လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် AUSTRALIA နိုင်ငံ SYDNEY သို လာမည်အပေါ် BCBG SYDNEY နှင် ကျနော် အင်တာဗျူးစဉ်က ။
မေး - အခု မြန်မာ လူထုခေါင်းဆောင် ဒေါ်အောင်းဆန်းစုကြည်လာမယ် ဆိုတော့ ကိုခိုင်ဦး အနေနဲ့  ဘယ်လိုများခံစားရပါသလဲ ။
ဖြေ- ပထမဆုံး ပြောခင်တာက ၀မ်းသာပါတယ် ၊ ဘာကြောင်လဲဆိုတော့ အန်တီက နှစ်ပေါင်များစွာ နေအိမ်မှာ နေခဲရသူဆိုတော့ အခုနိုင်ငံတော်တော်များများကို သွားခွင်ရနေပြီ ကျနော်တို သြစီကို ပထမဆုံးအကြိမ်လာရတာဆိုတော့ ကျနော် အနေဲ ၀မ်းသာပါတယ် ၊ နောက်တခု နိုင်ငံရေးအမြင်နဲ့ ပြောရရင်တော့ ဒီမှာရှိတဲ့ဗမာ လူမျိုးစုတွေအားလုံး အန်တီလာတဲ့အခါမှာ စုပေါင်းပြီးကြိုဆိုကြမယ် တွေဆုံကြမယ်ဆိုတော့မြန်မာ လူမျိုးစုတွေ အနေနဲ ချစ်ခင်ရင်းနှီးမှု့ တွေ ပိုမိုရလာမယ် နောက်တခုက အန်တီရောက်လာတဲ့အခါ ဘာတွေပြောမလဲ ဘာတွေလမ်းညွှန်မှု့ တွေပေးမလဲ ဒါကို နားထောင်ပြီးတော့ရှေဆက်ဘာတွေမြန်မာပြည်အတွက် လုပ်ပေးနိုင်းမလဲဆိုတာတွေရလာနိုင်တာပေါ့ ။
မေး - ကိုခိုင်ဦးက ဒေါ်အောင်စုကြည်အိမ်မှာ့  အချိန်တော်တော် ကြာနေခဲ့ရတယ်ဆိုတော့ ဒေါ်အေင်ဆန်းစုကြည်အပေါ် ကိုခိုင်ဦးရဲ့ အမြင် ဒါမှမပာုတ်အများရဲ့ အမြင် သူရဲ့ နေပုံထိုင်ပုံလေးတွေပေါ့လေနဲနဲလောက်ပြောပြနိုင်မလား
ဖြေ - ကျနော် အန်တီအိမ်မှာ တနှစ်နီးပါလောက်နေခဲ့တဲ့ အခါမှာကျနော် တဦးထဲ အမြင်နဲ့ မြင်မယ် ဆိုရင်တော့ အန်တီပာာအင်မတန်လေးစားစရာကောင်းတဲ့ခေါင်ဆောင်တယောက်ပေါ့နော် ၊ကျနော်အတွက် မြန်မာ အမျိုးသမီးတွေထဲမှာ ကျနော် အမေပြီးရင် ကျနော် လေးစားတဲ့ အမျိုးသမီးတယောက် ဒုတိယ တခုကတော့ မြန်မာနိုင်ငံအတွက် အန်တီပာာ မရှိမဖြစ် နဲ ၇တောင်ရခဲခေါင်ဆောင် တယောက် လို ကျနော် မြင်တယ် ၊ သူရဲ့  ကိုယ်ရည်ကိုယ်သွေး က ဘာမှ ပြောစရာ မလိုသူတယောက် လိုပဲ သုံးသပ်ချင်ပါတယ် ။
မေး - ဘယ်လို ဘယ်နည်းနဲ အရေးတော်ပုံထဲ ပါခဲတယ် ဘယ်လိုအကြောင်းတွေကြောင့် ဒေါ်အောင်ဆန်းစုကြည်အိမ်မှာ သွားနေခဲတယ် ဆိုတာလေးသိပါရစေ
ဖြေ - ခပ်တိုတို ပြောရရင် ၈၈ က အ.က.သ ကျောင်းသား နောက် N.L.D ထဲကို ရောက်လာတယ် ၊ ၈၈ / ၈၉ မှာ အဘ ဦးတင်ဦး လုံခြုံရေးလူငယ်အနေနဲတာဝန်ထမ်းဆောင်ခဲတယ် ၊ ၁၉၉၅ အန်တီ ပြန်လွတ်လာတဲ့အချိန်ကျတော့ ကျနော်တို မြိုနယ်မှာ မြိုနယ်လူငယ် အနေနဲ တာဝန်ယူခဲတယ် ၊ နောက် ၉၆ APrial လောက်မှာတော့ အန်တီခြံထဲမှာ လုံခြုံရေးလိုအပ်မှု့ ကြောင့် ရော နောက် အန်တီအနား မှာ နေဖို့  လူငယ်တွေလိုအပ်လာတာကြောင့်  အဘ ဦးတင်ဦးရဲ့  ထောက်ခံပေးမှု့ နဲ့ အန်တီအိမ်ထဲမှာ ၂၄ နာရီ နေခွင်ရခဲတယ် ၊ ဒီဇင်ဘာထောင်မကျခင် အချိန်အထိပေါ ။
မေး - အဲဒီတော့ရင် ဒေါ်အောင်ဆန်ဒစုကြည်အိမ်မှာ နေခဲ့တဲ့ အတွက် ထောင်ကျခံခဲ ရတာလား
ဖြေ - အဓိကပြောရင်တော့ ပာုတ်ပါတယ် ၊ကျနော်တို အဲသည်အချိန် က ခြံထဲမှာ ရှိတဲ့ လုံခြုံရေးလူငယ်ကို နျွှစ်ပိုင်းခွဲထားတယ် ၊ မနက်လာ ညနေပြန်တဲ့ လုံခြုံရေးလူငယ်တွေ ရှိတယ် ၊ နေည နေခွင်ရသူတွေရှိတယ် အဲသည်ထဲမှာ အနီကပ်နေခွင်ရတဲ့ လူယုံလို စစ်အစိုးရက သတ်မှတ်တဲ့ အတွက်ကြောင့်အန်တီကို ပံပိုးပေး နေတဲသူတွေကို ဖြိုတာပေါ ၊ အဲသည်အချိန်က အဓိက ကျသူတွေတော် တော်များများကို အကြောင်းအမိုးမျိုးပြပြီး ဖမ်းဆီးထောင်ချ လိုက်တာပေါ့
မေး - ဒေါ်အောင်ဆန်းစုကြည်က အနီမှာ ရှိတဲ့ လူငယ်လူကြီးတွေ အပေါ် ဆက်ဆံပုံ ဘယ်လိုများမြင်ပါသလဲ
ဖြေ - ကျနော် တခုပဲ ပြော ချင်ပါတယ် ၊ အဲဒါကို ချဲပြီးစဉ်းစားကြည်ပေါ့ ၊ တခါ နယ်က အဖွဲ ၀င်တွေက ဆန်ဆီ စတာတွေကို ခြံထဲမှာ စားဖို့ သယ်လာပေးကြတယ် တခါ ဆန်တအိတ် က တော် တော်လေးကောင်းတဲ့ ဆန်တအိတ်ပါလာတယ် ၊ ဆန်က တော် တော် ကောင်တယ် ဗျာ ၊ အဲဒါကို အန်တီ အတွက် အိုးသေးလေးနဲ သပ်သပ်ခွဲချက် ပေးလိုက်တယ် ။အန်တီက အိမ်ထဲ မှာ ရှိသူတွေနဲ အတူစားကြတာ ပါပဲ ၊ စားတဲအခါ ကျတော့ အန်တီက သူထမင်းပန်ကန်ကို ကြည်တယ် အခြားသူတွေရဲ့ ထမင်းပန်ကန် ကို ကြည်တယ် ကြည်ပြီးတော့ အန်တီ မျက်နှာ တချက်ပျက်သွားတယ် ၊ အန်တီက ဒေါသထွက်ရင် ဘယ်တော့မှ မျက်နှာ မှာ မပေါ်ဘူး ၊အပြုံမပျက်ဘူး ၊ပာန်ဆောင်တာ မပာုတ်ဘူးနော် သူရဲ့ ထိန်းချုပ်နိုင်တဲ့ စွမ်းရည်ပေါ့နော် ၊ မျက်လုံးမှာ တချက်ပေါပြီးဖျတ်ကနဲ ပြန်ပျောက်သွားတယ် ၊ပြီးတော့ ဘယ်လိုဖြစ်တာလဲ အန်တီ ထမင်းနဲ့ ကျန်တဲ့သူတွေထမင်းမတူဘူး ပြန်လဲပေးပါဆိုပြီးလဲ ခိုင်းတယ် ၊ ည မိုးချုပ်လို စားသောက်ပြီူကာမှ ဘယ်လိုဖြစ်သလဲ ဆိုတာ ထပ်မေးတယ် ၊ ကျနော်တိုက လည်း ပြောပြတယ် ၊ အဲသည်အချိန်က ကိုချိုအောင်သန်း ဆိုတာက အန်တီမောင် ၀မ်းကွဲ ၊ ကိုတိုးအောင်သန်းဆိုတာက အန်တီတူ ၊ အန်တီက ကိုချိုတို ကိုတိုး အောင်သန်းတို ဆိုတာ ဆွေးမျိုးတော်တယ် ဆိုပေမဲ့ သူတိုလည်း ဧည်သည်ပါပဲ အိမ်ရှင် က ထမင်းအကောင်းစားပြီး ဧည်သည်ကို မကောင်းတာကျွေး လို သင်တော်ပါမလား ၊ သားတို လုပ်တာ စေတနာ နဲ ဆိုပေမဲ နောက်မလုပ်ပါနဲ့ တဲ့ ကျနော် ပေးချင်တဲ့ အင်မေခ်ျ က အဲဒါပါပဲ ။ အန်တီက လူငယ်တွေအားလုံးနဲ့ လူကြီးတွေ အားလုံးအပေါ် ဘယ်လို စိတ်ထားသလဲဆိုတာ စဉ်းစာ ကြည်ဖိုပါ ။
မေး - ကြားဖူးတယ် မြစ်ဝ-ကျွန်းပေါ်က အဖွဲ့ ဝင်တွေ က ငါးခြောက်တွေ သယ်လာတာ အများကြီး ဖြစ်နေတော့ ဒေါ်အောင်းဆန်းစုကြည်က ဘယ်လို အသုံးပြု လိုက်တယ် ဆိုတဲ့အတွေအကြုံလေး သိရင်ပြောပြပါလား
ဖြေ - ပာုတ်တယ် ဗျ ...၊ တခါ မြစ်ဝကျွန်းပေါ် ကနေ လာတဲ အာပြဲခြောက်တွေ ၊ အာပြဲခြောက်တွေက တော် တော် ကောင်းသလို တော်တော် လတ်လတ်ဆတ်ဆတ်နဲ အကောင်းအကြီးကြီးတွေ ဗျ ။မြွေ အရေခွံအိတ် (ဆာလာအိပ် )နဲ့ နှစ်လုံးလောက် ရောက်လာတာ ၊ ကျနော်တိုမှာ မနက် ထမင်းကြမ်းစာလဲ ဒါပဲ နေကျတော့ မနက် ပိုင်းဆို လူ လေးငါးဆယ် လောက် ကို ထမင်းကြွေ ရတာ ၉၅ ၊၉၆ ဆိုတော့ ခြံရှေမှာ အပါတ်စဉ် ပောာပြောပွဲ ကလည်းရှိနေတာ လေ ၊ နယ်က အဖွဲဝင်တွေလာကြတယ် ၊ ပောာပြောပွဲ လုံခြုံရေး အဖွဲဝင်တွေ ရှိတယ် ပြီးတော့ လွှတိတော် ကိုယ်စာလှယ်တွေ ရှိတယ် ၊ အန်တီကတော့ လးကြီတွေ ထုံစံအတိုင်းပေါ့ လာသမျှ ဧည်သည် ထမင်းစားပြီးမှ ပြန်ကြပေါ့ ၊ ကျနော်တို လူငယ်တွေက ၀ိုင်းကူရတာပေါ့ ၊အဲသည်မှာ ကျနော် တို့  တတွေ အာပြဲခြောက် နှစ်အိပ် ကတော် တော် ညီးစော် နံအောင်စားရတာ ၊နောက်ဆုံး အန်တီကိုသွားပြောတော့ အန်တီက ဆီလိုလားငရုပ်ကြက်သွန်လိုလားဝယ် ပြီးတော့ ကြော်ပြီးတော့ ထောင်ဝင်စာ သွားမဲ့မိသားစုတွေကိုပေးပါ ပေါ့ ၊ အန်တီက တခုရှိတာက စားလိုကုန်သွားတာကို ဘယ်တော့မှ အပြစ်မပြောဘူး အလပာာသတ် လွတ်ပြစ်ရတာက်ု အန်တီက မကြိုက်ဘူး မနှစ်မြုဘူး ၊ ကျနော် အတွေအကြ၇င် ၉၆ N.L.D နှစ်ပါတ်လည်မှာအခမ်းအနားအတွက် ကြိုပြင် ထားကြတယ် ဖြစ်ချင်တော့ ၂၇ ရက်နေ့ မရောက်ခင်ညမှာ လမ်းပိတ်ပြီး အခမ်အနားလုပ်မရတော့ဘူးဖြစ်သွားတော့ အဲသည်အခမ်းအနားလာမဲ့  ဧည်သည်တွေ ကျွေးဖို ချက်ထားတဲ ကြက်သားပာင်းတွေ ဘာတွေက ဗုံးပေါ လအော ဖြစ်နေတာ ၊ အန်တီက ညနေဖက် ခြံထဲမှာ လမ်းလျှောက်ထွက်တယ် လေ ၊ လမ်းလျှောက်ထွက် ရင်း အဲသည် ပာင်းတွေအကြောင်းပြောဖြစ်တော့ အန်တီက ခြံရှေ့ က ထောက်လှမ်းရေးတွေကိုလည်းပေးလိုက်ဦးလေ တဲ့ ၊ ကျနော် က အဲသည်တော့ လွှတ်ကနဲ ပြောလိုက်တယ် ၊အန်တီရယ် ဘာလိုပေးရမှာလဲ ၊သူတိုက ကျနော်တို့ မိတ်ဆွေမှ မပာုတ်ပဲ ရန်သူပဲ လို့ပြောတော့ အန်တီက သားရယ် အဲသည်လို မမြင်ပါနဲ့ သူတိုလဲလူတွေပဲ သူတို့  အထက် ကခိုင်လို့ လုပ်ရတာ ပဲ ကိုယ်ဆီမှာ အလကာဖြစ်မဲ့အစား တန်ဖိုးရှိတာကိုလုပ်ပါ ၊တန်ဖိုးမရှိတာ မလုပ်ပါနဲ တဲ့ ၊ ကျနော်က လည်း အဲသည် အချိန်က လူငယ် ကလဲလူငယ် ဆိုတော့ သူတို ကျွှေမဲ အစားသွန်ပြစ်မယ် ပေါ လေ၊ အဲဒါကို အန်တီက မလုပ်ဖို ပြောပြီးရှင်းပြတယ် ၊အန်တီ က အဲလို သဘောထားပြည်ဝသူ တယောက်ပါ ၊ အစော ကပြောတဲ ငါးခြောက်တွေဆိုလည်း ထောင်ထဲရှိတဲ့  ရဲဘော်တွေ ကို ထောက်ပံတယ် ၊လူမှု့ အထောက်အကူပြု အဖွဲတွေ ရှိတယ် လေ သူတိုကနေတဆင် ပို့ ပေးတာ ၊ ပြီးတော့ အခြားနာမည်မခံပဲနဲ့ ထောက်ပံတဲ့ လုပ်ငန်းရှင်တွေရှိတယ် လေ ၊ သူတို ပေးတဲ့ သွားတိုက်ဆေး သွားပွတ်တံက အစ ပေါ့ လူမှု့  အထောက်အကူ အဖွဲ ကနေ တဆင့်  ထောင်ထဲမှာ ရှိတဲ့ ကျနော် တို့ ရဲ နိုင်ငံရေးအကျဉ်းသားတွေဆီကိုပို့ ပေးပါတယ်။
မေး - အခု ဒေါ်အောင်ဆန်းစုကြည်က မကြာတော့တဲ့နိုဝင်ဘာလမှာ ရောက်လာတော့မယ် ဆိုတော့ အခု သြစီမှာ ရှိတဲ့  မြန်မာ လူမျိုးတွေ နဲ့ မြန်မာနိုင်ငံမှာ ရှိသူတွေ ကိုကိုခိုင်ဦးအနေနဲ ဘယ်လို ပြောချင်ပါသလဲ ၊ဘယ်လိုခံစားရပါသလဲ ၊
ဖြေ- Australia မှာ ရှိတဲ့ မြန်မာတွေကို ပြောချင်တာကတော့ ကျနော် ခံစားရတာကတော့ ကျနော်တိုက လွတ်လပ်ပြီးသားလူတွေ ဒီမိုကရေစီ အရသာကို အပြည်အ၀ခံစားနေရပြီးသူတွေ လေ ၊ ကျနော် တိုမှာ ရှိတဲ မျိုးချစ်စိတ်ဆိုတာကတော့ ဘယ်နေရာ ဘယ်ဒေသရောက် ရောက် ဘယ်လောက်ပဲ အချိန်ကြာကြာ မျိုးချစ်စိတ်ဆိုတာ ရှိနေပြီးသားပါ ၊ ကျနော် တို မြန်မာနိုင်ငံ ကျနော်တို လူမျိုးတွေ အတွက် ကျနော် တို မြန်မာနိုင်ငံ ဒီမို ကရေစီ ရဖို့  အတွက် ကျနော်တို ခံစားရတဲ ဒီမိုကရေစီ ရဲ အရသာကို သူတိုတွေ ရရှိခံစားနိုင်ဖို့ အတွက် အန်တီရဲ လမ်းညွှန်မှု့  ဦးဆောင်မှု့ နောက်ကနေ လက်တွဲ ညီညီ ၀ိုင်းဝန်းပေးကြဖို့  တောင်းပန်ချင်ပါတယ် ၊
ခိုင်ကိုဦး (ဆစ်ဒနီ)
(၁၀ .၁၀ . ၂၀၁၃ )
(၁၀. ၁၀ . ၂၀၁၃ )
No comments:
Post a Comment