Saturday, 16 November 2013

မျက်ကန်း သာသနာ ၀င် မဖြစ်စေ လိုပါ

ဝေဖန်ရင် ငရဲ ကြီးတတ်တယ် ဆိုလို ရှယ် လိုက်တာပါ ၊ သိထားတာက ဘုရားရှင် ရဲ့ နောက်ဆုံးအချိန်မှာ ချစ်သားတို့  ငါ ဘုရား ၄၅ ၀ါပါတ်လုံး ပောာခဲ့ ပြောခဲ့တဲ့ တရားတွေ ကို ယုံမှား သံသယ ရှိရင် ဝေဖန်နိုင်တယ် ၊ထောက်ပြနိုင်တယ် ၊ မေးမြန်းနိုင်တယ် လို့  ပြောခဲ့ဖူးတာ မှတ်မိခဲ့ဖူးပါတယ် ၊ မြတ်စွာဘုရားကိုယ်တိုင် ဝေဖန်ခွင့် ထောက်ပြခွင့် မေးမြန်းခွင့် ပေးထားပါ တယ် ၊ ကျနော်တို့ သာသနာပာာ ဒီမိုကရေစီ စနစ် အပြည်အ၀ ရှိတဲ့ သာသနာပါ ၊ ဘုန်းကြီးကို ပြန်မပြောနဲ မဝေဖန်နဲ့  ဆိုတာ မင်းတို ငါတိုကို မတော်လှန်နဲ့ တော်လှန်၇င် ထောင်ဒဏ် ပဲ ဆိုတဲ့ အာဏာရှင် ၀ါဒ မျိုးဖြစ်နေမလားပဲ ။ ကျနော် အယူအဆ မှာရင်တော့ ကျနော်တာဝန်ပေါ့ ၊ ကျနော်ကတော့ ဝေဖန်တာကို လက်ခံပါတယ် ။
                                                                                         ခိုင်ကိုဦး (ဆစ်ဒနီ)
သံဃာအချင်းချင်း ဆဲသင့်သလား ? 
==================

OIC ကန့်ကွက်ပွဲမှာ တိရစ္ဆာန်ဝါဒ - လို့ အသုံးအနှုန်း ကြမ်းတမ်းစွာ သုံးထားတဲ့ ကိုယ်တော်တစ်ချို့ဟာ ရွှေတိဂုံဘုရားနောက်ခံနဲ့ အင်မတန် အကျည်းတန် လှပါတယ် အဲဒိအတွက်  ဗုဒ္ဓဘာသာဘုန်းကြီးတစ်ပါးအနေနဲ့ စိတ်မကောင်း ဖြစ်မိပါတယ် ။

အဲဒိကိုယ်တော်တွေဟာ သံဃာထုကြီးတခုလုံးရဲ့ စေခိုင်းချက်နဲ့ အဲဒိလို သုံးနှုန်းခဲ့တာ မဟုတ်ပါဘူး ။ သံဃာထုကြီးရဲ့ အာဘော်လဲ မဟုတ်ပါဘူး ။ တစ်နိုင်ငံလုံး ဘယ်လို စကားလုံး သုံးပြီး ဘယ်လို ဆန္ဒဖော်ထုတ်ကြမယ်လို့ ဆက်သွယ်ထားကြတာလဲ မရှိပါဘူး ။ မြို့နယ်အသီးသီးက မိမိတို့ဆန္ဒအရ ဖော်ထုတ်ကြတဲ့ စာတန်းတွေက သက်သေပါဘဲ ။

ဒီကိစ္စကို ဗုဒ္ဓဘာသာ လူဒကာများက သာမက ရဟန်းတော်များကလဲ အပြုသဘော မဆောင်တဲ့ ဝေဖန်မှုမျိုး (ခိုင်းနှိုင်းဆဲဆိုခြင်း)တွေ လုပ်လာပါတယ် ။

ဗုဒ္ဓဘာသာ ရဟန်းသံဃာတွေမှာ အမှားတစ်ခုခု လုပ်မိခဲ့ရင် 
၁။ အညမည၀စန - အချင်းချင်း ပြောဆိုဖို့ , 
၂။ အညမည၀ုဋ္ဌာပန - အချင်းချင်း ကုစားဖို့ မြတ်ဗုဒ္ဓ မှာကြားတော်မူခဲ့ပါတယ် ။  

ဗုဒ္ဓဘာသာဘုန်းကြီးအချင်းချင်း ဆုံးမပြောဆိုရမည့်တာဝန်ရှိတဲ့အတွက် ဆုံးမဖို့ သံဃာတိုင်းမှာ တာဝန် ရှိပါတယ် .. ။ မသင့်တာကို ဆုံးမတော်မူကြပါ  သင်ပြတော်မူကြပါ  ။

ဒါပေမဲ့ .. အချင်းချင်း " နွားတွေ" လို့ ဆဲနေရုံ သံဃာတု  သာသနာဖျက်လို့ အပြစ်တင်နေရုံနဲ့ ဗုဒ္ဓသာသနာအတွက် မကောင်းနိုင်ပါဘူး .. ။
မြတ်ဗုဒ္ဓက ဆဲဖို့ မမှာခဲ့ပါဘူး ဆုံးမဖို့ဘဲ မှာတော်မူခဲ့ပါတယ် .. ဗုဒ္ဓဘာသာဝင်တွေဟာ ရဟန်းသံဃာတွေကို  လှောင်သလို ပြောင်သလို မလုပ်သင့်ပါဘူး ။ 
ဗုဒ္ဓဘာသာဝင်အချင်းချင်း စေတနာမှန်မှန်နဲ့ ပြုပြင်ပေးသင့်ပါတယ် 

------
 အချင်းချင်း ပြောပြခြင်း, အချင်းချင်း ကုစားခြင်းသည်
 မြတ်ဗုဒ္ဓ၏ ပရိသတ်အတွက် ကြီးပွားကြောင်းသာတည်း ။

သံဝဒ္ဓါ ဟိ တဿ ဘဂဝတော ပရိသာ 
ယဒိဒံ အညမညဝစနေန အညမညဝုဋ္ဌာပနေန ။ (၀ိ ၁ ။ ၂၇၂ )
သံဃာအချင်းချင်း ဆဲသင့်သလား ?
==================

OIC ကန့်ကွက်ပွဲမှာ တိရစ္ဆာန်ဝါဒ - လို့ အသုံးအနှုန်း ကြမ်းတမ်းစွာ သုံးထားတဲ့ ကိုယ်တော်တစ်ချို့ဟာ ရွှေတိဂုံဘုရားနော...က်ခံနဲ့ အင်မတန် အကျည်းတန် လှပါတယ် အဲဒိအတွက် ဗုဒ္ဓဘာသာဘုန်းကြီးတစ်ပါးအနေနဲ့ စိတ်မကောင်း ဖြစ်မိပါတယ် ။

အဲဒိကိုယ်တော်တွေဟာ သံဃာထုကြီးတခုလုံးရဲ့ စေခိုင်းချက်နဲ့ အဲဒိလို သုံးနှုန်းခဲ့တာ မဟုတ်ပါဘူး ။ သံဃာထုကြီးရဲ့ အာဘော်လဲ မဟုတ်ပါဘူး ။ တစ်နိုင်ငံလုံး ဘယ်လို စကားလုံး သုံးပြီး ဘယ်လို ဆန္ဒဖော်ထုတ်ကြမယ်လို့ ဆက်သွယ်ထားကြတာလဲ မရှိပါဘူး ။ မြို့နယ်အသီးသီးက မိမိတို့ဆန္ဒအရ ဖော်ထုတ်ကြတဲ့ စာတန်းတွေက သက်သေပါဘဲ ။

ဒီကိစ္စကို ဗုဒ္ဓဘာသာ လူဒကာများက သာမက ရဟန်းတော်များကလဲ အပြုသဘော မဆောင်တဲ့ ဝေဖန်မှုမျိုး (ခိုင်းနှိုင်းဆဲဆိုခြင်း)တွေ လုပ်လာပါတယ် ။

ဗုဒ္ဓဘာသာ ရဟန်းသံဃာတွေမှာ အမှားတစ်ခုခု လုပ်မိခဲ့ရင်
၁။ အညမည၀စန - အချင်းချင်း ပြောဆိုဖို့ ,
၂။ အညမည၀ုဋ္ဌာပန - အချင်းချင်း ကုစားဖို့ မြတ်ဗုဒ္ဓ မှာကြားတော်မူခဲ့ပါတယ် ။

ဗုဒ္ဓဘာသာဘုန်းကြီးအချင်းချင်း ဆုံးမပြောဆိုရမည့်တာဝန်ရှိတဲ့အတွက် ဆုံးမဖို့ သံဃာတိုင်းမှာ တာဝန် ရှိပါတယ် .. ။ မသင့်တာကို ဆုံးမတော်မူကြပါ သင်ပြတော်မူကြပါ ။

ဒါပေမဲ့ .. အချင်းချင်း " နွားတွေ" လို့ ဆဲနေရုံ သံဃာတု သာသနာဖျက်လို့ အပြစ်တင်နေရုံနဲ့ ဗုဒ္ဓသာသနာအတွက် မကောင်းနိုင်ပါဘူး .. ။
မြတ်ဗုဒ္ဓက ဆဲဖို့ မမှာခဲ့ပါဘူး ဆုံးမဖို့ဘဲ မှာတော်မူခဲ့ပါတယ် .. ဗုဒ္ဓဘာသာဝင်တွေဟာ ရဟန်းသံဃာတွေကို လှောင်သလို ပြောင်သလို မလုပ်သင့်ပါဘူး ။
ဗုဒ္ဓဘာသာဝင်အချင်းချင်း စေတနာမှန်မှန်နဲ့ ပြုပြင်ပေးသင့်ပါတယ်

------
အချင်းချင်း ပြောပြခြင်း, အချင်းချင်း ကုစားခြင်းသည်
မြတ်ဗုဒ္ဓ၏ ပရိသတ်အတွက် ကြီးပွားကြောင်းသာတည်း ။

သံဝဒ္ဓါ ဟိ တဿ ဘဂဝတော ပရိသာ
ယဒိဒံ အညမညဝစနေန အညမညဝုဋ္ဌာပနေန ။ (၀ိ ၁ ။ ၂၇၂ )

No comments:

Post a Comment