည် ၊ ရေသည် သူ တန်ဖိုးနှင်သူရှိသည်ပာုပဲ ကောက်ယူချင်သည် ၊ ရေ..... သောက် ရေအိုးထဲ က ရေသည် သောက်ရန် အတွက်သာ ဖြစ်သည် ၊ စိတ်နှံ သောသူများက သောက်ရေအိုးထဲက ရေ ကို မည်သူမျှ ခြေ မဆေး ကြ ၊ အိုင်ထဲ မှ ရေသည် ခြေဆေးရန် အတွက်သာဖြစ်သည် ၊ စိတ်မနှံသော သူသာလျှင် ငုံ သောက်ပေလိမ်မည် ။ ထိုနည်းတူ တန်ဖိုး ဆိုသည်ကာ အနည်အများ သတ်မှတ်ချက် များစွာ ရှိသည် ၊ ကြာဖူးသည်တခု ထပ်ပြော ကြည်မည် ၊ (မောင်တို့ ယောကျာင်္းတွေ ရယ် တခြုံကွယ်လျှင်တမယ် မေ့ တယ် ) တဲ့ ခေါ်တဲ့သူကတော့ ခေါ်လိမ်မည် ၊မိမိတန်ဖိုးက ခြုံ ထဲ လိုက်သွားလျှင်တော့ ခြုံပြင်ပြန်ရောက်လို့  အမေ့ခံရတာကို အပြစ်မတင် သင့် ။
တန်ဖိုးဆိုသည်ကာ ကိုယ် သတ်မှတ်ချက်ပေါ်မူတည် သည် ၊ ထိုတန်ဖိုး ရဲ့ နောက်ဆက်တွဲ က မိမိတယောက်တည်းတင်မက နီးစပ်ရာ ဆွေမျိုး မိဘ အသိုင်းအ၀န် မိတ်ဆွေ သူငယ်ချင်း များကိုပါ လွှမ်းမိုးစေသည် ။မိဘ ကအကောင်း ကိုယ် ကြောင့် မိမဆုံ...းမ ဖမဆုံးမ ဆို ပြီး ကိုယ်မိဘ တန်ဖိုး ကျစေသလို သူပာာသူနေတဲ့ဆွေမျိုးကလည်း ကိုယ်ကြောင့် အမျိုးယုတ် လို အပြောခံရနိုင်သည် ၊ လူ သဘော သဘာဝ ကို က ကောင်းတာ ဆယ် ခုလုပ် ချီမွှမ်းဖို ၀န်လေးတတ်သလို မကောင်းတာ တခုလောက် လေး လုပ်မိရင်ဖြစ် တလ ကိုးသီတင်းကဲ့ရဲ့ ဖို ၀န်မလေးတတ်တာလဲ သတိပြုရပါလိမ်မယ် ။
နောက်တခု Freedon လွတ်လပ်ခွင့် ကိုယ်ပိုင်လွတ်လပ်ခွင့်  ....၊ လွတ်လပ်ခွင့် ဆိုပေမဲ့ သူလည်း စည်နဲဘောင်နဲ တော့ရှသည် ၊ ဗိုလ်ချုပ်အောင်ဆန် ပြော သလို လွတ်လပ်ရေး ရပြီ ကွဆို ပြီးလမ်းမပေါ်တက် ငရုပ်သီး လှမ်းရင်ဖြင့် ဘေးလူတွေ မျက်စိစပ် စရာ ဖြစ်ကုန်တော့ပေမည် ......
မှတ်ချက် ၊ သူတော် ကောင်း မည်သည် သူတပါး အမှားကိုမြင်ပြီး သင်ခန်းစာ ယူတတ်ကြကုန်သည်
လူမိုက်တိုသည် မိမိ အမှားကိုမြင်ပြီး အချိန်မှီပြုပြင်တတ်ကြကုန်သည် ၊
ပိုပြီးမိုက်မဲသူတိုက မိမိမှာ မှန်းလဲမသိ ၊ပြင်ရန်ဆိုသည်ကာ ဝေးပါဘိ ဖြစ်ကြကုန်သည်

No comments:
Post a Comment