N.L.D အမှတ်တရ(၁၀)
ကျနော် တို့ ရခိုင်ပြည်နယ် စည်းရုံးရေး ခရီးစဉ် အပြီး ရန်ကုန် ပြန်ရောက်ပြီး မကြာခင်မှာပဲ ကျနော် အပြင်းဖျားတာကြောင့် ကျနော်အိမ်ကို ပြန်ပြီး ဆေး ကု ပါတယ် ၊ အဲ သည်နောက်သိပ်မကြာခင်မှာ ပဲ ဘဘဦးတင်ဦး အန်တီ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အဖွဲ့ ဝင် တော် တော် များများ ဖမ်းဆီးထောင်ချ ခြင်းခံရပါတော့တယ် ။ အန်တီ ရဲ့ (၆)နှစ်တာ နေအိမ် အကျယ်ချုပ်ကျခံရတဲ့  ကာလတွေပေါ့ ။
သည်လိုနဲ့ ကျနော်လည်း မူရင်းအဖွဲ့ ဖြစ်တဲ့ အ.က.သ နဲ့ ပြန်လည်ပူးပေါင်းမိပြီး သပိတ်မှောက် ကျောင်းသား ပြန်ဖြစ်လာပါတော့တယ် ။ အ.က.သ နဲအတူ ၈၉ အာဇာနည်နေ အခမ်းအနား ၊ နောက်တခုက ၉၀ ရွေးကောက်ပွဲ အပြီး ကျင်းပတဲ့ ဂနီ ညီလာခံ စတာတွေမှာ အတူတွဲ ပါဝင်လှုပ်ရှားခဲ့ပါတယ် ၊ ကျနော်တို့ N.L.D ပာာ ၉၀ ရွေးကောက်ပွဲ အပြီး ကျင်းပတဲ ဒီ ညီလာခံမှာ တနိုင်ငံလုံးမှာ မဲ အပြတ်အသတ်နဲ အနိုင်ရခဲ့ပြီး တနိုင်ငံလုံး N.L.D အလံ လွှမ်းခြုံတဲ့ကာလပါ ၊ အဲသည် အချိန်က သာ ညီလာခံတက်တဲ့ အမတ်မင်းများ တညီ တညွတ်ထဲ စင်ပြိုင် အစိုးရထောင်ခဲ့မယ် ဆိုရင် ကျနော်တို့ မြန်မာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ကာလ ပာာ အခုလောက်ထိ ရှည်ကြာမယ် မထင်ပါ ၊ ဦးဆောင...်ဦးရွက်ပြုမဲ့ ခေါင်းဆောင် မရှိတာလဲ ပါတာပေါ့လေ ။ ကျနော် တို့  ကျောင်းသားလူငယ်တွေပာာ ညီလာခံ ကျင်းပရာ ဂနီ ပောာ ၀န်ကျင်မှာ ပြည်သူက ရွေးချယ် ထားတဲ့ ပြည်သူကိုယ်စာလှယ်တော် ကြီးများ အတွက် အသက်ပေးကာကွယ်ဖို့  နေနေ ညည ရှိနေ နာစွင်နေကြပါတယ် ၊ ညီလာခံ ဆုံးဖြတ်ချက်ကို ထောက်ခံဖို့  လိုအပ်လာရင် ကာကွယ်ပေးဖို ထောင်သောင်းမကတဲ့ ကျောင်းသားရှင်လူ ပြည်သူတွေပာာ ခန်မ ပတ်လည် မှာ အသင့်ရှိနေကြတာပါ ။ ကျနော် တို့ ကပဲ ဥာဏ်မမှီတာပဲလား ကိုယ်စာလှယ်တော်ကြီးများ ကပဲ သွေးကြောင်သလားတော့ မသုံသပ်တတ်ပါဘူး အောက်မှာ နေနေညည စောင့်စားနေတဲ့ ကျနော်တို့ ရဲ့  မျှော်လင်ချက် မပြည်မှီ ခဲပါဘူး ။ အဲသည်ညီလာခံ အပြီးမှာ ကျနော် တို့ လို သဘောထားရှိတဲ့ လွှတ်တော် ကိုယ်စာလှယ် တော်တော်များများလည်း နှစ်ရှည်ဖမ်းဆီးထောင်ချခြင်းခံခဲ ရပါတယ် ။
အဲသည်က စပြီး မြန်မာ နိုင်ငံရေးလှုပ်ရှားမှု့ ပာာ မြန်မာပြည်မှာ ခြောက်သွေ့ သွားခဲတာ ၁၉၉၅ ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ် ချုပ်ကနေ မလွတ် မြောက်ခင် အထိ လို့  ပြောရမှာပါပဲ ....။
No comments:
Post a Comment