ယမန်နေ့ ည က Granville Townhall မှာ ကျင်းပတဲ့ (မြန်မာနိုင်ငံ ကျန်းမာရေးနှင် ပညာရေး ရန်ပုံငွေ ရှာဖွေပွဲ ) ကို တတ်အားသျမျှ ပါဝင်ကူညီပြီး ရန်ပုံငွေ ရှာပေးခဲ့ပါသည် ။ အမျိုးသားဒီမို ကရေစီ အဖွဲ့ ချုပ် (ဗပိာု ) မှ ထုတ်ဝေတဲ့ အန်တီစု ဓါတ်ပုံ ၇ ပုံ ပါ...၀င်တဲ့ 2014 Calendar တွေကို ရန်ကုန် ကတဆင့် မှာယူ ရောင်းချပြီး သြစီဒေါ်လာ ၁၀၀၀ တိတိ (မြန်မာကျပ်ငွေ ၈၇၀ ၀၀၀ ခန့် ) ကို ပွဲဖြစ်မြောက်ရေး တာဝန်ရှိသူ တဦးဖြစ်တဲ့ ဒေါက်တာ ဦးကျော်မြင့် အားပေး အပ်လှုဒါန်ခဲ့ပါသည် ။
အမေရိကန် နိုင်ငံ ကြီးက ငါတို့ ကို ဘာလုပ်ပေးသလဲ ဆိုတဲ့မေးခွန်းကိုမမေးပဲ အမေရိကန် နိုင်ငံကြီးအတွက် ငါတို့ ဘာလုပ်ပေးနိုင်သလဲ ဆိုတဲ့ မေးခွန်းကိုမေးပါ ဆိုတဲ့ အမေရိကန် သမတ ကြီးတဦးရဲ့  အဆို အမိန့် အတိုင်း ကျနော် ချစ်တဲ့ အမိမြေ အတွက် နိုင်တဲ့ဝန် ထမ်းဖို့  ကျနော် အစဉ် အမြဲ အသင့်ရှိနေပါသည် ။ လိုအပ်ရင် ခေါ်ပါ .....၊ခိုင်းပါ ......၊ ဆရာမကြီး အမေ လူထုဒေါ်အမာ စကားနဲ့ ပြောရရင် ထမင်းအိုးတန်း ၊ပာင်းအိုးတန်း နေရာက ပါဖို့ လဲ ၀န်မလေးပါ ......။

ခိုင်ကိုဦး (ဆစ်ဒနီ)
(၁၈ . ၁၁ .၂၀၁၃ )
(၁၈ . ၁၁ .၂၀၁၃ )
No comments:
Post a Comment